အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
- By : Phoe Linn
- Category : International-news
- Tags: international news

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။
သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။
ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က ဗိုက်နာတဲ့ အချိန်မှာ ဖုန်းကို လက်ကမချဘဲ အိမ်သာသွား တက်တာပါ။ ထုံးစံအတိုင်း အိမ်သာထဲကို ဖုန်းကြည့်ရင်းနဲ့ ဝင်ပြီး အဖုံးလှန်ကာ ထိုင်ချ လိုက်တဲ့အတွက် အိမ်သာခွက်ထဲက မြွေကို မမြင်လိုက်တာပဲ ဖြစ်ပါတယ်။
ဆေးရုံက ဆရာဝန်ကတော့ ပိုးသတ်ဆေး ပေးပြီးတဲ့အပြင် သူ့ရဲ့ ငယ်ပါက သွေးစက်လက်ထွက်နေတဲ့ ဒဏ်ရာကို ဆေးကြော သန့်စင် ပေးပြီး ဆေးထည့်ပေးခဲ့ပါတယ်။ အဆိပ်မရှိတဲ့မြွေ ဖြစ်လို့ ကံကောင်းသွားတာပါ။
“ ကျနော် အိမ်သာတက်လိုက်တဲ့ အချိန်မှာ ကျနော်ငယ်ပါကို တစ်ကောင်ကောင် ကိုက်လိုက်တယ်လို့ ထင်မိပါတယ်။ ထလည်း ကြည့်လိုက်တော့ မြွေအကောင်ငယ်ငယ် တစ်ကောင် တန်းလန်းပါလာတယ်။ တော်တော် နာတယ်ဗျာ။
ကျနော့်ငယ်ပါ ပြန်ကောင်းပါစေလို့ မျှော်လင့်ရမှာပဲ”လို့ ဆီရာပေါ့က ဆိုပါတယ်။ မြွေကတော့ ၄ပေလောက်ရှည်တဲ့ စပါးကြီးမြွေပေါက်ကလေးပါ။ ဘယ်ကနေဘယ်လို ရောက်နေတယ် ဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်း နိုင်ကြပါဘူး။
မောင်ယဿ, Ref: daily mail, Photo; viral press
Zawgyi
အိမ္သာတက္တုန္း ငယ္ပါကို ေႁမြကိုက္ခံရလို႔ ေဆး႐ုံ တင္လိုက္ရ
ထိုင္းႏိုင္ငံက နန္သာဘူရီ ခ႐ိုင္မွာ ျဖစ္သြားတဲ့ အျဖစ္အပ်က္ပါ။ ၁၈ႏွစ္အ႐ြယ္ ဆီရာေပါ့ လို႔ ေခၚတဲ့ တကၠသိုလ္ ေက်ာင္းသားေလးက ဗိုက္နာလြန္းလို႔ ေရအိမ္ထဲ ေျပးထိုင္ၿပီး အိမ္သာတက္တာ သူ႔ရဲ႕ ငယ္ပါကို အေကာင္တစ္ေကာင္ ကိုက္တယ္ထင္လို႔ ေအာ္ၿပီး ထလိုက္တဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ႕ ငယ္ပါကို စပါးႀကီးတစ္ေကာင္က ကိုက္ခဲထားတာကို ေတြ႕ လိုက္ရပါတယ္။
သူက အလန္တၾကားေအာ္ၿပီး ေႁမြကို ခါခ်ေနတဲ့ အခ်ိန္မွာ မိသားစုက အေျပးအလႊား ေရာက္လာၿပီး ေႁမြကို ျဖဳတ္ခ်ၿပီး သူ႔ကို ေဆး႐ုံ အျမန္ပို႔လိုက္ရပါတယ္။
ျဖစ္စဥ္က ဒီဖက္ေခတ္လူငယ္ေတြရဲ႕ ျဖစ္စဥ္အတိုင္းပါပဲ။ ဆီရာေပါ့က ဗိုက္နာတဲ့ အခ်ိန္မွာ ဖုန္းကို လက္ကမခ်ဘဲ အိမ္သာသြား တက္တာပါ။ ထုံးစံအတိုင္း အိမ္သာထဲကို ဖုန္းၾကည့္ရင္းနဲ႔ ဝင္ၿပီး အဖုံးလွန္ကာ ထိုင္ခ် လိုက္တဲ့အတြက္ အိမ္သာခြက္ထဲက ေႁမြကို မျမင္လိုက္တာပဲ ျဖစ္ပါတယ္။
ေဆး႐ုံက ဆရာဝန္ကေတာ့ ပိုးသတ္ေဆး ေပးၿပီးတဲ့အျပင္ သူ႔ရဲ႕ ငယ္ပါက ေသြးစက္လက္ထြက္ေနတဲ့ ဒဏ္ရာကို ေဆးေၾကာ သန႔္စင္ ေပးၿပီး ေဆးထည့္ေပးခဲ့ပါတယ္။ အဆိပ္မရွိတဲ့ေႁမြ ျဖစ္လို႔ ကံေကာင္းသြားတာပါ။
“ က်ေနာ္ အိမ္သာတက္လိုက္တဲ့ အခ်ိန္မွာ က်ေနာ္ငယ္ပါကို တစ္ေကာင္ေကာင္ ကိုက္လိုက္တယ္လို႔ ထင္မိပါတယ္။ ထလည္း ၾကည့္လိုက္ေတာ့ ေႁမြအေကာင္ငယ္ငယ္ တစ္ေကာင္ တန္းလန္းပါလာတယ္။ ေတာ္ေတာ္ နာတယ္ဗ်ာ။
က်ေနာ့္ငယ္ပါ ျပန္ေကာင္းပါေစလို႔ ေမွ်ာ္လင့္ရမွာပဲ”လို႔ ဆီရာေပါ့က ဆိုပါတယ္။ ေႁမြကေတာ့ ၄ေပေလာက္ရွည္တဲ့ စပါးႀကီးေႁမြေပါက္ကေလးပါ။ ဘယ္ကေနဘယ္လို ေရာက္ေနတယ္ ဆိုတာကိုေတာ့ ဘယ္သူမွ မခန႔္မွန္း ႏိုင္ၾကပါဘူး။
ေမာင္ယႆ, Ref: daily mail, Photo; viral press
No Comments