
International-news







မောင်ယဿ


Unicode

အိမ်ပြင် မထွက်ရ အမိန့်ကို မလိုက်နာရင် စစ် အင်အားသုံး ရလိမ့်မယ်လို့ မလေးဝန်ကြီးဆို

မလေးရှား ဝန်ကြီး တစ်ပါးဖြစ်တဲ့ အစ္စမေး ယာအာကော့ က အစိုးရ အနေနဲ့ စစ်တပ်သုံးပြီး ပြဿနာ တစ်ခုကို မဖြေရှင်း ချင်ပါဘူး ။ဒါပေမဲ့ အိမ်ပြင် မထွက်ရလို့ အမိန့် ထုတ်ထားတာကို မလိုက်နာ ရင်တော့ စစ်တပ် သုံးပြီး ဖြေရှင်းရ ပါလိမ့်မယ်လို့ မတ်လ ၁၈ ရက် နေ့က ရုပ်သံလိုင်း ကနေ တစ်ဆင့် ပြည်သူ ကို ၎င်းက အသိပေး ပြောကြားခဲ့ ပါတယ် ။

“အဲ့ဒိလို လုပ်ဖို့ မလိုအပ် ဘူးလို့ ကျနော် မျှော်လင့် ပါတယ် ။ ဒါပေမဲ့ ဗျာ အကြောင်းပြချက်တွေက များနေရင် အမိန့်က သက်ရောက်မှု မရှိ တော့ဘူးဆိုရင်တော့ လူတွေကို အိမ်မှာ အတင်းနေခိုင်းဖို့ အတွက် စစ်တပ်ကို သုံးရပါလိမ့်မယ်”လို့ ဆိုတယ် ။ အပြင် မထွက်ရအမိန့်ကို ထုတ်ထုတ်ချင်း ပထမ နေ့မှာပဲ ၆၀ % သော မလေး လူမျိုးတွေက မလိုက်နာခဲ့ ပါဘူး ။

တကယ့်ကို အကြပ် အတည်း နဲ့ အစိုးရက ရင်ဆိုင်နေ ရပါတယ် ။ အဓိက ပြဿနာက ဘာသာရေး ဆိုင်ရာ လူစုဝေးခြင်းပါပဲ ။ “ကျနော်တို့ ရဲ အင်အားသုံးပြီး လိုက်လံ ပြောဆို နေပါတယ် ။ ပထမ ၂ ရက် ၃ ရက်ထိက သိပ်မထိရောက် သလို ဖြစ်နေတယ် ။ ရဲတွေက လမ်းတွေ ပေါ်မှာမနေကြပါနဲ့ ၊ ကိုယ့်အိမ် ကိုယ့်ရာမှာပဲ နေကြပါလို့ လိုက်လံ သတိပေး နေတယ် ။

အမိန့်ကို မလိုက်နာရင် ဖမ်းဆီး အရေးယူ ရပါမယ်လို့ အသိပေး ပြောနေရပါတယ် ”လို့ အစ္စမေး ကဆိုတယ် ။ မဖြစ်မနေ စားသောက်ကုန် လုပ်ငန်းကို လုပ်ကိုင်နေတဲ့ သူတွေသာ အိမ်ကထွက်ပြီး အလုပ်ကို သွားခွင့် ပြုမှာပါ ။ စူပါမားကတ်တွေ ဟိုက်ပါမာကတ်တွေ ကုန်စုံဆိုင်တွေ ကိုဖွင့်ခွင့် ပြုထားပါတယ် ။ မိသားစု အတွက် လိုအပ်တဲ့ စားသောက်ကုန် ဝယ်ယူတဲ့ ကိစ္စနဲ့ စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်းတွေ ကိုသာ ခွင့်ပြု ထားပါမယ် ။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကလွဲလို့ လမ်းတွေမှာ မည်သည့် ယာဉ်မှ သွားလာခွင့်ပြုမှာ မဟုတ်ပါဘူး ။ လောလောဆယ် အခြေအနေအရ မတ်လ ၃၁ ရက်နေ့ အထိ သက်မှတ် ထားပါတယ် ။ လမ်းပေါင်း ၅၀၄ လမ်းကို ပိတ်ထားပြီး စစ်ဆေးရေးဂိတ် ၆၁၃၅ ခု ကိုလည်းဖွင့်ထား ပါတယ် ။ လူတွေက စာရေးသောက်ရေး ကိစ္စနဲ့ ဘာသာရေး ဆိုင်ရာ ကိစ္စအတွက် စုဝေး နိုင်တာမို့ စစ်တပ် အင်အားသုံးပြီး ဖြေရှင်း ရနိုင်ဖွယ်ရှိတယ် လို့လည်း ၎င်းက ထင်မြင်နေပါတယ် ။

မောင်ယဿ

REF: world of buzz / Photo;the star online

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
International-news
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ သန်ဆွန်နီယွန် ဆိုတဲ့ ထိုင်းနိုင်ငံသားက အောက်ဈေးနဲ့ ရတယ်ဆိုပြီး ကြက်ဥကတ်တွေ အများကြီးအား ကားကြီးတွေနဲ့ လာရောင်းတာကို ဝယ်ခဲ့ ပါတယ် ။ သူ့တော့ ကြက်ဥ တွေကို စားလည်း စားမယ် ဈေးတင်ပြီး တော့လည်း ရောင်းမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေပါတယ် ။ သူ့လိုပဲ လူတော်တော်များများ ကလည်း အဲ့ဒိကားနဲ့ လာရောင်းတဲ့ ကြက်ဥ တွေကို များများစားစား ဝယ်ယူ ခဲ့ပါတယ် ။ အခုတော့ ဒေသခံ သတင်းစာ ဆရာတွေကို သူကြက်ဥ အတုတွေ ဝယ်မိတယ်ဆိုပြီး ပြောလာ ပါတယ် ။ ပြီးခဲ့တဲ့ တနလာင်္နေ့က သူ …

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
International-news
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ အရှေ့ အာရှက အွန်လိုင်း အသုံးပြုသူတွေ ရဲ့ ဖုန်းတွေထဲမှာ ပြန့်နှံ့ နေတဲ့ ကော်ရိုနာ ဗိုင်းရက် စစ်ဆေးရေး ဂိတ်တစ်ခုမှာ ရဲတွေက လူတစ်ယောက်ကို ပစ်သတ် လိုက်တာတွေ ၊ စူပါမားကတ်တစ်ခုမှာ လူတွေ တိုးကြိတ် ဝယ်ယူပြီး လုယက် သွားနေတာတွေ နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လူတွေကိုရိုက်နှက် နေတဲ့ ဗီဒီယို ဖိုင်တွေက ၂၀၁၅ ခုနှစ်လောက်က တင်ထားတဲ့ ဖိုင်အဟောင်းတွေကို ပြန်တင်ပြီး သတင်းအမှားတွေ ဖြန့်နေတာပါ ။ လော့ဒေါင်း အမိန့်ကို ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ …

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
International-news
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို လက်ရှိ ဟောင်ကောင်မှာ အဓိကရုဏ်း ဖြစ်ပွားရတဲ့ အထိ ဖြစ်နေတဲ့ တရုတ်ဗဟို အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ကြမ်းကို မဖျက်သိမ်းဘူး ဆိုရင် ဗြိတိန်က ဟောင်ကောင်သား ၃သိန်း အထိ ဗီဇာ လျှောက်ပိုင်ခွင့် ပြု မယ် လို့ ဆိုတယ် ။ အဲ့ဒိ ကြေညာချက်ကို အမေရိကန် ကနေဒါနဲ့ သြစတေးလျှ တို့ကလည်း ပူးတွဲ ထုတ်ခဲ့ပါတယ် ။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါ်မနစ်ရာအက် က တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး …