
International-news



အိမ်ခြေမဲ့တွေအတွက် သီခြားခွဲထား အဆောင်ထားရှိပေး1




အိမ်ခြေမဲ့တွေအတွက် သီခြားခွဲထား အဆောင်ထားရှိပေး2



မောင်ယဿ

Unicode

အိမ်ခြေမဲ့တွေအတွက် သီခြားခွဲထား အဆောင်ထားရှိပေး

ပြင်သစ်ကျန်းမာရေး ဝန်ကြီးဌာနက အိုးမဲ့ အိမ်မဲ့တွေအတွက် မြို့တော်ပါရီမှာ ကိုဗစ် -၁၉ ရောဂါကွယ်ဖို့အတွက် သီးခြားခွဲထား အဆောင် ၂လုံးကို တည်ဆောက်ပေးထား ကြောင်း သိရှိရပါတယ်။

ပါရီမြို့တော်မှာ ပြည်သူတွေ အပြင်မထွက်ရ အမိန့်ကို ထုတ်ပေးပြီးနောက် အိုးမဲ့ အိမ်မဲ့များအတွက် သီးခြားခွဲထားရန် နေရာမရှိတဲ့အတွက် အခုလို တည်ဆောက်ပေးရတာ ဖြစ်ပါတယ်။
အိမ်ခြေမဲ့တွေအတွက် သီခြားခွဲထား အဆောင်ထားရှိပေ3း
အဲ့ဒိအဆောင်၂ဆောင်မှာ ကုတင် ၁၅၀ စီရှိပါတယ်။ ၎င်းတို့ ကိုဗစ် -၁၉ ရောဂါပိုး စမ်းသက်ချက် လုပ်ကြည့်ရာ အချို့မှာ ရောဂါပိုး ရှိကြောင်း အရိပ်အယောင် လောက်သာ တွေ့ ရလို့ ဆေးရုံ ပို့ စရာ မလိုတဲ့အတွက် မပို့ဘဲ စောင့်ကြည့်အဆင့်သာ ထားထားပါတယ်။

လက်ရှိ အဆောင် ၂ဆောင်က ကနဦး အစီအစဉ်သာ ဖြစ်ပြီး တစ်နိုင်ငံလုံးက ဒေသအသီးသီး မှာရှိတဲ့ အိုးမဲ့ အိမ်မဲ့များအတွက် သီးခြား ခွဲထား ယာယီ အဆောင်များ ဆောက်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်လုပ်ရမယ့် ၂၇၈၅ နေရာအတွက် လုပ်ငန်းခွင် ၈၀ ထားပြီး ဆောက်ကြမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးအထောက်အပံ့ ရနိုင်တဲ့ အနေအထား ပေါ် မှုတည်ပြီး လုပ်ငန်းခွင် ၈၀ကို ခွဲ ချထားတာလို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ အဆောင် ၅၀ ကို အားချင်း အပြီး တည်ဆောက်နေပြီး ဒီစနေ၊တနင်္ဂနွေ မှာလည်း နောက်ထပ် အဆောင် ၄၀ကို ဆောက် ပေးဦးမှာ ဖြစ်ပါတယ်။

ပြင်သစ်အစိုးရက ကိုဗစ် -၁၉ ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တစ်နိုင်ငံလုံးကို သီးခြားခွဲထား အစီအစဉ်နဲ့ ထားဖို့ကြိုးစားတဲ့ ကိစ္စမှာ အိုးမဲ့ အိမ်မဲ့ တွေအတွက် နေစရာနဲ့ စားစရာ ကိစ္စတွေကို ဦးစားပေး လုပ်ကိုင်နေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ အိုးမဲ့ အိမ်မဲ့ ၁၅၇၀၀၀ ရှိပါတယ်။ အာလုံးမှာ မက်စ်လည်း မရှိ လက်လည်း မဆေး သန့်ရှင်းမှု မရှိတဲ့ အတွက် စေတနာ့ဝန်ထမ်းအဖွဲ့ တွေ အားကို သုံးပြီး အကူအညီ ပေးရေးကို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

မောင်ယဿ
REF: euro news ;; Photo; fcrl

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …