- By : Phoe Linn
- Category : International-news

Unicode
အိမ်ထောင်ရေးအတွက် အချိန်ယူစဉ်းစားနေတာပါလို့ ဆိုတဲ့ ကေတီပယ်ရီ
-၂၀၁၉ ဖေဖော်ဝါရီ ဗေလင်တိုင်း နေ့တုန်းက စေ့စပ်ခဲ့တဲ့ ကေတီပယ်ရီ နဲ့ အော်လန်ဒို တို့က သူတို့ရဲ့ မင်္ဂလာ အခမ်းအနားကို ရွေ့ ဆိုင်းထား လိုက်ပါတယ် ။ သူတို့ ၂ ယောက်လုံးက သူတို့ စိတ်ကူးထဲမှာ ရှိတဲ့ မိသားစု ပုံစံလေးတစ်ခုကို အချင်းချင် ချပြပြီး ညှိယူ နေပါတယ် ။
ကေတီက လော့စ်အိန်ဂျလိစ်မှာ ကောင်လေး များနဲ့ ကောင်မလေးများ ကလပ်ကို အထူးစိတ်ဝင်စားနေတယ် ။ ဒါကြောင့် အားလပ်ရက် ရတိုင်း ကလပ်မှာ အချိန်ဖြုန်း ချင်နေတယ် ။ အဲ့ဒိ မှာ စေတနာ့ ဝန်ထမ်းအဖြစ် လုပ်နေပါတယ် ။
သူမက ဝါသနာနဲ့ မိသားစု ဘဝကို ချိန်ညှိပြီး သွားရတဲ့ ပုံစံကို ပိုကြိုက်တယ် ။ သူတို့ ၂ ဦး ညှိနေတဲ့ အဓိက အပိုင်းကလည်း အဲ့ဒါပဲ ဖြစ်ပါတယ် ။ ၃၅ နှစ်အရွယ်ရောက် နေပြီဖြစ်လို့ အိမ်ထောင်ပြုတာနဲ့ လူမှုဘဝကို မျှယူမယ် ဆိုတဲ့အတွေးက သူမ ဆီမှာ စိုးမိုးနေပါတယ် ။ “လာမယ့် အနာဂတ် ဘဝမှာ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပျော်စရာတွေ အံ့အားသင့် သင်ယူ စရာရှိတာတွေကို ရင်ဆိုင်ရ ဦးမှာပါ ။
အဲ့ဒါကြောင့် စိတ်ကူးထဲမှာ အဆင်ပြေ ညီညာချောမွေ့ တဲ့ အိမ်ထောင်ရေးကို ဖန်တီးဖို့ အတွက် မင်္ဂလာဆောင် ဖို့ နောက်ဆုတ် လိုက်တာပါ ” လို့ ဆိုတယ် ။ နောက်တစ်ခုက အော်လန်ဒို ဘလွန်းမှာက ဇနီးဟောင်း မီရင်ဒါကားလ်နဲ့ ရထားတဲ့ သားတစ်ယောက် ပါလာပါတယ် ။ ဘလွန်းရဲ့ သားကိုပဲ မွေးစားပြီး ကလေးမယူရင် ကောင်းမလား ။ ဒါမှမဟုတ် ကိုယ်ပိုင် ကလေးတွေ မွေးမလား ဆိုတာကလည်း ပါပါ သေးတယ် ။ ပြည့်စုံတယ် ဆိုပေမဲ့ လူမှုရေး ပြဿနာတွေ ဖြစ်ခဲ့ရင် ဆိုတာကို ဖြစ်မလာအောင် အချိန်ယူ ကြတာပါလို့ ၂ ယောက်လုံးက ဆိုပါတယ် ။ ကယ်တီပယ်ရီက လက်ရှိ အမေရိကန်အိုင်ဒေါ်မှာ ဒိုင်လုပ်တာ တစ်နှစ် ကန်ဒေါ်လာ ၂၃ သန်း ဝင်ပါတယ် ။
မောင်ယဿ Ref; daily bayonet photo :getty image
No Comments