အိမ္ေထာင္ဦးနဲ႔ လမ္းခြဲခဲ့ရတာ ရင္အနာဆုံးပဲ ဆိုတဲ့ ဝီလ္စမစ္

အိမ္ေထာင္ဦးနဲ႔ လမ္းခြဲခဲ့ရတာ ရင္အနာဆုံးပဲ ဆိုတဲ့ ဝီလ္စမစ္
International-news

အိမ္ေထာင္ဦးနဲ႔ လမ္းခြဲခဲ့ရတာ ရင္အနာဆုံးပဲ ဆိုတဲ့ ဝီလ္စမစ္

၁၉၉၀ ခုႏွစ္မ်ားဆီက အေမရိကားမွာ ႀကီး ၃ ႀကီး ဆိုတာရွိခဲ့ပါတယ္ ။ အဲ့ဒိထဲက တစ္ေယာက္ျဖစ္တဲ့ ဝီလ္စမစ္က အေမရိကန္ ရပ္ပါ နဲ႔ ႐ုပ္ရွင္မင္းသား တစ္ေယာက္ျဖစ္ပါတယ္ ။ သူကအင္တာဗ်ဴး တစ္ခုမွာ သူ႔ရဲ႕ ပထမဆုံး အိမ္ေထာင္ ျဖစ္တဲ့ ရွီရီး ဖလက္ရွာနဲ႔ လမ္းခြဲ ခဲ့ရတာက ရင္အနာဆုံးပဲလို႔ ေျပာခဲ့ပါတယ္ ။

ဝီလ္စမစ္(၅၁ႏွစ္)က ရွီရီး ဖလက္ရွာ နဲ႔ ၁၉၉၂ခုႏွစ္က လက္ထပ္ ခဲ့ၿပီး ၁၉၉၅ မွာ လမ္းခြဲခဲ့ၾကပါတယ္ ။ သူက အခုခ်ိန္မွာ သူ႔အတြက္ ေနာင္တ အရဆုံးနဲ႔ ရင္နာ ေနရတုန္းပါပဲလို႔ ဆိုပါတယ္ ။ အဲ့ဒိစကားကို သူ႔ရဲ႕ ခြင့္ျပဳခ်က္နဲ႔ လုပ္တဲ့ သူ႔ရဲ႕ဒုတိယဇနီး ေဂ်ဒါပင္ကတ္ရဲ႕စကားဝိုင္း ရႈိးမွာ ေျပာခဲ့တာပါ ။ သူတို႔ ၂ ဦးကရွီရီးနဲ႔ ရခဲ့တဲ့ တယ္ရီ(၂၇ႏွစ္) ကို ျပဳစုပ်ိဳးေထာင္ခဲ့ၾကပါတယ္ ။ တယ္ရီေလး ေလးဖက္သြားခ်ိန္မွာ လမ္းခြဲခဲ့ရလို႔ ကေလးမွာ ခက္ခက္ခဲခဲ ႀကီးျပင္းခဲ့ရပါတယ္ ။

စကားဝိုင္းမွာ ေဂ်ဒါက သူ႔ရဲ႕ခင္ပြန္းကို ရွင္က ဇနီးတစ္ေယာက္အတြက္ ခင္ပြန္းေကာင္းတစ္ေယာက္ ျဖစ္ခဲ့ ပါသလား ေနာက္ၿပီး သားတစ္ေယာက္အတြက္ ေရာ ဖခင္ေကာင္း တစ္ေယာက္ျဖစ္ခဲ့ပါသလားလို႔ ေမးခြန္းထုတ္ ခဲ့ပါတယ္ ။ “အဲ့ဒိအခ်ိန္တုန္းက ရွရီး အတြက္ေရာ တယ္ရီအတြက္ ပါ ခက္ခဲတဲ့ အခ်ိန္ေတြျဖစ္ခဲ့တာေတာ့ အမွန္ပါပဲ ။က်ေနာ္တို႔ လမ္းခြဲခဲ့ၾကတယ္ ။ အဲ့ဒိလမ္းခြဲမႈ က က်ေနာ့္ အတြက္ အခုခ်ိန္အထိ ရင္နာေန ရတုန္း ပါပဲ ။

ေနာက္ၿပီး တစ္ဘဝစာ ဆုံးရႈံးခဲ့ရပါတယ္ ။ အသက္ေတြ ႀကီးလာေလေလ က်ေနာ္မွ ားတယ္ဆိုတာ သိလာ ေလေလ ၿပီးေတာ့ ပိုၿပီး ေၾကကြဲရေလေလပါပဲ ။ အဲ့ဒိတုန္းကေတာ့ ၂ ႏွစ္သား ကေလးတစ္ေယာက္ အေမ ေပၚမွာ က်ေနာ္ကိုယ္ခ်င္းစာ တရားမရွိခဲ့ပါဘူး ။ က်ေနာ္တို႔ ၃ႏွစ္ေလာက္ေပါင္းခဲ့ၿပီး လမ္းခြဲ ခဲ့ပါတယ္”လို႔ ေျဖခဲ့ပါတယ္ ။

သူက ၁၉၉၇ မွာ လက္ရွိဇနီးေဂ်ဒါနဲ႔ လက္ထပ္ခဲ့ၿပီး ေဂ်ဒန္(၂၁ႏွစ္) နဲ႔ ဝစ္လိုး(၁၉ႏွစ္) တို႔ရခဲ့ပါတယ္။ သူက ဇနီးေဟာင္းျဖစ္သူကို အႀကိမ္ႀကိမ္ေတာင္းပန္ဖို႔ႀကိဳးစားခဲ့တယ္လို႔ လက္ရွိဇနီးက သူ႔မရဲ႕ အင္တာဗ်ဴး တစ္ခုမွာ ေျပာခဲ့ပါတယ္။ သူတို႔ လက္ထပ္ခဲ့စဥ္က အသက္ေတြငယ္ေသးတယ္လို႔ အိမ္ေထာင္ျပဳတယ္ဆိုတာကို နားမလည္ဘဲ အိမ္ေထာင္ျပဳခဲ့ၾကတယ္။အဲ့ဒိမွာ ဘာမွန္းမသိတဲ့အရာေတြနဲ႔ သူတို႔ရဲ႕ ဘဝကို လႊမ္းမိုးေနခဲ့ တယ္။

၂ေယာက္စလုံးက အိမ္ေထာင္သာျပဳတယ္ နာလည္ခြင့္လႊတ္ေပးရမယ့္ အရာေတြကို နားမလည္ႏိုင္ဘဲ ျဖစ္ေနခဲ့တယ္။ ကိုယ့္အတၱကို ေရွကတန္းတင္ၿပီးသြားေနခဲ့ၾကတယ္။ အစကေပ်ာ္စရာလို႔ထင္ခဲ့တာ ကေလး ရလာတာနဲ႔ အိမ္ေထာင္သည္ဘဝက ေပ်ာ္စရာမေကာင္းေတာ့ဘူးလို႔ သိလာလို႔ လမ္းခြဲျဖစ္ခဲ့တယ္လို႔ ရွီရီးက လည္း ၂၀၁၈ က လုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျဖခဲ့ဖူးပါတယ္။

ေမာင္ယႆ

REF: daily mail / Photo; daily mail

Unicode

အိမ်ထောင်ဦးနဲ့ လမ်းခွဲခဲ့ရတာ ရင်အနာဆုံးပဲ ဆိုတဲ့ ဝီလ်စမစ်

၁၉၉၀ ခုနှစ်များဆီက အမေရိကားမှာ ကြီး ၃ ကြီး ဆိုတာရှိခဲ့ပါတယ် ။ အဲ့ဒိထဲက တစ်ယောက်ဖြစ်တဲ့ ဝီလ်စမစ်က အမေရိကန် ရပ်ပါ နဲ့ ရုပ်ရှင်မင်းသား တစ်ယောက်ဖြစ်ပါတယ် ။ သူကအင်တာဗျူး တစ်ခုမှာ သူ့ရဲ့ ပထမဆုံး အိမ်ထောင် ဖြစ်တဲ့ ရှီရီး ဖလက်ရှာနဲ့ လမ်းခွဲ ခဲ့ရတာက ရင်အနာဆုံးပဲလို့ ပြောခဲ့ပါတယ် ။

ဝီလ်စမစ်(၅၁နှစ်)က ရှီရီး ဖလက်ရှာ နဲ့ ၁၉၉၂ခုနှစ်က လက်ထပ် ခဲ့ပြီး ၁၉၉၅ မှာ လမ်းခွဲခဲ့ကြပါတယ် ။ သူက အခုချိန်မှာ သူ့အတွက် နောင်တ အရဆုံးနဲ့ ရင်နာ နေရတုန်းပါပဲလို့ ဆိုပါတယ် ။ အဲ့ဒိစကားကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်တဲ့ သူ့ရဲ့ဒုတိယဇနီး ဂျေဒါပင်ကတ်ရဲ့စကားဝိုင်း ရှိုးမှာ ပြောခဲ့တာပါ ။ သူတို့ ၂ ဦးကရှီရီးနဲ့ ရခဲ့တဲ့ တယ်ရီ(၂၇နှစ်) ကို ပြုစုပျိုးထောင်ခဲ့ကြပါတယ် ။ တယ်ရီလေး လေးဖက်သွားချိန်မှာ လမ်းခွဲခဲ့ရလို့ ကလေးမှာ ခက်ခက်ခဲခဲ ကြီးပြင်းခဲ့ရပါတယ် ။

စကားဝိုင်းမှာ ဂျေဒါက သူ့ရဲ့ခင်ပွန်းကို ရှင်က ဇနီးတစ်ယောက်အတွက် ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ခဲ့ ပါသလား နောက်ပြီး သားတစ်ယောက်အတွက် ရော ဖခင်ကောင်း တစ်ယောက်ဖြစ်ခဲ့ပါသလားလို့ မေးခွန်းထုတ် ခဲ့ပါတယ် ။ “အဲ့ဒိအချိန်တုန်းက ရှရီး အတွက်ရော တယ်ရီအတွက် ပါ ခက်ခဲတဲ့ အချိန်တွေဖြစ်ခဲ့တာတော့ အမှန်ပါပဲ ။ကျနော်တို့ လမ်းခွဲခဲ့ကြတယ် ။ အဲ့ဒိလမ်းခွဲမှု က ကျနော့် အတွက် အခုချိန်အထိ ရင်နာနေ ရတုန်း ပါပဲ ။

နောက်ပြီး တစ်ဘဝစာ ဆုံးရှုံးခဲ့ရပါတယ် ။ အသက်တွေ ကြီးလာလေလေ ကျနော်မှ ားတယ်ဆိုတာ သိလာ လေလေ ပြီးတော့ ပိုပြီး ကြေကွဲရလေလေပါပဲ ။ အဲ့ဒိတုန်းကတော့ ၂ နှစ်သား ကလေးတစ်ယောက် အမေ ပေါ်မှာ ကျနော်ကိုယ်ချင်းစာ တရားမရှိခဲ့ပါဘူး ။ ကျနော်တို့ ၃နှစ်လောက်ပေါင်းခဲ့ပြီး လမ်းခွဲ ခဲ့ပါတယ်”လို့ ဖြေခဲ့ပါတယ် ။

သူက ၁၉၉၇ မှာ လက်ရှိဇနီးဂျေဒါနဲ့ လက်ထပ်ခဲ့ပြီး ဂျေဒန်(၂၁နှစ်) နဲ့ ဝစ်လိုး(၁၉နှစ်) တို့ရခဲ့ပါတယ်။ သူက ဇနီးဟောင်းဖြစ်သူကို အကြိမ်ကြိမ်တောင်းပန်ဖို့ကြိုးစားခဲ့တယ်လို့ လက်ရှိဇနီးက သူ့မရဲ့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါတယ်။ သူတို့ လက်ထပ်ခဲ့စဉ်က အသက်တွေငယ်သေးတယ်လို့ အိမ်ထောင်ပြုတယ်ဆိုတာကို နားမလည်ဘဲ အိမ်ထောင်ပြုခဲ့ကြတယ်။အဲ့ဒိမှာ ဘာမှန်းမသိတဲ့အရာတွေနဲ့ သူတို့ရဲ့ ဘဝကို လွှမ်းမိုးနေခဲ့ တယ်။

၂ယောက်စလုံးက အိမ်ထောင်သာပြုတယ် နာလည်ခွင့်လွှတ်ပေးရမယ့် အရာတွေကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့တယ်။ ကိုယ့်အတ္တကို ရှေကတန်းတင်ပြီးသွားနေခဲ့ကြတယ်။ အစကပျော်စရာလို့ထင်ခဲ့တာ ကလေး ရလာတာနဲ့ အိမ်ထောင်သည်ဘဝက ပျော်စရာမကောင်းတော့ဘူးလို့ သိလာလို့ လမ်းခွဲဖြစ်ခဲ့တယ်လို့ ရှီရီးက လည်း ၂၀၁၈ က လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။

မောင်ယဿ

REF: daily mail / Photo; daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …