
International-news







မောင်ယဿ


Unicode

အိမ်သာသုံးစက္ကူ ကုန်တာနဲ့ ရဲကို ဖုန်းမခေါ်ကြပါနဲ့

အမေရိကန်က အော်ရီဂွန် ပြည်နယ်မှာ ကော်ရိုနာဗိုင်းရပ် နဲ့ ပတ်သက်တဲ့ အရေးပေါ် ကိစ္စဖြစ်လာရင် ၉၁၁ ကို ဖုန်းဆက် ခေါ်ဖို့အတွက် ညွှန်ကြားချက် ရှိတဲ့အပြင် အိမ်ပြင် မထွက်ရ အမိန့်ပါ ထုတ်ထားတဲ့ အတွက်ကြောင့် လူတွေက အိမ်သာသုံး စက္ကူကုန်လို့ ၉၁၁ ရဲ အရေးပေါ်ဖုန်းကို ခေါ်လွန်းလို့ ရဲတွေက သူတို့ရဲ့ဖေ့စ်ဘုတ် နဲ့ အွန်လိုင်း ပေါ်မှာ အိမ်သာသုံး စက္ကူ အတွက် ဖုန်ဆက် မခေါ်ဖို့အတွက် နှိုးဆော်ချက်တွေ လုပ်ထား ရပါတယ် ။

အော်ရီဂွန်မှာ ရောဂါ ပြန့်နှံ့ လာကာစက စတိုးဆိုင် တွေမှာ လူတွေ တိုးကြိတ် ဝယ်ယူစဉ်က ရဲတွေက တိုးကြိတ် ဝယ်ယူစရာမလိုတဲ့ အကြောင်း အပြင် သွားခွင့် ပိတ်ထားပေမယ့် အရေးပေါ် လိုအပ် ပါက ၉၁၁ ကို ဖုန်းဆက်ပြီး အကူအညီ တောင်းနိုင်ကြောင်း ကြေညာ ခဲ့ပါတယ် ။ သူတို့ ကြေညာ ခဲ့တာက အောင်မြင် ပါတယ် ။

လူတွေက စိတ်အေး ချမ်းသာစွာနဲ့ လိုတဲ့ ပစ္စည်းတွေကို ပစ္စည့်ပို့သူနဲ့ မှာယူ ကြပါတယ် ။ မြို့နေ လူထုနဲ့ ပစ္စည်းပို့သူ ပမာဏ မနိုင်မနင်း ဖြစ်တဲ့ အတွက်ကြောင့် အိမ်တွေမှာ အရေးပေါ်အကူအညီ လိုလာပါတယ် ။ အဓိကအရေးပေါ် ကတော့ အိမ်သာသုံး စက္ကူပါပဲ ။ အရေးပေါ်အတွက် ၉၁၁ ကို ဖုန်းဆက်တိုင်း အိမ်သာသုံး စက္ကူ ကိစ္စ ဖြစ်နေလို့ ရဲတွေက အရေးပေါ် ဖုန်းကို ခဏ ပိတ်ထား ပါတယ်လို့ ဆိုရတဲ့ အထိ ဖြစ်လာ ရပါတယ် ။

အဲ့ဒိ နောက်မှာတော့ ပြည်နယ်ရဲ ဖေ့စ်ဘုတ်မှာ စတိုးဆိုင် တွေမှာ အိမ်သာသုံး စက္ကူ ပြတ်လပ် နေပြီ ဖြစ်ကြောင်းနဲ့ အိမ်သာသုံးပြီး သန်ရှင်းရေး လုပ်ပုံလုပ်နည်း ၁၇ မျိုးကို ပုံနဲ့ တကွ လိုင်းပေါ်မှာ ရှင်းပြရ ပါတယ် ။

ရဲတွေက အိမ်သာ တက်ပြီး သန့်ရှင်းရေး လုပ်ပုံတွေကို ခေတ်အဆက်ဆက် က ပုံစံနဲ့ ရှင်းပြခဲ့ ပါတယ် ။ သစ်ရွက် သုံးတဲ့ခေတ်က အိမ်သာသုံး သစ်ရွက် များအကြောင်းလည်း ပါပါတယ် ။ ရောဂါပိုး မကူးအောင် ပင်လယ်ရေသုံး သန့်ရှင်းရေး အကြောင်းလည်း ပါပါတယ် ။ စက္ကူခေတ် ရောက်တော့ အိမ်သာသုံး စက္ကူ အမျိုးမျိုး အကြောင်းကို ပြောပြီး လက်တလော အိမ်သာသုံး တစ်ရှုးမရပါက အထက် ဖော်ပြပါ စက္ကူတွေ ကိုလည်း အိမ်သာသုံး နိုင်ကြောင်း ရှင်းပြလိုက် ရပါတော့တယ် ။

မောင်ယဿ

REF; mirror .uk / Photo; getty image

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နဂါးနဲ့ ဆင် အတူတူ ကသင့်တယ်လို့ တရုတ်သံအမတ်ဆို
International-news
နဂါးနဲ့ ဆင် အတူတူ ကသင့်တယ်လို့ တရုတ်သံအမတ်ဆို

နဂါးနဲ့ ဆင် အတူတူ ကသင့်တယ်လို့ တရုတ်သံအမတ်ဆို မေလ ၂၇ ရက်နေ့က နယူဒေလီ သံရုံးမှာပြုလုပ်တဲ့ ၂နိုင်ငံနယ်ခြားစည်းတင်းမာမှု နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံ တရုတ်သံ အမတ် ဆွန်ဝေဒေါင် က နဂါးနဲ့ ဆင် အတူတူ တွဲကသင့်တယ်လို့ ဆိုခဲ့ပါ တယ် ။ ကော်ရိုနာဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်း တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်စဲထားဖို့အတွက် ကုလသမဂ္ဂ က တိုက်တွန်းထား သော်လည်း အိန္ဒိယ-တရုတ်နယ်စပ် လာဒက်ဒေသမှာ ၂ နိုင်ငံ စစ်ရေး တင်းမာမှုတွေ ရှိနေခဲ့ပါ တယ် ။ ယမန်နှစ်က ၂ နိုင်ငံ ဖြစ်ပွားတဲ့ …

ပါကစ္စတန် စပိုင်ခိုတစ်ကောင်ကို အိန္ဒိယ ဖက်က ဖမ်းမိ ၊ ပိုင်ရှင်ကမဟုတ်ဘူးလို့ ငြင်း
International-news
ပါကစ္စတန် စပိုင်ခိုတစ်ကောင်ကို အိန္ဒိယ ဖက်က ဖမ်းမိ ၊ ပိုင်ရှင်ကမဟုတ်ဘူးလို့ ငြင်း

ပါကစ္စတန် စပိုင်ခိုတစ်ကောင်ကို အိန္ဒိယ ဖက်က ဖမ်းမိ ၊ ပိုင်ရှင်ကမဟုတ်ဘူးလို့ ငြင်း အိန္ဒိယ-ပါကစ္စတန်နယ်ခြားက ကာသူအာ ခရိုင်ကအိမ်တစ်လုံးရဲ့ ခြံစည်းရိုးမှာ ခိုတစ်စုံ လာနားပါတယ် ။ အဲ့ဒိ၂ကောင်ထဲက တစ်ကောင်က ထူးခြားမှု ရှိတယ်လို့ အိမ်ရှင်က အမှတ်မထင် သတိထားမိ သွားတယ် ။ အဲ့ဒါနဲ့ဂျန်မူးနဲ့ ကတ်ရှ်မီးယား က ရဲတွေကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားပါတယ် ။ ရဲတွေက အမြန်လာရောက်ပြီး အဲ့ဒိခိုကို ထောင်ပြီး ဖမ်းသွားပါတယ် ။ ဖမ်းမိတဲ့ ခိုရဲ့ ခြေထောက်မှာ ကွင်းတစ်ကွင်းစွပ် ထားပါတယ် ။ ကွင်းပေါ်မှာလည်း အမျိုးအမည် ခွဲခြားလို့ မရတဲ့ ကိန်းဂဏန်း တွေကို တွေ့ရလို့ …

ဗြိတိန်ဂေါ့တဲလန့် မင်းသားကြီး ဆိုင်မွန်ကောင်ဝဲလ် က ကလေးတွေ အတွက် ၁.၇ သန်းလှူ
International-news
ဗြိတိန်ဂေါ့တဲလန့် မင်းသားကြီး ဆိုင်မွန်ကောင်ဝဲလ် က ကလေးတွေ အတွက် ၁.၇ သန်းလှူ

ဗြိတိန်ဂေါ့တဲလန့် မင်းသားကြီး ဆိုင်မွန်ကောင်ဝဲလ် က ကလေးတွေ အတွက် ၁.၇ သန်းလှူ The X Factor ၊ America’s Got Talant နဲ့ Britain’s Got Talant လို့ခေါ်တဲ့ တီဗီရှိုး တွေမှာ နာမည်ကြီး ဒိုင်တစ်ဦး ဖြစ်တဲ့ ဆိုင်မွန် က ကလေးသူငယ်များ အတွက် အလှူအဖြစ် ကန်ဒေါ်လာ ၁.၇ သန်းတန်ချက် လက်မှတ်ကို လှူဒါန်းခဲ့ ပါတယ် ။ မတ်ခ် အန် စပင်ဆာ အတွက် ကြော်ငြာရိုက်ပေးခဲ့လို့ ရတဲ့ ကြော်ငြာခ အကုန်လုံးကို သူက အလှူ လုပ်ခဲ့တာပါ ။ ဝက်အူချောင်းတွေ …