အိမ္သာထဲမွာ ဝင္ပုန္းၿပီး ပိုး အစစ္မခံခဲ့တဲ့ ေကာလာဟလ ကို ျပန္ရွင္းတဲ့ ကာနီကာကပူး

အိမ္သာထဲမွာ ဝင္ပုန္းၿပီး ပိုး အစစ္မခံခဲ့တဲ့ ေကာလာဟလ ကို ျပန္ရွင္းတဲ့ ကာနီကာကပူး
International-news

အိမ္သာထဲမွာ ဝင္ပုန္းၿပီး ပိုး အစစ္မခံခဲ့တဲ့ ေကာလာဟလ ကို ျပန္ရွင္းတဲ့ ကာနီကာကပူး

ေဘာလီးဝုဒ္က အဆိုေတာ္ ကာနီကာကပူး မွာ ကိုဗစ္-၁၉ ေရာဂါပိုး လကၡဏါ ေတြ႕ရွိတာနဲ႔ပတ္သက္ၿပီး ေကာလာဟလ တစ္ခု ထြက္လာ ပါတယ္ ။ သူမက မတ္လ၉ ရက္ေန႔က အဂၤလန္က ျပန္ေရာက္လာတဲ့အခ်ိန္မွာ ေလယာဥ္ကြင္းမွာ အိမ္သာထဲမွာပုန္းၿပီး ေရာဂါလကၡဏာ ရွိမရွိ အစစ္မခံခဲ့ဘူးဆိုတဲ့ ေကာလဟာလထြက္လာတာပါ။ ေရာဂါပိုးရွိတဲ့ သူမက သီးျခားခြဲမေနဘဲ ပါတီပြဲလုပ္တယ္။

အလုပ္ေတြ လုပ္တယ္၊ ဂ႐ုမစိုက္ဘဲေနတယ္ ဆိုေတာ့ ေရာဂါပိုးေတြ လိုက္ျဖန႔္တဲ့ ပုံစံျဖစ္ေနပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး သူမကို ဝိုင္းအျပစ္တင္ ေနၾကပါတယ္။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး သူမက တိုင္းမ္ေအာ့ အင္ဒီယားနဲ႔ အင္တာဗ်ဴး လုပ္ခဲ့ပါတယ္။

“ဒီလိုေပါေၾကာင္ေၾကာင္ ေကာလာဟလ ရွိေနတာ အရမ္းစိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ေရာဂါပိုးစစ္ေဆးဖို႔အတြက္ က်မက အိမ္သာထဲမွာ ပုန္းေနတယ္တဲ့လား။ ကဲက်မကို ေျပာျပၾကစမ္းပါဦး။ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းကေန ျပန္လာတဲ့သူက လဝက ကိုေက်ာ္ၿပီး ပိုးရွိမရွိ အစစ္မခံရေအာင္ အိမ္သာထဲမွာ ဘယ္လိုပုန္းလို႔ ရသလဲဆိုတာကိုပါ။ မျဖစ္ႏိုင္တာေတြကို ေျပာေနၾကတယ္။

က်မ မြန္ဘိုင္းေလဆိပ္မွာ အစစ္ခံရပါတယ္။ ၿပီးေတာ့ မြန္ဘိုင္းမွာ ရက္ေတာ္ေတာ္ၾကာေအာင္ေနခဲ့ပါတယ္။ မြန္ဘိုင္းမွာ ေရာဂါပိုးျပန႔္ေနတဲ့အတြက္ေၾကာင့္ စက္႐ုံ အလုပ္႐ုံေတြ ပိတ္လိုက္ၿပီေလ ဘာမွ မရွိေတာ့ဘူး ၊က်မလည္း အလုပ္လုပ္စရာမရွိေတာ့ အိမ္ျပန္လာတာေပါ့။ မနက္ပိုင္းေလယာဥ္နဲ႔ ထြက္လာလို႔ လက္ေနာင္းကို မတ္လ ၁၁ရက္ေန႔ မနက္၁၁ နာရီမွာေရာက္တယ္ေလ။

ဘယ္သူမွလည္း စစ္ေဆးတာ မရွိပါဘူး။ အစိုးရ ကလည္း ႏိုင္ငံျခားက ျပန္လာတဲ့သူေတြ သီးျခားခြဲေနၾကရမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ထားျခင္း ကလည္း မရွိဘူးေလ။အဲ့ေတာ့ က်မလည္း ဘယ္ထင္လိမ့္မလဲ။ က်မမွာ ေရာဂါပိုးရွိမရွိက ကိုယ္တိုင္းလည္းမသိ ေရာဂါလကၡဏါက လည္းမျပဆိုေတာ့ ဒီအတိုင္းပဲ ေနလိုက္တာေပါ့ ။ မြန္ဘိုင္းေလယာဥ္ကြင္းက ထြက္လာကတည္းက က်န္းမာေရးစစ္ခ်က္ အေျဖတစ္ခုခုရွိရမွာကို။ တကယ္လို႔သာ က်မမွာပိုးရွိတယ္ဆိုရင္ အဲ့ဒိကတည္းက သိရမွာေပါ့”လို႔ ဆိုတယ္။

အဲ့ဒိတုန္းက BJP ပါတီေခါင္းေဆာင္ တစ္ေယာက္ျဖစ္တဲ့ ရာဇသန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ကိုယ္တိုင္ကလည္းပိုးေတြ႕လို႔ သီးျခားခြဲေနရပါတယ္။ သူက ျပည္နယ္အတြင္းက အမတ္ေတြ ေတာ္ေတာ္မ်ားမ်ားအျပင္ ကာနီကာကပူး နဲ႔လည္းေတြ႕ ဆုံခဲ့တယ္။ ျပည္နယ္အမတ္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း သီးျခားခြဲေနထိုင္ေနရပါၿပီ။ အဲ့ဒိက ကူးစက္ႏိုင္တယ္လို႔ လည္း သူမက ထုတ္မေျပာေပမဲ့ အဲ့ဒီသေဘာသက္ေရာက္တဲ့စကားကိုေျပာခဲ့ပါတယ္။

“က်မ ဘာပါတီပြဲမွာမလုပ္ခဲ့ပါဘူး။ ဒါေပမဲ့ ေမြးေန႔ ေလးတစ္ခုေတာ့ သြားဖူးပါတယ္။ အဲ့ဒိပြဲကို ႏိုင္ငံေရးသမားေတြနဲ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း လည္း တက္ခဲ့တာပဲေလ။ အဲ့ဒိမွာ က်မက ဧည့္သည္ပါ။က်မကိုေပါ့ေလ်ာ့တယ္လို႔ ေျပာရေအာင္လည္း က်မက ေသြးနမူနာကို ေဒသခံဓာတ္ခြဲခန္းကို ပို႔ၿပီး စစ္ေဆးၿပီးၿပီေလ။ အဲ့ဒါကို စစ္ၿပီးတာေတာင္ အေျဖကမေပၚဘူးေလ။ အခုမွ အဖ်ားတက္လာလို႔ စစ္ၾကည့္မွ ကိုဗစ္-၁၉ လကၡဏါ ေတြ႕ တယ္ဆိုေတာ့ ဘာေျပာရမွာလဲ”လို႔ ဆိုခဲ့ပါတယ္။

ေမာင္ယႆ

REF: hindustantimes / Photo; pinterset

Unicode

အိမ်သာထဲမှာ ဝင်ပုန်းပြီး ပိုး အစစ်မခံခဲ့တဲ့ ကောလာဟလ ကို ပြန်ရှင်းတဲ့ ကာနီကာကပူး

ဘောလီးဝုဒ်က အဆိုတော် ကာနီကာကပူး မှာ ကိုဗစ်-၁၉ ရောဂါပိုး လက္ခဏါ တွေ့ရှိတာနဲ့ပတ်သက်ပြီး ကောလာဟလ တစ်ခု ထွက်လာ ပါတယ် ။ သူမက မတ်လ၉ ရက်နေ့က အင်္ဂလန်က ပြန်ရောက်လာတဲ့အချိန်မှာ လေယာဉ်ကွင်းမှာ အိမ်သာထဲမှာပုန်းပြီး ရောဂါလက္ခဏာ ရှိမရှိ အစစ်မခံခဲ့ဘူးဆိုတဲ့ ကောလဟာလထွက်လာတာပါ။ ရောဂါပိုးရှိတဲ့ သူမက သီးခြားခွဲမနေဘဲ ပါတီပွဲလုပ်တယ်။

အလုပ်တွေ လုပ်တယ်၊ ဂရုမစိုက်ဘဲနေတယ် ဆိုတော့ ရောဂါပိုးတွေ လိုက်ဖြန့်တဲ့ ပုံစံဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူမကို ဝိုင်းအပြစ်တင် နေကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမက တိုင်းမ်အော့ အင်ဒီယားနဲ့ အင်တာဗျူး လုပ်ခဲ့ပါတယ်။

“ဒီလိုပေါကြောင်ကြောင် ကောလာဟလ ရှိနေတာ အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ ရောဂါပိုးစစ်ဆေးဖို့အတွက် ကျမက အိမ်သာထဲမှာ ပုန်းနေတယ်တဲ့လား။ ကဲကျမကို ပြောပြကြစမ်းပါဦး။ နိုင်ငံတကာ လေကြောင်းလိုင်းကနေ ပြန်လာတဲ့သူက လဝက ကိုကျော်ပြီး ပိုးရှိမရှိ အစစ်မခံရအောင် အိမ်သာထဲမှာ ဘယ်လိုပုန်းလို့ ရသလဲဆိုတာကိုပါ။ မဖြစ်နိုင်တာတွေကို ပြောနေကြတယ်။

ကျမ မွန်ဘိုင်းလေဆိပ်မှာ အစစ်ခံရပါတယ်။ ပြီးတော့ မွန်ဘိုင်းမှာ ရက်တော်တော်ကြာအောင်နေခဲ့ပါတယ်။ မွန်ဘိုင်းမှာ ရောဂါပိုးပြန့်နေတဲ့အတွက်ကြောင့် စက်ရုံ အလုပ်ရုံတွေ ပိတ်လိုက်ပြီလေ ဘာမှ မရှိတော့ဘူး ၊ကျမလည်း အလုပ်လုပ်စရာမရှိတော့ အိမ်ပြန်လာတာပေါ့။ မနက်ပိုင်းလေယာဉ်နဲ့ ထွက်လာလို့ လက်နောင်းကို မတ်လ ၁၁ရက်နေ့ မနက်၁၁ နာရီမှာရောက်တယ်လေ။

ဘယ်သူမှလည်း စစ်ဆေးတာ မရှိပါဘူး။ အစိုးရ ကလည်း နိုင်ငံခြားက ပြန်လာတဲ့သူတွေ သီးခြားခွဲနေကြရမယ်လို့ ကြေညာချက် ထုတ်ပြန်ထားခြင်း ကလည်း မရှိဘူးလေ။အဲ့တော့ ကျမလည်း ဘယ်ထင်လိမ့်မလဲ။ ကျမမှာ ရောဂါပိုးရှိမရှိက ကိုယ်တိုင်းလည်းမသိ ရောဂါလက္ခဏါက လည်းမပြဆိုတော့ ဒီအတိုင်းပဲ နေလိုက်တာပေါ့ ။ မွန်ဘိုင်းလေယာဉ်ကွင်းက ထွက်လာကတည်းက ကျန်းမာရေးစစ်ချက် အဖြေတစ်ခုခုရှိရမှာကို။ တကယ်လို့သာ ကျမမှာပိုးရှိတယ်ဆိုရင် အဲ့ဒိကတည်းက သိရမှာပေါ့”လို့ ဆိုတယ်။

အဲ့ဒိတုန်းက BJP ပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ရာဇသန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ကိုယ်တိုင်ကလည်းပိုးတွေ့လို့ သီးခြားခွဲနေရပါတယ်။ သူက ပြည်နယ်အတွင်းက အမတ်တွေ တော်တော်များများအပြင် ကာနီကာကပူး နဲ့လည်းတွေ့ ဆုံခဲ့တယ်။ ပြည်နယ်အမတ်တွေ တော်တော်များများကလည်း သီးခြားခွဲနေထိုင်နေရပါပြီ။ အဲ့ဒိက ကူးစက်နိုင်တယ်လို့ လည်း သူမက ထုတ်မပြောပေမဲ့ အဲ့ဒီသဘောသက်ရောက်တဲ့စကားကိုပြောခဲ့ပါတယ်။

“ကျမ ဘာပါတီပွဲမှာမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ မွေးနေ့ လေးတစ်ခုတော့ သွားဖူးပါတယ်။ အဲ့ဒိပွဲကို နိုင်ငံရေးသမားတွေနဲ့ ဝန်ကြီးချုပ်ဟောင်း လည်း တက်ခဲ့တာပဲလေ။ အဲ့ဒိမှာ ကျမက ဧည့်သည်ပါ။ကျမကိုပေါ့လျော့တယ်လို့ ပြောရအောင်လည်း ကျမက သွေးနမူနာကို ဒေသခံဓာတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးပြီးပြီလေ။ အဲ့ဒါကို စစ်ပြီးတာတောင် အဖြေကမပေါ်ဘူးလေ။ အခုမှ အဖျားတက်လာလို့ စစ်ကြည့်မှ ကိုဗစ်-၁၉ လက္ခဏါ တွေ့ တယ်ဆိုတော့ ဘာပြောရမှာလဲ”လို့ ဆိုခဲ့ပါတယ်။

မောင်ယဿ

REF: hindustantimes / Photo; pinterset

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ေန႔စား အလုပ္သမားမိသားစု တစ္သိန္းအတြက္ ေန႔စဥ္ စားေရးေသာက္ေရး ေျဖရွင္းေပမဲ့ အမီတာဘခ်န္း
International-news
ေန႔စား အလုပ္သမားမိသားစု တစ္သိန္းအတြက္ ေန႔စဥ္ စားေရးေသာက္ေရး ေျဖရွင္းေပမဲ့ အမီတာဘခ်န္း

ေန႔စား အလုပ္သမားမိသားစု တစ္သိန္းအတြက္ ေန႔စဥ္ စားေရးေသာက္ေရး ေျဖရွင္းေပမဲ့ အမီတာဘခ်န္း အိႏၵိယမွာ ေကာ္႐ိုနာ ဗိုင္းရက္ ျပန႔္ပြားေနလို႔ တစ္ႏိုင္ငံလုံး အျပင္မထြက္ရ ကာျဖဴး အမိန႔္ထုတ္ထားလို႔ စားေရး ေသာက္ေရး ဒုကၡ ေရာက္ေနတဲ့ ေန႔စား အလုပ္သမား မိသားစု တစ္သိန္းကို တစ္လစာ ရိကၡာ ေထာက္ပံ့ ေပးမယ္ လို႔ ေဘာလီးဝုဒ္က မဟာစတားႀကီး အမီတာဘခ်န္းက ဆိုပါတယ္ ။ သူက အိႏၵိယ တစ္ႏိုင္ငံလုံးက ႐ုပ္ရွင္လုပ္ငန္းနဲ႔ ပတ္သက္တဲ့ ေန႔စားေတြအားလုံးကို ရည္႐ြယ္ၿပီး လႉဒါန္းမွာျဖစ္ပါတယ္ ။ အဲ့ဒိအလႉကို အိႏၵိယႏိုင္ငံ ဆိုနီ႐ုပ္ရွင္လုပ္ငန္းနဲ႔ ရတနာ ကုမၸဏီ တစ္ခုက ပူးတြဲ စပြန္ဆာေပးထားပါတယ္ …

အေမရိကန္ တိရစာၦန္႐ုံတစ္ခုက က်ားမွာလည္း ကိုဗစ္-၁၉ ေရာဂါပိုးရွိေန
International-news
အေမရိကန္ တိရစာၦန္႐ုံတစ္ခုက က်ားမွာလည္း ကိုဗစ္-၁၉ ေရာဂါပိုးရွိေန

အေမရိကန္ တိရစာၦန္႐ုံတစ္ခုက က်ားမွာလည္း ကိုဗစ္-၁၉ ေရာဂါပိုးရွိေန ဧၿပီလ ၅ ရက္ေန႔က အေမရိကန္က ဘ႐ြန႔္ဇ္ တိရစာၦန္႐ုံ အုပ္ခ်ဳပ္ေရးမႉးရဲ႕ သတင္း ထုတ္ျပန္ခ်က္အရ သူတို႔ဆီ က က်ားတစ္ေကာင္မွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိတယ္လို႔ သိရပါတယ္ ။ ဘ႐ြန႔္ဇ္ တိရစာၦန္႐ုံမွာ ထားရွိတဲ့ မေလးရွားက က်ား ၂ ေကာင္နဲ႔ အာဖရိက ျခေသၤ့ ၃ေကာင္တို႔က ေခ်ာင္း ေျခာက္ေတြ ဆိုးေနလို႔ အုပ္ခ်ဳပ္ေရးမႉးက မသကာ ျဖၤစ္ကာ အဲ့ဒိ အေကာင္ေတြရဲ႕ သလိပ္ကို ရယူကာ အေမရိ ကန္ စိုက္ပ်ိဳးေရး ဝန္ႀကီးဌာန လက္ေအာက္ခံ တိရစာၦန္ ေရာဂါကုဌာနသို႔ ပို႔ၿပီး …

အီတလီ ျပင္သစ္ စပိန္မွာ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးမႈ က်ဆင္းလာ
International-news
အီတလီ ျပင္သစ္ စပိန္မွာ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးမႈ က်ဆင္းလာ

အီတလီ ျပင္သစ္ စပိန္မွာ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးမႈ က်ဆင္းလာ ကိုဗစ္-၁၉ ကူးစက္မႈက ကမာၻတစ္ဝွန္းမွာ ကူးစက္မႈမ်ားျပားလာေပမဲ့ အီတလီ ျပင္သစ္ နဲ႔ စပိန္တို႔မွာ ယခင္ကထက္ ေသဆုံးမႈ ဦးေရမွာ တျဖည္းျဖည္း နည္းပါးလာေၾကာင္းသိရပါတယ္။ world meter.com ရဲ႕ တိုင္းတာခ်က္အရ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးသူ ဦးေရ စုစုေပါင္း ၆၉၃၄၆ ဦးရွိရာ အီတလီက ၁၅၈၈၇ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူအမ်ားဆုံး ျဖစ္ေနၿပီး စပိန္က ၁၂၄၁၈ ဦးေသဆုံးကာ ဒုတိယအမ်ားဆုံး ျဖစ္ေနပါတယ္။ ျပင္သစ္ကေတာ့ ၈၀၇၈ဦး ေသဆုံးခဲ့ၿပီး ကမာၻ႔ စတုတၳအမ်ားဆုံး ေသဆုံးေသာႏိုင္ငံျဖစ္ေနပါတယ္။ အေမရိကားက ေသဆုံးသူ ဦးေရ ၉၀၀၀ေက်ာ္ေနပါတယ္။ …