အိမ္သာခုံကို လွ်ာနဲ႔ လွ်က္ျပတဲ့ ေကာ္႐ိုနာဗိုင္းရပ္ တစ္ေတာ့ စိန္ေခၚမႈ

အိမ္သာခုံကို လွ်ာနဲ႔ လွ်က္ျပတဲ့ ေကာ္႐ိုနာဗိုင္းရပ္ တစ္ေတာ့ စိန္ေခၚမႈ
International-news

အိမ္သာခုံကို လွ်ာနဲ႔ လွ်က္ျပတဲ့ ေကာ္႐ိုနာဗိုင္းရပ္ တစ္ေတာ့ စိန္ေခၚမႈ

လိုင္းသုံးတဲ့သူ တစ္ေယာက္ အတြက္ တစ္ေန႔ တစ္ေန႔ ဘာမွ အသုံးမက် တာေတြကို ေတြ႕ေနရတာေတြက စိတ္ညစ္စရာ ပိုလာတာပဲ အဖတ္တင္တယ္ ။ တကယ္ဆိုရင္ လိုင္းေပၚမွာ အက်ိဳးရွိတာထက္ အရည္မရ အဖတ္မရ တာေတြက ပိုမ်ားပါတယ္ ။ ေနာက္ပိုင္းဆိုရင္ တစ္ေတာ့ကစားတာေတြ ပိုလာတာက ပိုဆိုးလာတယ္ ။ အခုဆိုရင္ လူေတြက စိုး႐ြံ႕ေနတဲ့ ကိုဗစ္-၁၉ ကူးစက္မႈ ကိုေတာင္ တစ္ေတာ့ စိန္ေခၚမႈ လုပ္တယ္တဲ့ ။ သူတို႔အတြက္ ဟာသ လုပ္စရာေတာင္ ျဖစ္ေနပါတယ္ ။

မတ္လ ၁၅ ရက္ေန႔က တစ္ေတာ့ သုံးေနသူ တစ္ဦးျဖစ္တဲ့ @avalouilse ဆိုတဲ့ အေကာင့္ပိုင္ရွင္က ေကာ္႐ိုနာဗိုင္းရပ္ စိန္ေခၚမႈ ဆိုၿပီး ေလယာဥ္ပ်ံေပၚက အိမ္သာခုံကို လွ်ာနဲ႔ လ်က္ျပတ ဲ့ဗီဒီယိုဖိုင္ တစ္ခုကို တင္လိုက္ပါတယ္ ။ ေကာ္႐ိုနာ ဗိုင္းရပ္ေၾကာင့္ လူေတြေသေၾက ေနၾကလို႔ စိတ္ညစ္ေနရတဲ့ အစား သူက အဲ့လို လုပ္ျပေတာ့ စိတ္အခ်ဥ္ ေပါက္ၿပီး ဝိုင္း ရွယ္လိုက္ၾကတာ အဲ့ဒိ ဗီဒီယိုဖိုင္က လိုင္းေပၚမွာ ပလူပ်ံ သြားပါတယ္ ။

အေမရိကန္ အေျခစိုက္ျဖစ္တဲ့ လူဝစ္စီ အေကာင့္ပိုင္ရွင္က တစ္ညတည္းနဲ႔တင္ ႏိုင္ငံတကာအဆင့္ ေက်ာ္ၾကားမႈ ေတြ ရသြားပါတယ္ ။ သူမရဲ႕ မိုက္မဲလွစြာေတာ့ စတန႔္ ျပကြက္ကို ၾကည့္ရႈ႕သူ ၄.၄ သန္း ေက်ာ္သြားပါတယ္ ။ တြစ္တာမွာလည္း အႀကိမ္ေရ မ်ားစြာ ဝိုင္းရွယ္ ၾကပါတယ္ ။ အဲ့လို အႏၲရာယ္ရွိတဲ့ စတန႔္ကို လုပ္ျပတဲ့သူမ ေရာဂါပိုးဝင္ၿပီး ေဆး႐ုံ ေရာက္ေနသလား ၊ ဒါမွာမဟုတ္ ေသမ်ား ေသသြားၿပီလား ဆိုတာကို လိုင္းသုံးသူ ေတြက ပိုၿပီး စိတ္ဝင္စား ေနပါတယ္ ။

ေနာက္ပိုင္း မွာမွ သူမက ေလယာဥ္ပ်ံေပၚက အိမ္သာခုံဆိုတာ သူမရဲ႕ ကိုယ္ပိုင္ ေလယာဥ္ေပၚက ခုံပါလို႔ ရွင္းျပပါတယ္ ။ ေနာက္ၿပီး ေလယာဥ္ တစ္စင္းလုံးကို သန႔္ရွင္းေရး လုပ္ၿပီးသားျဖစ္ေၾကာင္း ပိုးသတ္ တိုက္ခြၽတ္ ေဆးေၾကာၿပီးျဖစ္ၾကာင္း ျပန္ရွင္းျပ ပါတယ္ ။ သူမအေၾကာင္းက စီအန္အန္မွာ ပါလာလို႔ သူမရဲ႕ အမွားကို ျပန္ေတာင္းပန္ ပါတယ္ ။

အခုေတာ့ သူမရဲ႕ တစ္ေတာ့ကို ျပန္ဖ်က္လိုက္ပါၿပီ ။ ဆိုရွယ္ မီဒီယာမွာ အဲ့လို လုပ္တာေတြက မလုပ္သင့္ေၾကာင္း သူ႔ သူငယ္ခ်င္းေတြက ဝိုင္းေျပာတာေၾကာင့္လည္း ျဖစ္မယ္ ထင္ပါတယ္ ။ ေနာက္ၿပီး အေမရိကန္ ေလေၾကာင္းဌာနက လည္း သူမရဲ႕ ေလယာဥ္ကို ပ်ံသန္းခြင့္ ပိတ္ထားပါတယ္ ။ အဲ့ဒိလိုမ်ိဳး အျခား တစ္ေတာ့ တစ္ခု မွာလည္း တံခါး လက္ကိုင္ဘုကို လွ်ာနဲ႔လ်က္ျပတာ လိုင္းေပၚ မွာ ရွိပါတယ္ ။

ေမာင္ယႆ

REF; world of buzz / Photo; tiktok

Unicode

အိမ်သာခုံကို လျှာနဲ့ လျှက်ပြတဲ့ ကော်ရိုနာဗိုင်းရပ် တစ်တော့ စိန်ခေါ်မှု

လိုင်းသုံးတဲ့သူ တစ်ယောက် အတွက် တစ်နေ့ တစ်နေ့ ဘာမှ အသုံးမကျ တာတွေကို တွေ့နေရတာတွေက စိတ်ညစ်စရာ ပိုလာတာပဲ အဖတ်တင်တယ် ။ တကယ်ဆိုရင် လိုင်းပေါ်မှာ အကျိုးရှိတာထက် အရည်မရ အဖတ်မရ တာတွေက ပိုများပါတယ် ။ နောက်ပိုင်းဆိုရင် တစ်တော့ကစားတာတွေ ပိုလာတာက ပိုဆိုးလာတယ် ။ အခုဆိုရင် လူတွေက စိုးရွံ့နေတဲ့ ကိုဗစ်-၁၉ ကူးစက်မှု ကိုတောင် တစ်တော့ စိန်ခေါ်မှု လုပ်တယ်တဲ့ ။ သူတို့အတွက် ဟာသ လုပ်စရာတောင် ဖြစ်နေပါတယ် ။

မတ်လ ၁၅ ရက်နေ့က တစ်တော့ သုံးနေသူ တစ်ဦးဖြစ်တဲ့ @avalouilse ဆိုတဲ့ အကောင့်ပိုင်ရှင်က ကော်ရိုနာဗိုင်းရပ် စိန်ခေါ်မှု ဆိုပြီး လေယာဉ်ပျံပေါ်က အိမ်သာခုံကို လျှာနဲ့ လျက်ပြတ ဲ့ဗီဒီယိုဖိုင် တစ်ခုကို တင်လိုက်ပါတယ် ။ ကော်ရိုနာ ဗိုင်းရပ်ကြောင့် လူတွေသေကြေ နေကြလို့ စိတ်ညစ်နေရတဲ့ အစား သူက အဲ့လို လုပ်ပြတော့ စိတ်အချဉ် ပေါက်ပြီး ဝိုင်း ရှယ်လိုက်ကြတာ အဲ့ဒိ ဗီဒီယိုဖိုင်က လိုင်းပေါ်မှာ ပလူပျံ သွားပါတယ် ။

အမေရိကန် အခြေစိုက်ဖြစ်တဲ့ လူဝစ်စီ အကောင့်ပိုင်ရှင်က တစ်ညတည်းနဲ့တင် နိုင်ငံတကာအဆင့် ကျော်ကြားမှု တွေ ရသွားပါတယ် ။ သူမရဲ့ မိုက်မဲလှစွာတော့ စတန့် ပြကွက်ကို ကြည့်ရှု့သူ ၄.၄ သန်း ကျော်သွားပါတယ် ။ တွစ်တာမှာလည်း အကြိမ်ရေ များစွာ ဝိုင်းရှယ် ကြပါတယ် ။ အဲ့လို အန္တရာယ်ရှိတဲ့ စတန့်ကို လုပ်ပြတဲ့သူမ ရောဂါပိုးဝင်ပြီး ဆေးရုံ ရောက်နေသလား ၊ ဒါမှာမဟုတ် သေများ သေသွားပြီလား ဆိုတာကို လိုင်းသုံးသူ တွေက ပိုပြီး စိတ်ဝင်စား နေပါတယ် ။

နောက်ပိုင်း မှာမှ သူမက လေယာဉ်ပျံပေါ်က အိမ်သာခုံဆိုတာ သူမရဲ့ ကိုယ်ပိုင် လေယာဉ်ပေါ်က ခုံပါလို့ ရှင်းပြပါတယ် ။ နောက်ပြီး လေယာဉ် တစ်စင်းလုံးကို သန့်ရှင်းရေး လုပ်ပြီးသားဖြစ်ကြောင်း ပိုးသတ် တိုက်ချွတ် ဆေးကြောပြီးဖြစ်ကြာင်း ပြန်ရှင်းပြ ပါတယ် ။ သူမအကြောင်းက စီအန်အန်မှာ ပါလာလို့ သူမရဲ့ အမှားကို ပြန်တောင်းပန် ပါတယ် ။

အခုတော့ သူမရဲ့ တစ်တော့ကို ပြန်ဖျက်လိုက်ပါပြီ ။ ဆိုရှယ် မီဒီယာမှာ အဲ့လို လုပ်တာတွေက မလုပ်သင့်ကြောင်း သူ့ သူငယ်ချင်းတွေက ဝိုင်းပြောတာကြောင့်လည်း ဖြစ်မယ် ထင်ပါတယ် ။ နောက်ပြီး အမေရိကန် လေကြောင်းဌာနက လည်း သူမရဲ့ လေယာဉ်ကို ပျံသန်းခွင့် ပိတ်ထားပါတယ် ။ အဲ့ဒိလိုမျိုး အခြား တစ်တော့ တစ်ခု မှာလည်း တံခါး လက်ကိုင်ဘုကို လျှာနဲ့လျက်ပြတာ လိုင်းပေါ် မှာ ရှိပါတယ် ။

မောင်ယဿ

REF; world of buzz / Photo; tiktok

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …