အိမ္တြင္း အလွျပင္ျခင္း

အိမ္တြင္း အလွျပင္ျခင္း
beauty-tip

အိမ္တြင္း အလွျပင္ျခင္း

 

မိမိအိမ္တြင္ မိမိကိုယ္တိုင္ ေျခသည္း လက္သည္း မ်ားကို အလွ ျပဳျပင္နည္းေလးေတြ သိၾကမယ္ဆိုရင္ အလွျပင္ခန္းမကို သြားစရာမလိုပဲ အခ်ိန္ကုန္ ေငြကုန္ သက္သာၿပီး လွပေစႏိုင္မွာ ျဖစ္ပါတယ္ ။

၁။ ပထမဦးစြာ ေျခသည္း လက္သည္းမ်ားကို ေဆးမဆိုးခင္မွာ ေျခသည္း လက္သည္း
မ်ားကို တံစဥ္းႏွင့္ တိုက္ေပးရမွာ ျဖစ္ပါတယ္ ။ ဒီလို ျပဳလုပ္ျခင္းဟာ ေျခသည္း လက္သည္းကို မက်ိဳးမပဲ့ေစမွာ ျဖစ္ပါတယ္ ။ လက္သည္းရဲ႕ ေထာင့္ကေန အလယ္ေနရာကို လားရာတစ္ဘက္တည္း ျဖည္းျဖည္း ဖြဖြတိုက္ေပးပါ ဒါမွသာ လက္သည္းပန္းကုံးကို ထိခိုက္မႈ မရွိမွာ ျဖစ္ပါတယ္ ။

၂။ ေအာက္ခံေဆးကို ႏွစ္ထပ္ခန႔္ ဆိုးမွသာ လက္သည္းနီကို အလြယ္တကူ မပ်က္ေစမွာ ျဖစ္ပါတယ္ ။ ပထမတစ္ထပ္မွာ အေရာင္မပါတဲ့ လက္သည္းဆိုးေဆးကို လက္သည္းရဲ႕ေအာက္ေျခတစ္ဝက္သာ ဆိုးၿပီး ေနာက္တစ္ထပ္မွသာ အျပည့္ဆိုး လိုက္ပါ ။ သို႔မွသာ အေရာင္ထပ္ ဆိုးတဲ့လက္သည္းနီဟာ လက္သည္းေပၚမွာ ၾကာရွည္ခံမွာ ျဖစ္ပါတယ္ ။

၃။ လက္သည္းနီေတြ ေဘးကို လွ်ံၿပီးေက်ာ္ၿပီး မသြားေအာင္ လက္သည္းဆိုးတဲ့ အခါမွာလက္သည္းေထာင့္ေတြကို မေရာက္ေရာက္ေအာင္ ဆိုးရတဲ့ အခါ ေဘးေခ်ာ္မွာ ဆိုးတာေၾကာင့္ခဏခဏ ျပန္ဆိုးေနရ တတ္ပါတယ္ ။

ဒါ့ေၾကာင့္ နားက်ပ္တံဂြမ္းစနဲ႔ ဗက္ဆလင္းကို ဆြတ္ၿပီးလက္သည္း ပတ္ဝန္းက်င္ အေရျပားေပၚမွာ သုတ္လိမ္းေပးထား ရပါမယ္ ။ ဒါဆိုရင္ အေရျပားေပၚ လက္သည္းနီ ေပသြားခဲ့ရင္လည္း အလြယ္တကူ ျပန္ဖ်က္ႏိုင္မွာ ျဖစ္ပါတယ္ ။

၄။ လက္သည္းနီ ပုလင္းကို အခ်ိန္ၾကာစြာ အသုံးမျပဳပဲ ထားၿပီးမွ ျပန္သုံးမယ္ဆိုရင္ ပုလင္းကိုလႈပ္ခါျခင္း မျပဳလုပ္ပါနဲ႔ ။ ပုလင္းကို လက္ဖဝါးႏွစ္ဘက္ထဲ ထည့္ၿပီး လွိမ့္ေပးရမွာသာ ျဖစ္ပါတယ္ ။ ပုလင္းကို လႈပ္ခါျခင္းဟာ အတြင္းမွာ ေလပူေပါင္းမ်ား ထေစၿပီး လက္သည္းဆိုးတဲ့အခါ အခက္အခဲ ေတြ႕ႏိုင္ပါတယ္ ။

၅။ လက္သည္းဆိုးေဆး ဆိုးတဲ့အခါမွာ လက္သည္းရဲ႕အလယ္ေနရာကေန စဆိုးပါ ။ တစ္ႀကိမ္တည္းနဲ႔ လက္သည္း တစ္ျပင္လုံးကို မႏွံ႔ႏိုင္တာမို႔ မလိုအပ္ပဲ ေဘးဘက္ကို ပ်ံ႕သြားေစမွာမို႔ပါ ။

ဒါေၾကာင့္ လက္သည္းရဲ႕အလယ္ေအာက္ေျခ လက္သည္းပန္းကုန္း ေနရာကေန စတင္ဆိုးၿပီးမွ ေဘးဘက္ကို ဆိုးပါ ၿပီးလွ်င္ အလယ္ေနရာကို ထပ္ျဖည့္ေပးပါ ။

၆။ လက္သည္းနီ ဆိုးၿပီးၿပီဆိုရင္ အေပၚယံကို အၾကည္ဆိုးေဆး တစ္ထပ္ ဆိုးေပးျခင္းဟာလက္သည္းနီကို တာရွည္ခံေစပါတယ္ ။

၇။ လက္သည္းဆိုးေဆး ဆိုးၿပီးတဲ့အခါ အျမန္ဆုံး ေျခာက္ရန္အတြက္ ေရေအးေအးထဲမွာ လက္ကို စိမ္ေပးပါ ။ အခ်ိန္အၾကာႀကီး ေစာင့္ဖို႔မလိုပဲ လက္သည္းနီမ်ား အျမန္ ေျခာက္ေသြ႕သြားမွာျဖစ္ပါတယ္ ။

၈။ လက္သည္းနီ ဆိုးတဲ့အခါမွာ လက္သည္းရဲ႕ ေထာင့္ေနရာေတြမွာ ေပေနခဲ့တတ္ပါတယ္ ။ ဒါဆိုရင္ေတာ့ လက္သည္းနီ လုံးဝေျခာက္ၿပီးၿပီဆိုရင္ လက္ကို ေရေႏြးနဲ႔ ေဆးေၾကာၿပီး ေထာင့္ေနရာမ်ားကို ပြတ္တိုက္ လိုက္ပါ ။ အလြယ္တကူ ပ်က္သြားပါလိမ့္မယ္ ။

၉။ လက္သည္းနီမ်ားကို အေရာင္ေျပာင္းခ်င္တဲ့ အခါမွာ လက္သည္းကို လက္သည္း ဖ်က္ေဆးေတြနဲ႔ ပြတ္တိုက္ၿပီး ဖ်က္မဲ့အစား ေငြခဲပတ္ကို သုံးၿပီး အလြယ္တကူ ဖ်က္ေပးပါ ။

လက္သည္းဖ်က္ေဆး စိမ္ထားတဲ့ ဂြမ္းစတစ္ဝက္ကို ေငြခဲဖတ္ေပၚ တင္လိုက္ပါ ။ ၿပီးရင္ လက္သည္းကို ပတ္လိုက္ပါ ။ ငါးမိနစ္ေလာက္ ထားၿပီး ဖယ္ရွားလိုက္ပါ ။ သင့္ လက္သည္းနီမ်ား အလြယ္တကူပဲပ်က္သြားပါ လိမ့္မယ္ ။

၁၀။ အေရျပားေထာင့္မွာ လက္သည္းနီ စြန္းရာေတြကိုေတာ့ အေရျပားေပၚကို သြားတိုက္ေဆးနဲ႔ပြတ္တိုက္ေပးပါ ။ အထူးသျဖင့္ေတာ့ လက္သည္းေထာင့္စြန္း အေရျပားေပၚက လက္သည္းနီေတြ အလြယ္တကူ ဖ်က္မရတဲ့ အခါ ထိုနည္းကို အသုံးျပဳလို႔ ရပါတယ္ ။ ပ်ိဳပ်ိဳေမတို႔ အတြက္ အိမ္တြင္း အလွျပင္နည္းကို သိရၿပီမို႔ စိတ္ခ်လက္ခ် ျပဳလုပ္ ၾကည့္႐ုံပါပဲ ….. ။

စႏၵီျမင့္မိုရ္#

Unicode Version

အိမ်တွင်း အလှပြင်ခြင်း

 

မိမိအိမ်တွင် မိမိကိုယ်တိုင် ခြေသည်း လက်သည်း များကို အလှ ပြုပြင်နည်းလေးတွေ သိကြမယ်ဆိုရင် အလှပြင်ခန်းမကို သွားစရာမလိုပဲ အချိန်ကုန် ငွေကုန် သက်သာပြီး လှပစေနိုင်မှာ ဖြစ်ပါတယ် ။

၁။ ပထမဦးစွာ ခြေသည်း လက်သည်းများကို ဆေးမဆိုးခင်မှာ ခြေသည်း လက်သည်းများကို တံစဉ်းနှင့် တိုက်ပေးရမှာ ဖြစ်ပါတယ် ။ ဒီလို ပြုလုပ်ခြင်းဟာ ခြေသည်း လက်သည်းကို မကျိုးမပဲ့စေမှာ ဖြစ်ပါတယ် ။

လက်သည်းရဲ့ ထောင့်ကနေ အလယ်နေရာကို လားရာတစ်ဘက်တည်း ဖြည်းဖြည်း ဖွဖွတိုက်ပေးပါ ဒါမှသာ လက်သည်းပန်းကုံးကို ထိခိုက်မှု မရှိမှာ ဖြစ်ပါတယ် ။

၂။ အောက်ခံဆေးကို နှစ်ထပ်ခန့် ဆိုးမှသာ လက်သည်းနီကို အလွယ်တကူ မပျက်စေမှာ ဖြစ်ပါတယ် ။ ပထမတစ်ထပ်မှာ အရောင်မပါတဲ့ လက်သည်းဆိုးဆေးကို လက်သည်းရဲ့အောက်ခြေတစ်ဝက်သာ ဆိုးပြီး နောက်တစ်ထပ်မှသာ အပြည့်ဆိုး လိုက်ပါ ။ သို့မှသာ အရောင်ထပ် ဆိုးတဲ့လက်သည်းနီဟာ လက်သည်းပေါ်မှာ ကြာရှည်ခံမှာ ဖြစ်ပါတယ် ။

၃။ လက်သည်းနီတွေ ဘေးကို လျှံပြီးကျော်ပြီး မသွားအောင် လက်သည်းဆိုးတဲ့ အခါမှာလက်သည်းထောင့်တွေကို မရောက်ရောက်အောင် ဆိုးရတဲ့ အခါ ဘေးချော်မှာ ဆိုးတာကြောင့်ခဏခဏ ပြန်ဆိုးနေရ တတ်ပါတယ် ။

ဒါ့ကြောင့် နားကျပ်တံဂွမ်းစနဲ့ ဗက်ဆလင်းကို ဆွတ်ပြီးလက်သည်း ပတ်ဝန်းကျင် အရေပြားပေါ်မှာ သုတ်လိမ်းပေးထား ရပါမယ် ။ ဒါဆိုရင် အရေပြားပေါ် လက်သည်းနီ ပေသွားခဲ့ရင်လည်း အလွယ်တကူ ပြန်ဖျက်နိုင်မှာ ဖြစ်ပါတယ် ။

၄။ လက်သည်းနီ ပုလင်းကို အချိန်ကြာစွာ အသုံးမပြုပဲ ထားပြီးမှ ပြန်သုံးမယ်ဆိုရင် ပုလင်းကိုလှုပ်ခါခြင်း မပြုလုပ်ပါနဲ့ ။ ပုလင်းကို လက်ဖဝါးနှစ်ဘက်ထဲ ထည့်ပြီး လှိမ့်ပေးရမှာသာ ဖြစ်ပါတယ် ။ ပုလင်းကို လှုပ်ခါခြင်းဟာ အတွင်းမှာ လေပူပေါင်းများ ထစေပြီး လက်သည်းဆိုးတဲ့အခါ အခက်အခဲ တွေ့နိုင်ပါတယ် ။

၅။ လက်သည်းဆိုးဆေး ဆိုးတဲ့အခါမှာ လက်သည်းရဲ့အလယ်နေရာကနေ စဆိုးပါ ။ တစ်ကြိမ်တည်းနဲ့ လက်သည်း တစ်ပြင်လုံးကို မနှံ့နိုင်တာမို့ မလိုအပ်ပဲ ဘေးဘက်ကို ပျံ့သွားစေမှာမို့ပါ ။

ဒါကြောင့် လက်သည်းရဲ့အလယ်အောက်ခြေ လက်သည်းပန်းကုန်း နေရာကနေ စတင်ဆိုးပြီးမှ ဘေးဘက်ကို ဆိုးပါ ပြီးလျှင် အလယ်နေရာကို ထပ်ဖြည့်ပေးပါ ။

၆။ လက်သည်းနီ ဆိုးပြီးပြီဆိုရင် အပေါ်ယံကို အကြည်ဆိုးဆေး တစ်ထပ် ဆိုးပေးခြင်းဟာလက်သည်းနီကို တာရှည်ခံစေပါတယ် ။

၇။ လက်သည်းဆိုးဆေး ဆိုးပြီးတဲ့အခါ အမြန်ဆုံး ခြောက်ရန်အတွက် ရေအေးအေးထဲမှာ လက်ကို စိမ်ပေးပါ ။ အချိန်အကြာကြီး စောင့်ဖို့မလိုပဲ လက်သည်းနီများ အမြန် ခြောက်သွေ့သွားမှာဖြစ်ပါတယ် ။

၈။ လက်သည်းနီ ဆိုးတဲ့အခါမှာ လက်သည်းရဲ့ ထောင့်နေရာတွေမှာ ပေနေခဲ့တတ်ပါတယ် ။ ဒါဆိုရင်တော့ လက်သည်းနီ လုံးဝခြောက်ပြီးပြီဆိုရင် လက်ကို ရေနွေးနဲ့ ဆေးကြောပြီး ထောင့်နေရာများကို ပွတ်တိုက် လိုက်ပါ ။ အလွယ်တကူ ပျက်သွားပါလိမ့်မယ် ။

၉။ လက်သည်းနီများကို အရောင်ပြောင်းချင်တဲ့ အခါမှာ လက်သည်းကို လက်သည်း ဖျက်ဆေးတွေနဲ့ ပွတ်တိုက်ပြီး ဖျက်မဲ့အစား ငွေခဲပတ်ကို သုံးပြီး အလွယ်တကူ ဖျက်ပေးပါ ။

လက်သည်းဖျက်ဆေး စိမ်ထားတဲ့ ဂွမ်းစတစ်ဝက်ကို ငွေခဲဖတ်ပေါ် တင်လိုက်ပါ ။ ပြီးရင် လက်သည်းကို ပတ်လိုက်ပါ ။ ငါးမိနစ်လောက် ထားပြီး ဖယ်ရှားလိုက်ပါ ။ သင့် လက်သည်းနီများ အလွယ်တကူပဲပျက်သွားပါ လိမ့်မယ် ။

၁၀။ အရေပြားထောင့်မှာ လက်သည်းနီ စွန်းရာတွေကိုတော့ အရေပြားပေါ်ကို သွားတိုက်ဆေးနဲ့ပွတ်တိုက်ပေးပါ ။ အထူးသဖြင့်တော့ လက်သည်းထောင့်စွန်း အရေပြားပေါ်က လက်သည်းနီတွေ အလွယ်တကူ ဖျက်မရတဲ့ အခါ ထိုနည်းကို အသုံးပြုလို့ ရပါတယ် ။ ပျိုပျိုမေတို့ အတွက် အိမ်တွင်း အလှပြင်နည်းကို သိရပြီမို့ စိတ်ချလက်ချ ပြုလုပ် ကြည့်ရုံပါပဲ ….. ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

''အသက္အ႐ြယ္နဲ႔ အလွျပဳျပင္မႈ''1
beauty-tip
အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ

”အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ” ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အတွက်က အလှပြုပြင်ရာမှာ အထူးသတိပြုနေစရာ မလိုအပ်သော်လည်း အသက် ငါးဆယ်ကျော် အရွယ်ကို ရောက်လာပြီ ဆိုရင်တော့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေ ရှိလာပါပြီ။ အသက်အရွယ် ငါးဆယ်ကျော် လာပြီဆိုရင် မျက်တွင်းချိုင့်ခြင်း ပါးပြင်အရေပြားများ တင်းရင်မှု မရှိတော့ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ခြင်း မဖြစ်ရအောင် အဆင့်တစ်အနေနဲ့ ဟိုင်ရာလူရိုနစ်အက်စစ်၊ ရက်တီနောအက်စစ် နျူရိုပက်တိုက် ပါဝင်တဲ့ လိုးရှင်းတွေဟာ ဆိုရင် ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် မျက်ဝန်းတစ်ဝှိုက်ကို လိမ်းပေးပြီး မျက်တွင်းမချိုင့်အောင် ကာကွယ်နိုင်ပါတယ်။ အဆင့်နှစ်ကတော့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ မိတ်ကပ် …

သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္
beauty-tip
သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။

သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။ နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။ ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ …

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္
beauty-tip
သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင်

သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းတစ်စုံကို အလှတွေ ပိုမိုပေါ်လွင်ပြီး ပိုမို တောက်ပလာစေဖို့ဆိုရင် နှုတ်ခမ်းနီဆိုးခြင်းကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကဲဒါဆို နှုတ်ခမ်းလှလှလေး တစ်စုံကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါစို့။ ၁. လိုက်ဖက် ပါစေ… သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ လှပပြီး စွဲဆောင်မှုရှိမဲ့ နှုတ်ခမ်းတစ်စုံ ရရှိဖို့အတွက် သင်အသုံးပြုမဲ့ နှုတ်ခမ်းနီနဲ့ သင့်ရဲ့ နှုတ်ခမ်းတစ်ဝုှိက်မှာ ပုံဖော်မဲ့ ခဲတံရဲ့အရောင်ဟာ အရောင်နှစ်ခု လိုက်ဖက်မှုရှိပြီး တူညီမျှတ ဟာမိုနီကျနေဖို့ လိုအပ်ပါတယ်။ ၂. မှန်ကန်စွာ စတင်ပါ… သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီ ဆိုးတော့မယ်ဆိုရင် ပထမဦးစွာ အပေါ်နှုတ်ခမ်းကနေ စတင် …