အိပ္ေမာက်ျခင္းအႏုပညာ

အိပ္ေမာက်ျခင္းအႏုပညာ
Article

အိပ္ေမာက်ျခင္းအႏုပညာ

တစ္ေန႔သ၌ ကြၽႏ္ုပ္သည္ ဝိသုဒၶိမဂ္ျမန္မာျပန္စာအုပ္ကို စိတ္၀င္စားစြာျဖင့္ ဖတ္ေနေလ၏ ။ ထိုအခ်ိန္၌ မွာပင္ ကြၽႏ္ုပ္၏ မိတ္ေဆြ ကိုေဖာင္တိန္ႀကီးသည္ ကြၽႏ္ုပ္ထံသို႔ ေရာက္ရွိ၍ လာေလ၏ ။ ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္၏ ေရႈ႕သို႔ ေရာက္လွ်င္ ေရာက္ျခင္းပင္ –

“ေသဖို႔အတြက္ျပင္ဆင္ၿပီးၿပီလား…”ဟု ၎ႏႈတ္ဆက္ေနက် စကားျဖင့္ကြၽႏ္ုပ္အားႏႈတ္ဆက္လိုက္ရာ –

“ျပင္ဆင္ၿပီးပါၿပီဗ်ာ..၊က်ဳပ္ေသရင္အေလာင္းထည့္ဖို႔ အေခါင္းကိုႀကိဳၿပီးစပ္ခိုင္းထားတယ္၊က်ဳပ္မသာကို ပိုၿပီးတန္ဖိုးရွိတဲ့မသာျဖစ္ေအာင္ ကြၽန္းသားအေခါင္းကိုမွာထားတာ၊ၿပီးေတာ့အုတ္ဂူေဆာက္ဖို႔ သခ်ႋဳင္း ကုန္းမွာ ေျမလည္း၀ယ္ထားၿပီးၿပီဗ်ာ..၊ ကိုင္းေနာက္ထပ္ဘာျပင္ဆင္စရာလိုေသးလို႔လည္း…”ဟု ကြၽႏ္ုပ္ သည္ ကိုေဖာင္တိန္အား အ႐ြဲ႕တိုက္၍ ေျပာလိုက္ေလ ေတာ့၏ ။ ထိုအခါ ကိုေဖာင္တိန္သည္ ဟက္ဟက္ ပက္ပက္ ရယ္ေလ၏ ။ ထို႔ေနာက္ ၎က –

“အခု ဘာစာေတြ ဖတ္ေနတာလဲ ”ဟု ကြၽႏ္ုပ္အား ေမးလိုက္ျပန္ေလ၏ ။ ထို႔ေၾကာင့္ ကြၽႏ္ုပ္က –

“ပိဋကစာေပကိုဖတ္ေနတာ.. ၊ ပိဋကသုံးပုံ လုံးကို အကုန္လိုက္ဖတ္ ေနတာ.. ၊ ဉာဏ္မွီ သေလာက္ ႀကိဳးစား ၿပီးသင္ယူ ေနတာ.. ။ ဒီလိုေျပာလို႔ က်ဳပ္ကို ႀကီးႀကီးက်ယ္က်ယ္ ေျပာတယ္လို႔ေတာ့ မထင္လိုက္နဲ႔ဦးဗ်..” ဟု ကိုေဖာင္တိန္အား ကြၽႏ္ုပ္ စာဖတ္ေနသည့္အေၾကာင္းကို ေျပာလိုက္လွ်င္…

“ေၾသာ္..ဆရာစိုးက တကယ့္စာႀကီးေပႀကီး ေတြကိုမွ ေ႐ြးၿပီးဖတ္ေနတာကိုး …၊ သာဓုပါဗ်ာ..သာဓု..သာဓု… ”ဟု ကိုေဖာင္တိန္ႀကီးက ကြၽႏ္ုပ္အား သာဓုေခၚလိုက္ရာ ကြၽႏ္ုပ္လည္း ၀မ္းသာမိေလ၏ ။ ထို႔ေၾကာင့္ ကြၽႏ္ုပ္ က ကိုေဖာင္တိန္ႀကီးအား ေက်းဇူးတင္စကား ေျပာရန္အတြက္ ႏႈတ္ခမ္းဟလိုက္သည့္ အခ်ိန္၌မွာပင္ ကို ေဖာင္တိန္ႀကီးက ကြၽႏ္ုပ္အားဤသို႔ ေျပာလိုက္ေလေတာ့၏ ။

“စာဖတ္တယ္ဆိုတာ ေကာင္းပါတယ္၊ဘာသာေရးစာေပေတြကို ေလ့လာဖတ္ရႈၿပီးသင္ယူေနတယ္ဆို ေတာ့ မဂၤလာပိုရွိတာေပါ့..၊ဒါေပမဲ့တစ္ခုေတာ့ရွိတယ္ ဆရာစိုး ..”ဟု ေျပာလိုက္လွ်င္ ကြၽႏ္ုပ္က –

“ဘာရွိစရာက်န္ေသးလို႔လဲ ကိုေဖာင္တိန္ရယ္..၊ျပည့္စုံေနၿပီပဲဗ်ာ…”ဟု ကိုေဖာင္တိန္၏စကားကို ကြၽႏ္ုပ္ က ၾကားျဖတ္၍ေျပာလိုက္ေလရာ ကိုေဖာင္တိန္က –

ဘယ္လိုလုပ္ၿပီးျပည့္စုံတယ္လို႔ယူဆေနရတာလဲ ကိုယ့္လူရယ္…ဘာသာေရးစာေပေတြကို အခ်ိန္ရရင္ေလ့လာဖတ္ရႈမယ္.. ဒါေလးပဲမဟုတ္လား..”ဟု ကိုေဖာင္တိန္က ေျပာလိုက္လွ်င္ ကြၽႏ္ုပ္က –

“ဟုတ္တယ္ေလဗ်ာ..၊က်ဳပ္တို႔လိုလူ၀တ္ေၾကာင္ေတြအတြက္ အမွန္ကန္ဆုံးလုပ္ရပ္ပဲေလဗ်ာ..”ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္ႀကီး၏စကားကို ေခ်ပ၍ေျပာလိုက္ေလ၏။ထိုအခါ ကိုေဖာင္တိန္ႀကီးက –

“ခင္ဗ်ားတို႔ေတြအဲဒီမွာလမ္းဆုံးသြားေတာ့တာပဲ..၊ဒါေလးကိုဘ၀အဓိပၸါယ္ျပည့္၀သြားၿပီလို႔ယူဆထားၾက တာကိုး ..၊မဆုံးႏိုင္တဲ့ဘဝေတြဟာ အဲဒီမွာစေတာ့တာပဲ..၊ဘ၀အဓိပၸါယ္ဆိုတာ လြတ္ေျမာက္ျခင္းဆီကို အေရာက္သြားရမွာ..၊လြတ္ေျမာက္မႈမရွိေသးသ၍ ဘ၀ဟာအဓိပၸါယ္မဲ့ေနဦးမွာဘဲ ..၊မွန္တယ္ထင္ရတဲ့ အမွားေတြကို ဆက္တိုက္ဆက္တိုက္က်ဴးလြန္ေနဦးမွာဘဲ ..၊

ခင္ဗ်ားတို႔လုပ္ေနတဲ့အရာေတြဟာ ဘာမွ ကိုမဟုတ္ဘူး၊ဘာမွျဖစ္လာမွာလဲမဟုတ္ဘူး ..၊ဘာေမွ်ာ္လင့္ခ်က္နဲ႔ခင္ဗ်ားတို႔က ဒါေတြကိုအဟုတ္မွတ္ ၿပီးလုပ္ေနၾကတာလဲ ..၊ဘ၀အစစ္အမွန္ကို လိုခ်င္တယ္၊ရခ်င္တယ္ဆိုရင္ အခုလုပ္ေနတာေတြအားလုံး ဟာ အဓိကမဟုတ္ဘူး …။အဓိက ကဘာလဲဆိုတာ ခင္ဗ်ားေျပာႏိုင္လား…”ဟု ေနာက္ဆုံးတြင္ေမးခြန္း ျဖင့္ အဆုံးသတ္လိုက္ေလ၏။

“႐ိုး႐ိုးသားသားေျပာရမယ္ဆိုရင္ ခင္ဗ်ားရဲ႕ေမးခြန္းကို ႐ုတ္တရက္ျပန္ေျဖဖို႔အတြက္ က်ဳပ္မွာအေျဖမရွိ ဘူး..၊က်ဳပ္သိတာကေတာ့ က်ဳပ္အခုလုပ္ေနတာဟာ တစ္ခုမွအမွားမရွိဘူး ..၊မွန္တယ္ဆိုတာကိုေတာ့ ေသခ်ာသိတယ္..”ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္အားေျပာလိုက္ေလ၏။ကြၽႏ္ုပ္၏စကားဆုံးေသာအခါ ကို ေဖာင္တိန္ႀကီးက

ဒီမွာ ဆရာစိုး ..ဘာအတြက္နဲ႔ ဘာသာေရးစာေပေတြကို ခင္ဗ်ားဖတ္တာလဲ..၊ ခင္ဗ်ားရဲ႕ ရည္႐ြယ္ခ်က္ က ဘာလဲ…”ဟု ကိုေဖာင္တိန္ႀကီးက ေမးလိုက္ျပန္ ေလ၏။ထို႔ေၾကာင့္ ကြၽႏု္ပ္က –

“ဒီေမးခြန္းက ေမးဖို႔ေတာင္မလိုအပ္ပါဘူး ကိုေဖာင္တိန္ရယ္..၊ဘယ္ဘာသာ၀င္ပဲျဖစ္ျဖစ္ ကိုယ့္ဘာသာရဲ႕ ဘာသာေရးစာေပက်မ္းဂန္ေတြကို ဖတ္ရႈေလ့လာၾကမဲ့သူေတြခ်ည္းပဲ..၊ကိုယ့္ဘာသာအေၾကာင္း၊ကိုယ့္ ဘာသာရဲ႕အဆုံးအမလမ္းစဥ္ေတြအေၾကာင္းကိုသိကိုသိထားၾကရမွာပဲေလ..၊ဒါ့ေၾကာင့္ ဘယ္ဘာသာကို ပဲကိုးကြယ္ ကိုးကြယ္..၊

ကိုယ္ကိုးကြယ္တဲ့ဘာသာအေၾကာင္းကို စာေပက်မ္းဂမ္ေတြကေနတစ္ဆင့္ မ ေလ့လာပဲနဲ႔ ဘယ္လိုလုပ္သိႏိုင္မွာလဲ ခင္ဗ်ားေျပာႏိုင္ရင္ေျပာစမ္းပါဦး ကိုေဖာင္တိန္ရယ္..”ဟုကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႀကီးအား ခတ္ေထ့ခတ္ေထ့ေလသံျဖင့္ ေမးခြန္းျပန္ထုတ္လိုက္ေလ၏။

ကြၽႏ္ုပ္၏ေမးခြန္းကို ကိုေဖာင္တိန္ႀကီးအေနျဖင့္ လုံးဝေျဖႏိုင္လိမ့္မည္မဟုတ္ဟုလည္း အပိုင္ယူဆထားေလ၏။ထို႔ေၾကာင့္ ကြၽႏ္ုပ္သည္ ေမးခြန္းေမးလိုက္ၿပီးေနာက္ မထီတထီအၾကည့္ျဖင့္ ကိုေဖာင္တိန္ႀကီးအားၾကည့္ေနလိုက္ ေလ၏။ထိုအခါကိုေဖာင္တိန္ႀကီးက –

“က်ဳပ္ဆိုလိုခ်င္တာကို ခင္ဗ်ားနားမလည္တာပါ၊ခင္ဗ်ားကိုမွားတယ္လို႔ေျပာေနတာမဟုတ္ဘူး၊ဒီလိုပဲလုံး ၀မွန္ကန္ပါတယ္လို႔လည္းေထာက္ခံေနတာမဟုတ္ဘူး ..။အဓိကနဲ႔သာမညအေၾကာင္းကိုေျပာေနတာ” ဟု ျပန္၍ေျပာလိုက္လွ်င္ –

“ဆိုစမ္းပါဦးဗ် ခင္ဗ်ားေျပာတဲ့ အဓိကနဲ႔သာမညဆိုတာ ဘာလဲ ..၊က်ဳပ္ကိုရွင္းျပစမ္းပါဦး ..”ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္ႀကီးအား ေျပာလိုက္ေလ၏။ထိုအခါ ကိုေဖာင္တိန္ႀကီးက –

“က်ဳပ္ေျပာျပမယ္..၊ဒါေပမယ့္ က်ဳပ္စကားမဆုံးခင္ က်ဳပ္စကားကိုၾကားျဖတ္ၿပီး၀င္ေျဖရွင္းတာတို႔ ေခ်ပ ေျပာဆိုတာတို႔ မလုပ္ပါဘူးဆိုတဲ့ကတိေပးရင္က်ဳပ္ေျပာမယ္ ..၊က်ဳပ္စကားကိုခင္ဗ်ားနားေထာင္မယ္ဆို ရင္ ခင္ဗ်ားရဲ႕အယူအစြဲေတြကို ခဏေလာက္ေဘးဖယ္ထားရလိမ့္မယ္…”ဟု သတိေပးစကားေျပာလိုက္ ေလရာ –

“ေကာင္းၿပီေလ..ခင္ဗ်ားဘာေျပာမလဲဆိုတာ နားေထာင္ၾကည့္တာေပါ့..”ဟု ကြၽႏ္ုပ္က ကတိေပးလိုက္ ေလ၏။ထိုအခါ ကိုေဖာင္တိန္ႀကီးက –

“ဘာသာေရးစာေပက်မ္းဂန္ေတြကို ဖတ္ေနတဲ့အတြက္၊ေလ့လာသင္ယူေနတဲ့အတြက္ က်ဳပ္ကအျပစ္ တင္ေနတာမဟုတ္ဘူး..၊ကန္႔ကြက္ေနတာလည္းမဟုတ္ဘူး..၊က်ဳပ္ေျပာခ်င္တာက ဒီလို ..

ဘာသာေရးစာေပက်မ္းဂန္ထဲက အဆုံးအမနဲ႔လမ္းၫႊန္ခ်က္ေတြအားလုံးကို နားလည္ေအာင္ေလ့လာဖို႔ ဆိုတာ ခင္ဗ်ားအတြက္မျဖစ္ႏိုင္ဘူး ..

စကားလုံးေတြအားလုံးကို အာဂုဏ္ေဆာင္ထားဖို႔ဆိုတာ ပိုလို႔ ေတာင္မျဖစ္ႏိုင္တဲ့အေျခအေနျဖစ္သြားၿပီ ..၊သြားေလရာကို စာေပက်မ္းဂန္ေတြကိုသယ္ယူသြားဖို႔ဆိုတာ ကိုလည္း လုပ္လို႔မျဖစ္ျပန္ဘူး ..၊ဒီေတာ့ ခင္ဗ်ားအေနနဲ႔ဘာသာေရးကိုဘယ္လိုသင္ယူမလဲ..၊ဘယ္လို ေလ့လာမလဲ..၊ဘာသာေရးရဲ႕အႏွစ္ သာရကို ဘယ္လိုရွာေဖြမလဲ..၊အေပၚ ယံစာမ်က္ႏွာေတြကို လွန္ေလွာေန႐ုံနဲ႔ဘာသာတရားတစ္ခုရဲ႕အႏွစ္ သာရကိုေတြ႕ရမွာမဟုတ္ဘူး…၊

ဘာသာတရားလိုက္စားသူေတြအတြက္ ဒါဟာစိုးရိမ္စရာျဖစ္သလို ေၾကာင့္ၾကေနရမယ့္ကိစၥလည္းမဟုတ္ဘူး..၊ဘာ့ေၾကာင့္ဒီလိုေျပာရလဲဆိုေတာ့ နည္းလမ္းတစ္ခုေျပာျပ မယ္..၊

အဲဒီနည္းလမ္းအရ ခင္ဗ်ားဟာ တိတ္ဆိတ္မႈထဲကို၀င္ေရာက္သြားၿပီး အိပ္ေမာက်ေနဖို႔လိုအပ္ တယ္၊ခင္ဗ်ားရဲ႕အိပ္ေမာက်ျခင္းဟာ သတိတရားအျပည့္ရွိတဲ့အိပ္ေမာက်ျခင္းျဖစ္ေနဖို႔ေတာ့လိုအပ္ တယ္၊ဒါကိုအိပ္ေမာက်ျခင္းအႏုပညာလို႔ က်ဳပ္ကအမည္ေပးလိုက္ခ်င္တယ္..၊က်ဳပ္အခုေျပာတဲ့ အိပ္ေမာ က်ျခင္းအႏုပညာကို ခင္ဗ်ားအေနနဲ႔ေကာင္းေကာင္းႀကီးေလ့က်က္လာၿပီ ခင္ဗ်ားအေနနဲ႔ အျပည့္အ၀အိပ္ေမာက်တတ္သြားၿပီဆိုရင္…၊

ခင္ဗ်ားႏိုးထလာလိမ့္မယ္..၊ခင္ဗ်ားႏိုးထလာတဲ့အခ်ိန္မွာ ခင္ဗ်ားဟာကမာၻသစ္ ႀကီးထဲကို ေရာက္သြားၿပီ၊ဘယ္တုန္းကမွမေရာက္ဘူးတဲ့ နယ္ေျမသစ္ႀကီးကိုေရာက္သြားၿပီ အဲဒီနယ္ေျမ သစ္ဟာ ခင္ဗ်ားအတြက္ထိတ္လန္႔စရာမရွိဘူး၊ေၾကာက္႐ြံ႕စရာမရွိဘူး ..၊ေပ်ာ္႐ႊင္မႈနဲ႔ပီတိေတြပဲရွိတယ္၊ႏိုး ၾကားလာတဲ့သတိတရားေတြဟာ အားေကာင္းေမာင္းသန္ျဖစ္လာလိမ့္မယ္၊အသိတရားေတြျပည့္၀လာ မယ္..

၊အဲဒီလိုႏိုးထလာျခင္းထဲမွာ စာေပက်မ္းဂန္ေတြအားလုံးကို သင္ယူတတ္ေျမာက္ျခင္းထက္ သာ လြန္တဲ့ အေတြ႕အႀကဳံေတြ၊ဉာဏ္တရားေတြနဲ႔ ျပည့္၀လာၿပီဆိုတာကို ခင္ဗ်ားကိုယ္တိုင္နားလည္သေဘာ ေပါက္ျခင္းေတြနဲ႔အတူ သိသြားလိမ့္မယ္၊အဲဒီသိျခင္းထဲမွာ ကိုယ္တိုင္သိျခင္းေတြပဲရွိတယ္၊တစ္ဆင့္သိ ေတြမဟုတ္ဘူး..၊မွန္းဆသိေတြလည္းမဟုတ္ဘူး..။

အဲဒီအေျခအေနဟာ ခင္ဗ်ားအတြက္ စာေပက်မ္းဂန္ ေတြဆိုတာ မလိုအပ္ေတာ့ဘူး..၊ပုံႏွိပ္စာလုံးေတြကို ႀကိဳးစားပမ္းစား အဓိပၸါယ္ဖြင့္ဆိုဖို႔မလိုအပ္ေတာ့ဘူး…..

ဘာျဖစ္လို႔လဲဆိုေတာ့ စာေပက်မ္းဂန္အားလုံးဟာခင္ဗ်ားျဖစ္သြားၿပီ စာေပက်မ္းဂန္ေတြထဲမွာမပါတဲ့ ဘာသာေရးရဲ႕တကယ့္ အႏွစ္သာရ တကယ့္စစ္မွန္မႈနဲ႔ ပုန္းကြယ္ေနတဲ့အမွန္တရားကို ခင္ဗ်ားကိုယ္တိုင္မ်က္ဝါး ထင္ထင္ေတြ႕ရွိသြားလို႔ပဲျဖစ္တယ္။

စကားလုံးတစ္လုံးတည္းနဲ႔ အဓိပၸါယ္အားလုံးကိုျပည့္စုံေအာင္ေျပာရ မယ္ဆိုရင္ေတာ့ ခင္ဗ်ားဟာ… ႏိုးၾကားသူတစ္ေယာက္ျဖစ္သြားလို႔ပဲ.လို႔ေျပာရလိမ့္မယ္…”ဟု စကားကို မနားတမ္းေျပာကာ ကိုေဖာင္တိန္ႀကီးသည္ သူ၏စကားကို အဆုံးသတ္လိုက္ေလေတာ့၏။

ကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႀကီး၏စကားကိုနားေထာင္ၿပီးေနာက္တြင္ ၎အားဘာျပန္ေျပာရမွန္းမသိဘဲျဖစ္၍ေနေလ ၏။အဘယ့္ေၾကာင့္ဆိုေသာ္ ကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႀကီးအား ကြၽႏ္ုပ္ကေမးလိုက္သည့္ေမးခြန္းကို ေျဖႏိုင္လိမ့္မည္မဟုတ္ဟု အပိုင္ယူဆထားေသာေၾကာင့္ျဖစ္၏။

သို႔ရာတြင္ကိုေဖာင္တိန္ႀကီးသည္ ကြၽႏ္ုပ္၏ဉာဏ္အရည္‌အေသြး၊ကြၽႏ္ုပ္၏ဗဟုသုတ၊ကြၽႏ္ုပ္ေတြးေခၚ

စဥ္းစားႏိုင္စြမ္းရွိသည့္ေဘာင္၏အျပင္ဘက္မွေန၍ ကြႏ္ုပ္အားစကားမ်ားစြာေျပာသြား၏တစ္နည္းအားျ ဖင့္တရားေဟာသြားျခင္းျဖစ္၏။

ထို႔ေၾကာင့္ကြၽႏ္ုပ္လိုပါခ်ီပါခ်က္နလပိန္းတုန္းတစ္ေယာက္အေနျဖင့္ကိုေဖာင္တိန္ႀကီး၏စကားကိုျပန္လည္ေခ်ပ‌၍ေျပာဆိုႏိုင္ဖို႔ဆိုသည္မွာအိပ္မက္ပင္မမက္ရဲေလာက္ေအာင္ျဖစ္သြားရေလ၏။ထို႔အ တြက္ကြၽႏ္ုပ္စြမ္းႏိုင္သည့္ေနာက္ဆုံးနည္းလမ္းကိုအသုံးျပဳရမည္ကဲ့သို႔ျဖစ္သြားေလ၏။ထိုနည္းလမ္းမွာ ကိုေဖာင္တိန္ႀကီးအား ထိုင္ရွိခိုး၍ သာဓုေခၚျခင္းမွတစ္ပါး အျခားမရွိျခင္းေၾကာင့္သာလွ်င္ျဖစ္ပါေလေတာ့သတည္း ……..။

သဗ္ဗေသတ္တာကမ္မဒါယာဒါ

သိဒၶိစိုး

Unicode

အိပ်မောကျခြင်းအနုပညာ

တစ်နေ့သ၌ ကျွန်ုပ်သည် ဝိသုဒ္ဓိမဂ်မြန်မာပြန်စာအုပ်ကို စိတ်ဝင်စားစွာဖြင့် ဖတ်နေလေ၏ ။ ထိုအချိန်၌ မှာပင် ကျွန်ုပ်၏ မိတ်ဆွေ ကိုဖောင်တိန်ကြီးသည် ကျွန်ုပ်ထံသို့ ရောက်ရှိ၍ လာလေ၏ ။ ကိုဖောင်တိန်သည် ကျွန်ုပ်၏ ရှေု့သို့ ရောက်လျှင် ရောက်ခြင်းပင် –

“သေဖို့အတွက်ပြင်ဆင်ပြီးပြီလား…”ဟု ၎င်းနှုတ်ဆက်နေကျ စကားဖြင့်ကျွန်ုပ်အားနှုတ်ဆက်လိုက်ရာ –

“ပြင်ဆင်ပြီးပါပြီဗျာ..၊ကျုပ်သေရင်အလောင်းထည့်ဖို့ အခေါင်းကိုကြိုပြီးစပ်ခိုင်းထားတယ်၊ကျုပ်မသာကို ပိုပြီးတန်ဖိုးရှိတဲ့မသာဖြစ်အောင် ကျွန်းသားအခေါင်းကိုမှာထားတာ၊ပြီးတော့အုတ်ဂူဆောက်ဖို့ သင်္ချိုင်း ကုန်းမှာ မြေလည်းဝယ်ထားပြီးပြီဗျာ..၊ ကိုင်းနောက်ထပ်ဘာပြင်ဆင်စရာလိုသေးလို့လည်း…”ဟု ကျွန်ုပ် သည် ကိုဖောင်တိန်အား အရွဲ့တိုက်၍ ပြောလိုက်လေ တော့၏ ။ ထိုအခါ ကိုဖောင်တိန်သည် ဟက်ဟက် ပက်ပက် ရယ်လေ၏ ။ ထို့နောက် ၎င်းက –

“အခု ဘာစာတွေ ဖတ်နေတာလဲ ”ဟု ကျွန်ုပ်အား မေးလိုက်ပြန်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်က –

“ပိဋကစာပေကိုဖတ်နေတာ.. ၊ ပိဋကသုံးပုံ လုံးကို အကုန်လိုက်ဖတ် နေတာ.. ၊ ဉာဏ်မှီ သလောက် ကြိုးစား ပြီးသင်ယူ နေတာ.. ။ ဒီလိုပြောလို့ ကျုပ်ကို ကြီးကြီးကျယ်ကျယ် ပြောတယ်လို့တော့ မထင်လိုက်နဲ့ဦးဗျ..” ဟု ကိုဖောင်တိန်အား ကျွန်ုပ် စာဖတ်နေသည့်အကြောင်းကို ပြောလိုက်လျှင်…

“သြော်..ဆရာစိုးက တကယ့်စာကြီးပေကြီး တွေကိုမှ ရွေးပြီးဖတ်နေတာကိုး …၊ သာဓုပါဗျာ..သာဓု..သာဓု… ”ဟု ကိုဖောင်တိန်ကြီးက ကျွန်ုပ်အား သာဓုခေါ်လိုက်ရာ ကျွန်ုပ်လည်း ဝမ်းသာမိလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ကိုဖောင်တိန်ကြီးအား ကျေးဇူးတင်စကား ပြောရန်အတွက် နှုတ်ခမ်းဟလိုက်သည့် အချိန်၌မှာပင် ကို ဖောင်တိန်ကြီးက ကျွန်ုပ်အားဤသို့ ပြောလိုက်လေတော့၏ ။

“စာဖတ်တယ်ဆိုတာ ကောင်းပါတယ်၊ဘာသာရေးစာပေတွေကို လေ့လာဖတ်ရှုပြီးသင်ယူနေတယ်ဆို တော့ မင်္ဂလာပိုရှိတာပေါ့..၊ဒါပေမဲ့တစ်ခုတော့ရှိတယ် ဆရာစိုး ..”ဟု ပြောလိုက်လျှင် ကျွန်ုပ်က –

“ဘာရှိစရာကျန်သေးလို့လဲ ကိုဖောင်တိန်ရယ်..၊ပြည့်စုံနေပြီပဲဗျာ…”ဟု ကိုဖောင်တိန်၏စကားကို ကျွန်ုပ် က ကြားဖြတ်၍ပြောလိုက်လေရာ ကိုဖောင်တိန်က –

ဘယ်လိုလုပ်ပြီးပြည့်စုံတယ်လို့ယူဆနေရတာလဲ ကိုယ့်လူရယ်…ဘာသာရေးစာပေတွေကို အချိန်ရရင်လေ့လာဖတ်ရှုမယ်.. ဒါလေးပဲမဟုတ်လား..”ဟု ကိုဖောင်တိန်က ပြောလိုက်လျှင် ကျွန်ုပ်က –

“ဟုတ်တယ်လေဗျာ..၊ကျုပ်တို့လိုလူဝတ်ကြောင်တွေအတွက် အမှန်ကန်ဆုံးလုပ်ရပ်ပဲလေဗျာ..”ဟု ကျွန်ုပ်က ကိုဖောင်တိန်ကြီး၏စကားကို ချေပ၍ပြောလိုက်လေ၏။ထိုအခါ ကိုဖောင်တိန်ကြီးက –

“ခင်ဗျားတို့တွေအဲဒီမှာလမ်းဆုံးသွားတော့တာပဲ..၊ဒါလေးကိုဘဝအဓိပ္ပါယ်ပြည့်ဝသွားပြီလို့ယူဆထားကြ တာကိုး ..၊မဆုံးနိုင်တဲ့ဘဝတွေဟာ အဲဒီမှာစတော့တာပဲ..၊ဘဝအဓိပ္ပါယ်ဆိုတာ လွတ်မြောက်ခြင်းဆီကို အရောက်သွားရမှာ..၊လွတ်မြောက်မှုမရှိသေးသ၍ ဘဝဟာအဓိပ္ပါယ်မဲ့နေဦးမှာဘဲ ..၊မှန်တယ်ထင်ရတဲ့ အမှားတွေကို ဆက်တိုက်ဆက်တိုက်ကျူးလွန်နေဦးမှာဘဲ ..၊

ခင်ဗျားတို့လုပ်နေတဲ့အရာတွေဟာ ဘာမှ ကိုမဟုတ်ဘူး၊ဘာမှဖြစ်လာမှာလဲမဟုတ်ဘူး ..၊ဘာမျှော်လင့်ချက်နဲ့ခင်ဗျားတို့က ဒါတွေကိုအဟုတ်မှတ် ပြီးလုပ်နေကြတာလဲ ..၊ဘဝအစစ်အမှန်ကို လိုချင်တယ်၊ရချင်တယ်ဆိုရင် အခုလုပ်နေတာတွေအားလုံး ဟာ အဓိကမဟုတ်ဘူး …။အဓိက ကဘာလဲဆိုတာ ခင်ဗျားပြောနိုင်လား…”ဟု နောက်ဆုံးတွင်မေးခွန်း ဖြင့် အဆုံးသတ်လိုက်လေ၏။

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ခင်ဗျားရဲ့မေးခွန်းကို ရုတ်တရက်ပြန်ဖြေဖို့အတွက် ကျုပ်မှာအဖြေမရှိ ဘူး..၊ကျုပ်သိတာကတော့ ကျုပ်အခုလုပ်နေတာဟာ တစ်ခုမှအမှားမရှိဘူး ..၊မှန်တယ်ဆိုတာကိုတော့ သေချာသိတယ်..”ဟု ကျွန်ုပ်က ကိုဖောင်တိန်အားပြောလိုက်လေ၏။ကျွန်ုပ်၏စကားဆုံးသောအခါ ကို ဖောင်တိန်ကြီးက

ဒီမှာ ဆရာစိုး ..ဘာအတွက်နဲ့ ဘာသာရေးစာပေတွေကို ခင်ဗျားဖတ်တာလဲ..၊ ခင်ဗျားရဲ့ ရည်ရွယ်ချက် က ဘာလဲ…”ဟု ကိုဖောင်တိန်ကြီးက မေးလိုက်ပြန် လေ၏။ထို့ကြောင့် ကျွနု်ပ်က –

“ဒီမေးခွန်းက မေးဖို့တောင်မလိုအပ်ပါဘူး ကိုဖောင်တိန်ရယ်..၊ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာရဲ့ ဘာသာရေးစာပေကျမ်းဂန်တွေကို ဖတ်ရှုလေ့လာကြမဲ့သူတွေချည်းပဲ..၊ကိုယ့်ဘာသာအကြောင်း၊ကိုယ့် ဘာသာရဲ့အဆုံးအမလမ်းစဉ်တွေအကြောင်းကိုသိကိုသိထားကြရမှာပဲလေ..၊ဒါ့ကြောင့် ဘယ်ဘာသာကို ပဲကိုးကွယ် ကိုးကွယ်..၊

ကိုယ်ကိုးကွယ်တဲ့ဘာသာအကြောင်းကို စာပေကျမ်းဂမ်တွေကနေတစ်ဆင့် မ လေ့လာပဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ ခင်ဗျားပြောနိုင်ရင်ပြောစမ်းပါဦး ကိုဖောင်တိန်ရယ်..”ဟုကျွန်ုပ်သည် ကိုဖောင်တိန်ကြီးအား ခတ်ထေ့ခတ်ထေ့လေသံဖြင့် မေးခွန်းပြန်ထုတ်လိုက်လေ၏။

ကျွန်ုပ်၏မေးခွန်းကို ကိုဖောင်တိန်ကြီးအနေဖြင့် လုံးဝဖြေနိုင်လိမ့်မည်မဟုတ်ဟုလည်း အပိုင်ယူဆထားလေ၏။ထို့ကြောင့် ကျွန်ုပ်သည် မေးခွန်းမေးလိုက်ပြီးနောက် မထီတထီအကြည့်ဖြင့် ကိုဖောင်တိန်ကြီးအားကြည့်နေလိုက် လေ၏။ထိုအခါကိုဖောင်တိန်ကြီးက –

“ကျုပ်ဆိုလိုချင်တာကို ခင်ဗျားနားမလည်တာပါ၊ခင်ဗျားကိုမှားတယ်လို့ပြောနေတာမဟုတ်ဘူး၊ဒီလိုပဲလုံး ဝမှန်ကန်ပါတယ်လို့လည်းထောက်ခံနေတာမဟုတ်ဘူး ..။အဓိကနဲ့သာမညအကြောင်းကိုပြောနေတာ” ဟု ပြန်၍ပြောလိုက်လျှင် –

“ဆိုစမ်းပါဦးဗျ ခင်ဗျားပြောတဲ့ အဓိကနဲ့သာမညဆိုတာ ဘာလဲ ..၊ကျုပ်ကိုရှင်းပြစမ်းပါဦး ..”ဟု ကျွန်ုပ်က ကိုဖောင်တိန်ကြီးအား ပြောလိုက်လေ၏။ထိုအခါ ကိုဖောင်တိန်ကြီးက –

“ကျုပ်ပြောပြမယ်..၊ဒါပေမယ့် ကျုပ်စကားမဆုံးခင် ကျုပ်စကားကိုကြားဖြတ်ပြီးဝင်ဖြေရှင်းတာတို့ ချေပ ပြောဆိုတာတို့ မလုပ်ပါဘူးဆိုတဲ့ကတိပေးရင်ကျုပ်ပြောမယ် ..၊ကျုပ်စကားကိုခင်ဗျားနားထောင်မယ်ဆို ရင် ခင်ဗျားရဲ့အယူအစွဲတွေကို ခဏလောက်ဘေးဖယ်ထားရလိမ့်မယ်…”ဟု သတိပေးစကားပြောလိုက် လေရာ –

“ကောင်းပြီလေ..ခင်ဗျားဘာပြောမလဲဆိုတာ နားထောင်ကြည့်တာပေါ့..”ဟု ကျွန်ုပ်က ကတိပေးလိုက် လေ၏။ထိုအခါ ကိုဖောင်တိန်ကြီးက –

“ဘာသာရေးစာပေကျမ်းဂန်တွေကို ဖတ်နေတဲ့အတွက်၊လေ့လာသင်ယူနေတဲ့အတွက် ကျုပ်ကအပြစ် တင်နေတာမဟုတ်ဘူး..၊ကန့်ကွက်နေတာလည်းမဟုတ်ဘူး..၊ကျုပ်ပြောချင်တာက ဒီလို ..

ဘာသာရေးစာပေကျမ်းဂန်ထဲက အဆုံးအမနဲ့လမ်းညွှန်ချက်တွေအားလုံးကို နားလည်အောင်လေ့လာဖို့ ဆိုတာ ခင်ဗျားအတွက်မဖြစ်နိုင်ဘူး ..

စကားလုံးတွေအားလုံးကို အာဂုဏ်ဆောင်ထားဖို့ဆိုတာ ပိုလို့ တောင်မဖြစ်နိုင်တဲ့အခြေအနေဖြစ်သွားပြီ ..၊သွားလေရာကို စာပေကျမ်းဂန်တွေကိုသယ်ယူသွားဖို့ဆိုတာ ကိုလည်း လုပ်လို့မဖြစ်ပြန်ဘူး ..၊ဒီတော့ ခင်ဗျားအနေနဲ့ဘာသာရေးကိုဘယ်လိုသင်ယူမလဲ..၊ဘယ်လို လေ့လာမလဲ..၊ဘာသာရေးရဲ့အနှစ် သာရကို ဘယ်လိုရှာဖွေမလဲ..၊အပေါ် ယံစာမျက်နှာတွေကို လှန်လှောနေရုံနဲ့ဘာသာတရားတစ်ခုရဲ့အနှစ် သာရကိုတွေ့ရမှာမဟုတ်ဘူး…၊

ဘာသာတရားလိုက်စားသူတွေအတွက် ဒါဟာစိုးရိမ်စရာဖြစ်သလို ကြောင့်ကြနေရမယ့်ကိစ္စလည်းမဟုတ်ဘူး..၊ဘာ့ကြောင့်ဒီလိုပြောရလဲဆိုတော့ နည်းလမ်းတစ်ခုပြောပြ မယ်..၊

အဲဒီနည်းလမ်းအရ ခင်ဗျားဟာ တိတ်ဆိတ်မှုထဲကိုဝင်ရောက်သွားပြီး အိပ်မောကျနေဖို့လိုအပ် တယ်၊ခင်ဗျားရဲ့အိပ်မောကျခြင်းဟာ သတိတရားအပြည့်ရှိတဲ့အိပ်မောကျခြင်းဖြစ်နေဖို့တော့လိုအပ် တယ်၊ဒါကိုအိပ်မောကျခြင်းအနုပညာလို့ ကျုပ်ကအမည်ပေးလိုက်ချင်တယ်..၊ကျုပ်အခုပြောတဲ့ အိပ်မော ကျခြင်းအနုပညာကို ခင်ဗျားအနေနဲ့ကောင်းကောင်းကြီးလေ့ကျက်လာပြီ ခင်ဗျားအနေနဲ့ အပြည့်အဝအိပ်မောကျတတ်သွားပြီဆိုရင်…၊

ခင်ဗျားနိုးထလာလိမ့်မယ်..၊ခင်ဗျားနိုးထလာတဲ့အချိန်မှာ ခင်ဗျားဟာကမ္ဘာသစ် ကြီးထဲကို ရောက်သွားပြီ၊ဘယ်တုန်းကမှမရောက်ဘူးတဲ့ နယ်မြေသစ်ကြီးကိုရောက်သွားပြီ အဲဒီနယ်မြေ သစ်ဟာ ခင်ဗျားအတွက်ထိတ်လန့်စရာမရှိဘူး၊ကြောက်ရွံ့စရာမရှိဘူး ..၊ပျော်ရွှင်မှုနဲ့ပီတိတွေပဲရှိတယ်၊နိုး ကြားလာတဲ့သတိတရားတွေဟာ အားကောင်းမောင်းသန်ဖြစ်လာလိမ့်မယ်၊အသိတရားတွေပြည့်ဝလာ မယ်..

၊အဲဒီလိုနိုးထလာခြင်းထဲမှာ စာပေကျမ်းဂန်တွေအားလုံးကို သင်ယူတတ်မြောက်ခြင်းထက် သာ လွန်တဲ့ အတွေ့အကြုံတွေ၊ဉာဏ်တရားတွေနဲ့ ပြည့်ဝလာပြီဆိုတာကို ခင်ဗျားကိုယ်တိုင်နားလည်သဘော ပေါက်ခြင်းတွေနဲ့အတူ သိသွားလိမ့်မယ်၊အဲဒီသိခြင်းထဲမှာ ကိုယ်တိုင်သိခြင်းတွေပဲရှိတယ်၊တစ်ဆင့်သိ တွေမဟုတ်ဘူး..၊မှန်းဆသိတွေလည်းမဟုတ်ဘူး..။

အဲဒီအခြေအနေဟာ ခင်ဗျားအတွက် စာပေကျမ်းဂန် တွေဆိုတာ မလိုအပ်တော့ဘူး..၊ပုံနှိပ်စာလုံးတွေကို ကြိုးစားပမ်းစား အဓိပ္ပါယ်ဖွင့်ဆိုဖို့မလိုအပ်တော့ဘူး…..

ဘာဖြစ်လို့လဲဆိုတော့ စာပေကျမ်းဂန်အားလုံးဟာခင်ဗျားဖြစ်သွားပြီ စာပေကျမ်းဂန်တွေထဲမှာမပါတဲ့ ဘာသာရေးရဲ့တကယ့် အနှစ်သာရ တကယ့်စစ်မှန်မှုနဲ့ ပုန်းကွယ်နေတဲ့အမှန်တရားကို ခင်ဗျားကိုယ်တိုင်မျက်ဝါး ထင်ထင်တွေ့ရှိသွားလို့ပဲဖြစ်တယ်။

စကားလုံးတစ်လုံးတည်းနဲ့ အဓိပ္ပါယ်အားလုံးကိုပြည့်စုံအောင်ပြောရ မယ်ဆိုရင်တော့ ခင်ဗျားဟာ… နိုးကြားသူတစ်ယောက်ဖြစ်သွားလို့ပဲ.လို့ပြောရလိမ့်မယ်…”ဟု စကားကို မနားတမ်းပြောကာ ကိုဖောင်တိန်ကြီးသည် သူ၏စကားကို အဆုံးသတ်လိုက်လေတော့၏။

ကျွန်ုပ်သည် ကိုဖောင်တိန်ကြီး၏စကားကိုနားထောင်ပြီးနောက်တွင် ၎င်းအားဘာပြန်ပြောရမှန်းမသိဘဲဖြစ်၍နေလေ ၏။အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ကိုဖောင်တိန်ကြီးအား ကျွန်ုပ်ကမေးလိုက်သည့်မေးခွန်းကို ဖြေနိုင်လိမ့်မည်မဟုတ်ဟု အပိုင်ယူဆထားသောကြောင့်ဖြစ်၏။

သို့ရာတွင်ကိုဖောင်တိန်ကြီးသည် ကျွန်ုပ်၏ဉာဏ်အရည်‌အသွေး၊ကျွန်ုပ်၏ဗဟုသုတ၊ကျွန်ုပ်တွေးခေါ်

စဉ်းစားနိုင်စွမ်းရှိသည့်ဘောင်၏အပြင်ဘက်မှနေ၍ ကွန်ုပ်အားစကားများစွာပြောသွား၏တစ်နည်းအားြ ဖင့်တရားဟောသွားခြင်းဖြစ်၏။

ထို့ကြောင့်ကျွန်ုပ်လိုပါချီပါချက်နလပိန်းတုန်းတစ်ယောက်အနေဖြင့်ကိုဖောင်တိန်ကြီး၏စကားကိုပြန်လည်ချေပ‌၍ပြောဆိုနိုင်ဖို့ဆိုသည်မှာအိပ်မက်ပင်မမက်ရဲလောက်အောင်ဖြစ်သွားရလေ၏။ထို့အ တွက်ကျွန်ုပ်စွမ်းနိုင်သည့်နောက်ဆုံးနည်းလမ်းကိုအသုံးပြုရမည်ကဲ့သို့ဖြစ်သွားလေ၏။ထိုနည်းလမ်းမှာ ကိုဖောင်တိန်ကြီးအား ထိုင်ရှိခိုး၍ သာဓုခေါ်ခြင်းမှတစ်ပါး အခြားမရှိခြင်းကြောင့်သာလျှင်ဖြစ်ပါလေတော့သတည်း ……..။

သဗ်ဗသေတ်တာကမ်မဒါယာဒါ

သိဒ္ဓိစိုး

No Comments

Leave a Reply

Your email address will not be published.

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေ
Article
သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး လူသားတွေ အသိချင်ဆုံး အရာက သေသွားပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောင်းအရာပါ။ သေခြင်းတရား က လူသားတွေအတွက် စိတ်အနှောက်အယှက်ပေး နိုင်ဆုံး အရာပဲဖြစ်ပါတယ်။ လူသားတွေက သဘာ၀ ဘေးအန္တရာယ်တွေကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်အောင် ကြိုးစားနေ ကြပေမဲ့ ဒိကနေ့ အထိ မကျော်လွှားနိုင် မခုခံနိုင်တဲ့ အကြောင်းတရားတွေ ထဲမှာ သေခြင်းတရားကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက ၁၂နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ သေခြင်းတရားကနေ ပြန်ပြီး ရှင်သန် လာနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပရိုဘိုလင်ဂို …

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်
Article
ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန် တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က သူတို့ရဲ့ ဆိုင်ဝမှာ ပေါင်ချိန်စက်တစ်ခုကိုထားပြီး အစား အသောက် မမှာခင်မှာ ပေါင်အရင် ချိန်ပါလို့ စာတန်း ကပ်ထားတာကြောင့် စားသုံးသူတွေက အဲ့ဒိ ပေါင်ချိန် ရမယ့် ကိစ္စကို မကျေမနပ် ဖြစ်လို့ ဆိုင်ရှင်ကို အချေအတင်ပြောရာမှ ပြဿနာ မကြီးထွားလာခင်မှာ ဆိုင်ရှင်က တောင်းပန်လိုက်ရပါတယ်။ ဟူနန်ပြည်နယ် ချန်းရှာမြို့က ချူအီရန် အမဲကြော် ဆိုင်က ဆိုင်ရှင်က သတင်းစာကို “ ကျနော်တို့ က သမ္မတကြီး ရှီကျင့်ဖျင် မိန့်ခွန်းထဲကအတိုင်း တိုင်းပြည်အတွင်းမှာ အစားအသောက်တွေ အလေအလွင့် မဖြစ်အောင် ချိန်တွယ် စားသောက်နိုင်ဖို့အတွက် ဆိုင်ဝမှာ မီနူးနဲ့ ပေါင်ချိန်စက်ကို …

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု
Article
၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု ၂၀၂၀ ထဲကို ဝင်လာတာ အခုဆိုရင် ၈လထဲကို ရောက်လာခဲ့ပါပြီ။ အမှတ်မထင် ဖြစ်ရပ် ၈ခုက ကမ္ဘာကြီး ပျက်သွားနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ဖြစ်ပျက် သွားပါတယ်။ ဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ ဒေသက လူတွေကတော့ တကယ်ပဲ ကမ္ဘာကြီး ပျက်သွားပြီလို့ အောက်မေ့ ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ကမ္ဘာကြီးကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။ သြစတေလျှ တောမီး ။ ။ ၂၀၁၉ ကတည်းက လောင်နေတဲ့ သြတေးလျှ တောမီးက ၂၀၂၀ ထဲ ဝင်တဲ့အထိ မငြိမ်းနိုင်ဘူး ဖြစ်နေခဲ့တယ်။ အရေးပေါ် …