အာေခါင္ ႏႈိက္ၿပီး သလိပ္စစ္စရာ မလိုတဲ့နည္း အဂၤလန္မွာ စမ္းၿပီ

အာေခါင္ ႏႈိက္ၿပီး သလိပ္စစ္စရာ မလိုတဲ့နည္း အဂၤလန္မွာ စမ္းၿပီ
International-news

အာေခါင္ ႏႈိက္ၿပီး သလိပ္စစ္စရာ မလိုတဲ့နည္း အဂၤလန္မွာ စမ္းၿပီ

ၿဗိတိန္က်န္းမာေရး အရာရွိေတြက ကိုဗစ္-၁၉ကို ကို ေရာဂါပိုး ရွိမရွိစစ္ဖို႔ အာေခါင္ ႏႈိက္ၿပီး သလိပ္ယူတဲ့ကိစၥ အစား အိမ္မွာတင္လုပ္ႏိုင္တဲ့ နည္းတစ္တနည္းကို ရွာေဖြ စမ္းသပ္ေနပါတယ္ ။ အာေခါင္ႏႈိက္ သလိပ္ယူတဲ့ နည္းက မသက္မသာျဖစ္တဲ့အျပင္ ကိုယ္ခႏၲာထဲကို အျခားပစၥည္းေတြ က်ဴးေက်ာ္ ဝင္ေရာက္ရတဲ့ကိစၥ ျဖစ္လို႔ သူတို႔က သိပ္ၿပီး သေဘာမေတြ႕ လွပါဘူး ။ လက္ရွိ သုံးေနတဲ့ ကိုဗစ္-၁၉ရွိမရွိ စမ္းသပ္ဖို႔အတြက္ သလိပ္ယူတဲ့အခါမွာ ဂြမ္းေခ်ာင္းကို လည္ပင္း ထဲကေန ေလႁပြန္ေရာက္တဲ့ အထိ ထိုးထည့္ၿပီးမွ ယူရတာပါ ။ အဲ့လို သလိပ္ယူတဲ့အခါမွာ လူနာေတြက မၾကာခဏ နင္တာ ကို ေတြ႕ရပါတယ္ ။

ေနာက္ၿပီး ကိုယ့္ဖာသာ ကိုယ္လုပ္ဖို႔ကလည္း မျဖစ္ႏိုင္ပါဘူး ။ က်န္းမာေရး လုပ္သားေတြ ရွိတဲ့ေနရာကို မသြားမျဖစ္ စမ္းသပ္ရတဲ့ ဒုကၡကလည္း ရွိေနပါတယ္ ။ ဒါေပမဲ့ အဂၤလန္က ေဆာက္သမ္တန္မွာ နည္းသစ္ တစ္ခုကို စမ္းသပ္ေနပါတယ္ ။ သလိပ္နမူနာယူမယ့္ ႁပြန္ထဲကို တံေထြး ေထြးထည့္ ေပးလိုက္႐ုံနဲ႔ကိုဗစ္-၁၉ ဗိုင္းရက္ ရွိမရွိ စမ္းသပ္လို႔ရတဲ့ နည္းျဖစ္တယ္လို႔ ၿဗိတိန္က်န္းမာေရး အာဏါပိုင္ ေတြက ေၾကညာခဲ့ပါတယ္ ။ ပထမဆုံးအေနနဲ႔ က်န္းမာေရးလုပ္သား ၁၄၀၀၀ ကို စတင္ၿပီး စမ္းသပ္ ေနပါတယ္ ။ အာေခါင္ႏႈိက္ သလိပ္ယူမဲ့အစား တံေထြးကို စစ္ေနတာ တစ္ပတ္တစ္ခါ နဲ႔ တစ္လရွိေနပါၿပီ ။

တံေတြး စမ္းသပ္ခ်က္က ေအာင္ျမင္ခဲ့ရင္ ေရာဂါပိုးရွိမရွိ ကို ပိုၿပီးစစ္ေဆးႏိုင္မွာ ျဖစ္ၿပီး အာမခံခ်က္ အမ်ားႀကီ ေပးႏိုင္ လိမ့္မယ္လို႔လည္း သူတို႔ကဆိုတယ္ ။ ေနာက္ၿပီး အိမ္မွာ ကိုယ့္ဖာသာကိုယ္ တံေထြးနမူ နာယူႏိုင္ၿပီး စစ္ေဆးတဲ့ေနရာကို လာပို႔ေပး႐ုံနဲ႔ လုံေလာက္ပါတယ္ ။ ၿပီေတာ့ ဗိုင္းရက္ကို ေစာေစာစီးစီး ေျခရာခံ လို႔လည္း ရပါတယ္လို႔ သူတို႔ဆိုတယ္ ။

အခုေတာ့ အဂၤလန္မွာ ေလာ့ခ္ေဒါင္းမျဖဳတ္ရေသးတဲ့ ေနရာေတြမွာ စမ္းသပ္ေနၿပီမို႔လို႔ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္ ေခါင္းေပၚမွာတင္ေနတဲ့ အေလးခ်ိန္ တစ္ခ်ိဳ႕ တစ္ဝက္ ေလွ်ာ့က်သြားမွာေတာ့အမွန္ပါပဲ ။ သူကေတာ့ အရက္ဆိုင္ေတြကို ဇူလိုင္လ ၄ ရက္ေန႔မွာ ျပန္ဖြင့္ႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ ၿပီးခဲ့တဲ့ အပတ္က ပါလီမန္မွာေျပာသြားပါတယ္ ။

ေမာင္ယႆ

REF:upi / Photo; upi

Unicode

အာခေါင် နှိုက်ပြီး သလိပ်စစ်စရာ မလိုတဲ့နည်း အင်္ဂလန်မှာ စမ်းပြီ

ဗြိတိန်ကျန်းမာရေး အရာရှိတွေက ကိုဗစ်-၁၉ကို ကို ရောဂါပိုး ရှိမရှိစစ်ဖို့ အာခေါင် နှိုက်ပြီး သလိပ်ယူတဲ့ကိစ္စ အစား အိမ်မှာတင်လုပ်နိုင်တဲ့ နည်းတစ်တနည်းကို ရှာဖွေ စမ်းသပ်နေပါတယ် ။ အာခေါင်နှိုက် သလိပ်ယူတဲ့ နည်းက မသက်မသာဖြစ်တဲ့အပြင် ကိုယ်ခန္တာထဲကို အခြားပစ္စည်းတွေ ကျူးကျော် ဝင်ရောက်ရတဲ့ကိစ္စ ဖြစ်လို့ သူတို့က သိပ်ပြီး သဘောမတွေ့ လှပါဘူး ။ လက်ရှိ သုံးနေတဲ့ ကိုဗစ်-၁၉ရှိမရှိ စမ်းသပ်ဖို့အတွက် သလိပ်ယူတဲ့အခါမှာ ဂွမ်းချောင်းကို လည်ပင်း ထဲကနေ လေပြွန်ရောက်တဲ့ အထိ ထိုးထည့်ပြီးမှ ယူရတာပါ ။ အဲ့လို သလိပ်ယူတဲ့အခါမှာ လူနာတွေက မကြာခဏ နင်တာ ကို တွေ့ရပါတယ် ။

နောက်ပြီး ကိုယ့်ဖာသာ ကိုယ်လုပ်ဖို့ကလည်း မဖြစ်နိုင်ပါဘူး ။ ကျန်းမာရေး လုပ်သားတွေ ရှိတဲ့နေရာကို မသွားမဖြစ် စမ်းသပ်ရတဲ့ ဒုက္ခကလည်း ရှိနေပါတယ် ။ ဒါပေမဲ့ အင်္ဂလန်က ဆောက်သမ်တန်မှာ နည်းသစ် တစ်ခုကို စမ်းသပ်နေပါတယ် ။ သလိပ်နမူနာယူမယ့် ပြွန်ထဲကို တံထွေး ထွေးထည့် ပေးလိုက်ရုံနဲ့ကိုဗစ်-၁၉ ဗိုင်းရက် ရှိမရှိ စမ်းသပ်လို့ရတဲ့ နည်းဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေး အာဏါပိုင် တွေက ကြေညာခဲ့ပါတယ် ။ ပထမဆုံးအနေနဲ့ ကျန်းမာရေးလုပ်သား ၁၄၀၀၀ ကို စတင်ပြီး စမ်းသပ် နေပါတယ် ။ အာခေါင်နှိုက် သလိပ်ယူမဲ့အစား တံထွေးကို စစ်နေတာ တစ်ပတ်တစ်ခါ နဲ့ တစ်လရှိနေပါပြီ ။

တံတွေး စမ်းသပ်ချက်က အောင်မြင်ခဲ့ရင် ရောဂါပိုးရှိမရှိ ကို ပိုပြီးစစ်ဆေးနိုင်မှာ ဖြစ်ပြီး အာမခံချက် အများကြီ ပေးနိုင် လိမ့်မယ်လို့လည်း သူတို့ကဆိုတယ် ။ နောက်ပြီး အိမ်မှာ ကိုယ့်ဖာသာကိုယ် တံထွေးနမူ နာယူနိုင်ပြီး စစ်ဆေးတဲ့နေရာကို လာပို့ပေးရုံနဲ့ လုံလောက်ပါတယ် ။ ပြီတော့ ဗိုင်းရက်ကို စောစောစီးစီး ခြေရာခံ လို့လည်း ရပါတယ်လို့ သူတို့ဆိုတယ် ။

အခုတော့ အင်္ဂလန်မှာ လော့ခ်ဒေါင်းမဖြုတ်ရသေးတဲ့ နေရာတွေမှာ စမ်းသပ်နေပြီမို့လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ခေါင်းပေါ်မှာတင်နေတဲ့ အလေးချိန် တစ်ချို့ တစ်ဝက် လျှော့ကျသွားမှာတော့အမှန်ပါပဲ ။ သူကတော့ အရက်ဆိုင်တွေကို ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်ဖွင့်နိုင်အောင် ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ အပတ်က ပါလီမန်မှာပြောသွားပါတယ် ။

မောင်ယဿ

REF:upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …