အာလူးကို အလွအပအတြက္ ဘယ္လို အသုံးျပဳၾကမယ္
- By : Phoe Linn
- Category : beauty-tip
- Tags: ့health & beauty

”အာလူးကို အလွအပအတြက္ ဘယ္လို အသုံးျပဳၾကမယ္”
အာလူးဆိုရင္ လူတိုင္း သိထားတာက ေၾကာ္စား သုတ္စား အေရာအေႏွာ လုပ္စား ရတဲ့ ဟင္းခ်က္စရာ သီးႏွံတစ္မ်ိဳးဆိုတာပါပဲ။ အာလူးဟာ အိမ္တိုင္း အိမ္တိုင္းရဲ႕ မီးဖိုေဆာင္မွာ ေနရာ ယူထားတာကို ေတြ႕ရပါတယ္။ အာလူးဟာ ေဈးမႀကီးပဲ ဗီတာမင္ မ်ားစြာ ရရွိႏိုင္တဲ့ အဟာရ ျဖစ္သလို သူ႔ အရသာကလည္း လူတိုင္း ႏွစ္သက္ဖြယ္ရာ မဟုတ္ပါလား။
အာလူးမွာ ပါဝင္တဲ့ ဗီတာမင္ စီ နဲ႔ ဗီတာမင္ B6 တို႔ က အလွအပအတြက္ အက်ိဳးထူး ေပးေစတာကိုလည္း ေတြ႕ရွိရပါတယ္။ အာလူးကို အလွအပအတြက္ ဘယ္လိုမ်ား အသုံးျပဳႏိုင္မလည္းဆိုတာ သိေစခ်င္လို႔ မွ်ေဝလိုက္မယ္ေနာ္…..
”မ်က္လုံး အလွအတြက္”
အာလူးရဲ႕ အက်ိဳးျပဳမူွကေတာ့ သင့္ မ်က္လုံးမွာ ႐ုပ္ဆိုးေနေစတဲ့ မ်က္ကြင္း ညိဳျခင္းကို သက္သာ ေပ်ာက္ကင္း ေစပါတယ္။ အသုံးျပဳပုံ ကေတာ့ အာလူးကို အခြံခြာၿပီး အစိပ္ေလးမ်ား စိပ္ပါ ၊ အာလူးစိပ္မ်ားကို သန႔္စင္တဲ့ အဝတ္စထဲ ထည့္ၿပီး မ်က္လုံးေပၚမွာ မိနစ္ ၂၀ ေလာက္ ကပ္ထားေပးပါ။ သင့္ မ်က္ကြင္း ညိဳျခင္းကို သက္သာေစမွာမို႔ မျဖစ္မေန လုပ္ၾကည့္လိုက္ပါ။
”မ်က္လုံးမို႔မို႔နဲ႔ အာလူး”
သင့္ မ်က္လုံးမ်ားဟာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ မို႔ၿပီး အစ္ေနတာကို သခြားသီးနဲ႔ ကပ္ၿပီး ခ်ေပးႏိုင္သလို အာလူးကပ္ျခင္းကလည္း သက္သာရာကို ရေစပါတယ္။ အာလူးကို စိပ္ၿပီး ေရခဲေသတၱာထဲမွာ ေအးေနေအာင္ ထားထားပါ။ ေအးေနတဲ့ အာလူးကို အစ္ေနတဲ့ မ်က္ခြံေတြမွာကပ္ေပးပါ။ သင့္ မ်က္ခြံ ၊ မ်က္ဝန္းတစ္ဝိူွက္ မို႔ အစ္ျခင္းမ်ား သိသိသာသာ သက္သာ
သြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။
”အေရးအေၾကာင္းမ်ားနဲ႔ အာလူး”
အသက္ အ႐ြယ္ေၾကာင့္ျဖစ္ေစ တျခားေသာ အေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ေစ မ်က္ဝန္းတစ္ဝိူွက္မွာ အေရးအေၾကာင္းမ်ား ျဖစ္ေပၚေနခဲ့ရင္ အာလူးကို အရည္အျဖစ္ ျပဳလုပ္ပါ အာလူးႀကိတ္ေခ်အရည္ကို ဝါဂြမ္းစနဲ႔ သုတ္စိမ္ယူၿပီး အေရးအေၾကာင္းေပၚမွာ သုတ္လိမ္းေပးပါ။ သင့္ မ်က္ႏွာျပင္အေရျပားေပၚက အေရးအေၾကာင္းမ်ား သိသိသာသာ ေပ်ာက္ကင္းသြားမွာျဖစ္ပါတယ္။
”ဝက္ၿခံနဲ႔ အာလူး”
သင့္ မ်က္ႏွာျပင္မွာ ဝက္ၿခံအခ်ိဳ႕ ထြက္လာခဲ့ရင္ အာလူးႀကိတ္ေခ် အရည္ကို ဝက္ၿခံေတြေပၚမွာ ခပ္ထူထူ သုတ္လိမ္းၿပီး ၁၀ မိနစ္ ၁၅ မိနစ္ ခန႔္အၾကာမွာ ေရေဆးခ်လိုက္ပါ မၾကာမၾကာ လုပ္ျခင္းအားျဖင့္ ဝက္ၿခံေတြ ေပ်ာက္ကင္းသြားမွာပါ။
”အေရျပား ေျခာက္ေသြ႕ျခင္းနဲ႔ အာလူး”
မ်က္ႏွာျပင္ အေရျပားမ်ား ေျခာက္ေသြ႕ေနတယ္ဆိုရင္ အာလူးကို အခြံခြာပါ ၊ ႀကိတ္ပါ ရလာတဲ့ အႏွစ္ကို ပ်ားရည္ လက္ဘက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ေရာေမႊပါ ခပ္ပ်စ္ပ်စ္ အရည္ကို မ်က္ႏွာျပင္မွာ mask ျပဳလုပ္ေပးၿပီး ၁၀ မိနစ္ၾကာလွ်င္ ေရေဆးသန႔္စင္ပါ။ ေျခာက္ေသြ႕ျခင္း ကင္းတဲ့ မ်က္ႏွာအေရျပားမ်ားကို ျပန္ရလာမွာျဖစ္ပါတယ္။
”မ်က္ႏွာျပင္ အေရျပား ယားယံမူွနဲ႔ အာလူး”
သင့္ မ်က္ႏွာျပင္ အေရျပားမ်ား ယားယံေနခဲ့ရင္ အာလူးကို ခပ္ပါးပါလွီးၿပီး ေရခဲေသတၱာထဲမွာ ေခတၱ ေအးေစလိုက္ပါ ၿပီးေနာက္ မ်က္ႏွာျပင္မွာ ကပ္ေပးပါ ၁၅ မိနစ္ခန႔္ထားၿပီး ေရေဆးခ်ပါ။ ဒါဏ္ရာ အနာမ်ားရွိရင္ ေတာ့အဲ့ေနရာကို မကပ္ပါနဲ႔ေပါ့။ ၾကက္ဥအကာနဲ႔ အာလူးအရည္ကို ေရာ
ေမႊလို႔ သုတ္လိမ္းျခင္းဟာလည္း သင့္ အေရျပား ျပႆနာကို ေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။
Toner အျဖစ္နဲ႔ လိမ္းခ်င္တယ္ဆိုရင္ အာလူးအရည္ကို စားပြဲဇြန္း ႏွစ္ဇြန္းစာ ေရွာက္သီးရည္တို႔ေရာစပ္ၿပီး သုတ္လိမ္း ႏိုင္ပါတယ္။ အာလူးဟာ သင့္ မ်က္ႏွာျပင္ကို မ်ားစြာ အက်ိဳးထူး ေပးႏိုင္တာမို႔ လွ်င္ျမန္စြာ အသုံးခ်ၾကည့္ဘို႔ မေမ့နဲ႔ေနာ္…..
စႏၵီျမင့္မိုရ္#
Unicode
”အာလူးကို အလှအပအတွက် ဘယ်လို အသုံးပြုကြမယ်”
အာလူးဆိုရင် လူတိုင်း သိထားတာက ကြော်စား သုတ်စား အရောအနှော လုပ်စား ရတဲ့ ဟင်းချက်စရာ သီးနှံတစ်မျိုးဆိုတာပါပဲ။ အာလူးဟာ အိမ်တိုင်း အိမ်တိုင်းရဲ့ မီးဖိုဆောင်မှာ နေရာ ယူထားတာကို တွေ့ရပါတယ်။ အာလူးဟာ ဈေးမကြီးပဲ ဗီတာမင် များစွာ ရရှိနိုင်တဲ့ အဟာရ ဖြစ်သလို သူ့ အရသာကလည်း လူတိုင်း နှစ်သက်ဖွယ်ရာ မဟုတ်ပါလား။
အာလူးမှာ ပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် B6 တို့ က အလှအပအတွက် အကျိုးထူး ပေးစေတာကိုလည်း တွေ့ရှိရပါတယ်။ အာလူးကို အလှအပအတွက် ဘယ်လိုများ အသုံးပြုနိုင်မလည်းဆိုတာ သိစေချင်လို့ မျှဝေလိုက်မယ်နော်……
”မျက်လုံး အလှအတွက်”
အာလူးရဲ့ အကျိုးပြုမူှကတော့ သင့် မျက်လုံးမှာ ရုပ်ဆိုးနေစေတဲ့ မျက်ကွင်း ညိုခြင်းကို သက်သာ ပျောက်ကင်း စေပါတယ်။ အသုံးပြုပုံ ကတော့ အာလူးကို အခွံခွာပြီး အစိပ်လေးများ စိပ်ပါ ၊ အာလူးစိပ်များကို သန့်စင်တဲ့ အဝတ်စထဲ ထည့်ပြီး မျက်လုံးပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ သင့် မျက်ကွင်း ညိုခြင်းကို သက်သာစေမှာမို့ မဖြစ်မနေ လုပ်ကြည့်လိုက်ပါ။
”မျက်လုံးမို့မို့နဲ့ အာလူး”
သင့် မျက်လုံးများဟာ အကြောင်း အမျိုးမျိုးကြောင့် မို့ပြီး အစ်နေတာကို သခွားသီးနဲ့ ကပ်ပြီး ချပေးနိုင်သလို အာလူးကပ်ခြင်းကလည်း သက်သာရာကို ရစေပါတယ်။ အာလူးကို စိပ်ပြီး ရေခဲသေတ္တာထဲမှာ အေးနေအောင် ထားထားပါ။ အေးနေတဲ့ အာလူးကို အစ်နေတဲ့ မျက်ခွံတွေမှာကပ်ပေးပါ။ သင့် မျက်ခွံ ၊ မျက်ဝန်းတစ်ဝိူှက် မို့ အစ်ခြင်းများ သိသိသာသာ သက်သာ သွားတာကို တွေ့ရမှာဖြစ်ပါတယ်။
”အရေးအကြောင်းများနဲ့ အာလူး”
အသက် အရွယ်ကြောင့်ဖြစ်စေ တခြားသော အကြောင်းကြောင်းကြောင့်ဖြစ်စေ မျက်ဝန်းတစ်ဝိူှက်မှာ အရေးအကြောင်းများ ဖြစ်ပေါ်နေခဲ့ရင် အာလူးကို အရည်အဖြစ် ပြုလုပ်ပါ အာလူးကြိတ်ချေအရည်ကို ဝါဂွမ်းစနဲ့ သုတ်စိမ်ယူပြီး အရေးအကြောင်းပေါ်မှာ သုတ်လိမ်းပေးပါ။ သင့် မျက်နှာပြင်အရေပြားပေါ်က အရေးအကြောင်းများ သိသိသာသာ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။
”ဝက်ခြံနဲ့ အာလူး”
သင့် မျက်နှာပြင်မှာ ဝက်ခြံအချို့ ထွက်လာခဲ့ရင် အာလူးကြိတ်ချေ အရည်ကို ဝက်ခြံတွေပေါ်မှာ ခပ်ထူထူ သုတ်လိမ်းပြီး ၁၀ မိနစ် ၁၅ မိနစ် ခန့်အကြာမှာ ရေဆေးချလိုက်ပါ မကြာမကြာ လုပ်ခြင်းအားဖြင့် ဝက်ခြံတွေ ပျောက်ကင်းသွားမှာပါ။
”အရေပြား ခြောက်သွေ့ခြင်းနဲ့ အာလူး”
မျက်နှာပြင် အရေပြားများ ခြောက်သွေ့နေတယ်ဆိုရင် အာလူးကို အခွံခွာပါ ၊ ကြိတ်ပါ ရလာတဲ့ အနှစ်ကို ပျားရည် လက်ဘက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောမွှေပါ ခပ်ပျစ်ပျစ် အရည်ကို မျက်နှာပြင်မှာ mask ပြုလုပ်ပေးပြီး ၁၀ မိနစ်ကြာလျှင် ရေဆေးသန့်စင်ပါ။ ခြောက်သွေ့ခြင်း ကင်းတဲ့ မျက်နှာအရေပြားများကို ပြန်ရလာမှာဖြစ်ပါတယ်။
”မျက်နှာပြင် အရေပြား ယားယံမူှနဲ့ အာလူး”
သင့် မျက်နှာပြင် အရေပြားများ ယားယံနေခဲ့ရင် အာလူးကို ခပ်ပါးပါလှီးပြီး ရေခဲသေတ္တာထဲမှာ ခေတ္တ အေးစေလိုက်ပါ ပြီးနောက် မျက်နှာပြင်မှာ ကပ်ပေးပါ ၁၅ မိနစ်ခန့်ထားပြီး ရေဆေးချပါ။ ဒါဏ်ရာ အနာများရှိရင် တော့အဲ့နေရာကို မကပ်ပါနဲ့ပေါ့။ ကြက်ဥအကာနဲ့ အာလူးအရည်ကို ရောမွှေလို့ သုတ်လိမ်းခြင်းဟာလည်း သင့် အရေပြား ပြဿနာကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Toner အဖြစ်နဲ့ လိမ်းချင်တယ်ဆိုရင် အာလူးအရည်ကို စားပွဲဇွန်း နှစ်ဇွန်းစာ ရှောက်သီးရည်တို့ရောစပ်ပြီး သုတ်လိမ်း နိုင်ပါတယ်။ အာလူးဟာ သင့် မျက်နှာပြင်ကို များစွာ အကျိုးထူး ပေးနိုင်တာမို့ လျှင်မြန်စွာ အသုံးချကြည့်ဘို့ မမေ့နဲ့နော်…..
စန္ဒီမြင့်မိုရ်#
No Comments