အာရှ-ပစ္စိဖိတ် ဒေသတွေမှာ ပိုးသတ်ဆေး မသုံးတဲ့ လယ်ယာတွေကနေ ၁၅ ဘီလီယံလောက် အမြတ်ပိုရနေ

အာရှ-ပစ္စိဖိတ် ဒေသတွေမှာ ပိုးသတ်ဆေး မသုံးတဲ့ လယ်ယာတွေကနေ ၁၅ ဘီလီယံလောက် အမြတ်ပိုရနေ
International-news

အာရှ-ပစ္စိဖိတ် ဒေသတွေမှာ ပိုးသတ်ဆေး မသုံးတဲ့ လယ်ယာတွေကနေ ၁၅ ဘီလီယံလောက် အမြတ်ပိုရနေ

ပိုသတ်ဆေး မသုံးဘဲ ပိုးသတ်တဲ့ နည်းဗျူဟာတွေကြောင့် အာရှ-ပစ္စိဖိတ် ဒေသအတွင်းက နိုင်ငံ ၂၃ နိုင်ငံက လယ်ယာတွေကနေ နှစ်စဉ် အမြတ်ငွေ ၁၅ ဘီလီယံကနေ ၁၉ ဘီလီယံအထိ အပို ထွက်လာနေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

နေချာအီကိုလိုဂျီနဲ့ အီဗာ်လျူရှင်း ဂျာနယ် မှာဖော်ပြတဲ့ သုတေသန စာတမ်းတစ်ရပ်အရ ဓာတုပိုးသတ်ဆေး တွေကို သုံးတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ထက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ပိုးသတ်နည်းဗျူဟာ တွေကို သုံးတဲ့ လယ်ယာတွေက အထွက် ပိုကောင်းတဲ့အပြင် ကုန်ကျစရိတ် လျော့ကျ သွားလို့ အကျိုးအမြတ် ပိုမို ရရှိပါတယ်လို့ ဆိုပါတယ်။

အာရှ-ပစ္စိဖိတ် ဒေသတွေမှာ ပိုးသတ်ဆေး မသုံးတဲ့ လယ်ယာတွေကနေ ၁၅ ဘီလီယံလောက် အမြတ်ပိုရနေ1

အဲ့လို ဓာတုဆေးမသုံးဘဲ ပိုးသတ်တဲ့နည်းကို အစိမ်းရောင် တော်လှန်ရေး ( GREEN REVOLUTION) လို့ ခေါ် ပါတယ်။ သိပ္ပံပညာရှင်တွေက အာရှ-ပစ္စိဖိတ်ဒေသ အတွင်းရှိ အဆိုးဝါးဆုံး ကျော်ရိုးမဲ့ အဖျက်ပိုး ၄၃ မျိုးကို စစ်ဆေး လေ့လာခဲ့ပါတယ်။

သူတို့က အဲ့ဒီ အဖျက်ပိုးတွေကို နှိမ်နင်းနိုင်မယ့် ဇီဝ မျိုးစိတ်သစ်တွေကို ဆက်လက် လေ့လာခဲ့ပြီး ပိုးကျနေတဲ့ ဥယျာဉ်ခြံတွေမှာ စမ်းသက် လေ့လာမှုတွေကို လုပ်တဲ့အခါမှာ အောင်မြင်သွားတာကို တွေ့ခဲ့ရပါတယ်။

ဘယ်လ်ဂျီယံ ဇီဝသိပ္ပံ အင်ဂျင်နီယာ ခရစ်ဝစ်ကပ်က “ ကျနော်တို့ ၁၉၆၀ လောက် ကတည်းက ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်း နိုင်ခဲ့ပါပြီ။ ကမ္ဘာ့ ဆင်းရဲမွဲတေမှုနဲ့ အငတ်ဘေးတွေကို လျှော့ချဖို့အတွက် အစိမ်းရောင် တော်လှန်ရေး လာပါပြီခင်ဗျာ။

အာရှ-ပစ္စိဖိတ် ဒေသတွေမှာ ပိုးသတ်ဆေး မသုံးတဲ့ လယ်ယာတွေကနေ ၁၅ ဘီလီယံလောက် အမြတ်ပိုရနေ2

နောက်ပြီး စုပေါင်းစီပွားရေးတိုးတက်မှု နဲ့ အကျိုးသက်ရောက်မှု ၃ ဆမြင့်တဲ့ အခြေအနေတွေကို ဖန်တီး နိုင်ခဲ့ပါပြီ” လို့ ဆိုပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးက ထွက်နှုန်းမြင့် နဲ့ ရောဂါပိုးဒဏ် ခံနိုင်တဲ့ ကောက်ပဲသီးနှံ မျိုးစိတ်တွေ ပေါ်ပေါက် လာဖို့အတွက် စိတ်အား ထက်သန်နေကြပါတယ်။

ဒါပေမဲ့ အစိမ်းရောင် တော်လှန်ရေးလို အကျိုးအမြတ်များတဲ့ သုတေသန လုပ်ငန်းတွေကို ပိုမို စိတ်ဝင်စား နေကြပါတယ်။ “ ကျနော်တို့က အာရှ-ပစ္စိဖိတ်ဒေသ အတွင်းက လယ်ယာလုပ်ငန်းတွေရဲ့ ဓာတု ပိုးသတ်ဆေး သုံးတဲ့ ကုန်ကျစရိတ်တွေကို အရင်ဆုံး တွက်ချက် လိုက်ပါတယ်။

အာရှ-ပစ္စိဖိတ် ဒေသတွေမှာ ပိုးသတ်ဆေး မသုံးတဲ့ လယ်ယာတွေကနေ ၁၅ ဘီလီယံလောက် အမြတ်ပိုရနေ3

ပြီးမှ ဇီဝနည်းပညာသုံး ပိုးသတ်တဲ့ ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ အဲ့ဒိမှာ ကွာခြားချက်က တော်တော် များနေတာကို တွေ့ရပါတယ်။ အဲ့ဒိ ကွာခြားချက်နဲ့တင် ကျေးလပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲမွဲတေမှုတွေကို လျှော့ချနိုင်နေပါပြီ”လို့ သူက ဆိုတယ်။

လေ့လာမှုအသစ်အရ ဇီဝထိန်းချုပ်မှု အကူပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်မျာ ကျန်းမာရေးနဲ့ ညီညွတ်ရုံ မက ဂေဟစနစ် ပျက်ပြားမှုကို ရှောင်ရှားနိုင်တဲ့အပြင် ဈေးလည်း ပေါပါတယ်လို့ ဆိုပါတယ်။

မောင်ယဿ, REF: UPI, Photo : UPI

Zawgyi

အာရွ-ပစၥိဖိတ္ ေဒသေတြမွာ ပိုးသတ္ေဆး မသုံးတဲ့ လယ္ယာေတြကေန ၁၅ ဘီလီယံေလာက္ အျမတ္ပိုရေန

ပိုသတ္ေဆး မသုံးဘဲ ပိုးသတ္တဲ့ နည္းဗ်ဴဟာေတြေၾကာင့္ အာရွ-ပစၥိဖိတ္ ေဒသအတြင္းက ႏိုင္ငံ ၂၃ ႏိုင္ငံက လယ္ယာေတြကေန ႏွစ္စဥ္ အျမတ္ေငြ ၁၅ ဘီလီယံကေန ၁၉ ဘီလီယံအထိ အပို ထြက္လာေနတယ္လို႔ ေလ့လာမႈတစ္ရပ္က ဆိုပါတယ္။

ေနခ်ာအီကိုလိုဂ်ီနဲ႔ အီဗာ္လ်ဴရွင္း ဂ်ာနယ္ မွာေဖာ္ျပတဲ့ သုေတသန စာတမ္းတစ္ရပ္အရ ဓာတုပိုးသတ္ေဆး ေတြကို သုံးတဲ့ စိုက္ပ်ိဳးေရး လုပ္ငန္းေတြ ထက္ သဘာဝ ပတ္ဝန္းက်င္ကို ထိန္းသိမ္းတဲ့ ပိုးသတ္နည္းဗ်ဴဟာ ေတြကို သုံးတဲ့ လယ္ယာေတြက အထြက္ ပိုေကာင္းတဲ့အျပင္ ကုန္က်စရိတ္ ေလ်ာ့က် သြားလို႔ အက်ိဳးအျမတ္ ပိုမို ရရွိပါတယ္လို႔ ဆိုပါတယ္။

အဲ့လို ဓာတုေဆးမသုံးဘဲ ပိုးသတ္တဲ့နည္းကို အစိမ္းေရာင္ ေတာ္လွန္ေရး ( GREEN REVOLUTION) လို႔ ေခၚ ပါတယ္။ သိပၸံပညာရွင္ေတြက အာရွ-ပစၥိဖိတ္ေဒသ အတြင္းရွိ အဆိုးဝါးဆုံး ေက်ာ္႐ိုးမဲ့ အဖ်က္ပိုး ၄၃ မ်ိဳးကို စစ္ေဆး ေလ့လာခဲ့ပါတယ္။

သူတို႔က အဲ့ဒီ အဖ်က္ပိုးေတြကို ႏွိမ္နင္းႏိုင္မယ့္ ဇီဝ မ်ိဳးစိတ္သစ္ေတြကို ဆက္လက္ ေလ့လာခဲ့ၿပီး ပိုးက်ေနတဲ့ ဥယ်ာဥ္ၿခံေတြမွာ စမ္းသက္ ေလ့လာမႈေတြကို လုပ္တဲ့အခါမွာ ေအာင္ျမင္သြားတာကို ေတြ႕ခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံ ဇီဝသိပၸံ အင္ဂ်င္နီယာ ခရစ္ဝစ္ကပ္က “ က်ေနာ္တို႔ ၁၉၆၀ ေလာက္ ကတည္းက ရင္ဆိုင္ေနရတဲ့ ျပႆနာတစ္ရပ္ကို ေျဖရွင္း ႏိုင္ခဲ့ပါၿပီ။ ကမာၻ႔ ဆင္းရဲမြဲေတမႈနဲ႔ အငတ္ေဘးေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အစိမ္းေရာင္ ေတာ္လွန္ေရး လာပါၿပီခင္ဗ်ာ။

ေနာက္ၿပီး စုေပါင္းစီပြားေရးတိုးတက္မႈ နဲ႔ အက်ိဳးသက္ေရာက္မႈ ၃ ဆျမင့္တဲ့ အေျခအေနေတြကို ဖန္တီး ႏိုင္ခဲ့ပါၿပီ” လို႔ ဆိုပါတယ္။ အခုဆိုရင္ တစ္ကမာၻလုံးက ထြက္ႏႈန္းျမင့္ နဲ႔ ေရာဂါပိုးဒဏ္ ခံႏိုင္တဲ့ ေကာက္ပဲသီးႏွံ မ်ိဳးစိတ္ေတြ ေပၚေပါက္ လာဖို႔အတြက္ စိတ္အား ထက္သန္ေနၾကပါတယ္။

ဒါေပမဲ့ အစိမ္းေရာင္ ေတာ္လွန္ေရးလို အက်ိဳးအျမတ္မ်ားတဲ့ သုေတသန လုပ္ငန္းေတြကို ပိုမို စိတ္ဝင္စား ေနၾကပါတယ္။ “ က်ေနာ္တို႔က အာရွ-ပစၥိဖိတ္ေဒသ အတြင္းက လယ္ယာလုပ္ငန္းေတြရဲ႕ ဓာတု ပိုးသတ္ေဆး သုံးတဲ့ ကုန္က်စရိတ္ေတြကို အရင္ဆုံး တြက္ခ်က္ လိုက္ပါတယ္။

ၿပီးမွ ဇီဝနည္းပညာသုံး ပိုးသတ္တဲ့ ကုန္က်စရိတ္နဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။ အဲ့ဒိမွာ ကြာျခားခ်က္က ေတာ္ေတာ္ မ်ားေနတာကို ေတြ႕ရပါတယ္။ အဲ့ဒိ ကြာျခားခ်က္နဲ႔တင္ ေက်းလပ္ေဒသေတြမွာ ျဖစ္ေပၚေနတဲ့ ဆင္းရဲမြဲေတမႈေတြကို ေလွ်ာ့ခ်ႏိုင္ေနပါၿပီ”လို႔ သူက ဆိုတယ္။

ေလ့လာမႈအသစ္အရ ဇီဝထိန္းခ်ဳပ္မႈ အကူပစၥည္းေတြက သဘာဝပတ္ဝန္းက်င္မ်ာ က်န္းမာေရးနဲ႔ ညီၫြတ္႐ုံ မက ေဂဟစနစ္ ပ်က္ျပားမႈကို ေရွာင္ရွားႏိုင္တဲ့အျပင္ ေဈးလည္း ေပါပါတယ္လို႔ ဆိုပါတယ္။

ေမာင္ယႆ, REF: UPI, Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …