အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့်

အနောက်နိုင်ငံတွေက ကမ္ဘာစစ်မဖြစ်ဖြစ်အောင် မီးလိုက်မွှေးနေတာလား
International-news
အနောက်နိုင်ငံတွေက ကမ္ဘာစစ်မဖြစ်ဖြစ်အောင် မီးလိုက်မွှေးနေတာလား
အနောက်နိုင်ငံတွေက ကမ္ဘာစစ်မဖြစ်ဖြစ်အောင် မီးလိုက်မွှေးနေတာလား

အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့်

မောင်ယဿ( ဇူလိုင် ၇ )

အာရှအလယ်ပိုင်းနယ်မြေစိုးမိုးရေးလုပ်ငန်း ထဲက အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ တာဂျစ်ကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်ခြားမှာ ရုရှားတို့က ဟယ်လီကော်ပတာစစ်ဆင်ရေးဖြစ်တဲ့ ဝေဟင်မှ မြေပြင်ပစ်မှတ်များကို ရှာဖွေဖျက်စီးတဲ့ စစ်ရေးလေ့ကျင့်ခန်းတစ်ခု လုပ်ခဲ့တယ်လို့ မော်စကိုအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့်1

တာဂျစ်သမ္မတ အီမိုမာလီရက်ခမွန်က တနလာၤနေ့ကတည်းက စစ်သား ၂သောင်းကို အာဖဂန်နယ်စပ်ကိုပို့ပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက် စီနင်းမှုများပြုလုပ်ခဲ့ပါတယ်။

အဲ့ဒိတပ်ဖွဲ့ဝင်တွေနဲ့ တွဲပြီး ရဟတ်ယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာပါ။
နယ်စပ်မှာရှိတဲ့ တာလီဘန် ၁၀၀၀ ကျော်ထွက်ပြေးပုန်းရှောင် ခဲ့ရတယ်လို့ နယ်စပ်ထိုးဖောက်ဝင်ရောက်နေတဲ့ တာလီဘန် အသိုင်းအဝိုင်းက ဆိုပါတယ်။

အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့်

ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ခဲ့တဲ့ တာဂျစ်ကစ္စတန်နိုင်ငံက ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်နေလို့ အာဖဂန်မှ နေတိုး နဲ့ အမေရိကန်တို့ ထွက်ခွာနေချိန်မှာ အာဖဂန်ဖက်က တာလီဘန်တွေက တာဂျစ်ဖက်ကို နယ်မြေ ထိုးဖောက် ခြေကုတ်ယူမှုတွေ လုပ်လာတာကို မကာကွယ် နိုင်ရင် စစ်ရေးအရ အကူအညီပေးမယ်လို့ ရုရှားသမ္မပူတင်က တာဂျစ်သမ္မတ ရခမွန်ကို ပြောလိုက်ပါတယ်။

တာဂျစ် က ရုရှား စစ်အခြေစိုက်စခန်းမှာ ဟယ်လီကော်ပတာ ၊ တင့်ကား ၊ ဒရုန်းတွေနဲ့ မြေပြင်ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့တွေ အလုံအလောက်ရှိလို့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် လိုအပ်ရင်လိုအပ်သလို ရုရှားစစ်တပ်အနေနဲ့ တာဂျစ်စစ်တပ်ကို ပူးပေါင်းပေးမယ်လို့လည်း ကရင်းမလင်းအစိုးရက တာဂျစ်အစိုးရကို ကတိပေးထားပါတယ်။

အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့်3

တာဂျစ်နဲ့အာဖဂန်နယ်စပ် အာဖဂန်ဖက်အခြမ်းမှာ တာလီဘန်တွေက နယ်မြေစိုးမိုးမှုအများကြီးယူထားပါတယ်။ “ အာဖဂန်ဖက်မှာ တာလီဘန်တွေက နယ်စပ်ဒေသတစ်လျှောက်လုံး ထိန်းချုပ်ထားတာ ၇၀% လောက်ရှိနေတယ်လို့ ကျနော်ဆီကို ထောက်လှမ်းရေး သတင်းတွေ တက်လာနေပါတယ်။

တာဂျစ်ဖက်ကို ကျူးပြီး ဝင်နေတဲ့ တာလီဘန်တွေကို ရှင်းလင်းဖို့ရယ် နယ်မြေ ထိန်းချုပ်မှု ပြန်ရဖို့ ကျနော်တို့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေရယ်၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ပွိုင့်တွေမှာ အတက်အဆင်း လေ့ကျင့်တာပါ” လို့ ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီးက ဆိုပါတယ်။

REF: hidustani times,Photo :Credit defence blog

Zawgyi


မောင်ယဿ( ဇူလိုင် ၇ )


တာဂျစ်သမ္မတ အီမိုမာလီရက်ခမွန်က တနလာင်္နေ့ကတည်းက စစ်သား ၂သောင်းကို အာဖဂန်နယ်စပ်ကိုပို့ပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက် စီနင်းမှုများပြုလုပ်ခဲ့ပါတယ်။






REF: hidustani times
Photo :defence blog

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …