အာရွ ရွက္ေသြးလို႔ ေခၚတဲ့ အရက္ေသာက္လို႔ မ်က္ႏွာ နီေလ့ရွိတယ္ဆိုရင္ သတိထား
- By : Phoe Linn
- Category : Health
- Tags: health& food

အာရွ ရွက္ေသြးလို႔ ေခၚတဲ့ အရက္ေသာက္လို႔ မ်က္ႏွာ နီေလ့ရွိတယ္ဆိုရင္ သတိထား
အရက္ျဖစ္ျဖစ္ ဘီယာ ျဖစ္ျဖစ္ ေသာက္ၿပီးတဲ့ အခါမွာ မ်က္ႏွာေတြ အေရျပားေတြ နီလာတယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ အတြက္ က်န္းမာေရး ဆိုင္ရာ စိတ္မေကာင္းစရာ သတင္း တစ္ခုကို ၾကားခဲ့ ရတယ္ ။
စတန္းဖို႔ တကၠသိုလ္ ေဆးပညာ ဌာနရဲ႕ ေလ့လာမႈ တစ္ခုအရ အသားအေရ နီရျခင္း အေၾကာင္းက ALDH2 လို႔ေခၚတဲ့ ဓာတ္ေပါင္း တစ္မ်ိဳး ေပၚလာလို႔ပဲ ျဖစ္တယ္လို႔ ဆိုတယ္ ။ အဲ့ဒိ ဓာတ္ေပါင္းက အယ္လ္ဇိုင္းမား ေရာဂါကို ျဖစ္ေစႏိုင္တဲ့ အေျခခံ ဓာတ္ေပါင္း ျဖစ္ပါတယ္ ။
ေဆးပညာရွင္ ေတြက စမ္းသက္မႈကို ႂကြက္ေတြနဲ႔ ျပဳလုပ္ခဲ့ပါတယ္ ။ “ က်ေနာ္တို႔ ရခဲ့တဲ့ သတင္းအခ်က္ အလက္ေတြက ဘာကို ျပေနလဲဆိုရင္ အာရွရွက္ေသြး ျဖစ္တယ္ဆိုရင္ သူ႔မွာ အယ္လ္ဇိုင္းမား ျဖစ္ဖို႔ အတြက္ အေျခခံ အခ်က္ ပါလာတယ္လို႔ ရည္ၫြန္း တာပါ ။
ႀကိဳၿပီး လကၡဏါ ျပတဲ့ သေဘာပါ ” လို႔ ဓာတု ဇီဝဆိုင္ရာ ပါေမာကၡ ဒါရီယာ႐ိုဆန္က ဆိုတယ္ ။ ေနာက္ပိုင္းကို လူသားေတြနဲ႔ စမ္းသက္သြားမွာ ျဖစ္ေၾကာင္းနဲ႔ အယ္ကိုေဟာ ကိုယ္တြင္းသို႔ ထည့္သြင္းျခင္း က အယ္ဇိုင္းမား ျဖစ္ဖို႔ ပိုမ်ား မမ်ား ဆက္လက္ ေလ့လာရ ဦးမယ္လို႔ ဆိုပါတယ္ ။
ေလာေလာ ဆယ္ကေတာ့ အာရွ ရွက္ေသြး လို႔ ေခၚတဲ့ အရက္ေသာက္ရင္ မ်က္ႏွာနဲ႔ အေရျပားေတြ နီလာျခင္း အယ္ဇိုင္းမား ျဖစ္လာႏိုင္ေျခ ပိုမ်ားတယ္ ဆိုတာကို ရည္ၫြန္း ေနပါတယ္ ။
ေမာင္ယႆ REF: WORLD OF BUZZ
Unicode
အာရှ ရှက်သွေးလို့ ခေါ်တဲ့ အရက်သောက်လို့ မျက်နှာ နီလေ့ရှိတယ်ဆိုရင် သတိထား
အရက်ဖြစ်ဖြစ် ဘီယာ ဖြစ်ဖြစ် သောက်ပြီးတဲ့ အခါမှာ မျက်နှာတွေ အရေပြားတွေ နီလာတယ် ဆိုရင်တော့ ကျနော်တို့ အတွက် ကျန်းမာရေး ဆိုင်ရာ စိတ်မကောင်းစရာ သတင်း တစ်ခုကို ကြားခဲ့ ရတယ် ။
စတန်းဖို့ တက္ကသိုလ် ဆေးပညာ ဌာနရဲ့ လေ့လာမှု တစ်ခုအရ အသားအရေ နီရခြင်း အကြောင်းက ALDH2 လို့ခေါ်တဲ့ ဓာတ်ပေါင်း တစ်မျိုး ပေါ်လာလို့ပဲ ဖြစ်တယ်လို့ ဆိုတယ် ။ အဲ့ဒိ ဓာတ်ပေါင်းက အယ်လ်ဇိုင်းမား ရောဂါကို ဖြစ်စေနိုင်တဲ့ အခြေခံ ဓာတ်ပေါင်း ဖြစ်ပါတယ် ။
ဆေးပညာရှင် တွေက စမ်းသက်မှုကို ကြွက်တွေနဲ့ ပြုလုပ်ခဲ့ပါတယ် ။ “ ကျနော်တို့ ရခဲ့တဲ့ သတင်းအချက် အလက်တွေက ဘာကို ပြနေလဲဆိုရင် အာရှရှက်သွေး ဖြစ်တယ်ဆိုရင် သူ့မှာ အယ်လ်ဇိုင်းမား ဖြစ်ဖို့ အတွက် အခြေခံ အချက် ပါလာတယ်လို့ ရည်ညွန်း တာပါ ။
ကြိုပြီး လက္ခဏါ ပြတဲ့ သဘောပါ ” လို့ ဓာတု ဇီဝဆိုင်ရာ ပါမောက္ခ ဒါရီယာရိုဆန်က ဆိုတယ် ။ နောက်ပိုင်းကို လူသားတွေနဲ့ စမ်းသက်သွားမှာ ဖြစ်ကြောင်းနဲ့ အယ်ကိုဟော ကိုယ်တွင်းသို့ ထည့်သွင်းခြင်း က အယ်ဇိုင်းမား ဖြစ်ဖို့ ပိုများ မများ ဆက်လက် လေ့လာရ ဦးမယ်လို့ ဆိုပါတယ် ။
လောလော ဆယ်ကတော့ အာရှ ရှက်သွေး လို့ ခေါ်တဲ့ အရက်သောက်ရင် မျက်နှာနဲ့ အရေပြားတွေ နီလာခြင်း အယ်ဇိုင်းမား ဖြစ်လာနိုင်ခြေ ပိုများတယ် ဆိုတာကို ရည်ညွန်း နေပါတယ် ။
မောင်ယဿ REF: WORLD OF BUZZ
No Comments