
International-news

Zawgyi



အာရှမှာ မလေးရှားက ဆိုင်ဘာ အကြမ်းဖက်ခံရမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်2






မောင်ယဿ

Unicode

အာရှမှာ မလေးရှားက ဆိုင်ဘာ အကြမ်းဖက်ခံရမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်

ဆိုက်ဘာအကြမ်းဖက်မှုမှာ မကောင်းသတင်း ပို့ခြင်း ၊ ပို့စ် အတင်ခံရခြင်း ၊ မကောင်းသတင်းကို ဝေမျှခြင်း ၊ အန္တရာယ်ပေးခြင်း ၊ သတင်းအမှား ထုတ်လွှင့်ခံရခြင်း နဲ့ ငွေညစ်ခြင်း တို့ ပါဝင်ပါတယ်။

အာရှမှာ မလေးရှားက ဆိုင်ဘာ အကြမ်းဖက်ခံရမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်3

အဲ့ဒိကိစ္စတွေက မလေးရှားလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမြောက်အများ ဖြစ်ပေါ်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘုတ် ၊ အင်စတာဂဂမ် ၊ စနတ်ချက်နဲ့ တစ်တော့ တို့လို ပလက်ဖောင်းတွေမှာ အကောင့်တွေက လိုသလောက်ရနေလို့ အွန်လိုင်းရာဇဝတ်မှု ကျူးလွန်ဖို့ရာအတွက် အလွန် လွယ်ကူနေပါတယ်။

PEW သုတေသနစင်တာက ပြုလုပ်တဲ့ စစ်တမ်းအရ မလေးရှားနိုင်ငံက အွန်လိုင်း ရာဇဝတ်မှု ကျူးလွန်းခြင်း အများဆုံး နိုင်ငံထဲမှာ ဒုတိယမြောက်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
အမျိုးသမီး ပြောင်းလဲရေးစင်တာ WCCက စစ်တမ်းမှာလည်း မလေးအမျိုးသမီးတွေက အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ် ခံနေရပါတယ်လို့ ဆိုတယ်။

မလေးစိတ်ပညာရှင်တစ်ဦးကလည်း ဒီကိစ္စကို ရဲတွေက ဝရမ်းထုတ်ပြီး ဖမ်းဖို့ လိုအပ်နေပါတယ်။ အကယ်၍ ဒီကိစ္စကို အရေးမကြီးဘူးလို့ ထင်လိုက်ရင် နောင်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ ရဖို့ ရှိနေပါတယ်လို့ ဆိုတယ်။

မလေးးအမျိုးသမီးအများစုက အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ရဲတိုင်ဖို့အတွက် ဆန္ဒမရှိကြပါဘူး။ အများစုက လူသိရှင်ကြား ဖြစ်မှာကို လက်မခံကြပါဘူး။ အာဏါပိုင်တွေကို အကြောင်းမကြားတာက အရေးယူဖို့ကို အခက်အခဲ ဖြစ်စေပါတယ်။

ဒါကို အခွင့်ကောင်း ယူပြီး လိုင်းပေါ်မှာ ရာဇဝတ်မှုတွေက ပွ ထနေတာပဲ ဖြစ်တယ် လို့ WCC က အကြီးတန် ပြောခွင့်ရသူက ဆိုပါတယ်။ ကျူးလွန်သူတွေကို ထိန်းချုပ်နိုင်ဖို့က ကျူးလွန် ခံရသူတွေ ငြိမ်မနေဖို့ပဲ လိုတာပါ။ မလေးရှားမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၂၁၁ အရ အွန်လိုင်း ရာဇဝတ်မှု ကျူးလွန်သူတွေကို ငွေဒဏ်ရင်ဂစ် ၅၀၀၀၀ နဲ့ ထောင်ဒဏ် တစ်နှစ် ပြဌန်း ထားပါတယ်။

မောင်ယဿ
REF: world of buzz Photo; malaysia times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …