အာဖရိကအေရွ႕ပိုင္း မွာ က်ိဳင္းေကာင္ေတြသန္းနဲ႔ခ်ီ က်
- By : Phoe Linn
- Category : International-news

အာဖရိကအေရွ႕ပိုင္း မွာ က်ိဳင္းေကာင္ေတြသန္းနဲ႔ခ်ီ က်
Business insider သတင္းဌာန အဆိုအရ အာဖရိက အေရွ႕ပိုင္းႏိုင္ငံေတြျဖစ္တဲ့ ဆိုမာလီးယား အီသီယိုပီးယား နဲ႔ ကင္ညာ ႏိုင္ငံ ေတြမွာ က်ိဳင္းေကာင္ေတြ ဘီလီယံနဲ႔ခ်ီၿပီ က်ေရာက္ၿပီး စိုက္ခင္းေတြကိုတိုက္ခိုက္လို႔ အဲ့ဒိႏိုင္ငံေတြမွာ အခက္အခဲေတြ ျဖစ္ေနပါတယ္။ အခုေတာ့ က်ိဳင္းေကာင္ အႏၲရာယ္ကို အမ်ိဳးသားအေရးေပၚ အေျခအေန အျဖစ္ေၾကညာထားပါတယ္။ အခုက်ေရာက္တဲ့ က်ိဳင္းေကာင္ အုပ္လိုက္ ေတြက ယခင္က်ေရာက္ဖူးတဲ့ က်ိဳင္းေကာင္မ်ိဳးနဲ႔ သိပ္မတူဘဲ ေကာက္ပဲသီးႏွံေတြကို အမ်ားႀကီး ဖ်က္ဆီး တတ္ၿပီး အုပ္လိုက္ က်ေရာက္ရင္ တစ္ေနရာတည္းမွာကြက္ၿပီး အပင္ေတြကို အေပ်ာက္ရွင္းသြားပါတယ္။ အစားႀကီးတဲ့အျပင္ အ ရွိန္ နဲ႔ သြား လာ တတ္ ပါ တယ္။
အုပ္တစ္အုပ္ကို ခန႔္မွန္းေျခ အေကာင္ေရ သန္း၈၀ေက်ာ္ေလာက္ရွိၿပီ စုစုေပါင္း တြက္ခ်က္မႈအရ က်ိဳင္းေကာင္ ပမာဏက အေကာင္ေရ ဘီလီယံ ၂၀၀ ေလာက္ရွိမယ္လို႔တြက္ခ်က္ရပါတယ္။ က်ိဳင္းေကာင္တစ္ေကာင္က တစ္ရက္ကို သူ႔ ကိုယ္အေလးခ်ိန္နဲ႔ ညီတဲ့ အစာကို စားေသာက္တတ္ပါတယ္။ က်ိဳင္းေကာင္အုပ္တစ္အုပ္ရဲ႕ တစ္ရက္စာစားေသာက္တဲ့ႏႈန္းက လူ၂၅၀၀ ေလာက္စားတဲ့ပမာဏနဲ႔ ညီပါတယ္။ အဲ့ဒိက်ိဳင္းေကာင္အုပ္ႀကီးက အခုဆိုရင္ အာဖရိက အေရွ႕ပိုင္းကေန တျဖည္းျဖည္း အာရွတိုက္ အေနာက္ေတာင္ပိုင္းနဲ႔ အေရွ႕ အလယ္ပိုင္းကို ဦးတည္လာဖြယ္ရာ ရွိေနပါတယ္။ အာဖရိအေရွ႕ပိုင္းက စိုက္ခင္းေတြမွာ အဲ့ဒိအင္းဆက္ေတြ စားေသာက္တာ ကုန္ လု လု ျဖစ္ ေန ပါ ၿပီ။
ႏိုင္ငံတကာ အကူအညီေတြ ေပးႏိုင္ဖို႔အတြက္ ကုလသမဂၢ ကလည္း စီစဥ္ေနပါတယ္။ က်ိဳင္းေကာင္ေတြက ေပါက္အားေကာင္းလို႔ ေနာက္ထပ္ ႏိုင္ငံ၃၀ ေလာက္ကို တိုက္ခိုက္ႏိုင္ေသးတဲ့အတြက္ေၾကာင့္ ႀကိဳတင္ကာကြယ္ေရး အစီအစဥ္ေတြကို လုပ္ေဆာင္ဖို႔လိုအပ္ေနပါတယ္။ က်ိဳင္းေကာင္ေတြ သြားႏိုင္တဲ့လမ္းေၾကာင္းကို တြက္ခ်က္ႏိုင္သူ ကိသ္ခ်က္မင္းက “လက္ရွိလုပ္ေနတဲ့ အကာအကြယ္အစီအစဥ္ေတြက မလုံေလာက္ေသးပါဘူး။ က်ိဳင္းေကာင္းေတြကို လမ္းေၾကာင္းလႊဲၿပီး ေနရာမွားပို႔ဖို႔အတြက္ သူတို႔ကိုဆြဲေဆာင္မႈေတြလုပ္ရပါမယ္။ အဲ့ဒိအတြက္ သုံးရမယ့္ ရန္ပုံေငြ အားနည္းေနပါတယ္။ ကုလသမဂၢကေတာ့အခ်ိန္မီရံပုံေငြ မရွာႏိုင္မွာကိုပဲ စိုးရိမ္ေနရပါတယ္။ ရံပုံေငြ အခ်ိန္မီမရဘူး ဆိုရင္ကမာ့ၻစားနတ္ ရိကၡာ ငါး ပုံ တစ္ ပုံ ေလာက္ ထိ ခိုက္ သြား ႏိုင္ ပါ တယ္ လို႔ ”လို႔ ဆို တယ္။
ေမာင္ယႆ REF: world of buzz photo :business insider
Unicode
အာဖရိကအရှေ့ပိုင်း မှာ ကျိုင်းကောင်တွေသန်းနဲ့ချီ ကျ
Business insider သတင်းဌာန အဆိုအရ အာဖရိက အရှေ့ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဆိုမာလီးယား အီသီယိုပီးယား နဲ့ ကင်ညာ နိုင်ငံ တွေမှာ ကျိုင်းကောင်တွေ ဘီလီယံနဲ့ချီပြီ ကျရောက်ပြီး စိုက်ခင်းတွေကိုတိုက်ခိုက်လို့ အဲ့ဒိနိုင်ငံတွေမှာ အခက်အခဲတွေ ဖြစ်နေပါတယ်။ အခုတော့ ကျိုင်းကောင် အန္တရာယ်ကို အမျိုးသားအရေးပေါ် အခြေအနေ အဖြစ်ကြေညာထားပါတယ်။ အခုကျရောက်တဲ့ ကျိုင်းကောင် အုပ်လိုက် တွေက ယခင်ကျရောက်ဖူးတဲ့ ကျိုင်းကောင်မျိုးနဲ့ သိပ်မတူဘဲ ကောက်ပဲသီးနှံတွေကို အများကြီး ဖျက်ဆီး တတ်ပြီး အုပ်လိုက် ကျရောက်ရင် တစ်နေရာတည်းမှာကွက်ပြီး အပင်တွေကို အပျောက်ရှင်းသွားပါတယ်။ အစားကြီးတဲ့အပြင် အ ရှိန် နဲ့ သွား လာ တတ် ပါ တယ်။
အုပ်တစ်အုပ်ကို ခန့်မှန်းခြေ အကောင်ရေ သန်း၈၀ကျော်လောက်ရှိပြီ စုစုပေါင်း တွက်ချက်မှုအရ ကျိုင်းကောင် ပမာဏက အကောင်ရေ ဘီလီယံ ၂၀၀ လောက်ရှိမယ်လို့တွက်ချက်ရပါတယ်။ ကျိုင်းကောင်တစ်ကောင်က တစ်ရက်ကို သူ့ ကိုယ်အလေးချိန်နဲ့ ညီတဲ့ အစာကို စားသောက်တတ်ပါတယ်။ ကျိုင်းကောင်အုပ်တစ်အုပ်ရဲ့ တစ်ရက်စာစားသောက်တဲ့နှုန်းက လူ၂၅၀၀ လောက်စားတဲ့ပမာဏနဲ့ ညီပါတယ်။ အဲ့ဒိကျိုင်းကောင်အုပ်ကြီးက အခုဆိုရင် အာဖရိက အရှေ့ပိုင်းကနေ တဖြည်းဖြည်း အာရှတိုက် အနောက်တောင်ပိုင်းနဲ့ အရှေ့ အလယ်ပိုင်းကို ဦးတည်လာဖွယ်ရာ ရှိနေပါတယ်။ အာဖရိအရှေ့ပိုင်းက စိုက်ခင်းတွေမှာ အဲ့ဒိအင်းဆက်တွေ စားသောက်တာ ကုန် လု လု ဖြစ် နေ ပါ ပြီ။
နိုင်ငံတကာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ကလည်း စီစဉ်နေပါတယ်။ ကျိုင်းကောင်တွေက ပေါက်အားကောင်းလို့ နောက်ထပ် နိုင်ငံ၃၀ လောက်ကို တိုက်ခိုက်နိုင်သေးတဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေကို လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ ကျိုင်းကောင်တွေ သွားနိုင်တဲ့လမ်းကြောင်းကို တွက်ချက်နိုင်သူ ကိသ်ချက်မင်းက “လက်ရှိလုပ်နေတဲ့ အကာအကွယ်အစီအစဉ်တွေက မလုံလောက်သေးပါဘူး။ ကျိုင်းကောင်းတွေကို လမ်းကြောင်းလွှဲပြီး နေရာမှားပို့ဖို့အတွက် သူတို့ကိုဆွဲဆောင်မှုတွေလုပ်ရပါမယ်။ အဲ့ဒိအတွက် သုံးရမယ့် ရန်ပုံငွေ အားနည်းနေပါတယ်။ ကုလသမဂ္ဂကတော့အချိန်မီရံပုံငွေ မရှာနိုင်မှာကိုပဲ စိုးရိမ်နေရပါတယ်။ ရံပုံငွေ အချိန်မီမရဘူး ဆိုရင်ကမာ့္ဘစားနတ် ရိက္ခာ ငါး ပုံ တစ် ပုံ လောက် ထိ ခိုက် သွား နိုင် ပါ တယ် လို့ ”လို့ ဆို တယ်။
မောင်ယဿ REF: world of buzz photo :business insider
No Comments