အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

မောင်ယဿ ( စက်တင်ဘာ ၁၄ )

၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။

မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။

အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။

နေရာဖယ်ရှား ခံရတာ ၊ မိုးခေါင်တာ ၊ ကိုဗစ်၁၉ နဲ့ တာလီဘန်တွေရဲ့ တင်ကျပ်တဲ့ အုပ်ချုပ်မှုကြောင့် အငတ်ဘေးဆိုက်ရတာလို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က ဆိုပါတယ်။

“ သိပ်မကြာခင်မှာ ဆောင်းဝင်ပြီး နှင်းတွေ ကျတော့မယ် ၊ သူတို့တွေ ဆာလောင်မှုနဲ့ အအေးဓာတ်ကို ခံရတော့မယ်” လို့ကမ္ဘာ့စာနပ်ရိက္ခာ ပရိုဂမ်က ဒါရိုက်တာ အန်သီယာ ဝက်ဘ်က ဆိုပါတယ်။

လတ်တလောမှာ အာဖဂန်ကို အကူအညီပေးဖို့ကန်ဒေါ်လာ ၁၁ သန်းရှိနေပါတယ်။ တာလီဘန်တွေက အမျိုးသမီးတွေနဲ့ အခြားလူမျိုးစုတွေကို ကန့်သက်ပိတ်ပင်မှုတွေ လုပ်နေမယ်ဆိုရင် အဲ့ဒိပိုက်ဆံတွေက ဝင်လာနိုင်စရာမရှိဘူးလို့ တာလီဘန်တွေ နားလည်ဖို့ ကောင်းတယ်လို့ သူမက ဆိုပါတယ်။

“ ကျနော် အာဖဂန်တော်တော် များများ နဲ့ တွေ့ဆုံပြီးပါပြီ ထွက်ပြေး တိမ်းရှောင်နေတဲ့ အာဖဂန် ၃ပုံ ၂ပုံ လောက်က ကိုယ့်အိမ်ကိုကိုယ် ပြန်ချင်နေကြတယ်။ ၃ပုံ ၁ပုံလောက် က တာလီဘန်တွေကို လုံး၀ မယုံဘူး ဖြစ်နေတယ်။ သူတို့တွေ အိမ်ပြန်ဖို့ ခရီးစရိတ်မတတ်နိုင် ဘူး ဖြစ်နေတယ် ။

အိမ်ကိုပြန်ရောက်ရင် ပျက်စီးနေတဲ့ အိမ်တွေကို အချမ်းလုံအောင်ပြင်ရမယ်၊ လူ့အဖွဲ့ အစည်း စောင့်ရှောက်ရေး လုပ်ငန်းတွေ အတွက် ပိုက်ဆံလိုနေပါပြီ ၊ အာဖဂန်တွေ အိမ်နီးချင်နိုင်ငံတွေ ကိုထွက်ပြေးနေရတာကို တားနိုင်ဖို့က သူတို့ ရဲ့ နေရာတွေကို ပြန်ပြီး လုပ်ပေးမှ ဖြစ်တော့မယ်” လို့ ကုလကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဂရီဖစ်က ဆိုပါတယ်။

REF: UPI,Photo :Credit  UPI

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၁၄ )









REF: UPI
Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
International-news
အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။ အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် …

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news
သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။ သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ …