အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့

အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့
International-news

အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့

မောင်ယဿ ( သြဂုတ် ၂၀ )

တာလီဘန်တွေ ကဘူးမြို့ကို သိမ်းပြီးနောက် အာဖဂန်လူငယ်တွေက တာလီဘန်တွေ အာဏါသိမ်းတာကို မကျေနပ်ကြောင်း ကဘူးမြို့ပေါ်မှာ ဆန္ဒပြနေတာ ၂ရက်ဆက်တိုက် ရှိသွား ပါပြီ။

အဲ့ဒိအချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်မှာ ရှိတဲ့ အမေရိကန် အရပ်သားတွေ စစ်တပ်နဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေ အားလုံးကို အိမ်ရောက်အောင် ပြန်ခေါ်ပေးမယ်လို့ ကတိပြု လိုက်ပါတယ်။

ကဘူးမြို့ အရှေ့ဖက် မိုင် ၁၁၀ အကွာမှာရှိတဲ့ အာဆာဒါဘတ် မြို့ မှာ ဆန္ဒပြတဲ့ အရပ်သားတွေကို တာလီဘန်တွေက သေနတ်နဲ့ ပစ်သတ်လို့ တော်တော်များများ သေဆုံးကုန်တယ်လို့ တရားဝင် ကြေညာချက်တွေ အရ သိရပါတယ်။

၁၉၁၉ သြဂုတ်လ ၁၉ ရက်နေ့ မှာ အာဖဂန်နစ္စတန်က အင်္ဂလိပ်တွေ လက်ထဲက နေ လွတ်လပ်ရေးရ ခဲ့တဲ့အတွက် မနေ့က စပြီး လူငယ်တွေ က ကားတွေပေါ်ကနေ အာဖဂန်နစ္စတန်အလံတွေ ဝှေ့ယမ်း ပြီး သံပြိုင် သီချင်းတွေ သီဆိုကာ ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

အာဖဂန်ရဲ့ ၅ခုမြောက် အကြီးဆုံး မြို့ ဖြစ်တဲ့ ဂျာလာလာဘတ်မှာ လည်း ဆန္ဒပြ သမားတွေကို တာလီဘန်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး နှိမ်နင်းခဲ့ကြပါတယ်။

အိန္ဒိယသတင်းဌာန NEWS 18 ရဲ့ သတင်းထောက် မိုဟာမက် စလင်း “ ကျနော် အစကတော့ ကြောက်နေလို့ အိမ်တွင်း ပုန်းနေခဲ့ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်တွေ က ကျနော်ကို ဆန္ဒပြဖို့ ခေါ်တော့ ကျနော်လိုက်သွားပါတယ် ။

လမ်းတစ်လျှောက်မှာ ဆန္ဒပြသမားတွေကို တာလီဘန်တွေ ပစ်လို့ သေနေတဲ့အလောင်း တွေ တွေ့ ခဲ့ရ ပါတယ်” လိုဆိုတယ်။“ တနင်္ဂနွေနေ့ က တာလီဘန်တွေ ကဘူးမြို့ ထဲကိုရောက်တယ်။

အင်္ဂါနေ့မှာ အကြမ်းမဖက် ပါဘူးလို့ သတင်းစာရှင်လင်းပွဲ မှာပြောတယ် ။ ကြာသပတေးနေ့ မှာ ဆန္ဒပြသမားတွေကို သေနတ်နဲ့ ပစ်ခတ်နေပါတယ်” လို့ မျက်မြင်သက်သေတစ်ဦးက ဆို့တယ်။

အမေရိကန် သမ္မတ ဘိုင်ဒန်ကတော့ သြဂုတ်လ ၃၁ ရက်နေ့ မှာ အာဖဂန်မှာ ရှိတဲ့ အမေရိကန်တွေ အကုန် တစ်ယောက်မကျန် အပြီးထွက်ရမယ်လို့ အမိန့်ပေးထားပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ အာဖဂန်နိုင်ငံသားတွေအတွက် လုပ်ပေးနိုင်တဲ့အရာအကုန် လုပ်ပေးခဲ့ပါလို့ လည်း အမှာ ရှိပါတယ်။

REF: UPI,photo :Credit UPI

Zawgyi


အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့
အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့

မောင်ယဿ ( သြဂုတ် ၂၀ )




အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့1




အာဖဂန်တွေ က တာလီဘန်တွေကို ပြန်ဆော်နေပြီ ၊ ဘိုင်ဒန်ကတော့ အမေရိကန်တွေကို ရအောင် ကယ်ထုတ်မယ်တဲ့2





REF: UPI
photo :UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …