အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို

အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို
International-news

အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို

မောင်ယဿ ( သြဂုတ် ၃၁ )

အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံး စစ်ပွဲဖြစ်တဲ့ နှစ်၂၀ ကြာ အာဖဂန် – အမေရိကန်စစ်ပွဲကနေ အမေရိကန် နိုင်ငံသားအားလုံးကို ကဘူးမြို့ နိုင်ငံတကာလေဆိပ်က ကယ်တင်နိုင်ခဲ့ပြီဖြစ်လို့ စစ်ပွဲ တရားဝင်ပြီးဆုံး သွားပြီလို့ အမေရိကန်စစ်ဌာနချုပ် ပင်တာဂွန်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ညွှန့်ပေါင်တပ်ဖွဲ့တွေအားလုံးလည်း တာလီဘန်တွေ ကဘူးကို သိမ်းလိုက်နိုင်ကတည်းက ဆုတ်ခွာဖို့အတွက် ကြိုးစားခဲ့ ကြရာ သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံး သက်မှတ်ရက်မှာ အပြီး ဆုတ်ခွာနိုင်ခဲ့ပါတယ်။

အမေရိကန် စစ်ဆင်ရေးနဲ့ ညှိနှိုင်းကွတ်ကဲရေးရုံး က ဗိုလ်ချုပ်ကြီး ကဲနတ်မက္ကန်ဇီက “ ကျနော်တို့ရဲ့ နောက်ဆုံး C-17 စစ်လေယာဉ်က ကဘူးက ညနေ ၃ နာရီခွဲမှာ ထွက်ခွာလာနိုင်ခဲ့ပါပြီ ။

လေယာဉ်ပေါ်မှာ ကျနော်တို့ရဲ့ စစ်သည်တွေ အပြင် အနှစ်၂၀ လုံး ကျနော်တို့ ကို အကူအညီပေးခဲ့တဲ့ အာဖဂန်သားတွေ ( ဒလံတွေ ) ပါလာပါတယ်။ အခုတော့ လေဆိပ်ထဲမှာ ရှင်းသွားပါပြီ။ လေယာဉ်ပေါ်မှာ အာဖဂန်သံအမတ်ကြီး ရော့ ဝီလ်ဆင်ပါလာပါတယ်” လို့ ဆိုပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန် ကုန်သွယ်ရေး စင်တာ နဲ့ ပင်တာဂွန် ကို တာလီဘန် အကြမ်းဖက် သမားတွေက လောယာဉ်နဲ့တိုက် ဖောက်ခွဲဖျက်စီးပြီးနောက် အမေရိကန်တွေက အကြမ်းဖက် သမားတွေကို စစ်ကြေညာကာ အာဖဂန်နိုင်ငံထဲကို ဝင်ရောက်တပ်စွဲပြီး အကြမ်းဖက်သမား စစ်ဆင်ရေးကို စခဲ့ပါတယ်။

ဒီကနေ့ နှစ် ၂၀ပြည့်ဖို့ ရက်ပိုင်အလိုမှာပဲ အာဖဂန်ကနေ အားလုံး ဆုတ်ခွာပေးလိုက်ရပါတယ်။ အာဖဂန်နိုင်ငံကတော့ လက်ရှိ မျိုးဆက်တွေ ကုန်သွားတာတောင် ပြန်လည် နာလံထဖို့ မဖြစ်နိုင်တော့ပါဘူး။

“ ဘင်လာဒင်နဲ့ အယ်ကိုင်ဒါတွေကို သုတ်သင်တဲ့ ကျနော်တို့ မစ်ရှင်ကလည်း ပြီးသွားပါပြီး အဲ့ဒိစစ်ပွဲမှာ ကျနော်တို့ ဖက်က စစ်သားနဲ့ အရပ်သား ဝန်ထမ်း စုစုပေါင်း ၂၄၆၁ ဦး စွန့်လွှတ်ခဲ့ရပြီး လူ ၂သောင်းကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်” လို့ ဆိုပါတယ်။

“ အခု ဆုတ်ခွာမှု က ကျနော်တို့ရဲ့ အထိအခိုက် အကျအဆုံး အနည်းဆုံး နဲ့ ဆုတ်ခွာ နိုင်မှုဖြစ်ပြီး ၁၈ ရက်ကြာ ကာလအတွင်း အမေရိကန်စစ်သား ၄သောင်းကျော် နဲ့အရပ်သားဝန်ထမ်း ၈ သောင်း နီးပါ ကယ်တင်နိုင်ခဲ့ပါတယ်။

အာဖဂန် အရပ်သား ၃၇၀၀ ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ကဘူးက အမေရိကန်တွေအားလုံး ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပေမဲ့ အာဖဂန်မှာ အမေရိကန် နိုင်ငံသားအချို့ ကျန်နေပါသေးတယ် ။

လောလော ဆယ်တော့ အမေရိကန်က အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ပတ်သက်တဲ့ သံတမန်ဆက်ဆံရေးကို တိုက်ရိုက်မလုပ်တော့ဘဲ ၊လုံခြုံ ရေးအတွက် ကာတာနိုင်ငံ ဒိုဟာမြို့ က သံရုံးကနေတစ်ဆင့် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

REF: UPI,Photo :Credit  UPI

Zawgyi


အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို
အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို

မောင်ယဿ ( သြဂုတ် ၃၁ )





အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို1




အာဖဂန်က အမေရိကန်တွေ အကုန်ကယ်ပြီးပြီ ဖြစ်လို့ စစ်ပွဲတရားဝင် ပြီးဆုံးသွားပြီလို့ ပင်တာဂွန်ဆို2





REF: UPI
Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …