အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို

အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို
International-news

အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို

မောင်ယဿ ( သြဂုတ် ၈ )

အာဖဂန်မှာရှိတဲ့ အမေရိကန်အပါအဝင် နေတိုးစစ်တပ်တွေ တဖြည်းဖြည်း ဆုတ်ခွာနေတာ ပြီးလုပြီးခင် အခြေ အနေကို ရောက်ရှိနေပြီဖြစ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ငြိမ်းချမ်းရေးစကားဝိုင်းတွေဖွံ့ဖြိုးဖို့ ကြိုးစား နေပါတယ်။

လတ်တလောအရေးအခင်းက အာဖဂန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေ အမြင်မကျယ် တာနဲ့ အန္တရာယ်အကြီးကြီး ဖြစ်သွားနိုင်တဲ့ အချိုးအကွေ့ဇုံထဲကိုရောက်နေတယ်လို့ အာဖဂန်ရောက် ကုလ သမဂ္ဂ အထူးသံတမန်က ဆိုလိုက်ပါတယ်။

အထူးသံတမန် ဒီဘိုရာ လိုင်ယွန်က အာဖဂန်မြို့တွေမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့ အဆိုပြုချက် တစ်ခုကို ထုတ်ပြန်ပေးဖို့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းမှု တစ်ခုပြုလုပ် ထားပါတယ်။

“ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုနဲ့ ကြေကွဲစရာကောင်းတဲ့ အထွေထွေအကျတ်အတည်း အဲ့ဒိ ၂ခုက လက်ရှိအခြေအနေ အပေါ် မူတည် နေပါတယ်။ အဲ့ဒိ၂ခုထဲက တစ်ခုခု ရှေ့လာမယ့် မကြာသေခင်ကာလမှာ ကြုံတွေ့ရတော့မှာပါ။

ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခတွေကို လူသားချင်း ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆိုတဲ့ အကြောင်းတရား ၂ခုက သိုင်းဝိုင်း နေတယ်” လို့ ၎င်းက ဆိုပါတယ်။

အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြားမှာ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြန်လည်ဖြစ်ထွန်းလာဖို့အတွက် ကုလ လုံးခြုံရေးကောင်စီအနေနဲ့ ကြိုးပမ်းသင့်တယ်လို့ သူမကတိုက်တွန်းထားပါတယ်။ အနည်းဆုံး အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုခုလောက်တော့ ရနေသင့်တယ်လို့ ဆိုထားပါတယ်။

ဖေဖော်ဝါရီလတုန်းက အမေရိကန်-တာလီဘန် သဘောတူညီမှု လက်မှတ်ထိုး ပြီးနောက် အာဖဂန်မှာ အကြမ်းဖက်မှုတွေ လျှော့ချနိုင်လိမ့် မယ်လို့ လုံခြုံရေးကောင်စီကမျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်မှာ ဖြစ်နေတာက အရပ်သားအသေအပျောက်က ၅၀% ကျော်တိုးတက် လာတာပဲ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ကျန်းမာရေး အထောက်အကူပြုအဖွဲ့ ၂၅ယောက်သေ ၊ ၆၃ ယောက်ဒဏ်ရာရပြီး ၈၃ ယောက် အဖမ်းခံ ထားရပါတယ်။ လူဦးရေ သန်း၂၀ လောက်ရှိတဲ့ အာဖဂန်မှာ လူသားချင်းငဲ့ ငြာထောက် ထားရေး တွေ လိုနေတဲ့အပြင် မိုးခေါင်မှု ကဖြစ်ပေါ်နေလို့ အခြားအကူအညီတွေ အများကြီး လိုအပ်နေပါတယ်။

ဒီလို အခြေအနေမှာ စစ်သာပြန်ဖြစ်လို့ ကတော့ အာဖဂန်က ဘယ်တော့မှ ပြန်တည်လို့ မရနိုင်တော့မဲ့ အခြေအနေ ထဲကိုရောက်သွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
REF: UPI,Photo:Credit  Jalilrezayee

Zawgyi


အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို
အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို

မောင်ယဿ ( သြဂုတ် ၈ )




အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို1




အာဖဂန်က အန္တရာယ်ကြီး တဲ့ အချိုးအကွေ့ထဲကို ရောက်နေပြီလို့ ကုလသံတမန်ဆို2



REF: UPI
Photo: Jalilrezayee

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …