အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
Uncategorized
အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
မောင်ယဿ ( သြဂုတ် ၂၃ )
အမေရိကန်စစ်ဌာနချုပ် ( ပင်တာဂွန်) က အမေရိကန် လေကြောင်းလိုင်းတွေကို အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန် အရပ်သားတွေနဲ့ အာဖဂန် နိုင်ငံသားတွေကို ရသလောက် အကုန် ကယ်ထုတ်ပေးဖို့အတွက် မနေ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ဒုက္ခသည်တွေကို ခရီးသည်တင် လေယာဉ် ၈ စင်းနဲ့ သယ်ထုတ်ပေးမှာ ဖြစ်ပြီး ယူနိုက်တက်အဲယားလိုင်း က ၄ စီး ၊ ဒယ်တာ နဲ့အက်တလက် အဲယားလိုင်း နဲ့ အွန်မနီအဲယား လိုင်းတွေက တစ်စီးစီနဲ့ ဟာဝိုင်နီယံ အဲယားလိုင်း က ၂စင်း တို့ ပါဝင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒိလေယာဉ်တွေက ကဘူးမြို့ က ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေယာဉ်းကို လာပြီး ကယ်ထုတ်မှာ မဟုတ်ပါဘူး။ လေယာဉ်တွေက ယာယီလုံခြုံရေး စခန်းတွေ နဲ့ လုံခြုံရေးနယ်မြေတွေက နေ ရှေ့ဆက်ပြီး ခရီးသွားလို သူတွေအတွက် ပို့ဆောင်ပေးဖို့ တာဝန်ယူခိုင်းထားတာပါ။
အာဖဂန်နိုင်ငံမှာ အမေရိကန် စစ်စခန်း ၁၀ ခုရှိရာ အရှေ့ဖက် ပါကစ္စတန်နယ်စပ်နဲ့ ကဘူးမြို့နားမှာ ၄ခုရှိပြီး အနောက်ဖက် အီရန်နယ်စပ်တစ်လျှောက်မှာ ၄ ခုနဲ့ မြောက်ပိုင်း မှာ ၂ခုရှိပါတယ်။
အဲ့ဒိစစ်စခန်းတွေ အားလုံး နီးပါးက တာလီဘန်တွေ ထိန်းချုပ်နယ်မြေတွေ ထဲမှာဖြစ်ပြီး အာဖဂန်နိုင်ငံကို ကန့်လန့်ဖြတ်ဖောက်ထားတဲ့ ပင်မလမ်းမကြီး ရှိရာ နိုင်ငံအလယ်ပိုင်း က အစိုးရထိန်းချုပ်နယ်မြေတွေ မှာ လုံခြုံပြီး ဘေးကင်းတဲ့ နယ်မြေတွေ ရှိပါတယ်။
အဲ့ဒိနယ်မြေတွေမှာ အလုပ်လုပ် နေတဲ့ အမေရိကန် နိုင်ငံသားတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အာဖဂန်သားတွေ ကို ကယ်ထုတ်ဖို့ အတွက် အစီအစဉ်ဖြစ်ပါတယ်။
“ ကျနော်တို့ အမေရိကန် နိုင်ငံသားတွေ နဲ့ အထူး ဗီဇာ ကိုင်ထားတဲ့ အာဖဂန်သားတွေကို ကယ်ထုတ်မှာပါ။ အဲ့ဒိလို လုပ်ငန်းစဉ်တွေကို ကျနော်တို့ က ၁၉၉၀ ၊ ၁၉၉၁ ၊ ၂၀၀၂ နဲ့ ၂၀၀၃ တို့မှာ အီရတ်နိုင်ငံမှာ လုပ်ခြ့ဖူး ပါတယ်။
ဒါက စစ်တပ်နဲ့ စီးပွားရေး လုပ်ငန်တွေ ကြားမှာ ချိတ်ဆက်ပြီၤး လုပ်ရတဲ့အလုပ်ပါ။ အဓိကက လေယာဉ် ဆင်းလာတဲ့အချိန်မှာ ပြုံ ပြီး မတက်အောင်လို့ ကျနော်တို့ စီစဉ်နေပါတယ်။
တစ်စင်း ကို တစ်ရက် ၂ခေါက်နှုန်းနဲ့ ပြေးဆွဲ ထားဖို့လည်း စီစဉ်ထားပါတယ်” လို့ ပင်တာဂွန်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
REF: UPIယPhoto:Credit  Gephardt daily
Zawgyi
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
မောင်ယဿ ( သြဂုတ် ၂၃ )
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်1
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်2
REF: UPI
Photo: Gephardt daily
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
Uncategorized
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၈ ) ဆွီဒင်နိုင်ငံ ဟယ်ဆင်ဘော့ဂ် ဆေးရုံက ပညာရှင်တွေ စုပြီးလုပ်တဲ့ သုတေသနအရ ဗိတ်ပင် ( ဆေးပြောင်း ရှုးခြင်း ) လုပ်တဲ့ သူတွေမှာ သွေးခဲ တဲ့ ဖြစ်စဉ် ဖြစ်တတ်ပြီး ဆံချည်မျှင်သွေးလွှတ်ကြောတွေ ပျက်စီးတယ်လို့ ဆိုလာပါတယ်။ အဲ့ဒါအပြင် နလုံးခုန်နှုန်မြန်တာတွေ သွေးတိုးတာတွေ လည်းဖြစ်တယ်လို့ ဆိုပါတယ်။ နီကိုတင်း ပါတဲ့ အီးစီးကရက်ရှုခြင်း က သာမန် ရိုးရာစီးကရက်သောက်တာနဲ့ မထူးပါဘူး။ ဆိုးကျိုး သက်ရောက်မှုက အတူတူပါပဲ။ …
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
Uncategorized
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ မောင်ယဿ ( သြဂုတ် ၁၃ ) ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကူး စက်မှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ အတွက် သမ္မတမာခွန်က လူစုလူဝေး ရှိတဲ့နေရာတွေမှာ ကိုဗစ်စည်းကမ်းကို လိုက်နာရမယ်၊ စားသောက်ဆိုင်တွေ ယဉ်ကျေးမှု အဆောက်အအုံတွေ ကို လာရောက်လည်ပတ်သူတွေ အားလုံး ၄၈ နာရီအတွင်း ရောဂါပိုး ကင်းစင်ကြောင် စစ်ဆေးမှု ထောက်ခံစာ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ထောက်ခံစာ တွေရှိမှ သွားရောက်ခွင့် ရှိရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်လလုံး စနေ တနင်္ဂနွေ လို အားလပ်ရက်တိုင်း မှာ အဲ့ဒိအမိန့်ကို ဆန့်ကျင်တဲ့ …
ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင်
Uncategorized
ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင်
ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင် မောင်ယဿ ( သြဂုတ် ၁၁ ) အမေရိကန် အီလီနွိုက်ပြည်နယ်က ဝက်တစ်ကောင်က မနေ့က အသက် ၂၃ နှစ်ပြည့်ပြီ ဖြစ်လို့ ကမ္ဘာ့ အသက်အကြီး ဆုံး ဝက် အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ပါတယ်။ မန်ဒလိန်မြို့ က ပက်ထရစ် ကန်နင်ဂန်နဲ့ စတန်ကော့ဖ်မန်း တို့က ဗာဂျီးနီးယားက တိရိစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့ ကနေ ၈ပတ်သား အရွယ်ဝက်မလေးတစ်ကောင်ကို မွေးစားခဲ့ပါတယ်။ သူတို့က အဲ့ဒိဝက်မပေါက် ကလေး ကို ဘေဘီဂျိန်းလို့ နာမည်ပေးထားခဲ့ ပါ တယ်။ တိတိကျကျပြောရရင် …