အာဖဂန်ကိစ္စ မနိုင်မနင်းဖြစ်ခဲ့လို့ ဒက်ချ်ကာကွယ်ရေးဝန်ကြီး အလုပ်ကထွက်

အာဖဂန်ကိစ္စ မနိုင်မနင်းဖြစ်ခဲ့လို့ ဒက်ချ်ကာကွယ်ရေးဝန်ကြီး အလုပ်ကထွက်
International-news

အာဖဂန်ကိစ္စ မနိုင်မနင်းဖြစ်ခဲ့လို့ ဒက်ချ်ကာကွယ်ရေးဝန်ကြီး အလုပ်ကထွက်

မောင်ယဿ ( စက်တင်ဘာ ၁၇ )

အာဖဂန်ကနေ  နိုင်ငံတကာ

စစ်တပ်တွေ တပ်ဆုတ်တော့ နယ်သာလန်စစ်တပ်တွေလည်း ဆုတ်ခွာခဲ့ ကြပါတယ်။

အဲ့လိုဆုတ်ခွာတဲ့ နေရာမှာ ဒက်ချ်စစ်တပ်ကို ဘာသာပြန်ပေးတဲ့ အာဖဂန်သားတွေကို ကောင်းကောင်း အကူအညီမပေးနိုင်တာရယ် ၊ ဝရုန်းသုန်းကားနဲ့ လုပ်လို့ ပါသင့်တဲ့သူတွေမပါတဲ့အတွက် ကာကွယ်ရေးဝန်ကြီးကို ပါလီမန်က ခေါ်ယူစစ်ဆေးတဲ့အတွက် ဒီကနေ့ပဲ ကာကွယ်ရေးဝန်ကြီး အလုပ်က နှုတ်ထွက်သွားပါတယ်။

ဆုတ်ခွာမှုအပိုင်းမှာ အစီအစဉ်ညံဖျင်းတဲ့အတွက် ပါလီမန်ရဲ့ ပြစ်တင်ဝေဖန်မှုကို ခံရတဲ့အတွက် အရင်ဆုံးနိုင်ငံခြားရေးဝန်ကြီး ဆီဂရစ်ကာအက် ကအလုပ်က နှုတ်ထွက်သွားပါတယ်။

အဲ့ဒိနောက် ညွှန်ပေါင်းတပ်ဖွဲ့ ကို စီစဉ်ညွှန်ကြားနေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး အန့်ဘစ်ဂျ်လီဘတ် ကပါ နှုတ်ထွက်လိုက်ရတာပါ။

အစိုးရရဲ့ ညွန်ကြားချက်နဲ့ မြေပြင်မှာ လှုတ်ရှားရတဲ့အခက်အခဲကြားမှာ နာလည်မှုအချို့ လွဲခဲ့တဲ့အတွက် ကဘူးမြို့မှာ သံရုံး ဝန်ထမ်းနဲ့ စကားပြန် အချို့ ကျန်ခဲ့ပါတယ်။

အဲ့ဒိကိစ္စကို ပါလီမန်က အသုံးမကျဘူးလို့ မေးငေါ့ပြောဆိုမှုကို ခံနေရတာပါ။ သူမက ပါလီမန်ကလူတွေ မတရားပြော ကြတယ်ဆိုပြီး ကြာသပတေးညမှာ စာရေးပြီး ဒီကနေ့ပဲ ရုံးမှာစာတင်ပြီး အလုပ်ကထွက်ခဲ့တာပါ။

“ ကျမက ဝန်ကြီးဌာနရဲ့ တရားရေးဌာနက ကျမရဲ့ တာဝန်မကင်းဘူးလို့ ပြောလာရင် ခံသာပါသေးတယ်။ ကိုယ့်ဌာနမှာ အကျိုး နဲ့အကြောင်း နဲ့ ရှင်းပြလို့ရတယ်။ အခုက လွှတ်တော်ကလူတွေက မြေပြင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို မသိဘဲ ထင်ရာတွေ လျှောက်ပြောနေလို့ ထွက်ပစ်လိုက်တာ။

ကျမက ဖြစ်နိုင် အကျိုးဆက်တွေနဲ့ ရလဒ်တွေကို တွက်ချက်ပြီး လုပ်ခဲ့တာပါ။ ကျမရဲ့ပေါ်လစီ ပယ်ချမယ်ဆိုရင် ဝန်ကြီးဌာန ကိုယ့်ဖာသာကိုယ်သွားပြီးလုပ်ကြပေါ့ ” လို့ သူမက ဆိုပါတယ်။

REF; euronews,Photo:Credit  bartmaat

Zawgyi

အာဖဂန္ကိစၥ မႏိုင္မနင္းျဖစ္ခဲ့လို႔ ဒက္ခ်္ကာကြယ္ေရးဝန္ႀကီး အလုပ္ကထြက္

ေမာင္ယႆ ( စက္တင္ဘာ ၁၇ )

အာဖဂန္ကေန ႏိုင္ငံတကာ စစ္တပ္ေတြ တပ္ဆုတ္ေတာ့ နယ္သာလန္စစ္တပ္ေတြလည္း ဆုတ္ခြာခဲ့ ၾကပါတယ္။

အဲ့လိုဆုတ္ခြာတဲ့ ေနရာမွာ ဒက္ခ်္စစ္တပ္ကို ဘာသာျပန္ေပးတဲ့ အာဖဂန္သားေတြကို ေကာင္းေကာင္း အကူအညီမေပးႏိုင္တာရယ္ ၊ ဝ႐ုန္းသုန္းကားနဲ႔ လုပ္လို႔ ပါသင့္တဲ့သူေတြမပါတဲ့အတြက္ ကာကြယ္ေရးဝန္ႀကီးကို ပါလီမန္က ေခၚယူစစ္ေဆးတဲ့အတြက္ ဒီကေန႔ပဲ ကာကြယ္ေရးဝန္ႀကီး အလုပ္က ႏႈတ္ထြက္သြားပါတယ္။

ဆုတ္ခြာမႈအပိုင္းမွာ အစီအစဥ္ညံဖ်င္းတဲ့အတြက္ ပါလီမန္ရဲ႕ ျပစ္တင္ေဝဖန္မႈကို ခံရတဲ့အတြက္ အရင္ဆုံးႏိုင္ငံျခားေရးဝန္ႀကီး ဆီဂရစ္ကာအက္ ကအလုပ္က ႏႈတ္ထြက္သြားပါတယ္။

အဲ့ဒိေနာက္ ၫႊန္ေပါင္းတပ္ဖြဲ႕ ကို စီစဥ္ၫႊန္ၾကားေနတဲ့ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ဒုတိယ ဝန္ႀကီး အန႔္ဘစ္ဂ်္လီဘတ္ ကပါ ႏႈတ္ထြက္လိုက္ရတာပါ။

အစိုးရရဲ႕ ၫြန္ၾကားခ်က္နဲ႔ ေျမျပင္မွာ လႈတ္ရွားရတဲ့အခက္အခဲၾကားမွာ နာလည္မႈအခ်ိဳ႕ လြဲခဲ့တဲ့အတြက္ ကဘူးၿမိဳ႕မွာ သံ႐ုံး ဝန္ထမ္းနဲ႔ စကားျပန္ အခ်ိဳ႕ က်န္ခဲ့ပါတယ္။

အဲ့ဒိကိစၥကို ပါလီမန္က အသုံးမက်ဘူးလို႔ ေမးေငါ့ေျပာဆိုမႈကို ခံေနရတာပါ။ သူမက ပါလီမန္ကလူေတြ မတရားေျပာ ၾကတယ္ဆိုၿပီး ၾကာသပေတးညမွာ စာေရးၿပီး ဒီကေန႔ပဲ ႐ုံးမွာစာတင္ၿပီး အလုပ္ကထြက္ခဲ့တာပါ။

“ က်မက ဝန္ႀကီးဌာနရဲ႕ တရားေရးဌာနက က်မရဲ႕ တာဝန္မကင္းဘူးလို႔ ေျပာလာရင္ ခံသာပါေသးတယ္။ ကိုယ့္ဌာနမွာ အက်ိဳး နဲ႔အေၾကာင္း နဲ႔ ရွင္းျပလို႔ရတယ္။ အခုက လႊတ္ေတာ္ကလူေတြက ေျမျပင္မွာ ဘာေတြျဖစ္ေနတယ္ ဆိုတာကို မသိဘဲ ထင္ရာေတြ ေလွ်ာက္ေျပာေနလို႔ ထြက္ပစ္လိုက္တာ။

က်မက ျဖစ္ႏိုင္ အက်ိဳးဆက္ေတြနဲ႔ ရလဒ္ေတြကို တြက္ခ်က္ၿပီး လုပ္ခဲ့တာပါ။ က်မရဲ႕ေပၚလစီ ပယ္ခ်မယ္ဆိုရင္ ဝန္ႀကီးဌာန ကိုယ့္ဖာသာကိုယ္သြားၿပီးလုပ္ၾကေပါ့ ” လို႔ သူမက ဆိုပါတယ္။

REF; euronews
Photo: bartmaat

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
International-news
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ မောင်ယဿ ( အောက်တိုဘာ၂ ) ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်ဗုံးကျဲလေယာဉ်အစင်း ၂၀ ကျော်က ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာလို့ အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးလိုက် ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ အဆို အရ တရုတ်ဗုံးကျဲလေယာဉ်တွေ က အသုတ် ၂ သုတ်ခွဲပြီး ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပထမအသုတ်က ဗုံးကျဲလေယာဉ် ၂၅ စင်းပါပြီး အဲ့ ဒိလေယာဉ်တွေထဲမှာ နျူကလိယဗုံးတွေတင်တဲ့ လေယာဉ်တွေလည်း ပါပါတယ်။ ဒုတိယအသုတ် လေယာဉ် ၁၃ စင်းပါပြီး ညဖက်မှာဝင်ရောက်လာခဲ့တာလို့ လည်း ဆိုပါတယ်။ အဲ့ဒိလေယာဉ် …

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ
International-news
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ မောင်ယဿ ( အောက်တိုဘာ ၂ ) ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူ ဂါဗင်နယူးဆမ်က ပြည်နယ်အတွင်း ရှိ အစိုးရ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ ၊ကျောင်းသားတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်မရဘဲဖြစ်နေတဲ့အတွက် ကာကွယ်ဆေး ထိုးပေးဖို့လိုအပ်နေတဲ့အကြောင်း ဒီကနေ့ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ သူက ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး အာဏါပိုင် အဖွဲ့ (FDA) အနေနဲ့ ခွင့်ပြုသင့်တဲ့ ကိစ္စတွေကို ခွင့်ပြုလို့ရရင် ခွင့်ပြုဖို့ မလိုအပ်ဘဲ နှောင့်နှေးမှု တွေကို မလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ အမေရိကားမှာ အခြေခံအဆင့် စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး …

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …