အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
- By : Kaung Khant
- Category : International-news

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
မောင်ယဿ ( စက်တင်ဘာ ၂၈ )
အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။
အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် ၉ နာရီ မှာ အထက်လွှတ်တော်ရဲ့ကော်မတီများခန်းမမှာ ကြားနာ စစ်ဆေး မေးမြန်မှုတွေ လုပ်နေပါတယ်။
ဆီနိတ်တာတွေ က ပြီးခဲ့တဲ့လတုန်းက ကဘူးလေးဆိပ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ကြားနာစစ်ဆေးခဲ့ပါတယ်။
ကမ္ဘာ့ အကောင်း ဆုံး စစ်တပ်တွေထဲမှာ ပါဝင်တဲ့ အမေရိကန်စစ်တပ်က ကဘူးလေဆိပ်မှာ ထိခိုက်သေကြေ မှုတွေ အကြမ်းဖက်မှုတွေနဲ့ကသောင်းကနင်းဖြစ်မှု တွေ ဖြစ်ပြီး ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဆီနိတ်တာတွေ ရဲ့ ပြင်းထန်တဲ့မေးခွန်းတွေ က သူတို့ဆီကို တိုက်ရိုက် ဝင်လာပါတယ်။
ဗိုလ်ချုပ်ကြီးတွေ မျှော်လင့်ထားတဲ့ အတိုင်း အာဖဂန်အရပ်သားတွေကို ပါထိခိုက်သွားတဲ့ ဒရုန်း တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ မေးခွန်တွေလည်း ပါပါတယ်။
အဲ့ဒိတိုက်ခိုက်မှုက အမေရိကန် စစ်သား ၁၃ ဦး သေဆုံး သွားတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု ကို လက်စားချေတဲ့ သဘောသက်ရောက်နေပါတယ်။
ဗိုလ်ချုပ်ကြီး မက်ကင်ဇီ ကတော့ ပြီးခဲ့တဲ့ သီတင်ပတ်က ဒရုန်းတိုက်ခိုက်မှုကြောင့်သေဆုံး သွားတဲ့ အာဖကန် အရပ်သားတွေအတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရတဲ့အကြောင်း သူ့ရဲ့ တွစ်တာအကောင့် မှာ တောင်းပန်ထားပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို မြေပြင်မှာ တိတိကျကျ မလုပ်ဆောင်နိုင်လို့ အခုလိုဖြစ်တာဆိုတဲ့ အဖြေကို ဗိုလ်ချုပ်ကြီးတွေ ဖြေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ဒီမိုကရက်တစ် သမ္မတ ရဲ့ အတိုက်အခံ ရီပါပလင်ကင် ဆီနိတ်တာတွေကတော့ သမ္မတနဲ့ သူ့ရဲ့ အကြံပေးတွေက မြေပြင်မှာ အလုပ်လုပ်နေရတဲ့ ကော်မန်ဒါတွေရဲ့ အကြံပြုချက်ကို နားမထောင်းဘူး ဆိုတဲ့ သဘောသက်ရောက်အောင် မေးခွန်းတွေ ထုတ်ကြမှာပါ။
ရီပါပလင်ကင် ဆီနိတ်တာတစ်ဦးက ဂျိုးဘိုင်ဒန်ကို “ သူက ကွန်ဂရက်ရဲ့ အကြံပြုချက်ကို နားမထောင်ဘူး ၊ ဘာတွေဖြစ်နိုင်တယ်ဆိုတဲ့ ကျနော်တို့ရဲ့ အသံကို အရေးမယူ တာလည်းပါတယ်။
နိင်ငံရေးလုပ်တယ် အစိုးရလုပ်တယ် ဆိုတာ ရိုးသားရတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သမ္မတရဲ့ အမိန့်တစ်ခု အရာရာကို ဖျက်ဆီးပစ်နိုင် တယ်။
အမေရိကန်ရဲ့ မိသားစုတွေကို အကြမ်းဖက်သမားတွေက ခြိမ်းခြောက်နေတယ် ၊ အဲ့ဒိခြိမ်းခြောက်မှုတွေကို ပျောက်ကွယ်သွား အောင်လုပ်ရမှာ အစိုးရရဲ့ တာဝန်ပဲ” လို့ ဆိုပါတယ်။
REF: UPI,Photo :Credit UP
zawgyi
အာဖဂန္ကိစၥ နဲ႔ ပတ္သက္ၿပီး အေမရိကန္ စစ္တပ္အႀကီးအကဲေတြ အထက္လႊတ္ေတာ္မွာ အေမးခံေနရၿပီ
ေမာင္ယႆ ( စက္တင္ဘာ ၂၈ )
အေမရိကန္စစ္ဌာနခ်ဳပ္ (ပင္တာဂြန္ ) အႀကီးအကဲ ကာကြယ္ေရးဝန္ႀကီး လြိဳက္ ၾသစတင္ နဲ႔ ပူးေပါင္းစစ္ဆင္ေရး စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး မာ့ခ္ မီေလးတို႔ကို အာဖဂန္ႏိုင္ငံကေန ကေသာင္းကနင္းနဲ႔ ဆုတ္ခြာခဲ့ရတာနဲ႔ ပတ္သက္ၿပီး ဒီကေန႔ မနက္မွာပဲ အထက္လႊတ္ေတာ္က လူေတြ႕ ေမးျမန္းမႈေတြ လုပ္ေနပါတယ္။
အေမရိကန္ အထက္လႊတ္ေတာ္ စစ္ေရးဝန္ေဆာင္မႈ ေကာ္မတီက လြိဳက္ၾသစတင္ ၊ မာ့ခ္ မီေလး နဲ႔ ဗိုလ္ခ်ဳပ္ႀကီး ကဲနတ္ မက္ကင္ဇီ တို႔ ကို ဒီမနက္ ၉ နာရီ မွာ အထက္လႊတ္ေတာ္ရဲ႕ေကာ္မတီမ်ားခန္းမမွာ ၾကားနာ စစ္ေဆး ေမးျမန္မႈေတြ လုပ္ေနပါတယ္။
ဆီနိတ္တာေတြ က ၿပီးခဲ့တဲ့လတုန္းက ကဘူးေလးဆိပ္မွာ ျဖစ္ပ်က္ခဲ့တဲ့ ကိစၥေတြကို ၾကားနာစစ္ေဆးခဲ့ပါတယ္။
ကမာၻ႔ အေကာင္း ဆုံး စစ္တပ္ေတြထဲမွာ ပါဝင္တဲ့ အေမရိကန္စစ္တပ္က ကဘူးေလဆိပ္မွာ ထိခိုက္ေသေၾက မႈေတြ အၾကမ္းဖက္မႈေတြနဲ႔ကေသာင္းကနင္းျဖစ္မႈ ေတြ ျဖစ္ၿပီး ဆုတ္ခြာခဲ့ရတာနဲ႔ ပတ္သက္ၿပီး ဆီနိတ္တာေတြ ရဲ႕ ျပင္းထန္တဲ့ေမးခြန္းေတြ က သူတို႔ဆီကို တိုက္႐ိုက္ ဝင္လာပါတယ္။
ဗိုလ္ခ်ဳပ္ႀကီးေတြ ေမွ်ာ္လင့္ထားတဲ့ အတိုင္း အာဖဂန္အရပ္သားေတြကို ပါထိခိုက္သြားတဲ့ ဒ႐ုန္း တိုက္ခိုက္မႈနဲ႔ ပတ္သက္တဲ့ ေမးခြန္ေတြလည္း ပါပါတယ္။
အဲ့ဒိတိုက္ခိုက္မႈက အေမရိကန္ စစ္သား ၁၃ ဦး ေသဆုံး သြားတဲ့ အေသခံဗုံးခြဲ တိုက္ခိုက္မႈ ကို လက္စားေခ်တဲ့ သေဘာသက္ေရာက္ေနပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး မက္ကင္ဇီ ကေတာ့ ၿပီးခဲ့တဲ့ သီတင္ပတ္က ဒ႐ုန္းတိုက္ခိုက္မႈေၾကာင့္ေသဆုံး သြားတဲ့ အာဖကန္ အရပ္သားေတြအတြက္ စိတ္မေကာင္းႀကီးစြာ ျဖစ္ရတဲ့အေၾကာင္း သူ႔ရဲ႕ တြစ္တာအေကာင့္ မွာ ေတာင္းပန္ထားပါတယ္။
သမၼတဂ်ိဳးဘိုင္ဒန္ကေတာ့ စစ္ေခါင္းေဆာင္ေတြရဲ႕ အမိန႔္ကို ေျမျပင္မွာ တိတိက်က် မလုပ္ေဆာင္ႏိုင္လို႔ အခုလိုျဖစ္တာဆိုတဲ့ အေျဖကို ဗိုလ္ခ်ဳပ္ႀကီးေတြ ေျဖလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
ဒီမိုကရက္တစ္ သမၼတ ရဲ႕ အတိုက္အခံ ရီပါပလင္ကင္ ဆီနိတ္တာေတြကေတာ့ သမၼတနဲ႔ သူ႔ရဲ႕ အႀကံေပးေတြက ေျမျပင္မွာ အလုပ္လုပ္ေနရတဲ့ ေကာ္မန္ဒါေတြရဲ႕ အႀကံျပဳခ်က္ကို နားမေထာင္းဘူး ဆိုတဲ့ သေဘာသက္ေရာက္ေအာင္ ေမးခြန္းေတြ ထုတ္ၾကမွာပါ။
ရီပါပလင္ကင္ ဆီနိတ္တာတစ္ဦးက ဂ်ိဳးဘိုင္ဒန္ကို “ သူက ကြန္ဂရက္ရဲ႕ အႀကံျပဳခ်က္ကို နားမေထာင္ဘူး ၊ ဘာေတြျဖစ္ႏိုင္တယ္ဆိုတဲ့ က်ေနာ္တို႔ရဲ႕ အသံကို အေရးမယူ တာလည္းပါတယ္။
နိင္ငံေရးလုပ္တယ္ အစိုးရလုပ္တယ္ ဆိုတာ ႐ိုးသားရတယ္ ၊ ဘာျဖစ္လို႔လဲဆိုေတာ့ သမၼတရဲ႕ အမိန႔္တစ္ခု အရာရာကို ဖ်က္ဆီးပစ္ႏိုင္ တယ္။
အေမရိကန္ရဲ႕ မိသားစုေတြကို အၾကမ္းဖက္သမားေတြက ၿခိမ္းေျခာက္ေနတယ္ ၊ အဲ့ဒိၿခိမ္းေျခာက္မႈေတြကို ေပ်ာက္ကြယ္သြား ေအာင္လုပ္ရမွာ အစိုးရရဲ႕ တာဝန္ပဲ” လို႔ ဆိုပါတယ္။
REF: UPI
Photo : UPI
No Comments