အာဖဂန္ အေရွ႕ပိုင္းမွာ အစိုးရတပ္နဲ႔ အေမရိကန္တပ္ေတြ တိုက္ခိုက္ခံေနရ
- By : Phoe Linn
- Category : International-news, Local News

အာဖဂန္ အေရွ႕ပိုင္းမွာ အစိုးရတပ္နဲ႔ အေမရိကန္တပ္ေတြ တိုက္ခိုက္ခံေနရ
မေန႔က အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္း နန္ဂါဟာ ျပည္နယ္မွာ စစ္ဆင္ေရး ဝင္ေနၾကတဲ့ အာဖဂန္ အစိုးရ တပ္ေတြနဲ႔ အေမရိကန္တပ္ ေတြကို ေဒသခံ တာလီဘန္ေတြက ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ခဲ့ၾကတယ္။ အာဖဂန္ႏိုင္ငံ အေမရိကန္စစ္တပ္ ေျပာခြင့္ရ ပုဂၢိဳလ္ ဗိုလ္ မႉးႀကီး ဆိုနီလက္ဂတ္ အေမရိကန္တပ္ေတြ အတိုက္ခံရတယ္လို႔ cnn နဲ႔ အေမရိကန္ စစ္တပ္ဂ်ာနယ္ကို သတင္းထုတ္ျပန္ ေပး လိုက္ ပါ တယ္။ ။
အေသးစိတ္ကိုေတာ့ မၾကာခင္မွာပဲ သိရမယ္လို႔ ဆိုတယ္။ “က်ေနာ္တို႔ အခ်က္အလက္ေတြကို ရႏိုင္သေလာက္ ရေအာင္ စုေဆာင္း ေနပါတယ္” လို႔ဆိုတယ္။ အာဖဂန္မွာ စစ္မႈထမ္းေနတဲ့ အေမရိကန္ စစ္သား ၁၂၀၀၀ ေက်ာ္ ရွိ ပါ တယ္။ ဒီႏွစ္ထဲ အေသအ ေပ်ာက္ နည္းႏိုင္သေလာက္ နည္းေအာင္ လုပ္ဖို႔အတြက္ အစီအစဥ္ လုပ္ ထား ပါ တယ္။ ။
အခုဆိုရင္ အရပ္သား အေသအေပ်ာက္ကို ၂၀ % အထိ ေလ်ာ့ ခ် ထား ႏိုင္ ခဲ့ ပါ ၿပီ။ ၂၀၁၉ မွာ အေမရိကန္ စစ္သား ၂၃ ဦးေသၿပီး ၁၉၂ ေယာက္ ဒဏ္ရာ ရ ခဲ့ ပါ တယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ကြန္ဂရက္မွာ အာဖဂန္က စစ္ဆင္ေရးေတြနဲ႔ ပတ္သက္ၿပီး “အာဖဂန္မွာ လူေတြ ရာေထာင္ခ်ီၿပီး ေသဆုံးေန တာ နဲ႔ပတ္သက္ၿပီး ဒီတိုင္း ၾကည့္မေနပါဘူး။ ေသဆုံးသူအမ်ားစုက အျပစ္မဲ့တဲ့ သူ ေတြ ပါ။ ။
အျခား တိုင္းျပည္ တစ္ျပည္ရဲ႕ အေရးကိစၥေတြက က်ေနာ္တို႔ ကိစၥမဟုတ္ပါဘူး။ ဒါေပမဲ့ ဥပေဒျပဳ ပိုင္းဆိုင္ရာ ကိစၥေတြေၾကာင့္ ေနေနရတာပါ။ က်ေနာ္တို႔မွာ ကမာၻ႔အေကာင္းဆုံး စစ္တပ္ ရွိပါတယ္။ တိုက္ပြဲဝင္ စစ္သားေတြလည္း ရွိပါတယ္။ ။
ႏိုင္ေအာင္လည္း တိုက္တတ္သလို မတိုက္ဘဲလည္း ေနလို႔ရပါတယ္။ က်ေနာ္ တို႔ က အေမရိကန္ရဲ႕ ရန္သူေတြကို တိုက္တဲ့ အရွည္ဆုံး စစ္ပြဲႀကီးကို အဆုံးသတ္ၿပီးတာနဲ႔ တပ္သားေတြကို အိမ္ျပန္ေခၚ ေတာ့မွာပါ” လို႔ ေျပာ သြား ခဲ့ ပါ တယ္။ ။
ေမာင္ယႆ REF: UPI photo ;sayed mustafa
Unicode
အာဖဂန် အရှေ့ပိုင်းမှာ အစိုးရတပ်နဲ့ အမေရိကန်တပ်တွေ တိုက်ခိုက်ခံနေရ
မနေ့က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာ ပြည်နယ်မှာ စစ်ဆင်ရေး ဝင်နေကြတဲ့ အာဖဂန် အစိုးရ တပ်တွေနဲ့ အမေရိကန်တပ် တွေကို ဒေသခံ တာလီဘန်တွေက ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ်။ အာဖဂန်နိုင်ငံ အမေရိကန်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ် မှူးကြီး ဆိုနီလက်ဂတ် အမေရိကန်တပ်တွေ အတိုက်ခံရတယ်လို့ cnn နဲ့ အမေရိကန် စစ်တပ်ဂျာနယ်ကို သတင်းထုတ်ပြန် ပေး လိုက် ပါ တယ်။ ။
အသေးစိတ်ကိုတော့ မကြာခင်မှာပဲ သိရမယ်လို့ ဆိုတယ်။ “ကျနော်တို့ အချက်အလက်တွေကို ရနိုင်သလောက် ရအောင် စုဆောင်း နေပါတယ်” လို့ဆိုတယ်။ အာဖဂန်မှာ စစ်မှုထမ်းနေတဲ့ အမေရိကန် စစ်သား ၁၂၀၀၀ ကျော် ရှိ ပါ တယ်။ ဒီနှစ်ထဲ အသေအ ပျောက် နည်းနိုင်သလောက် နည်းအောင် လုပ်ဖို့အတွက် အစီအစဉ် လုပ် ထား ပါ တယ်။ ။
အခုဆိုရင် အရပ်သား အသေအပျောက်ကို ၂၀ % အထိ လျော့ ချ ထား နိုင် ခဲ့ ပါ ပြီ။ ၂၀၁၉ မှာ အမေရိကန် စစ်သား ၂၃ ဦးသေပြီး ၁၉၂ ယောက် ဒဏ်ရာ ရ ခဲ့ ပါ တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကွန်ဂရက်မှာ အာဖဂန်က စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး “အာဖဂန်မှာ လူတွေ ရာထောင်ချီပြီး သေဆုံးနေ တာ နဲ့ပတ်သက်ပြီး ဒီတိုင်း ကြည့်မနေပါဘူး။ သေဆုံးသူအများစုက အပြစ်မဲ့တဲ့ သူ တွေ ပါ။ ။
အခြား တိုင်းပြည် တစ်ပြည်ရဲ့ အရေးကိစ္စတွေက ကျနော်တို့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေပြု ပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် နေနေရတာပါ။ ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံး စစ်တပ် ရှိပါတယ်။ တိုက်ပွဲဝင် စစ်သားတွေလည်း ရှိပါတယ်။ ။
နိုင်အောင်လည်း တိုက်တတ်သလို မတိုက်ဘဲလည်း နေလို့ရပါတယ်။ ကျနော် တို့ က အမေရိကန်ရဲ့ ရန်သူတွေကို တိုက်တဲ့ အရှည်ဆုံး စစ်ပွဲကြီးကို အဆုံးသတ်ပြီးတာနဲ့ တပ်သားတွေကို အိမ်ပြန်ခေါ် တော့မှာပါ” လို့ ပြော သွား ခဲ့ ပါ တယ်။ ။
မောင်ယဿ REF: UPI photo ;sayed mustafa
No Comments