အာဆီယံ အဆင့်မီ ရိုက်ထားသော ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားထောင်ဆင် ရုပ်သံဇာတ်လမ်းတွဲ ဗိုလ်ချုပ် မွေးနေ့တွင် ပြမည်

Entertainment

ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားထောင်ဆင် ရုပ်သံဇာတ်လမ်းတွဲကို MRTY4 ရုပ်သံဇာတ်လမ်းလိုင်းတွင် ဖေဖော်ဝါရီလ ( ၁၃ ) ရက် ဗိုလ်ချုပ်‌မွေး‌နေ့၌ စတင် ထုတ်လွှင့် သွားမှာဖြစ်ကြောင်း သိရပါတယ် ။

အဆိုပါ ဇာတ်လမ်းတွဲကို အာဆီယံ အဆင့်မီ ရိုက်ကူးထားပြီး အာဆီယံ နိင်ငံများတွင် ပြသနိုင်ရေး ကြိုးစားမည် ဖြစ်ကြောင်း သိရပါတယ် ။

ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားထောင်ဆင် ရုပ်သံ ဇတ်လမ်း သည် စာရေးဆရာမခင်ခင်ထူးရဲ့ အောင်မြင်တဲ့ ဝတ္ထုဖြစ်ပြီး ဇာတ်ညွန်းနဲ့ ဒါရိုက်တာ အဖြစ် ဒါရိုက်တာ ဇော်မြင့်ဦးက ရိုက်ကူးထားပြီး ခ သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ် ရိုက်ကူး ထားပါတယ် ။

ခ သုံးလုး ရုပ်ရှင်ထုတ်လုပ်ရေးဟာ ခန့်စည်သူ ၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ခိုင်သင်းကြည် တို့ ၃ ဦး ထူထောင်ထားတဲ့ ရုပ်ရှင် ထုတ်လုပ်ရေးပါ ။

ဇာတ်လမ်း ရိုက်ကူး ထုတ်လုပ်ရေး နဲ့ ပတ်သက်ပြီး ခ သုံးလုံး ရုပ်ရှင် ထုတ်လုပ်ရေးမှ တာဝန်ရှိသူ သရုပ်ဆောင် ခန့်စည်သူက ‘ကျွန်တော်တို့ ဆရာမကြီးကို လေးစားတဲ့ အနေနဲ့ ဆရာမကြီး တကယ်တာဝန်ကျတဲ့ နေရာမှာ ရိုက်ကူး ထားပါတယ် ။ ဝတ္ထုထဲမှာပါတဲ့ စာသင်ကျောင်း ။ ရေကန်ကြာကန်တွေ ကိုစာထဲမှာ ဝေဝေဆာဆာ ရေးထားသလိုပဲ ကျွန်တော်တို့ ကလည်း သေချာ ရိုက်ကူးထားပါတယ် ။

ဒီ ဇာတ်လမ်းအတွက် ဇာတ်ဝင်သီချင်း ၇ ပုဒ် လောက် သုံးတယ် ။ နောက်ပြီး ကြာပန်းတွေ ပါတဲ့နတ်ရေကန် ဆိုသလို ကြာပန်းနဲ့ ပတ်သက်တဲ့ ကဗျာ တစ်ပုဒ် ပါထားတယ် ။ ဒီဇာတ်ကားက တကယ် ဝေးလံခေါင်သီတဲ့ ဒေသမှာ သွားပြီး အလုပ်လုပ်နေတဲ့ ဆရာမတွေ ဘဝကို ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားကို ပုပ္ပါးတောင်နားက ရွာတွေမှာ ရိုက်ခဲ့တယ် ။

ဇာတ်ကား ရိုက်ရင်းလိုအပ်တဲ့ နေရာဒေသတွေမှာ ရေလှူခဲ့နိုင်တယ် ။ တချို့ နေရာတွေမှာ စာသင်ကျောင်းဆောင်တောင် လှူနိုင်ခဲ့တယ် ။ နောက်ပြီး အလုပ်အကိုင် ရှားပါးနေတဲ့ ဗီဒီယိုလောကက ဇာတ်ပို့နဲ့ စက်သမားတချို့ကိုလည်း အလုပ်အကိုင် ပေးနိုင်ခဲ့တယ် ” လို့ ပြောပါတယ် ။

အဆိုပါ ဇာတ်ကားကို ရိုက်ကူးသော ဒါရိုက်တာ ဇော်မြင့်ဦးက အဆိုပါ ဇာတ်ကားကို တာဝန်ကြီးသုံးချက် နဲ့ တာဝန်ယူပြီး ရိုက်ကူးထားကြောင်း ပြောပါတယ် ။

” ဒီဇာတ်ကားကိုရိုက်တဲ့အချိန်မှာ တာဝန်အရမ်းကြီးတယ် ။ နံပါတ်တစ် အနေနဲ့ စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ မူရင်းအာဘော် အရသာ‌ပေါ်အောင် အတတ်နိုင်ဆုံးဇာတ်ညွှန်းရေးပြီးရိုက်တယ် ။‌နောက်တစ်ချက်က တော်ရုံဇာတ်လမ်းတွဲမျိုး မဟုတ်ဘဲ အာဆီယံအဆင့်မီ ဝင်အောင် ရိုက်ဖို့ forever Groupနဲ့ ပြောထားတာမို့ အတော်လေး တတ်နိုင်သလောက်ကို ကြိုးစားထားတယ် ။နောက်ဆုံး တစ်ချက်ကတော့ ဒီဇာတ်လမ်းတွဲကို ရုပ်ရှင်ကားလို ရိုက်ထားတယ် ။ ဒီကားက ရုပ်ရှင်လောကနဲ့ forever groupရဲ့လက်တွဲမှုပါ”လို့ဒါရိုက်တာ ဇော်မြင့်ဦးကပြောပါတယ် ။

အဆိုပါ ဇာတ်လမ်းတွဲကို တနင်္လာမှ သောကြာနေ့ထိ ည ၇ နာရီ တိုင်းတွင် MRT4 ဇာတ်လမ်းတွဲ ၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ပြီး ဇာတ်လမ်းတွင် သရုပ်ဆောင် ခန့်စည်သူ ။ အောင်ရေချမ်း ။ ထွန်းအိနြာဗိုလ် ။ ခိုင်သင်းကြည် ။ အိအိချွန် နဲ့ အခြားသရုပ်‌ဆောင်ပေါင်းများစွာ ပါဝင်ထားကြောင်းသိရပါတယ် ။

သတင်း/ဓာတ်ပုံ – ဝါးဝါးလေး

ဝါးဝါးလေး

Unicode

No Comments

Leave a Reply

Your email address will not be published.

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …