အာကာသ အိမ္သာအတြက္ ဒီဇိုင္းဖိတ္ေခၚၿပိဳင္ပြဲ ပထမဆု ေဒၚလာ ၂၀၀၀၀

အာကာသ အိမ္သာအတြက္ ဒီဇိုင္းဖိတ္ေခၚၿပိဳင္ပြဲ ပထမဆု ေဒၚလာ ၂၀၀၀၀
International-news

အာကာသ အိမ္သာအတြက္ ဒီဇိုင္းဖိတ္ေခၚၿပိဳင္ပြဲ ပထမဆု ေဒၚလာ ၂၀၀၀၀

နာဆာ အာကာသ သိပၸံအဖြဲ႕က the Lunar Loo Challenge လို႔ ေခၚတဲ့ အာကာသ ယာဥ္ေတြေပၚမွာ အိမ္သာတက္ဖို႔ အတြက္ အေကာင္းဆုံး ဒီဇိုင္း ေရးဆြဲ ၿပိဳင္ပြဲကို က်င္းပ ေပးေနပါတယ္ ။ ပထမဆု အေကာင္းဆုံး ဒီဇိုင္းအတြက္ ဆုေငြ ကန္ေဒၚလာ ၂၀၀၀၀ ျဖစ္ၿပီး ဒုတိယဆု က ၁၀၀၀၀ နဲ႔ တတိယဆုက ကန္ေဒၚလာ ၅၀၀၀ အျဖစ္ သက္မွတ္ ထားပါတယ္ ။

နာဆာက ၂၀၂၄ မွာ အာကာသထဲကို အာကာသ လုပ္သားေတြကို အုပ္စုလိုက္ ပို႔ေတာ့မွာ ျဖစ္တဲ့အတြက္ သူတို႔အတြက္ အိမ္သာ လိုအပ္ေနပါတယ္ ။ လက္ရွိ သုံးေနတဲ့ အိမ္သာစနစ္က လုံး၀ အဆင္မေျပပါဘူး ။ အဝါေရာင္ ေသးေပါက္တဲ့ ခြက္နဲ႔ အိမ္သာအိုးက အလြန္ပဲ ေသးငယ္တဲ့အတြက္ လက္ရွိ အာကာသ ယာဥ္မႉး ေတြ လည္း အိမ္သာသုံးရတာ အဆင္မေျပ ဘူးလို႔ ဆိုေနပါတယ္ ။

ကမာၻေျမ ဆြဲအားရွိတဲ့ ကမာၻေပၚမွာ က အိမ္သာ သုံးရတာက မစင္ေရာ ဆီးပါ ကမာၻေျမက ဆြဲခ်သြားလို႔ ျပႆနာမရွိေပမဲ့ ဆြဲအား မဲ့တဲ့ အာကာသ ထဲမွာ အိမ္သာသုံးဖို႔ အတြက္က ဆြဲအားမဲ့ေဒသ ျဖစ္ေနေတာ့ မစင္နဲ႔ ဆီးကို ဆြဲထုတ္ႏိုင္ဖို႔ အတြက္ နည္းလမ္း ဒီဇိုင္းကို အေကာင္းဆုံး နဲ႔ အလြယ္တကူ အဆင္ေျပဆုံး နည္းလမ္းကို ေတာင္းတာပါ ။ လေပၚမွာက လဆြဲအားက ကမာၻေျမဆြဲအားရဲ႕ ၆ပုံတစ္ပုံရွိေပမဲ့ အာကာသ လဟာျပင္မွာ ဆြဲအားဇီး႐ိုးျဖစ္တဲ့ ေနရာမွာ အိမ္သာတက္ဖို႔ ကိစၥက အခက္အခဲ ျဖစ္ေနပါတယ္ ။

အခု ေရးဆြဲေပးရမယ့္ ဒီဇိုင္းက အာကာသ ခရီးသည္ အမ်ိဳးသား အမ်ိဳးသမီး ၂ဦးလုံး အတြက္ အဆင္ေျပမယ့္ နည္လမ္းကို ဒီဇိုင္း ေရးေပးရမွာပါ ။ ေလာေလာဆယ္ သုံးေနတဲ့ အိမ္သာ ေတြက အမ်ိဳးသားေတြ အတြက္ အနည္းငယ္ အဆင္ေျပေပမဲ့ အမ်ိဳးသမီးေတြ ဆီးသြားဖို႔ လုံး၀ အဆင္မေျပပါဘူး ။ ေနာက္တစ္ခ်က္ စဥ္းစားရမွာက အိမ္သာသုံးေရ ကို ဘယ္လို သိုေလွာင္မွာလဲနဲ႔ ျပန္သုံးလို႔ ရမယ့္ နည္းလမ္းလည္း ပါပါတယ္ ။ ၿပီးေတာ့ အနံ႔ ေပ်ာက္ေအာင္ လုပ္ရမယ့္ နည္းလမ္းလည္း တြက္ခ်က္ ေပးထားရမွာပါ ။

အာကာသလုပ္သားေတြ ေအာ့အန္တဲ့အခါ အိမ္သာထဲကို ေခါင္းထည့္ၿပီး အန္တာ မဟုတ္ဘဲ နဲ႔ အန္ဖတ္ေတြကို ဘယ္လို ဖမ္းယူရမယ္ဆိုတဲ့ အခ်က္လည္းပါပါတယ္ ။ ေနာက္ၿပီးေတာ့ လူနာလူးလို႔ ေခၚတဲ့ အဲ့ဒိ စီမံကိန္းမွာ အိမ္သာသုံးၿပီး တာနဲ႔ အနည္းဆုံး ၅ မိနစ္ အတြင္း ျပန္သုံးလို႔ရေအာင္ အလြယ္တကူ သန႔္ရွင္းေရးလုပ္ၿပီး ျပန္လည္ ထိန္းသိမ္း ႏိုင္ရမွာပါ ။ အသုံးျပဳတဲ့ လွ်ပ္စစ္ပမာဏ ကလည္း ၇၀ ဝပ္ပဲရွိရမွာျဖစ္ၿပီး အိမ္သာသုံး ပန္ကာတစ္ခုစာေလာက္ပဲ ဆူညံသံထြက္ရပါမယ္ ။ အိမ္သာပုံစံသစ္က အခ်ိန္ ၁၀ ေလာက္ပဲ ေလးလံရၿပီး ေရ ၁၂လီတာဆန႔္တဲ့ အေနအထားပဲ ရွိရပါမယ္ ။

ေနာက္ဆုံး အေရးႀကီးတဲ့အခ်က္ကေတာ့ ၾသဂုတ္လ ၁၇ရက္ေန႔ မတိုင္မီ နာဆာအဖြဲ႕ကို အိမ္သာ ဒီဇိုင္း ပို႔ေပးရမွာ ျဖစ္ပါတယ္ ။

ေမာင္ယႆ REF: world of buzz photo; nasa

Unicode

အာကာသ အိမ်သာအတွက် ဒီဇိုင်းဖိတ်ခေါ်ပြိုင်ပွဲ ပထမဆု ဒေါ်လာ ၂၀၀၀၀

နာဆာ အာကာသ သိပ္ပံအဖွဲ့က the Lunar Loo Challenge လို့ ခေါ်တဲ့ အာကာသ ယာဉ်တွေပေါ်မှာ အိမ်သာတက်ဖို့ အတွက် အကောင်းဆုံး ဒီဇိုင်း ရေးဆွဲ ပြိုင်ပွဲကို ကျင်းပ ပေးနေပါတယ် ။ ပထမဆု အကောင်းဆုံး ဒီဇိုင်းအတွက် ဆုငွေ ကန်ဒေါ်လာ ၂၀၀၀၀ ဖြစ်ပြီး ဒုတိယဆု က ၁၀၀၀၀ နဲ့ တတိယဆုက ကန်ဒေါ်လာ ၅၀၀၀ အဖြစ် သက်မှတ် ထားပါတယ် ။

နာဆာက ၂၀၂၄ မှာ အာကာသထဲကို အာကာသ လုပ်သားတွေကို အုပ်စုလိုက် ပို့တော့မှာ ဖြစ်တဲ့အတွက် သူတို့အတွက် အိမ်သာ လိုအပ်နေပါတယ် ။ လက်ရှိ သုံးနေတဲ့ အိမ်သာစနစ်က လုံး၀ အဆင်မပြေပါဘူး ။ အဝါရောင် သေးပေါက်တဲ့ ခွက်နဲ့ အိမ်သာအိုးက အလွန်ပဲ သေးငယ်တဲ့အတွက် လက်ရှိ အာကာသ ယာဉ်မှူး တွေ လည်း အိမ်သာသုံးရတာ အဆင်မပြေ ဘူးလို့ ဆိုနေပါတယ် ။

ကမ္ဘာမြေ ဆွဲအားရှိတဲ့ ကမ္ဘာပေါ်မှာ က အိမ်သာ သုံးရတာက မစင်ရော ဆီးပါ ကမ္ဘာမြေက ဆွဲချသွားလို့ ပြဿနာမရှိပေမဲ့ ဆွဲအား မဲ့တဲ့ အာကာသ ထဲမှာ အိမ်သာသုံးဖို့ အတွက်က ဆွဲအားမဲ့ဒေသ ဖြစ်နေတော့ မစင်နဲ့ ဆီးကို ဆွဲထုတ်နိုင်ဖို့ အတွက် နည်းလမ်း ဒီဇိုင်းကို အကောင်းဆုံး နဲ့ အလွယ်တကူ အဆင်ပြေဆုံး နည်းလမ်းကို တောင်းတာပါ ။ လပေါ်မှာက လဆွဲအားက ကမ္ဘာမြေဆွဲအားရဲ့ ၆ပုံတစ်ပုံရှိပေမဲ့ အာကာသ လဟာပြင်မှာ ဆွဲအားဇီးရိုးဖြစ်တဲ့ နေရာမှာ အိမ်သာတက်ဖို့ ကိစ္စက အခက်အခဲ ဖြစ်နေပါတယ် ။

အခု ရေးဆွဲပေးရမယ့် ဒီဇိုင်းက အာကာသ ခရီးသည် အမျိုးသား အမျိုးသမီး ၂ဦးလုံး အတွက် အဆင်ပြေမယ့် နည်လမ်းကို ဒီဇိုင်း ရေးပေးရမှာပါ ။ လောလောဆယ် သုံးနေတဲ့ အိမ်သာ တွေက အမျိုးသားတွေ အတွက် အနည်းငယ် အဆင်ပြေပေမဲ့ အမျိုးသမီးတွေ ဆီးသွားဖို့ လုံး၀ အဆင်မပြေပါဘူး ။ နောက်တစ်ချက် စဉ်းစားရမှာက အိမ်သာသုံးရေ ကို ဘယ်လို သိုလှောင်မှာလဲနဲ့ ပြန်သုံးလို့ ရမယ့် နည်းလမ်းလည်း ပါပါတယ် ။ ပြီးတော့ အနံ့ ပျောက်အောင် လုပ်ရမယ့် နည်းလမ်းလည်း တွက်ချက် ပေးထားရမှာပါ ။

အာကာသလုပ်သားတွေ အော့အန်တဲ့အခါ အိမ်သာထဲကို ခေါင်းထည့်ပြီး အန်တာ မဟုတ်ဘဲ နဲ့ အန်ဖတ်တွေကို ဘယ်လို ဖမ်းယူရမယ်ဆိုတဲ့ အချက်လည်းပါပါတယ် ။ နောက်ပြီးတော့ လူနာလူးလို့ ခေါ်တဲ့ အဲ့ဒိ စီမံကိန်းမှာ အိမ်သာသုံးပြီး တာနဲ့ အနည်းဆုံး ၅ မိနစ် အတွင်း ပြန်သုံးလို့ရအောင် အလွယ်တကူ သန့်ရှင်းရေးလုပ်ပြီး ပြန်လည် ထိန်းသိမ်း နိုင်ရမှာပါ ။ အသုံးပြုတဲ့ လျှပ်စစ်ပမာဏ ကလည်း ၇၀ ဝပ်ပဲရှိရမှာဖြစ်ပြီး အိမ်သာသုံး ပန်ကာတစ်ခုစာလောက်ပဲ ဆူညံသံထွက်ရပါမယ် ။ အိမ်သာပုံစံသစ်က အချိန် ၁၀ လောက်ပဲ လေးလံရပြီး ရေ ၁၂လီတာဆန့်တဲ့ အနေအထားပဲ ရှိရပါမယ် ။

နောက်ဆုံး အရေးကြီးတဲ့အချက်ကတော့ သြဂုတ်လ ၁၇ရက်နေ့ မတိုင်မီ နာဆာအဖွဲ့ကို အိမ်သာ ဒီဇိုင်း ပို့ပေးရမှာ ဖြစ်ပါတယ် ။

မောင်ယဿ REF: world of buzz photo; nasa

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …