အအိပ္အေနနည္းတဲ့ အမ်ိဳးသမီးမ်ား နလုံးေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ား

အအိပ္အေနနည္းတဲ့ အမ်ိဳးသမီးမ်ား နလုံးေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ား
Life Style

အအိပ္အေနနည္းတဲ့ အမ်ိဳးသမီးမ်ား နလုံးေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ား

ေလ့လာမႈ အသစ္တစ္ခုရဲ႕အဆိုအရ အအိပ္အေန နည္းတဲ့ အမ်ိဳးသမီးေတြက အစားကို ပိုစားျဖစ္တဲ့အတြက္ အဝလြန္တာရယ္ ဆီးခ်ိဳရယ္ နလုံးေရာဂါ ျဖစ္ႏိုင္ေခ် ပိုမ်ားတယ္လို႔ သိရတယ္။

ကိုလံဘီယာ တကၠသိုလ္က သမားေတာ္ ခြဲစိတ္ဆရာဝန္ တစ္ဦးျဖစ္သူ ဘ႐ုတ္ကီး ဘဂါဝယ္က အမ်ိဳးသမီးေတြက မိသားစုအတြက္နဲ႔ ရင္ေသြးငယ္ေတြအတြက္ တာဝန္ ထမ္းေနရတဲ့ အတြက္ေၾကာင့္ လုံေလာက္တဲ့ အိပ္ခ်ိန္ မရဘဲ မီနီပူဆယ္ေဟာ္မုန္းေတြ ထြက္ကာ နလုံးေရာဂါ ျဖစ္ႏိုင္ေခ်နဲ႔ နီးစပ္လာပါတယ္လို႔ ဆိုပါတယ္။

သုေတသန စမ္းသက္ခ်က္ကို သာမန္မိသားစု ၅၀၀ က အသက္ ၂၄ႏွစ္နဲ႔ ၇၅ ႏွစ္ၾကား အိမ္ေထာင္ရွင္ အမ်ိဳးသမီးမ်ားကို ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒိ စမ္းသက္ခ်က္ မလုပ္ခင္ကလည္း အရင္တစ္ခု လုပ္ခဲ့ဖူးပါတယ္။

စမ္းသပ္ခ်က္ ၂ခုလုံးက ရတဲ့ ရလဒ္ေတြအရ အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြက အိပ္ခ်ိန္ မလုံေလာက္တဲ့ အခါမွာ အိပ္ခ်င္ေျပရန္အတြက္ လက္ဖက္သုတ္လို အစာမ်ိဳးစုံပါတဲ့ အစာေတြကို စားေသာက္ၾကရင္းက အဝလြန္ကာ ဆီးခ်ိဳ ျဖစ္ျခင္း နလုံးေရာဂါ ရျခင္းမ်ား ျဖစ္ေပၚတာ ပါလို႔ ဆိုတယ္။

အိပ္ခ်ိန္နည္းတဲ့ အမ်ိဳးသမီးေတြက ကယ္လိုရီေတြ ထည့္သြင္းျခင္း ပိုမ်ား လာပါတယ္။ အစာပိုစားေလ ကိုယ္အေလးခ်ိန္ တက္ေလ ျဖစ္လာပါတယ္။ အဲ့ဒိေနာက္မွာ အအိပ္အေန နည္းတဲ့ေရာဂါ ျဖစ္လာၿပီး မအိပ္ေလ ပိုစားေလ ျဖစ္ကာ ေရာဂါ ဝင္လာေတာ့တာပါပဲ။

အဲ့ဒိေလ့လာမႈကို အေမရိကန္ နလုံးေရာဂါဌာနက ကုန္က်စားရိတ္ စိုက္ထုတ္ခံၿပီး ေလ့လာခဲ့တာပါ။ ညဖက္မွာ အစား ပိုစားပါက အူလမ္းေၾကာင္ဆိုင္ရာမွာ ျပႆနာ ျဖစ္လာတတ္ပါတယ္။အစာေခ်အား နည္းလာတာက အဝလြန္ျခင္းကို ဦးတည္ လာႏိုင္ေစတာပါပဲ။

နလုံးေရာဂါက ျဖစ္လာၿပီဆိုရင္ ကုသရတာ ခက္လို႔ မျဖစ္ေအာင္ ႀကိဳတင္ ဂ႐ုစိုက္တာ ပိုေကာင္းပါတယ္။ အိမ္ေထာင္ရွင္ အမ်ိဳးသမီးမ်ားအေနနဲ႔ အထူး ဂ႐ုစိုက္ဖို႔ လိုတဲ့အခ်က္ တစ္ခ်က္ကို ေလ့လာဆန္းစစ္မႈက ေထာက္ျပတာပါ။

ေမာင္ယႆ REF: UPI
Photo; medscapa

Unicode

အအိပ်အနေနည်းတဲ့ အမျိုးသမီးများ နလုံးရောဂါဖြစ်နိုင်ချေ ပိုများ

လေ့လာမှု အသစ်တစ်ခုရဲ့အဆိုအရ အအိပ်အနေ နည်းတဲ့ အမျိုးသမီးတွေက အစားကို ပိုစားဖြစ်တဲ့အတွက် အဝလွန်တာရယ် ဆီးချိုရယ် နလုံးရောဂါ ဖြစ်နိုင်ချေ ပိုများတယ်လို့ သိရတယ်။

ကိုလံဘီယာ တက္ကသိုလ်က သမားတော် ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်သူ ဘရုတ်ကီး ဘဂါဝယ်က အမျိုးသမီးတွေက မိသားစုအတွက်နဲ့ ရင်သွေးငယ်တွေအတွက် တာဝန် ထမ်းနေရတဲ့ အတွက်ကြောင့် လုံလောက်တဲ့ အိပ်ချိန် မရဘဲ မီနီပူဆယ်ဟော်မုန်းတွေ ထွက်ကာ နလုံးရောဂါ ဖြစ်နိုင်ချေနဲ့ နီးစပ်လာပါတယ်လို့ ဆိုပါတယ်။

သုတေသန စမ်းသက်ချက်ကို သာမန်မိသားစု ၅၀၀ က အသက် ၂၄နှစ်နဲ့ ၇၅ နှစ်ကြား အိမ်ထောင်ရှင် အမျိုးသမီးများကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒိ စမ်းသက်ချက် မလုပ်ခင်ကလည်း အရင်တစ်ခု လုပ်ခဲ့ဖူးပါတယ်။

စမ်းသပ်ချက် ၂ခုလုံးက ရတဲ့ ရလဒ်တွေအရ အိမ်ထောင်ရှင် အမျိုးသမီးတွေက အိပ်ချိန် မလုံလောက်တဲ့ အခါမှာ အိပ်ချင်ပြေရန်အတွက် လက်ဖက်သုတ်လို အစာမျိုးစုံပါတဲ့ အစာတွေကို စားသောက်ကြရင်းက အဝလွန်ကာ ဆီးချို ဖြစ်ခြင်း နလုံးရောဂါ ရခြင်းများ ဖြစ်ပေါ်တာ ပါလို့ ဆိုတယ်။

အိပ်ချိန်နည်းတဲ့ အမျိုးသမီးတွေက ကယ်လိုရီတွေ ထည့်သွင်းခြင်း ပိုများ လာပါတယ်။ အစာပိုစားလေ ကိုယ်အလေးချိန် တက်လေ ဖြစ်လာပါတယ်။ အဲ့ဒိနောက်မှာ အအိပ်အနေ နည်းတဲ့ရောဂါ ဖြစ်လာပြီး မအိပ်လေ ပိုစားလေ ဖြစ်ကာ ရောဂါ ဝင်လာတော့တာပါပဲ။

အဲ့ဒိလေ့လာမှုကို အမေရိကန် နလုံးရောဂါဌာနက ကုန်ကျစားရိတ် စိုက်ထုတ်ခံပြီး လေ့လာခဲ့တာပါ။ ညဖက်မှာ အစား ပိုစားပါက အူလမ်းကြောင်ဆိုင်ရာမှာ ပြဿနာ ဖြစ်လာတတ်ပါတယ်။အစာချေအား နည်းလာတာက အဝလွန်ခြင်းကို ဦးတည် လာနိုင်စေတာပါပဲ။

နလုံးရောဂါက ဖြစ်လာပြီဆိုရင် ကုသရတာ ခက်လို့ မဖြစ်အောင် ကြိုတင် ဂရုစိုက်တာ ပိုကောင်းပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးများအနေနဲ့ အထူး ဂရုစိုက်ဖို့ လိုတဲ့အချက် တစ်ချက်ကို လေ့လာဆန်းစစ်မှုက ထောက်ပြတာပါ။

မောင်ယဿ REF: UPI
Photo; medscapa

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …