အသေခံဗုံးခွဲတိုက်ခိုက်နေတဲ့ကြားက ကဘူးလေဆိပ် မှာကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်မယ်လို့ ဆို
- By : Kaung Khant
- Category : International-news

အသေခံဗုံးခွဲတိုက်ခိုက်နေတဲ့ကြားက ကဘူးလေဆိပ် မှာကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်မယ်လို့ ဆို
မောင်ယဿ ( သြဂုတ် ၂၇ )
ပြီးခဲ့တဲ့ တစ်ရက်က ကဘူလေဆိပ်မှာ အသေခံဗုံး ခွဲတိုက်ခိုက်မှု ၂ကြိမ်ကြုံရပြီး လူ ဒါဇင်နဲ့ ချီပြီး သေဆုံးမှုတွေ ရှိနေပေမဲ့ အာဖဂန်နိုင်ငံသားတွေကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင် နေဦးမယ် လို့ အမေရိကန် စစ်တပ်က ဆိုလိုက်ပါတယ်။
အစ္စလာမ် အကြမ်းဖက်သမားတွေကြီးစိုးတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ခိုရာဆန် ပြည်နယ်က အသေခံဗုံးခွဲသမား ၂ယောက်က ကဘူး လေဆိပ်အဝင်ဝနဲ့ အနီးနားက ဟိုတယ်တစ်ခုကို ကြာသပတေးနေ့ က တိုက်ခိုက် ခဲ့ပါတယ်။
အဲ့ဒိတိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သား၁၃ ဦး သေဆုံးခဲ့ပါတယ်လို့ အမေရိကန်စစ်တပ်က ကြေညာခဲ့ပါတယ်။ ကဘူးလေဆိပ်မှာတော့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေရော သူတို့ရဲ့ အကူ အာဖဂန်သားတွေ ပါ ပြည့် နှပ်နေပါတယ်။
ကဘူးက အမေရိကန်နဲ့ ညွှန်ပေါင်း တပ်ဖွဲ့တွေကတော့ အကြမ်းဖက်သမားတွေ ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ လာဦးမယ်လို့ မျှော်လင့်ထားပါတယ်။
အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်ကတော့ လာမယ့် အဂါၤနေ့ အမီ အမေရိကန် နိုင်ငံသားတွေကို အပြီး ကယ်တင်ဖို့ အတွက် အမိန့် ထုတ်ထားပါတယ်။
လူအသေအပျောက်များခဲ့တဲ့ ရှက်စရာကောင်းတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ကို လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန်တွေရဲ့ ပြိုင်ဖက်အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ IS- K အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။အာဖဂန်နိုင်ငံသား ၉၀ကျော် သေဆုံးခဲ့ပါတယ်။
ဒါကြောင့် အမေရိကန် စစ်တပ် က IS-K အပါအဝင် အခြား သော အကြမ်းဖက်သမား အဖွဲ့တွေ ရဲ့တိုက်ခိုက်မှုတွေ ကြုံလာနိုင်စရာအကြောင်း ရှိလို့ ကြိုတင် ပြင်ဆင်မှု တွေ ကို အများကြီးလုပ်နေပါတယ်။
“ ကျနော်တို့ ကို တိုက်ခိုက်တဲ့သူတွေကို ဘယ်လိုနည်းနဲ့ မှ ခွင့်မလွှတ်နိုင် ပါဘူး ။
ဒါပေမဲ့ သူတို့က အသေခံဗုံးခွဲတော့ အပြစ်ပေး စရာ လူမရှိဘူး ဖြစ်နေတယ်။ သူတို့လုပ်တဲ့ကိစ္စကိုလည်းမမေ့ပါဘူး။ အဲ့ဒိအတွက် ပြန်ပေးဆပ်ရမှာပါ” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
“ သူတို့ဖာသာ ဘယ်လို တိုက်ခိုက်မှုတွေ နဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အိမ်အပြန်လမ်းကိုနှောက်ယှက်ပါစေ ။ကျနော်တို့ ကတော့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေ ကို အပြီးလုပ်သွားမှာပါ” လို့ ဆိုလိုက်ပါတယ်။
REF: UPI,photo:Credit UPI
Zawgyi

မောင်ယဿ ( သြဂုတ် ၂၇ )
အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်ကတော့ လာမယ့် အဂါင်္နေ့ အမီ အမေရိကန် နိုင်ငံသားတွေကို အပြီး ကယ်တင်ဖို့ အတွက် အမိန့် ထုတ်ထားပါတယ်။
REF: UPI
photo: UPI
No Comments