အသားအေရ ေျခာက္ေသြ႕မူွကို ကာကြယ္ရန္

အသားအေရ ေျခာက္ေသြ႕မူွကို ကာကြယ္ရန္
Health

အသားအေရ ေျခာက္ေသြ႕မူွကို ကာကြယ္ရန္

သင့္ရဲ႕ မ်က္ႏွာျပင္ အသားအရည္ဟာ ေျခာက္ေသြ႕ေနၿပီး စိုေျပမူွ ကင္းမဲ့ေနခဲ့မယ္ ဆိုရင္ သင့္ရဲ႕လွပမူွကို ေမွးမွိန္ သြားေစမွာ ျဖစ္တယ္ဆိုတာ သင္သိပါရဲ႕လား ။ အသားအေရ ေျခာက္ေသြ႕ေနတာေၾကာင့္ မ်က္ႏွာျပင္ ေပၚကို မိတ္ကပ္လိမ္းတဲ့ အခါ အလြန္ၾကည့္ရဆိုးပါလိမ့္မယ္ ။ ဒါ့အျပင္ ယားယံတာ ေနထိုင္ မေကာင္းတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္ ။ မ်က္ႏွာ သန႔္စင္မူွကို ဂ႐ုတစ္စိုက္ လုပ္မယ္ဆိုရင္ အသားေျခာက္ျခင္းမျဖစ္ေအာင္ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္ ။

အားျပင္းဆပ္ျပာေရွာင္’

ေၾကးခြၽတ္အားျပင္းတဲ့ ဆပ္ျပာေတြကိုမသုံးပါနဲ႔ မ်က္ႏွာသန႔္စင္တဲ့ အခါမွာ ေၾကးခြၽတ္အားျပင္းတဲ့ ဆပ္ျပာေတြကို သုံးမိခဲ့ရင္ မ်က္ႏွာျပင္မွာရွိတဲ့ သဘာဝ အဆီေတြကို ဖယ္ရွားပစ္ ႏိုင္တာမို႔ မ်က္ႏွာအေရျပားကို ေျခာက္ေသြ႕ကာ ေရာင္ရမ္းေစမွာ ျဖစ္ပါတယ္ ။

ဆပ္ျပာ မပါဝင္တဲ့ မ်က္ႏွာသန႔္စင္ ပစၥည္းေတြက ဆပ္ျပာလိုမ်ိဳး အာနိသင္ေတြ ရွိတယ္ ဆိုေပမဲ့ ပါဝင္မူွ နည္းတာေၾကာင့္ မ်က္ႏွာမွာရွိတဲ့အဆီေတြကိုဖယ္ရွားႏိုင္စြမ္းနည္းပါးပါတယ္ ။

မ်က္ႏွာသစ္ဆပ္ျပာေ႐ြးခ်ယ္မူွ

ေၾကးခြၽတ္ အာနိသင္မ်ားၿပီး အနံေတြ ဓာတုပစၥည္းေတြနဲ႔ အယ္လ္ကိုေဟာပါဝင္တဲ့ မ်က္ႏွာသစ္ဆပ္ျပာေတြကို အသုံးမျပဳသင့္ပါ ၊ ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာေတြကလည္း အသားအေရကို ေျခာက္ေသြ႕ေစပါတယ္ ။

လက္ေဆးျခင္း’

မ်က္ႏွာကိုမသန႔္စင္မီ အရင္ဆုံး သင့္လက္မ်ားကိုေရေႏြးနဲ႔ေဆးေၾကာသန႔္စင္ဖို႔ လိုပါတယ္။သင့္လက္ေတြနဲ႔ မ်က္ႏွာျပင္ကိုပြတ္သပ္ရမွာမဟုတ္လား ။

မ်က္ႏွာသုတ္ပဝါႏုႏု

မ်က္ႏွာသစ္ၿပီးတဲ့ အခါ မ်က္ႏွာသုတ္ပဝါ ၾကမ္းၾကမ္းနဲ႔ ပြတ္တိုက္တာဟာ အေရျပားကိုေျခာက္ေသြ႕ေစတဲ့ အေၾကာင္းတစ္ခုပါ။မ်က္ႏွာသုတ္ပဝါႏုႏုနဲ႔သာမ်က္ႏွာျပင္ကိုပြတ္သုတ္ေပးပါ။ မ်က္ႏွာမွာရွိတဲ့ေရေတြအကုန္ေျပာင္စင္သြားရန္မလိုပါ ။

ပြတ္တိုက္သန႔္စင္မူွကိုေရွာင္ပါ

သင္က အသားအေရ ေျခာက္ေသြ႕သူျဖစ္မယ္ဆိုရင္ အေရျပားကိုပြတ္တိုက္ၿပီး ေၾကးခြၽတ္ရတဲ့ပစၥည္းမ်ိဳးေတြမသုံးသင့္ ပါ။ ပြတ္တိုက္ၿပီးေၾကးခြၽတ္တာေတြက သင့္အေရျပားကို ေျခာက္ေသြ႕ေစၿပီး ယားယံမူွကိုျဖစ္ေစပါတယ္။ ေျခာက္ေသြ႕တဲ့အသားအေရပိုင္ဆိုင္သူဟာ ေရျမဴွပ္ အဝတ္စ စတာေတြနဲ႔ ပြတ္တိုက္ရင္ယားယံမူွျဖစ္ေစပါတယ္။ သင့္လက္ေတြနဲ႔သာပြတ္တိုက္မူွျပဳပါ ။

အစိုဓာတ္

အစိုဓာတ္ထိန္းခရင္မ္ေတြကို နည္းလမ္းမွန္မွန္နဲ႔လိမ္းေပးဖို႔ေတာ့လိုအပ္ပါတယ္။ အိပ္ယာမဝင္ခင္နဲ႔မနက္ပိုင္း ေရသန႔္စင္ၿပီးတဲ့အခါ အစိုဓာတ္ထိန္းခရင္ေတြကိုသုံးမိနစ္ေလာက္အခ်ိန္ေပးၿပီးလိမ္းပါ။ တစ္ခါလိမ္းထား႐ုံနဲ႔ေတာ့မလုံေလာက္ပါ ႏွစ္ခါျပန္၍လိမ္းေပးပါ ။

စမ္းသပ္ပါ

အေမႊးႏုံ႔ျပင္းျပင္း ထည့္သြင္းထားတဲ့ ခရင္မ္ေတြကိုမသုံးစြဲသင့္ပါ။ ရက္တီေနာပါဝင္တဲ့ အစိုဓာတ္ထိန္းခရင္မ္ေတြဟာ ထိခိုက္လြယ္တဲ့အသားအေရနဲ႔အသားအေရေျခာက္ေသြ႕သူေတြကို ယားယံျခင္းျဖစ္ေစပါတယ္။သင့္လက္ဖ်ံေပၚမွာဦးစြာစမ္းသပ္ပါ။မိမိနဲ႔ဓာတ္တည့္မွ ဝယ္ယူသုံးစြဲပါ။ အသားေျခာက္ျခင္းမွသင့္ကိုကင္းေဝေစပါလိမ့္မယ္။

စႏၵီျမင့္မိုရ္#

Unicode

အသားအရေ ခြောက်သွေ့မူှကို ကာကွယ်ရန်

သင့်ရဲ့ မျက်နှာပြင် အသားအရည်ဟာ ခြောက်သွေ့နေပြီး စိုပြေမူှ ကင်းမဲ့နေခဲ့မယ် ဆိုရင် သင့်ရဲ့လှပမူှကို မှေးမှိန် သွားစေမှာ ဖြစ်တယ်ဆိုတာ သင်သိပါရဲ့လား ။ အသားအရေ ခြောက်သွေ့နေတာကြောင့် မျက်နှာပြင် ပေါ်ကို မိတ်ကပ်လိမ်းတဲ့ အခါ အလွန်ကြည့်ရဆိုးပါလိမ့်မယ် ။ ဒါ့အပြင် ယားယံတာ နေထိုင် မကောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ် ။ မျက်နှာ သန့်စင်မူှကို ဂရုတစ်စိုက် လုပ်မယ်ဆိုရင် အသားခြောက်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။

အားပြင်းဆပ်ပြာရှောင်’

ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေကိုမသုံးပါနဲ့ မျက်နှာသန့်စင်တဲ့ အခါမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေကို သုံးမိခဲ့ရင် မျက်နှာပြင်မှာရှိတဲ့ သဘာဝ အဆီတွေကို ဖယ်ရှားပစ် နိုင်တာမို့ မျက်နှာအရေပြားကို ခြောက်သွေ့ကာ ရောင်ရမ်းစေမှာ ဖြစ်ပါတယ် ။

ဆပ်ပြာ မပါဝင်တဲ့ မျက်နှာသန့်စင် ပစ္စည်းတွေက ဆပ်ပြာလိုမျိုး အာနိသင်တွေ ရှိတယ် ဆိုပေမဲ့ ပါဝင်မူှ နည်းတာကြောင့် မျက်နှာမှာရှိတဲ့အဆီတွေကိုဖယ်ရှားနိုင်စွမ်းနည်းပါးပါတယ် ။

မျက်နှာသစ်ဆပ်ပြာရွေးချယ်မူှ

ကြေးချွတ် အာနိသင်များပြီး အနံတွေ ဓာတုပစ္စည်းတွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေကို အသုံးမပြုသင့်ပါ ၊ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေကလည်း အသားအရေကို ခြောက်သွေ့စေပါတယ် ။

လက်ဆေးခြင်း’

မျက်နှာကိုမသန့်စင်မီ အရင်ဆုံး သင့်လက်များကိုရေနွေးနဲ့ဆေးကြောသန့်စင်ဖို့ လိုပါတယ်။သင့်လက်တွေနဲ့ မျက်နှာပြင်ကိုပွတ်သပ်ရမှာမဟုတ်လား ။

မျက်နှာသုတ်ပဝါနုနု

မျက်နှာသစ်ပြီးတဲ့ အခါ မျက်နှာသုတ်ပဝါ ကြမ်းကြမ်းနဲ့ ပွတ်တိုက်တာဟာ အရေပြားကိုခြောက်သွေ့စေတဲ့ အကြောင်းတစ်ခုပါ။မျက်နှာသုတ်ပဝါနုနုနဲ့သာမျက်နှာပြင်ကိုပွတ်သုတ်ပေးပါ။ မျက်နှာမှာရှိတဲ့ရေတွေအကုန်ပြောင်စင်သွားရန်မလိုပါ ။

ပွတ်တိုက်သန့်စင်မူှကိုရှောင်ပါ

သင်က အသားအရေ ခြောက်သွေ့သူဖြစ်မယ်ဆိုရင် အရေပြားကိုပွတ်တိုက်ပြီး ကြေးချွတ်ရတဲ့ပစ္စည်းမျိုးတွေမသုံးသင့် ပါ။ ပွတ်တိုက်ပြီးကြေးချွတ်တာတွေက သင့်အရေပြားကို ခြောက်သွေ့စေပြီး ယားယံမူှကိုဖြစ်စေပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ဆိုင်သူဟာ ရေမြူှပ် အဝတ်စ စတာတွေနဲ့ ပွတ်တိုက်ရင်ယားယံမူှဖြစ်စေပါတယ်။ သင့်လက်တွေနဲ့သာပွတ်တိုက်မူှပြုပါ ။

အစိုဓာတ်

အစိုဓာတ်ထိန်းခရင်မ်တွေကို နည်းလမ်းမှန်မှန်နဲ့လိမ်းပေးဖို့တော့လိုအပ်ပါတယ်။ အိပ်ယာမဝင်ခင်နဲ့မနက်ပိုင်း ရေသန့်စင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်တွေကိုသုံးမိနစ်လောက်အချိန်ပေးပြီးလိမ်းပါ။ တစ်ခါလိမ်းထားရုံနဲ့တော့မလုံလောက်ပါ နှစ်ခါပြန်၍လိမ်းပေးပါ ။

စမ်းသပ်ပါ

အမွှေးနုံ့ပြင်းပြင်း ထည့်သွင်းထားတဲ့ ခရင်မ်တွေကိုမသုံးစွဲသင့်ပါ။ ရက်တီနောပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တွေဟာ ထိခိုက်လွယ်တဲ့အသားအရေနဲ့အသားအရေခြောက်သွေ့သူတွေကို ယားယံခြင်းဖြစ်စေပါတယ်။သင့်လက်ဖျံပေါ်မှာဦးစွာစမ်းသပ်ပါ။မိမိနဲ့ဓာတ်တည့်မှ ဝယ်ယူသုံးစွဲပါ။ အသားခြောက်ခြင်းမှသင့်ကိုကင်းဝေစေပါလိမ့်မယ်။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …