” အသားသတ်လွတ် စားနေသူများ ကျန်းမာရေးလည်း ညီညွတ်စေ အာဟာရလည်း ပြည့်ဝစေရန် ဘာတွေ စားမလဲ ”
Health
” အသားသတ်လွတ် စားနေသူများ ကျန်းမာရေးလည်း ညီညွတ်စေ အာဟာရလည်း ပြည့်ဝစေရန် ဘာတွေ စားမလဲ ”
မိတ်ဆွေတို့အနေနဲ့ အသားငါးတွေကို အဓိဌာန်ပြုပြီး လှူဒါန်းလိုက်တာဖြစ်စေ မစားသုံးချင်တော့တာမျိုးပဲဖြစ်စေ အသားသတ်လွတ် စားသုံးခြင်းကို ပြုလုပ်တော့မယ် ဆိုပါက မိမိတို့ကိုယ် မိမိတို့ ကျန်းမာရေးနဲ့လည်း ကိုက်ညီ အာဟာရလည်း မယုတ်လျှော့ရလေအောင်တော့ အထူးသတိပြုဖို့ လိုပါတယ်။
ဒါဆို သင်တို့အနေနဲ့ အသားသတ်လွတ် စားသုံးခြင်းမှာ ဘယ်လို အစားအစာတွေနဲ့ အာဟာရ ကျန်းမာရေးကို ရမလည်း ဆိုတာကို သိရှိဖို့ဖြင့် လိုအပ်လာပြီပေါ့… အဓိကအားဖြင့် ပြောရမယ်ဆိုရင် သင်ဟာ အသားကို ရှောင်ထားတဲ့ အတွက် ပရိုတင်းဓာတ် ပြန်လည် ဖြည့်စွက်ဖို့တော့ လိုအပ်ပြီဆိုတာ သိထားပါ။
ပရိုတင်းဓာတ် ရဖို့ဆိုရင် ဘာတွေကို ဖြည့်သွင်းစာရင်းမှာ ထည့်မှာလည်း….
၁ – တို့ဟူး
၂ – အစိမ်းရောင် ပန်းဂေါ်ဖီ
၃ – ပဲအမျိုးမျိုး
၄ – ဆန်လုံးညို
၅ – ဘရိုကိုလီ
၆ – နို့နှင့် နို့ထွက် အစားအစာ။ စတဲ့ အစားအစာတွေကတော့ အသားနဲ့ ကြက်ဥတို့ကနေ ပေးနိုင်တဲ့ ပရိုတင်းဓာတ် မရတော့မဲ့ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်စွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်သင့်ကို အသားသတ်လွတ်စားတဲ့ အချိန်မှာ လိုအပ်နေတဲ့ အာဟာရဖြည့်ပေး နိုင်မဲ့ အရာတွေကတော့….
_ ဗီတာမင် ၁၂
_ အိုမီဂါ ၃ ဖက်တီးအက်စစ်
_ အဆီကြွယ်ဝတဲ့အစားအစာ
_ ဗီတာမင် ဒီ စီ နဲ့ သံဓာတ်
_ ကယ်လ်ဆီယမ်နဲ့ သွပ်ဓာတ် စတာတွေပဲဖြစ်ပါတယ်။
ကယ်လ်ဆီယမ်နဲ့ သွပ်ဓာတ် ရရှိဖို့ကတော့… ပဲနို့၊ အုတ်စပါးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပြီး သွပ်ဓာတ်ကိုတော့ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်အမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် ဒီ ၊ စီနဲ့ သံဓာတ်တွေကိုတော့… ဗီတာမင် ဒီကို လိမ္မော် ရည်၊ မုှိ၊ ပဲနို့နဲ့ ဟင်းနုနွယ်တို့ကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်စီနဲ့ သံဓာတ်ကိုတော့…. ငှက်ပျောသီး၊ ဟင်းနုနွယ်၊ အချဉ်အရသာရှိတဲ့ သစ်သီးများ စတာတွေကနေ ရရှိနိုင်ပါတယ်။
သားသတ်လွတ် စားသုံးသူတွေအတွက် သံဓာတ်ဟာ ပုံမှန်ထက် နှစ်ဆရရှိဖို့ လိုအပ်ပါတယ်။ အဆီပေါကြွယ်ဝတဲ့ အစားအစာတွေကတော့….. အစေ့အဆန်နဲ့ သစ်သီးတွေမှာ မပြည့်ဝဆီတွေ များစွာ ပါဝင်ပါတယ်။ သံလွင်ဆီ၊ နေကြာဆီ နေကြာစေ့ ၊သစ်ကြားသီး ၊ ထောပတ်သီး ၊ဗာဒံစေ့ စတာတွေပဲ ဖြစ်ပါတယ်။
ဗီတာမင်ဘီ12 က သင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ သူကတော့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းတွေကို ကောင်းမွန်စေတာမို့ ဖြစ်ပါတယ်။ သွေးနဲ့ DNA ထုတ်လုပ်မှုကိုလည်း အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။
ပဲနို့၊ ကွေကာနဲ့ တစေးလို အစားအစာမျိုးမှာ ပါဝင်ပါတယ်။ ဗီတာမင် ၁၂ ဟာ သားသတ်လွတ်အစားအစာတွေမှာ ပါဝင်မှု နည်းပါးတာကြောင့် မဖြစ်မနေ ဗီတာမင် ၁၂ ပါဝင်တဲ့ ဆေးဝါးကို မှီဝဲပေးသင့်တယ်လို့ ဆေးပညာအရ ဆိုထားပါတယ်။
အိုမီဂါသရီး ဖက်တီးအက်စစ်တွေကိုတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက် သစ်ကြားသီး ၊ဂုံလျှော်စေ့လို အစားအစာမျိုးတွေမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ သင်သားသတ်လွတ် စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရချို့တဲ့မှုလည်း မရှိရလေအောင် ဖော်ပြပါ အစားအစာများနဲ့ ဗီတာမင်များကို ပါဝင်အောင် စားသုံးပေးပါ။
သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန် တိုးတက်စေဖို့ အဟာရပြည့်မဲ့ အစားအစာတွေ စားကြစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
#စန္ဒီမြင့်မိုရ်
Zawgyi
၁ – တို့ဟူး
၃ – ပဲအမျိုးမျိုး
၎ – ဆန်လုံးညို
၅ – ဘရိုကိုလီ
_ ဗီတာမင် ၁၂
_ အဆီကြွယ်ဝတဲ့အစားအစာ
#စန္ဒီမြင့်မိုရ်, photo: greenwaymyanmar
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …