
Knowledge











Photo; Aljazeera

Unicode

အသန့်လွန်လို့ အလွန်သန့်လည်း အန္တရာယ်ရှိနိုင်တာပဲ

ပိုးသန့်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာက ပိုးမသန့်ဘဲ ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေနိုင်တယ်လို့ ဘေဂျင်းရောဂါပိုးထိန်းချုပ်မှု အာဏါပိုင်အဖွဲ့ က အကြီးတန်းအရာရှိတစ်ဦးကဆိုတယ်။

ကူးစက်ရောဂါပိုးကို ကာကွယ်ဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးကြီးပါတယ်။ ကူးစက်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ လက်ကိုမကြာခဏဆေးခြင်း လက်သန့်ဆေးတွေကို သုံးတာက အလွန်ကောင်းတဲ့အကာအကွယ်ပါပဲ။

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သုံးတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ထိတွေ့ နေတဲ့ အရာတွေကို ပါ ပိုးသန့်ဆေးတွေ သုံးတာကောင်းပေမဲ့ အလွန်အကျွံ သုံးစွဲလာရင်တော့ အဲ့ဒါက အန္တရာယ်ကိုဖိတ်ခေါ် နေသလိုပါပဲလို့ ဆိုတယ်။

ချိုင်းနားဒေလီး နေ့စဉ်သတင်းစာမှာ တရုတ် အကြီးတန်း ကျန်းမာရေးမှူး တစ်ဦးက အရာရာတိုင်းကို ပိုးသန့် အောင်လုပ်စရာ မလိုပါဘူးလို့ ဆိုပါတယ်။ ဘေဂျင်းရောဂါပိုးထိန်းချုပ်မှုဌာနက ဒုအုပ်ချုပ်ရေးမှူး လျူရှောက်ဖန်က ကားတာယာတွေ စင်္ကလြမ်းက လေ ရှုးဖိနပ် ပါဆယ်ထုတ်တွေ နဲ့ ပြင်ပလေနဲ့တိုက်ရိုက်ထိတွေ့ အရာတွေကို ပိုးသန်းဆေးတွေသုံး တာက အကျိုးရှိတယ်လို့ ဘာသိပ္ပံ သုတေသန တစ်ခုကမှ မထောက်ခံထားပါဘူးလို့ ဆိုတယ်။

ပိုးသန့်ဆေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အလွန်အကျွံသုံးလာရင်တော့ အသားအရေ ဆိုင်ရာပျက်စီးမှုတွေ ရှိလာတတ်တယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်လာမယ်။ ခန္တာကိုယ်တွင်း ဟိုမုန်း မငြိမ်သက်မှုတွေ ဖြစ်တတ်ပါတယ်။ ပိုးသန့်ဆေးဆိုတာ ကူးစက်ရောဂါ ဖြစ်ပွားမှု များတဲ့ နေရာတွေ အန္တရာယ်ပေးနိုင်တဲ့ အဏုဇီဝကောင်တွေ အများအပြားရှိတဲ့နေရာတွေ အဏုဇီဝရောဂါပိုး မြင့်တဲ့နေရာတွေမှာ သုံးတာပါ။

သင့် ပတ်ဝန်းကျင်မှာ ကိုဗစ်-၁၉ ကိုရောဂါပိုး ဖြစ်နေပြီလို့ သိတဲ့အခါမှသာ ပိုးသန့်ဆေးကိုသုံးသင့်ပါတယ်။ အလွန်သန့်ချင်လို့ အသန့်လွန်အောင် လုပ်မယ်ဆိုရင် အဲ့ဒိပိုးသန့်ဆေးကြောင့်ကိုယ့်ကိုယ်ကို ထိခိုက်လာနိုင်ပါတယ်။

သူက သဘာ၀ လေထုထဲမှာရှိတဲ့ အဏုဇီဝကောင်တွေက အများအားဖြင့် အန္တရာယ်မရှိပါဘူး။ လူတစ်ဦးကနေ တခြားတစ်ဦးဆီကိုလည်း မကူးစပ်ပါဘူး။ သဘာဝအတိုင်းရှိနေမယ်ဆိုရင် ရောပိုးတွေကို တိုက်ရိုက်ထိတွေ့ တတ်တဲ့လူတွေပဲ ကူးစပ်ခံရတာပါ။ အဲ့ဒါကလည်း ရောဂါပိုးပမာဏနဲ့ ထိတွေ့မှု ကြာချိန်နဲ့ အများကြီးသက်ဆိုင်ပါတယ်လို့ ဆိုတယ်။

ပုံမှန် အိမ်မှာ နေတဲ့လူတွေက လက်ကို စင်ကြယ်အောင် ဆေးတာတွေ အိမ်သာသုံးပြီးသန့်စင်အောင် လုပ်တာကလွဲ ပြီး အပိုထပ်သန့်အောင်လုပ်စရာမလိုပါဘူး။ ပိုးသတ်ဖို့အတွက် အိမ်မှာ ခရမ်းလွန်ရောင်ခြည်သုံးတာက ပိုပြီးတော့တောင် မသင့်တော်ပါဘူး။

ဒါကြောင့် သင့်တင့် မျှတမှု သာ လျှင် ကောင်း ပါ တယ် လို့ သူကဆိုလိုက်ပါတယ်။

မောင်ယဿ REF: world of buzz
Photo; Aljazeera

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …