
အသင္းႀကီးကိုေ႐ြးမယ္ဆိုရင္ စိတ္ခ်လက္ခ်ၾကည့္ရမယ့္ ငါးပြဲ ခန႔္မွန္းခ်က္
ဒီတစ္ပတ္ စေန တနဂၤေႏြရဲ႕ ပရီမီးယားလိဂ္ ၿပိဳင္ပြဲ ပြဲစဥ္ (၂၈) မွာ ၂ပြဲက ရက္ေ႐ြ႕ သြားလို႔ အားလုံး ၈ပြဲပဲၾကည့္ရမွာပါ။ အက္စတန္ ဗီလာနဲ႔ရွက္ဖီး ၊ မန္စီတီးနဲ႔ အာဆင္နယ္ပြဲေတြ ကိုရက္ေ႐ြ႕ ထားပါတယ္။ လက္က်န္၈ပြဲမွာ ကိုယ္က အေပၚစီးကပဲ ၾကည့္ခ်င္တယ္ ဆိုရင္ေတာ့ ခန႔္မွန္းထားတဲ့ငါးပြဲကိုပဲ အားေပးလိုက္ေပါ့။
ေနာ့ဝခ်္နဲ႔ လက္စတာ (ဝ-၂)။
ၿပီးခဲ့တဲ့အပတ္က မန္စီတီးကို ၁-၀ နဲ႔ ရႈံးခဲ့တဲ့ လက္စတာက အေပၚ၄သင္းေနရာကေန မဆင္းရေအာင္ ထိန္းရေတာ့မွာပါ။ ေနာ့ဝခ်္ကေတာ့ ဒီႏွစ္မွာ ေအာက္တန္းကို ျပန္ဆင္းရဖို႔အတြက္ ေသခ်ာသေလာက္ျဖစ္သြားပါၿပီ။ လက္စတာရဲ႕ ဂိုးေပါက္ေပ်ာက္ေနတဲ့ တိုက္စစ္မႉး ဘာဒီရဲ႕သြင္းဂိုေတြကို ျပန္ေတြ႕ ရဖြယ္ရွိေနပါတယ္။ အိမ္ကြင္းအားသာခ်က္ကို ေနာ့ဝခ်္ အသုံးခ်ႏိုင္မွာ မဟုတ္ပါဘူး။ လက္စတာအႏိုင္ပါ။ ဂိုးမ်ားႏိုင္ပါတယ္။
ဘုန္းေမာက္နဲ႔ခ်ယ္လ္ဆီး (၂-၂)
ဒီတစ္ပတ္မွာ စိတ္ဝင္စားစရာ ေကာင္းတဲ့ပြဲကို ေျပာပါဆိုရင္ ဒီအတြဲပါပဲ။ တိုက္စစ္မႉး မရွိတဲ့ စပါးအသင္းကို ၁-၀ နဲ႔ အႏိုင္ယူခဲ့တဲ့ခ်ယ္လ္ဆီးအသင္းက ဘန္းေလကြင္းမွာ ၃-ဝဂိုးနဲ႔ ရႈံးခဲ့တဲ့ ဘုန္ေမာက္တို႔ ေတြ႕ဆုံတာက စိတ္ဝင္စားစရာေကာင္းပါတယ္။ ေလာက္ေလာက္ လားလား တိုက္စစ္အား မထုတ္ႏိုင္တဲ့ ခ်ယ္လ္ဆီးက ကစားကြက္တူတဲ့ ဘုန္းေမာက္ကို ဂိုးသြင္းႏိုင္ဖို႔ အခြင့္အလမ္း အားနည္းပါတယ္။ ေနာက္ျပန္ေပးတဲ့ ကစားကြက္ကို ႀကိဳက္ၾကတဲ့ အသင္း၂သင္းေတြ႕ လို႔ သေရလို႔ပဲ ခန႔္မွန္းရမွာပါ။
ဝက္စ္ဟမ္းနဲ႔ေဆာက္သမ္တန္ (၁-ဝ)
ၿပီးခဲ့တဲ့လီဗာပူးနဲ႔ပြဲတုန္းက ေျခမ်ိဳးသာ ျပန္ေတြ႕ရင္ ေဆာက္သမ္တန္ ဝက္စ္ဟမ္းအိမ္ကြင္းမွာ အႏိုင္ ၃ မွတ္ရွာလို႔ရမွာ မဟုတ္ပါဘူး။ ဝက္စ္ဟမ္းက တန္းဆင္းဇုံကေန ႐ုန္းေနပါၿပီ။ တိုက္စစ္တြဲလုံးေတြကို အိမ္ကြင္းမွာ ဧည့္ခံ ေတာ့မွာပါ။ ေဆာက္သမ္းတန္က ဗီလာကို ၂-၀ နဲ႔ ႏိုင္ခဲ့တာက သိပ္ေကာင္းခဲ့လိုပမဟုတ္တ္ပါဘူး။ အိမ္ရွင္ကိုပဲ အားေပး လိုက္ၾကရ ေအာင္။
ဝက္ဖို႔ဒ္ နဲ႔ လီဗာပူး (ဝ-၂)
တနဂၤေႏြေန႔မွာ ကစားမယ့္ပြဲပါ။ တန္းဆင္းဇုံကေန ႐ုန္းကန္ဖို႔အားထည့္ ကစားမယ့္ ဝက္ဖို႔ဒ္နဲ႔ ရႈံးပြဲမရွိစံခ်ိန္တင္မယ့္ လီဗာပူးတို႔ ေတြ႕ဆုံတဲ့အခါ အိမ္ရွင္အသင္း အေနနဲ႔ ကံေကာင္းႏိုင္စရာ လုံးဝမရွိပါဘူး။ လီဗာပူးက အႏိုင္ကစားၿပီး သူ႔ေနရာကို သူထိန္းထားမွာပါ။ ဂိုးမမ်ားေလာက္ပါဘူး။
အဲဗာတန္ နဲ႔မန္ယူ (၂-၂)
ဒီအပတ္အတြက္ ပြဲႀကီး ပြဲေကာင္းလို႔ ေျပာရမယ့္အတြဲပါ။ အာႀကီးအိမ္ကြင္းမွာ ၿပီးခဲ့တဲ့အပတ္က ၃-၂ နဲ႔ ရႈံးခဲ့တဲ့ အဲဗာတန္က ေျခစြမ္း မညံ့ပါဘူး။ သူတို႔က ပုံမွန္ေျခစြမ္း အတိုင္း ပဲကစားေနတာပါ။ မန္ယူကေတာ့ အတက္အက် မၿငိမ္ေပမဲ့ ဒီႏွစ္ထဲမွာ ပုံမွန္ျပန္ျဖစ္လာၿပီလို႔ ေျပာရမွာပါ။ အႏိုင္ပြဲေတြျပန္ရွာေတြ႕ လာတဲ့မန္ယူနဲ႔ အိမ္ကြင္းကစားပုံမာတဲ့ အဲဗာတန္တို႔ေတြ႕ဆုံမႈမွာ သေရရလဒ္ကို မွန္းရမွာပါ။ ဂိုးမ်ားဖို႔ရာရွိပါတယ္။
ေမာင္ယႆ REF: football predition . com
Photo; youtube
Unicode
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက်
ဒီတစ်ပတ် စနေ တနင်္ဂနွေရဲ့ ပရီမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ် (၂၈) မှာ ၂ပွဲက ရက်ရွေ့ သွားလို့ အားလုံး ၈ပွဲပဲကြည့်ရမှာပါ။ အက်စတန် ဗီလာနဲ့ရှက်ဖီး ၊ မန်စီတီးနဲ့ အာဆင်နယ်ပွဲတွေ ကိုရက်ရွေ့ ထားပါတယ်။ လက်ကျန်၈ပွဲမှာ ကိုယ်က အပေါ်စီးကပဲ ကြည့်ချင်တယ် ဆိုရင်တော့ ခန့်မှန်းထားတဲ့ငါးပွဲကိုပဲ အားပေးလိုက်ပေါ့။
နော့ဝချ်နဲ့ လက်စတာ (ဝ-၂)။
ပြီးခဲ့တဲ့အပတ်က မန်စီတီးကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ လက်စတာက အပေါ်၄သင်းနေရာကနေ မဆင်းရအောင် ထိန်းရတော့မှာပါ။ နော့ဝချ်ကတော့ ဒီနှစ်မှာ အောက်တန်းကို ပြန်ဆင်းရဖို့အတွက် သေချာသလောက်ဖြစ်သွားပါပြီ။ လက်စတာရဲ့ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူး ဘာဒီရဲ့သွင်းဂိုတွေကို ပြန်တွေ့ ရဖွယ်ရှိနေပါတယ်။ အိမ်ကွင်းအားသာချက်ကို နော့ဝချ် အသုံးချနိုင်မှာ မဟုတ်ပါဘူး။ လက်စတာအနိုင်ပါ။ ဂိုးများနိုင်ပါတယ်။
ဘုန်းမောက်နဲ့ချယ်လ်ဆီး (၂-၂)
ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ပွဲကို ပြောပါဆိုရင် ဒီအတွဲပါပဲ။ တိုက်စစ်မှူး မရှိတဲ့ စပါးအသင်းကို ၁-၀ နဲ့ အနိုင်ယူခဲ့တဲ့ချယ်လ်ဆီးအသင်းက ဘန်းလေကွင်းမှာ ၃-ဝဂိုးနဲ့ ရှုံးခဲ့တဲ့ ဘုန်မောက်တို့ တွေ့ဆုံတာက စိတ်ဝင်စားစရာကောင်းပါတယ်။ လောက်လောက် လားလား တိုက်စစ်အား မထုတ်နိုင်တဲ့ ချယ်လ်ဆီးက ကစားကွက်တူတဲ့ ဘုန်းမောက်ကို ဂိုးသွင်းနိုင်ဖို့ အခွင့်အလမ်း အားနည်းပါတယ်။ နောက်ပြန်ပေးတဲ့ ကစားကွက်ကို ကြိုက်ကြတဲ့ အသင်း၂သင်းတွေ့ လို့ သရေလို့ပဲ ခန့်မှန်းရမှာပါ။
ဝက်စ်ဟမ်းနဲ့ဆောက်သမ်တန် (၁-ဝ)
ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲတုန်းက ခြေမျိုးသာ ပြန်တွေ့ရင် ဆောက်သမ်တန် ဝက်စ်ဟမ်းအိမ်ကွင်းမှာ အနိုင် ၃ မှတ်ရှာလို့ရမှာ မဟုတ်ပါဘူး။ ဝက်စ်ဟမ်းက တန်းဆင်းဇုံကနေ ရုန်းနေပါပြီ။ တိုက်စစ်တွဲလုံးတွေကို အိမ်ကွင်းမှာ ဧည့်ခံ တော့မှာပါ။ ဆောက်သမ်းတန်က ဗီလာကို ၂-၀ နဲ့ နိုင်ခဲ့တာက သိပ်ကောင်းခဲ့လိုပမဟုတ်တ်ပါဘူး။ အိမ်ရှင်ကိုပဲ အားပေး လိုက်ကြရ အောင်။
ဝက်ဖို့ဒ် နဲ့ လီဗာပူး (ဝ-၂)
တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲပါ။ တန်းဆင်းဇုံကနေ ရုန်းကန်ဖို့အားထည့် ကစားမယ့် ဝက်ဖို့ဒ်နဲ့ ရှုံးပွဲမရှိစံချိန်တင်မယ့် လီဗာပူးတို့ တွေ့ဆုံတဲ့အခါ အိမ်ရှင်အသင်း အနေနဲ့ ကံကောင်းနိုင်စရာ လုံးဝမရှိပါဘူး။ လီဗာပူးက အနိုင်ကစားပြီး သူ့နေရာကို သူထိန်းထားမှာပါ။ ဂိုးမများလောက်ပါဘူး။
အဲဗာတန် နဲ့မန်ယူ (၂-၂)
ဒီအပတ်အတွက် ပွဲကြီး ပွဲကောင်းလို့ ပြောရမယ့်အတွဲပါ။ အာကြီးအိမ်ကွင်းမှာ ပြီးခဲ့တဲ့အပတ်က ၃-၂ နဲ့ ရှုံးခဲ့တဲ့ အဲဗာတန်က ခြေစွမ်း မညံ့ပါဘူး။ သူတို့က ပုံမှန်ခြေစွမ်း အတိုင်း ပဲကစားနေတာပါ။ မန်ယူကတော့ အတက်အကျ မငြိမ်ပေမဲ့ ဒီနှစ်ထဲမှာ ပုံမှန်ပြန်ဖြစ်လာပြီလို့ ပြောရမှာပါ။ အနိုင်ပွဲတွေပြန်ရှာတွေ့ လာတဲ့မန်ယူနဲ့ အိမ်ကွင်းကစားပုံမာတဲ့ အဲဗာတန်တို့တွေ့ဆုံမှုမှာ သရေရလဒ်ကို မှန်းရမှာပါ။ ဂိုးများဖို့ရာရှိပါတယ်။
မောင်ယဿ REF: football predition . com
Photo; youtube
No Comments