
Knowledge






















ဖြူဖြူလေး

Unicode

အသင့်သောက် ကော်ဖီအစား ကော်ဖီမှုန့်စစ်စစ်တွေကို သောက်တာက လူကိုပိုပြီး အကျိုးဖြစ်စေ

ချစ်တို့ရေ အခုတလော အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ အသင့်သောက် ကော်ဖီတွေ အကြောင်းကတော့ လူတိုင်းပါးစပ်ဖျားမှာ ပြောမဆုံး ဖြစ်နေကြတာ သိမှာပါနော်။ ကော်ဖီကြိုက်သူတွေ ကော်ဖီသောက်ဖို့ ကြောက်နေကြပြီလား ။

အသင့်သောက် ကော်ဖီအစား ကော်ဖီမှုန့် စစ်စစ်တွေကို သောက်တာက လူကိုပိုပြီး အကျိုးဖြစ်စေပါတယ်။ ကော်ဖီမှုန့် စစ်စစ်တွေက လူတွေ အတွက် ဘယ်လို အကျိုးပြု လဲဆိုတာ ချစ်တို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ကော်ဖီသောက်မယ်ဆိုရင် အသင့်သောက် ကော်ဖီအစား ကော်ဖီအစစ်မှုန့်ကို သောက်ပေးမယ်ဆိုရင် ပိုကောင်းတဲ့ ရလဒ်တွေရမှာပါ။

ဘာကြောင့်လဲဆိုတော့ ကော်ဖီအစစ်တွေမှာ ကော်ဖီရဲ့အာနိသင်ဖြစ်တဲ့ polyphenolsလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ပမာဏ ပိုမိုပါဝင်တာကြောင့် ဖြစ်ပါတယ်။

နောက်ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်က အာရုံကို လန်းဆန်းစေပါတယ်။ ကော်ဖီသောက်တဲ့ နေရာမှာ ကော်ဖီတစ်ခွက်ရဲ့ ပမာဏဟာ ၈အောင်စ (ဝ.၂လီတာ)သာဖြစ်သင့်တယ်။

လေ့လာမှုအသစ်အရ ကော်ဖီကို တစ်နေ့ ၈ခွက် သောက်နိုင်ပါတယ်။ ဒီလေ့လာမှုကို ဗြိတိသျှ သုတေသနပညာရှင်တွေက ဗြိတိန်လူမျိုး ၉.၂သန်းကို လေ့လာမှု လုပ်ပြီး ကောက်ယူခဲ့တာပါ။

ဒီလေ့လာမှုမှာ ကော်ဖီကို တစ်နေ့ ၈ခွက်သောက် မယ်ဆိုရင် ရောဂါဖြစ်နိုင်ချေကို လျော့ပေးပါတယ်။ ဒါကြောင့် ကော်ဖီသောက်တာ ကျန်းမာရေးအတွက် ကောင်းစေတယ်။ ဒါပေမဲ့ ကိုယ်သောက်တဲ့ခွက်က ခွက်ကြီးမဖြစ်ဖို့ လိုအပ်ပါတယ်။

ကော်ဖီခွက် အရွယ်အစားကြီးရင် ကော်ဖီသောက်လွန်တာ ဖြစ်တက်ပါတယ်။ နောက်ထပ်သတိထားစေချင်တာက ကော်ဖီသောက်တဲ့အခါ ထည့်ဖျော်မဲ့ နို့ဆီ၊ သကြား ပမာဏပါ။

ကော်ဖီများများသောက်တာ ကောင်းကျိုးရှိတာ မှန်ပေမဲ့ နို့၊ သကြား၊ ခရင်နဲ့ ချောကလတ်တို့ကို လိုတာထက် ပိုပြီး မထည့်သင့်ပါဘူး။ မလိုအပ်ပဲ ကယ်လိုရီ တက်နိုင်လို့ပါ။ ကယ်လိုရီများခြင်းက ရောဂါ တိုးစေပါတယ်။

ဒါကြောင့် ကော်ဖီနဲ့ တွဲစပ် ဖျော်မဲ့ ခရင်နဲ့ နို့ သကြားကို အထူး ဂရုစိုက်သင့်ပါတယ်။ ကော်ဖီကို အချိုဓါတ် ရဖို့အတွက်ဆိုရင် ပျားရည် သကြား သဘာဝ အချိုရည်တို့နဲ့ တွဲဖတ် သောက်သုံးနိုင်သလို အနံ့ ပိုကောင်းချင်ရင်တော့ သစ်ကြံပိုး၊ ဖာလာ၊ Vanilla၊ ကိုကိုးမှုန့် အချိုမပါသော နွားနို့တို့နဲ့ ရောစပ် သောက်နိုင်ပါတယ်။

ကော်ဖီ သောက်သုံးချင်ပေမဲ့ ရောဂါနဲ့ မတည်လို့ မသောက်ရ သူတွေလည်း ကော်ဖီသောက်ချင်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်သင့်ပါတယ်။ ကော်ဖီသောက်ခြင်းဟာ ကျန်းမာစေတဲ့ စားသောက်ပုံ တစ်မျိုးဖြစ်တော့ ကော်ဖီကြိုက်သူအတွက် ပိုပြီး ဝမ်းသာစရာပါ။

နောက်ထပ်ကော်ဖီနဲ့ ပတ်သတ်ပြီး သိစေချင်တာက ကော်ဖီက သောက်သုံးဖို့တင် မကပဲ တခြားတစ်ဖတ်မှာလဲ အကျိုးရှိစွာ သုံးနိုင်ပါတယ်။

အခုခေတ်မှာ က မိန်းကလေး ယောက်ျားလေးအားလုံး ခန္ဓာကိုယ်အရည်ပြား လှပဖို့ အတွက် ကော်လဂျင်ကို အထောက်အကူပြုတဲ့ ဗီတာမင်အေဓာတ်တွေ ပါဝင်တဲ့ လိုရှင်း မိတ်ကပ် အလှကုန်အမျိုးမျိုးကို သုံးလာကြပြီလေ။

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်အပြင် ဗီတာမင် အေဓာတ်ဟာ ခန္ဓာကိုယ် အရည်ပြား အတွင်းထဲက ကော်လဂျင် ထုတ်လုပ်မှု ပိုမြန်စေတယ်။

အဲ့ဒီကော်လဂျင်က ဆဲလ်အသေတွေကို ပြန်ရှင်ဖို့ အထောက်အကူ ပြုတာကြောင့် အခုတလော မြန်မာအနုပညာရှင်တစ်ချို့ သဘာဝ ကော်ဖီမှုန့်တွေနဲ့ အိမ်တွင်းသဘာဝ ပေါင်းတင်နည်းတွေကို သုံးလာကြတာ တွေ့ရပါတယ်။

နုပျိုတင်းရင်းဖို့အတွက် ကော်လဂျင်လိမ်းဆေး သောက်ဆေး ထိုးဆေးတွေအစား ရိုးရှင်းတဲ့ ကော်ဖီမှုန့်နဲ့ ဘယ်လို ပေါင်းတင်မလဲဆိုတာ စမ်းကြည့်ရအောင်နော်။

အရင်ဆုံး ကော်ဖီမှုန့်နဲ့ ပေါင်းတင်တာပဲဖြစ်ဖြစ် Scrubလုပ်မယ် ဆိုရင်ပဲဖြစ်ဖြစ် ကော်ဖီမှုန့်အနည်းငယ်နဲ့ ပျားရည်စစ်စစ် လိုအပ်ပါတယ်။

ကော်ဖီနဲ့ ပျားရည်ကို သမအောင် ရောစပ်ပြီး ကိုယ်လိမ်းချင်တဲ့ မျက်နှာ ဒါမှမဟုတ် ခန္ဓာကိုယ် ကို စက်ဝိုင်းပုံစံ နဲ့ အရေပြား အတွင်းထဲထိ စိမ့်နေအောင် တဖြည်းဖြည်း လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာလည်း နှိပ်နှယ်သလို လိမ်းပေးရပါမယ်။

ခန္ဓာကိုယ်ရဲ့ မဲညစ်ညစ် နေရာတွေကိုလည်း လိမ်းနိုင်ပါတယ်။ ကော်ဖီထဲက ကဖိန်ဓါတ်က အတွင်းပိုင်း ဆဲလ်တွေရဲ့လည်ပတ်မှုကို လှုံဆော်မှု ဖြစ်စေပါတယ်။ မိနှစ်အနည်း ကြာပြီးတာနဲ့ ရေနဲ့ ဆေးကြော သန့်စင်လိုက်ရင် ပြောင်းလဲသွားတဲ့ သင်အရေပြားကို မြင်တွေ့ရပါမယ်။

ဒီနည်းကို တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ် သုံးလို့ရပါတယ်၊ အခုဆို ကော်ဖီချစ်တဲ့ ချစ်တို့ ကော်ဖီမှုန့်စစ်စစ်ကို သောက်ပြီး ကျန်းမာလှပ နုပျို နိုင်ပါပြီနော်။

ဖြူဖြူလေး

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …