အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ
- By : Phoe Linn
- Category : beauty-tip
- Tags: ့health & beauty

”အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ”
ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အတွက်က အလှပြုပြင်ရာမှာ အထူးသတိပြုနေစရာ မလိုအပ်သော်လည်း အသက် ငါးဆယ်ကျော် အရွယ်ကို ရောက်လာပြီ ဆိုရင်တော့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေ ရှိလာပါပြီ။ အသက်အရွယ် ငါးဆယ်ကျော် လာပြီဆိုရင် မျက်တွင်းချိုင့်ခြင်း ပါးပြင်အရေပြားများ တင်းရင်မှု မရှိတော့ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
မျက်တွင်းချိုင့်ခြင်း မဖြစ်ရအောင် အဆင့်တစ်အနေနဲ့ ဟိုင်ရာလူရိုနစ်အက်စစ်၊ ရက်တီနောအက်စစ် နျူရိုပက်တိုက် ပါဝင်တဲ့ လိုးရှင်းတွေဟာ ဆိုရင် ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် မျက်ဝန်းတစ်ဝှိုက်ကို လိမ်းပေးပြီး မျက်တွင်းမချိုင့်အောင် ကာကွယ်နိုင်ပါတယ်။
အဆင့်နှစ်ကတော့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ် အသုံးပြုပါ။ ကွန်ဆယ်လာ အိုင်းရှဲဒိုးတွေကို အသုံးပြုပြီးတော့လည်း ဖုံးကွယ်နိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ဖြစ်ပြီး ရောင်ရမ်းမှုကို လျှော့နည်းစေတဲ့ ဗီတာမင်အီး ပါဝင်သော အစိုဓာတ်ထိန်း ခရင်မ်ကိုလည်း လိမ်းသင့်ပါတယ်။
အဆင့်သုံးကတော့ မျက်ခွံမို့အစ်တာ မျက်ဝန်းအောက်မှာ မို့ဖောင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်နိုင်တဲ့အပြင် မျက်ခွံ မို့အစ်တာကြောင့် မျက်ဝန်းအောက်မှာ အရိပ်ထင်တာ မဖြစ်အောင်လည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
ပါးပြင် အရေပြားများ တွဲကျခြင်း မဖြစ်အောင် သတိပြုရမဲ့အချက် အဆင့်တစ် ဂလိုင်ကိုးလစ် ဒါမှမဟုတ် လက်တစ်အက်စစ် ပါဝင်တဲ့ ကြေးချွတ်ခရင်မ်ကို အသုံးပြုပြီး မျက်နှာနဲ့ လည်ပင်းကို သန့်စင်ပေးပါ။ အဲ့ဒီ့လို ကြေးချွတ် ပေးခြင်းအားဖြင့် ကိုလာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အရေပြားတင်းရင်းမှုကို ဖြစ်စေပါတယ်။
အဆင့်နှစ်ကတော့ ရက်တီနောနဲ့ ပက်တိုက်ပါဝင်တဲ့ ဆီအကြည်ကို လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါက အသားအရေ တင်းရင်းစေတဲ့ ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို ပိုမိုကောင်းမွန် စေတာကြောင့် အရေပြားကို တွဲကျမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
အဆင့်သုံးကတော့ ကိုအင်ဇိုင်းကျူ-၁၀။ ဗီတာမင်စီ အယ်လ်ဖာလိုက်ပိုးရစ်အက်စစ် စတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပါ ကိုလာဂျင် ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေတဲ့ ဓာတ်တိုး ပစ္စည်းတွေကို တိုက်ထုတ်ပေးပြီး အရေပြားကို တင်းရင်းစေပါတယ်။
အဆင့်လေးကတော့ နေရောင်ကာ ခရင်မ်ကို လိမ်းပေးပါ။ နေရောင်ကာ ခရင်မ်ဟာ အသားအရေကို မပျက်စီးအောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အမျိုးသမီးများ အသက်ငါးဆယ် ကျော်လာတဲ့အခါ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေကို ဖတ်ပြီးပြီဆိုရင် လိုက်နာ ကျင့်သုံးကြည့်ဖို့ မမေ့နဲ့နော်….။
# စန္ဒီမြင့်မိုရ်
Zawgyi
”အသက္အ႐ြယ္နဲ႔ လုိက္ဖက္တဲ႕ အလွျပဳျပင္ရာမွာ သတိျပဳရမဲ့ အခ်က္မ်ား”
ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလးမ်ား အတြက္က အလွျပဳျပင္ရာမွာ အထူးသတိျပဳေနစရာ မလိုအပ္ေသာ္လည္း အသက္ ငါးဆယ္ေက်ာ္ အ႐ြယ္ကို ေရာက္လာၿပီ ဆိုရင္ေတာ့ အလွျပဳျပင္ရာမွာ သတိျပဳရမဲ့ အခ်က္ေတြ ရွိလာပါၿပီ။ အသက္အ႐ြယ္ ငါးဆယ္ေက်ာ္ လာၿပီဆိုရင္ မ်က္တြင္းခ်ိဳင့္ျခင္း ပါးျပင္အေရျပားမ်ား တင္းရင္မႈ မရွိေတာ့ျခင္း စတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။
မ်က္တြင္းခ်ိဳင့္ျခင္း မျဖစ္ရေအာင္ အဆင့္တစ္အေနနဲ႔ ဟိုင္ရာလူ႐ိုနစ္အက္စစ္၊ ရက္တီေနာအက္စစ္ န်ဴ႐ိုပက္တိုက္ ပါဝင္တဲ့ လိုးရွင္းေတြဟာ ဆိုရင္ ကိုလာဂ်င္နဲ႔ အီလက္စတင္ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးတာေၾကာင့္ မ်က္ဝန္းတစ္ဝႈိက္ကို လိမ္းေပးၿပီး မ်က္တြင္းမခ်ိဳင့္ေအာင္ ကာကြယ္ႏိုင္ပါတယ္။
အဆင့္ႏွစ္ကေတာ့ အေရျပားကို အားျဖည့္ေပးႏိုင္တဲ့ မိတ္ကပ္ အမ်ိဳးအစားကို ေ႐ြးခ်ယ္ အသုံးျပဳပါ။ ကြန္ဆယ္လာ အိုင္းရွဲဒိုးေတြကို အသုံးျပဳၿပီးေတာ့လည္း ဖုံးကြယ္ႏိုင္ပါတယ္။ အင္တီေအာက္ဆီးဒင့္ျဖစ္ၿပီး ေရာင္ရမ္းမႈကို ေလွ်ာ့နည္းေစတဲ့ ဗီတာမင္အီး ပါဝင္ေသာ အစိုဓာတ္ထိန္း ခရင္မ္ကိုလည္း လိမ္းသင့္ပါတယ္။
အဆင့္သုံးကေတာ့ မ်က္ခြံမို႔အစ္တာ မ်က္ဝန္းေအာက္မွာ မို႔ေဖာင္းတာမ်ိဳးေတြ မျဖစ္ေအာင္ ကာကြယ္ႏိုင္တဲ့အျပင္ မ်က္ခြံ မို႔အစ္တာေၾကာင့္ မ်က္ဝန္းေအာက္မွာ အရိပ္ထင္တာ မျဖစ္ေအာင္လည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။
ပါးျပင္ အေရျပားမ်ား တြဲက်ျခင္း မျဖစ္ေအာင္ သတိျပဳရမဲ့အခ်က္ အဆင့္တစ္ ဂလိုင္ကိုးလစ္ ဒါမွမဟုတ္ လက္တစ္အက္စစ္ ပါဝင္တဲ့ ေၾကးခြၽတ္ခရင္မ္ကို အသုံးျပဳၿပီး မ်က္ႏွာနဲ႔ လည္ပင္းကို သန႔္စင္ေပးပါ။ အဲ့ဒီ့လို ေၾကးခြၽတ္ ေပးျခင္းအားျဖင့္ ကိုလာဂ်င္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးၿပီး အေရျပားတင္းရင္းမႈကို ျဖစ္ေစပါတယ္။
အဆင့္ႏွစ္ကေတာ့ ရက္တီေနာနဲ႔ ပက္တိုက္ပါဝင္တဲ့ ဆီအၾကည္ကို လိမ္းၿပီး ညင္သာစြာ ႏွိပ္နယ္ေပးပါက အသားအေရ တင္းရင္းေစတဲ့ ကိုလာဂ်င္နဲ႔ အီလက္စတင္ ထုတ္လုပ္မႈကို ပိုမိုေကာင္းမြန္ ေစတာေၾကာင့္ အေရျပားကို တြဲက်မႈ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။
အဆင့္သုံးကေတာ့ ကိုအင္ဇိုင္းက်ဴ-၁၀။ ဗီတာမင္စီ အယ္လ္ဖာလိုက္ပိုးရစ္အက္စစ္ စတဲ့ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္တဲ့ အစိုဓာတ္ထိန္း ခရင္မ္ကို လိမ္းပါ ကိုလာဂ်င္ ထုတ္လုပ္မႈကို အဟန႔္အတား ျဖစ္ေစတဲ့ ဓာတ္တိုး ပစၥည္းေတြကို တိုက္ထုတ္ေပးၿပီး အေရျပားကို တင္းရင္းေစပါတယ္။
အဆင့္ေလးကေတာ့ ေနေရာင္ကာ ခရင္မ္ကို လိမ္းေပးပါ။ ေနေရာင္ကာ ခရင္မ္ဟာ အသားအေရကို မပ်က္စီးေအာင္ ကာကြယ္ေပးမွာ ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ား အသက္ငါးဆယ္ ေက်ာ္လာတဲ့အခါ အလွျပဳျပင္ရာမွာ သတိျပဳရမဲ့ အခ်က္ေတြကို ဖတ္ၿပီးၿပီဆိုရင္ လိုက္နာ က်င့္သုံးၾကည့္ဖို႔ မေမ့နဲ႔ေနာ္….။
# စႏၵီျမင့္မိုရ္
No Comments