အသက်မပြည့်တဲ့ ကိုယ်ဝန်ဆောင်သည် တစ်နှစ်ကို ၂၀၀၀ လောက် ရှိနေလို့ စာသင်ကျောင်းတွေမှာ လိင်ပညာပေး အစီအစဉ်ကို သင်ကြားသင့်တယ်လို့ ဆို

စာသင်ကျောင်းတွေမှာ လိင်ပညာပေး အစီအစဉ်ကို သင်ကြားသင့်တယ်လို့ ဆို
International-news

အသက်မပြည့်တဲ့ ကိုယ်ဝန်ဆောင်သည် တစ်နှစ်ကို ၂၀၀၀ လောက် ရှိနေလို့ စာသင်ကျောင်းတွေမှာ လိင်ပညာပေး အစီအစဉ်ကို သင်ကြားသင့်တယ်လို့ ဆို

မလေးရှား နိုင်ငံက လူငယ်အုပ်စုတစ်စု ဦးဆောင်တဲ့ နိုအီယို စီမံကိန်းက ကောက်ယူတဲ့ အချက်အလက် တွေအရ သူတို့က အစိုးရ စာသင်ကျောင်းတွေမှာ လိင်ပညာရေး သင်ခန်းစာတွေကို ဇီဝဗေဒ သင်ရိုး ထဲကို ထည့်ပြီး သင် သင့်တယ်လို့ အကြံပြု ထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ လိင်ကိစ္စက အများပြည်သူနဲ့ မိသားစု ကြားမှာ အရှက်ရစရာ ကိစ္စ ဖြစ်တဲ့အတွက် အများပြည်သူ ရှေ့မှာနဲ့ ကလေးသူငယ်တွေ ကြားမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ ရတဲ့ ကိစ္စ မဟုတ် ပါဘူး။

စာသင်ကျောင်းတွေမှာ လိင်ပညာပေး အစီအစဉ်ကို သင်ကြားသင့်တယ်လို့ ဆို1

ဒါပေမဲ့ ဒီကနေ့ ခေတ်မှာ လိင်ကိစ္စ ဆိုင်ရာ ပြဿနာတွေ အများအပြား ပေါ်ပေါက် နေတဲ့အတွက် မဖြစ်မနေ လူငယ်တွေကို သိကျွမ်းနားလည်အောင် လုပ်ပေးဖို့ လိုနေပါပြီ။ လိင်ပညာပေး က တိုင်းပြည် တည်ဆောက်ရေး ကိစ္စမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါနေပါတယ်။

ဒါကြောင့် လိင်နဲ့ပတ်သက်တဲ့ သင်ခန်းစာ တွေကို ကျောင်း သင်ခန်းစာထဲကို ထည့်သွင်း ပြဋ္ဌါန်းဖို့ အများပြည်သူ သဘောပေါက်ဖို့ လိုတဲ့အကြောင်း အဲ့ဒိ အဖွဲ့က ဆိုပါတယ်။ လိင်ပညာပေး သင်ခန်းစာတွေကို ကျောင်း သင်ခန်းစာမှာ ထည့်သင့် မထည့်သင့်နဲ့ ပတ်သက်ပြီး မလေးရှား ကီဘန်ဆန် တက္ကသိုလ်က ကောက်ယူထားတဲ့ အချက်အလက်တွေက အောက်ပါအတိုင်း ဖော်ပြခဲ့ပါ တယ်။

လိင်ပညာရေး သင်ခန်းစာတွေကို ကျောင်း သင်ခန်းစာတွေမှာ ထည့်တာကို မကြိုက်တာ ၉၀% လောက် ရှိနေပါတယ်။ သူတို့ရဲ့အကြောင်းပြချက်က ယဉ်ကျေးမှု နဲ့ မကိုက်ညီတာရယ် သင်ပြပေးရမယ့် ဆရာ ဆရာမတွေ အတွက် အခက်အခဲ ဖြစ်စေတယ် လို့ ဆိုတယ်။

စာသင်ကျောင်းတွေမှာ လိင်ပညာပေး အစီအစဉ်ကို သင်ကြားသင့်တယ်လို့ ဆို2

မလေးရှားနိုင်ငံမှာ အသက်မပြည့်ဘဲ ကိုယ်ဝန်ဆောင်တဲ့ မိန်းကလေး တွေက နှစ်စဉ် ၁၈၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ဆယ်ကျော်သက် တော်တော်များများက လိင်ကိစ္စမှာ ဗဟုသုတ မရှိလို့ ကိုယ်ဝန် ရခဲ့ကြတယ် လို့ ဆိုပါတယ်။

ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို သင်ကြား ပေးခဲ့ခြင်း မရှိပါဘူး။ အလယ်တန်း ကျောင်းတွေကနေ စပြီး ဇီဝဗေဒ ဘာသာရပ်မှာ လိင်ပညာပေး သင်ခန်းစာတွေကို ထည့်သွင်း သင်ကြားခဲ့ရင် သူတို့ လိင်ကိစ္စ ကြုံတွေတဲ့ အခါမှာ ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို နားလည် သွားနိုင်ပါတယ်။

စာသင်ကျောင်းတွေမှာ လိင်ပညာပေး အစီအစဉ်ကို သင်ကြားသင့်တယ်လို့ ဆို3

မလေးရှာမှာ ရှိတဲ့ လူငယ် အမျိုးသမီး ၃၅% က ပထမအကြိမ် လိင်ဆက်ဆံမှု မှာ ကိုယ်ဝန် မရနိုင်ဖူးလို့ ယုံကြည် နေကြပါတယ်။ မလေးရှား အမျိုးသမီး ၅ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါကို ခြင်ကြောင့် ကူးစက်တာလို့ မှတ်ထင်နေပါတယ်။ နှစ်စဉ် မလေးရှား အသက်မပြည့်တဲ့ အမျိုးသမီး ၁၀၀၀ မှာ ၁၄ ယောက်က ကိုယ်ဝန်ဆောင် နေရပါတယ်။

စင်ကာပူမှာ ဆိုရင် အသက်မပြည့်တဲ့ အမျိုးသမီး ၁၀၀၀ မှာ ၄ ယောက်ပဲ ကိုယ်ဝန်ဆောင်ပြီး ဟောင်ကောင်မှာ ဆိုရင် ၃ ယောက်ပဲ ကိုယ်ဝန်ဆောင်ပါတယ်။ မလေးရှားမှာ တစ်ရက်ကို ဆယ်ကျော်သက် ၄၅ ဦး ကလေးမွေး နေကြပါတယ်လို့ သူတို့ရဲ့ အချက်အလက်တွေကို တင်ပြခဲ့ပါတယ်။

မောင်ယဿ, REF: world of buzz, photo; MIMS today

Zawgyi

အသက္မျပည့္တဲ့ ကိုယ္ဝန္ေဆာင္သည္ တစ္ႏွစ္ကို ၂၀၀၀ ေလာက္ ရွိေနလို႔ စာသင္ေက်ာင္းေတြမွာ လိင္ပညာေပး အစီအစဥ္ကို သင္ၾကားသင့္တယ္လို႔ ဆို

မေလးရွား ႏိုင္ငံက လူငယ္အုပ္စုတစ္စု ဦးေဆာင္တဲ့ ႏိုအီယို စီမံကိန္းက ေကာက္ယူတဲ့ အခ်က္အလက္ ေတြအရ သူတို႔က အစိုးရ စာသင္ေက်ာင္းေတြမွာ လိင္ပညာေရး သင္ခန္းစာေတြကို ဇီဝေဗဒ သင္႐ိုး ထဲကို ထည့္ၿပီး သင္ သင့္တယ္လို႔ အႀကံျပဳ ထားပါတယ္။

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ လိင္ကိစၥက အမ်ားျပည္သူနဲ႔ မိသားစု ၾကားမွာ အရွက္ရစရာ ကိစၥ ျဖစ္တဲ့အတြက္ အမ်ားျပည္သူ ေရွ႕မွာနဲ႔ ကေလးသူငယ္ေတြ ၾကားမွာ ပြင့္ပြင့္လင္းလင္း ေျပာဆိုလို႔ ရတဲ့ ကိစၥ မဟုတ္ ပါဘူး။

ဒါေပမဲ့ ဒီကေန႔ ေခတ္မွာ လိင္ကိစၥ ဆိုင္ရာ ျပႆနာေတြ အမ်ားအျပား ေပၚေပါက္ ေနတဲ့အတြက္ မျဖစ္မေန လူငယ္ေတြကို သိကြၽမ္းနားလည္ေအာင္ လုပ္ေပးဖို႔ လိုေနပါၿပီ။ လိင္ပညာေပး က တိုင္းျပည္ တည္ေဆာက္ေရး ကိစၥမွာ အေရးပါတဲ့ အခန္းက႑မွာ ပါေနပါတယ္။

ဒါေၾကာင့္ လိင္နဲ႔ပတ္သက္တဲ့ သင္ခန္းစာ ေတြကို ေက်ာင္း သင္ခန္းစာထဲကို ထည့္သြင္း ျပ႒ါန္းဖို႔ အမ်ားျပည္သူ သေဘာေပါက္ဖို႔ လိုတဲ့အေၾကာင္း အဲ့ဒိ အဖြဲ႕က ဆိုပါတယ္။ လိင္ပညာေပး သင္ခန္းစာေတြကို ေက်ာင္း သင္ခန္းစာမွာ ထည့္သင့္ မထည့္သင့္နဲ႔ ပတ္သက္ၿပီး မေလးရွား ကီဘန္ဆန္ တကၠသိုလ္က ေကာက္ယူထားတဲ့ အခ်က္အလက္ေတြက ေအာက္ပါအတိုင္း ေဖာ္ျပခဲ့ပါ တယ္။

လိင္ပညာေရး သင္ခန္းစာေတြကို ေက်ာင္း သင္ခန္းစာေတြမွာ ထည့္တာကို မႀကိဳက္တာ ၉၀% ေလာက္ ရွိေနပါတယ္။ သူတို႔ရဲ႕အေၾကာင္းျပခ်က္က ယဥ္ေက်းမႈ နဲ႔ မကိုက္ညီတာရယ္ သင္ျပေပးရမယ့္ ဆရာ ဆရာမေတြ အတြက္ အခက္အခဲ ျဖစ္ေစတယ္ လို႔ ဆိုတယ္။

မေလးရွားႏိုင္ငံမွာ အသက္မျပည့္ဘဲ ကိုယ္ဝန္ေဆာင္တဲ့ မိန္းကေလး ေတြက ႏွစ္စဥ္ ၁၈၀၀ ဝန္းက်င္မွာ ရွိေနပါတယ္။ ဆယ္ေက်ာ္သက္ ေတာ္ေတာ္မ်ားမ်ားက လိင္ကိစၥမွာ ဗဟုသုတ မရွိလို႔ ကိုယ္ဝန္ ရခဲ့ၾကတယ္ လို႔ ဆိုပါတယ္။

ေက်ာင္းေတြမွာ လိင္ပိုင္းဆိုင္ရာ ဗဟုသုတေတြကို သင္ၾကား ေပးခဲ့ျခင္း မရွိပါဘူး။ အလယ္တန္း ေက်ာင္းေတြကေန စၿပီး ဇီဝေဗဒ ဘာသာရပ္မွာ လိင္ပညာေပး သင္ခန္းစာေတြကို ထည့္သြင္း သင္ၾကားခဲ့ရင္ သူတို႔ လိင္ကိစၥ ႀကဳံေတြတဲ့ အခါမွာ ဘယ္လို ေျဖရွင္းရမယ္ ဆိုတာကို နားလည္ သြားႏိုင္ပါတယ္။

မေလးရွာမွာ ရွိတဲ့ လူငယ္ အမ်ိဳးသမီး ၃၅% က ပထမအႀကိမ္ လိင္ဆက္ဆံမႈ မွာ ကိုယ္ဝန္ မရႏိုင္ဖူးလို႔ ယုံၾကည္ ေနၾကပါတယ္။ မေလးရွား အမ်ိဳးသမီး ၅ ဦးမွာ ၁ ဦးက လိင္ပိုင္းဆိုင္ရာကူးစက္ေရာဂါကို ျခင္ေၾကာင့္ ကူးစက္တာလို႔ မွတ္ထင္ေနပါတယ္။ ႏွစ္စဥ္ မေလးရွား အသက္မျပည့္တဲ့ အမ်ိဳးသမီး ၁၀၀၀ မွာ ၁၄ ေယာက္က ကိုယ္ဝန္ေဆာင္ ေနရပါတယ္။

စင္ကာပူမွာ ဆိုရင္ အသက္မျပည့္တဲ့ အမ်ိဳးသမီး ၁၀၀၀ မွာ ၄ ေယာက္ပဲ ကိုယ္ဝန္ေဆာင္ၿပီး ေဟာင္ေကာင္မွာ ဆိုရင္ ၃ ေယာက္ပဲ ကိုယ္ဝန္ေဆာင္ပါတယ္။ မေလးရွားမွာ တစ္ရက္ကို ဆယ္ေက်ာ္သက္ ၄၅ ဦး ကေလးေမြး ေနၾကပါတယ္လို႔ သူတို႔ရဲ႕ အခ်က္အလက္ေတြကို တင္ျပခဲ့ပါတယ္။

ေမာင္ယႆ, REF: world of buzz, photo; MIMS today

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …