အဝခန္း ႐ိုက္ခိုင္းရင္ေတာ့ ျငင္းရပါလိမ့္မယ္တဲ့

အဝခန္း ႐ိုက္ခိုင္းရင္ေတာ့ ျငင္းရပါလိမ့္မယ္တဲ့
Cele News

အဝခန္း ႐ိုက္ခိုင္းရင္ေတာ့ ျငင္းရပါလိမ့္မယ္တဲ့

 

“ ႐ုပ္ရွင္ထဲမွာ ဇာတ္လမ္း သေဘာအရ ေပါင္ ၂၀ေလာက္ ဝိတ္ခ်ရမယ္ဆိုရင္ က်မ မျငင္းပါဘူး ။ ဝိတ္ကို ရေအာင္ခ်ၿပီး ႐ိုက္မွာပါ ။ ဒါေပမဲ့ ေပါင္၂၀ေလာက္ ဝိတ္တက္ေအာင္လုပ္ ၿပီးေတာ့႐ိုက္ရမယ္လို႔ ခိုင္းလာရင္ေတာ့ အဲ့ဒီ ဇာတ္လမ္းကို မ႐ိုက္ေတာ့ဘူး ။

၀လာတာက က်မက်န္းမာေရးကို ထိခိုက္ေစလို႔ပါပဲ ” လို႔ ဒီစကားကို ေျပာသူကေတာ့ ေဟာလီးဝုဒ္မွာ ၾသဇာႀကီးတဲ့ ႐ုပ္ရွင္မင္းသမီး ရာကယ္ ပရက္ ဆင္းဂ္ ပါပဲ ။ ႐ုပ္ရွင္လုပ္ငန္းမွာ အစားအေသာက္ ေလ့က်င္ခန္းနဲ႔ ႐ုပ္ရွင္ ဒီသုံးမ်ိဳးက လုံးလည္ျခာလည္ လိုက္ေနတဲ့ ကိစၥပါပဲ ။

မင္းသား မင္းသမီးေတြက ဒါ႐ိုက္တာက ဒီလို ခႏၲာကိုယ္မ်ိဳး လိုခ်င္တယ္ ဆိုရင္ ကိုယ္အေလးခ်ိန္ အဲ့ကိစၥကို တစ္လ တစ္လခြဲေလာက္နဲ႔ ကိုယ္ခႏၲာကို ျပင္ရပါတယ္ ။ ဒါကလည္းလုပ္ငန္း သေဘာမို႔ ရာကယ့္ အတြက္ ျပႆနာ မရွိပါဘူး ။

သူမရဲ႕ တစ္ေန႔တာမွာ အစား ဘယ္ေလာက္ စားရမယ္ ဆိုတာ အၿမဲ တြက္ခ်က္ ေနက်ဆိုေတာ့ အက်င့္က ျဖစ္ေနၿပီေလ ။ အစားအေသာက္ ေလ့က်င့္ခန္းနဲ႔ ႐ုပ္ရွင္ ႐ိုက္ကြင္း တစ္ခုခုကို ေ႐ြးပါ ဆိုရင္ေတာ့ သူက အားကစား႐ုံကိုပဲ သြားမယ္လို႔ ေျပာမွာပါ ။ အဲ့ဒါက သူမအတြက္ အေရးႀကီးတဲ့ အပိုင္းပါပဲ ။ ကိုယ္ခႏၲာ က်န္းမာဖို႔ ေန႔စဥ္ မပ်က္ မကြက္ လုပ္ျဖစ္ပါတယ္ ။

“ က်န္းမာတယ္ ဆိုတာ ဘဝ ေနထိုင္မႈ ပုံစံတစ္ခု ပါပဲ ။ ေနာက္ၿပီး ေအာင္ျမင္မႈ ဆီကို သြားဖို႔အတြက္ အတိုဆုံး လမ္းပါပဲ ။ ဘာေတြ စားတယ္ ၊ ဘာေတြ စဥ္းစားတယ္ ၊ ကိုယ္ကိုယ္ကို ဘယ္လို လူမ်ိဳး ျဖစ္တယ္ ဆိုတာကို သုံးသပ္ထားဖို႔ လိုပါတယ္ ။

အဲ့ဒါေတြ အားလုံးကို အေရျပားမွာ ေရာင္ျပန္လာဟပ္ ေနပါတယ္ ။ ေခြၽးမထြက္ဘူး ဆိုရင္ေတာ့ ကိုယ္ခႏၲာ ထဲမွာ အဆိပ္အေတာက္ေတြ ေအာင္းေနၿပီေပါ့ ။ က်မကေတာ့ ခႏၲာကိုယ္မွာ ဆဲလ္ေတြ ပုံမွန္ အလုပ္လုပ္ဖို႔ အတြက္ ေလ့က်င့္ ေနမွာပါပဲ ” လို႔ ဆိုတယ္ ။

သူမက သူမရဲ႕ဆိုရွယ္မီဒီယာ စာမ်က္ႏွာေတြမွာ ကာယေလ့က်င့္ခန္း လုပ္တဲ့ ပုံေတြကို အမ်ားဆုံးတင္ေလ့ ရွိပါတယ္ ။ အဲ့ဒါက အျခား လူေတြကို က်န္မာေရး လိုက္စား လာေအာင္ အကူအညီ ေပးတာပါလို႔ ဆိုတယ္ ။

“ က်မတို႔ ႐ုပ္ရွင္ေလာကသားေတြ အတြက္ကေတာ့ ခႏၲာကိုယ္ အေျပာင္းအလဲ လုပ္ရတာ အေရးႀကီးတဲ့ အပိုင္းပါပဲ ။ DE DE PYAR DE လို ႐ုပ္ရွင္မ်ိဳး႐ိုက္ဖို႔ ေပါင္၂၀ ေလာက္ ဝိတ္ခ်ရမယ္ ေျပာေတာ့ က်မက ႀကိဳက္တယ္ ။ လက္ခံၿပီး ႐ိုက္လိုက္တယ္ ။

ပိန္သြားတာက ျပႆနာ မဟုတ္ဘူး ။ ေနာက္႐ုပ္ရွင္တစ္ကား ႐ိုက္ဖို႔ ေပါင္၂၀ေလာက္ တက္ေအာင္ လုပ္ရမယ္လို႔ ဆိုလာေတာ့ ဇာတ္လမ္းက ေကာင္းေပမဲ့ ျငင္းလိုက္ပါတယ္ ။ ၄၅ရက္အတြင္း ေပါင္၂၀ တက္ဖို႔ ဆိုရင္ ေတာ္ေတာ္ ႀကိဳးစားရမယ္ ။ က်န္းမာေရးကို အႏၲရာယ္ ျဖစ္ေစႏိုင္လို႔ပါ ” လို႔ သူမက ဆိုတယ္ ။

ေမာင္ယႆ ref; Hindustani time photo;IANS

Unicode Version

အဝခန်း ရိုက်ခိုင်းရင်တော့ ငြင်းရပါလိမ့်မယ်တဲ့

 

“ ရုပ်ရှင်ထဲမှာ ဇာတ်လမ်း သဘောအရ ပေါင် ၂၀လောက် ဝိတ်ချရမယ်ဆိုရင် ကျမ မငြင်းပါဘူး ။ ဝိတ်ကို ရအောင်ချပြီး ရိုက်မှာပါ ။ ဒါပေမဲ့ ပေါင်၂၀လောက် ဝိတ်တက်အောင်လုပ် ပြီးတော့ရိုက်ရမယ်လို့ ခိုင်းလာရင်တော့ အဲ့ဒီ ဇာတ်လမ်းကို မရိုက်တော့ဘူး ။

၀လာတာက ကျမကျန်းမာရေးကို ထိခိုက်စေလို့ပါပဲ ” လို့ ဒီစကားကို ပြောသူကတော့ ဟောလီးဝုဒ်မှာ သြဇာကြီးတဲ့ ရုပ်ရှင်မင်းသမီး ရာကယ် ပရက် ဆင်းဂ် ပါပဲ ။ ရုပ်ရှင်လုပ်ငန်းမှာ အစားအသောက် လေ့ကျင်ခန်းနဲ့ ရုပ်ရှင် ဒီသုံးမျိုးက လုံးလည်ခြာလည် လိုက်နေတဲ့ ကိစ္စပါပဲ ။

မင်းသား မင်းသမီးတွေက ဒါရိုက်တာက ဒီလို ခန္တာကိုယ်မျိုး လိုချင်တယ် ဆိုရင် ကိုယ်အလေးချိန် အဲ့ကိစ္စကို တစ်လ တစ်လခွဲလောက်နဲ့ ကိုယ်ခန္တာကို ပြင်ရပါတယ် ။ ဒါကလည်းလုပ်ငန်း သဘောမို့ ရာကယ့် အတွက် ပြဿနာ မရှိပါဘူး ။

သူမရဲ့ တစ်နေ့တာမှာ အစား ဘယ်လောက် စားရမယ် ဆိုတာ အမြဲ တွက်ချက် နေကျဆိုတော့ အကျင့်က ဖြစ်နေပြီလေ ။ အစားအသောက် လေ့ကျင့်ခန်းနဲ့ ရုပ်ရှင် ရိုက်ကွင်း တစ်ခုခုကို ရွေးပါ ဆိုရင်တော့ သူက အားကစားရုံကိုပဲ သွားမယ်လို့ ပြောမှာပါ ။ အဲ့ဒါက သူမအတွက် အရေးကြီးတဲ့ အပိုင်းပါပဲ ။ ကိုယ်ခန္တာ ကျန်းမာဖို့ နေ့စဉ် မပျက် မကွက် လုပ်ဖြစ်ပါတယ် ။

“ ကျန်းမာတယ် ဆိုတာ ဘဝ နေထိုင်မှု ပုံစံတစ်ခု ပါပဲ ။ နောက်ပြီး အောင်မြင်မှု ဆီကို သွားဖို့အတွက် အတိုဆုံး လမ်းပါပဲ ။ ဘာတွေ စားတယ် ၊ ဘာတွေ စဉ်းစားတယ် ၊ ကိုယ်ကိုယ်ကို ဘယ်လို လူမျိုး ဖြစ်တယ် ဆိုတာကို သုံးသပ်ထားဖို့ လိုပါတယ် ။

အဲ့ဒါတွေ အားလုံးကို အရေပြားမှာ ရောင်ပြန်လာဟပ် နေပါတယ် ။ ချွေးမထွက်ဘူး ဆိုရင်တော့ ကိုယ်ခန္တာ ထဲမှာ အဆိပ်အတောက်တွေ အောင်းနေပြီပေါ့ ။ ကျမကတော့ ခန္တာကိုယ်မှာ ဆဲလ်တွေ ပုံမှန် အလုပ်လုပ်ဖို့ အတွက် လေ့ကျင့် နေမှာပါပဲ ” လို့ ဆိုတယ် ။

သူမက သူမရဲ့ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ ကာယလေ့ကျင့်ခန်း လုပ်တဲ့ ပုံတွေကို အများဆုံးတင်လေ့ ရှိပါတယ် ။ အဲ့ဒါက အခြား လူတွေကို ကျန်မာရေး လိုက်စား လာအောင် အကူအညီ ပေးတာပါလို့ ဆိုတယ် ။

“ ကျမတို့ ရုပ်ရှင်လောကသားတွေ အတွက်ကတော့ ခန္တာကိုယ် အပြောင်းအလဲ လုပ်ရတာ အရေးကြီးတဲ့ အပိုင်းပါပဲ ။ DE DE PYAR DE လို ရုပ်ရှင်မျိုးရိုက်ဖို့ ပေါင်၂၀ လောက် ဝိတ်ချရမယ် ပြောတော့ ကျမက ကြိုက်တယ် ။ လက်ခံပြီး ရိုက်လိုက်တယ် ။

ပိန်သွားတာက ပြဿနာ မဟုတ်ဘူး ။ နောက်ရုပ်ရှင်တစ်ကား ရိုက်ဖို့ ပေါင်၂၀လောက် တက်အောင် လုပ်ရမယ်လို့ ဆိုလာတော့ ဇာတ်လမ်းက ကောင်းပေမဲ့ ငြင်းလိုက်ပါတယ် ။ ၄၅ရက်အတွင်း ပေါင်၂၀ တက်ဖို့ ဆိုရင် တော်တော် ကြိုးစားရမယ် ။ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်လို့ပါ ” လို့ သူမက ဆိုတယ် ။

မောင်ယဿ ref; Hindustani time photo;IANS

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …