အလႈပ္

အလႈပ္
Article

အလႈပ္

တစ္ေန႔သ၌ ကြၽႏ္ုပ္ထံသို႔ ကြၽႏ္ုပ္၏မိတ္ေဆြႀကီးျဖစ္ေသာ ကိုေဖာင္တိန္သည္”ေသဖို႔အတြက္ ျပင္ဆင္ၿပီးၿပီလား” ဟု ႏႈတ္ဆက္စကားေျပာရင္း ေရာက္ရွိ၍လာေလ၏။ ကိုေဖာင္တိန္ႏွင့္ မေရွးမေႏွာင္းဆိုသလိုပင္ ေဗဒင္ေမးမည့္မိန္းမႀကီးတစ္ဦးသည္လည္း ေရာက္ရွိ၍လာျပန္ ေလ၏။

ထို႔ေၾကာင့္ ကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႏွင့္ စကားမေျပာႏိုင္ေသးပဲ ထိုမိန္းမႀကီးအား ေဗဒင္ေဟာေပးရန္အတြက္ ထိုမိန္းမႀကီး၏ ေမြးသကၠရာဇ္ကို ေမး၍ ဗလာစာအုပ္ေပၚတြင္ တြက္ခ်က္ျခင္းကို လုပ္ေနရ ေလ၏။

ထိုမိန္းမႀကီးသည္ ၎၏အနီးတြင္ ထိုင္ေနသည့္ ကိုေဖာင္တိန္အား ကြက္ၾကည့္ ကြက္ၾကည့္လုပ္ကာ ထိုင္ေနရသည္ကို မသတီသည့္ပုံျဖင့္ ခုံကိုအနည္းငယ္ေနေ႐ႊ႕၍ ထိုင္လိုက္ေလ၏။ ေဗဒင္ တြက္သည့္ကိစၥ ၿပီးေသာအခါ ကြၽႏ္ုပ္သည္ ထိုမိန္းမႀကီးအား ေဗဒင္ေဟာေျပာေလ၏။

ေဗဒင္ေဟာသည္ ဆိုေသာ္လည္းပဲ ကြၽႏ္ုပ္က ေဗဒင္ေဟာရသည္ထက္ ထိုမိန္းမႀကီးက ၎င္း၏အေၾကာင္းကို ၎င္းကပင္ထိုင္ ၍ေျပာျပေနသည္ကို ကြၽႏ္ုပ္က နားေထာင္ေနရျခင္း ျဖစ္ေလ၏။ ကြၽႏ္ုပ္တို႔စကားေျပာေနသည့္အခ်ိန္တြင္ ကိုေဖာင္တိန္သည္ ထမင္းဟင္းမ်ားကို ခူးခပ္ကာ ထမင္းထိုင္စားေနေလေတာ့၏။

ကြၽႏ္ုပ္သည္ ထိုမိန္းမေလေၾကာ မျပတ္မျခင္း အေတာ္သည္းခံ၍ နားေထာင္ေနရေလ၏။ ၎ ေျပာေနသည့္ အေၾကာင္းအရာမ်ားမွာ သူ႔မိသားစု အေၾကာင္းတင္မကပဲ ေဆြမ်ိဳးမ်ားအေၾကာင္းလည္း ပါ၏။ အိမ္နီးနားျခင္းမ်ားႏွင့္ အဆင္မေျပသည့္အေၾကာင္းလည္း ပါ၏။

ဆုံးသြားၿပီျဖစ္သည့္ သူ႔ႀကီး ေဒၚႀကီးက ေသသည့္အခ်ိန္ထိ သူ႔ကိုစကားမေျပာဘဲ ေနသြားသည့္အေၾကာင္းလည္းပါ၏။ ေဈးထဲမွကုန္ စိမ္းသည္အေပါက္ဆိုးသည့္အေၾကာင္းလည္း ပါ၏။ သားသမီးမသိတတ္သည့္အတြက္ စိတ္ဆင္းရဲေနရ သည့္အေၾကာင္းလည္း ပါ၏။

ကြၽႏ္ုပ္သည္လည္း ၎၏စကားမ်ားကို နားေထာင္ေနရင္း သက္ျပင္းအႀကိမ္ႀကိမ္ခ်မိေလ၏။ ေနာက္ဆုံးတြင္ ေျပာစရာစကားမ်ား ကုန္သြားသည့္အတြက္ ထိုမိန္းမႀကီးလည္း စကားေၾကာျပတ္ သြားေလေတာ့၏။ ထိုအခါကြၽႏ္ုပ္သည္ ၎င္းအတြက္လိုအပ္သည့္ ယၾတာမ်ားကို ေပးလိုက္ေလ၏။ ျပန္ခါနီး တြင္ ထိုမိန္းမႀကီးက ကိုေဖာင္တိန္ကို ေမးေငါ့ျပလိုက္ၿပီးလွ်င္ ေလသံတိုးတိုးျဖင့္ –

“အဲဒီလူႀကီးက အ႐ူးႀကီးမဟုတ္လား”ဟု ေမးေလ၏။ထိုအခါကြၽႏ္ုပ္က –

“႐ူးေနတယ္လို႔ မေျပာပါနဲ႔ဗ်ာ…”ဟု ေျပာလိုက္ရေလ၏။ ထိုအခါ၎င္းက –

“ေၾသာ္.. သိၿပီ.. သိၿပီ.. စိတ္မႏွံ႔ဘူးလို႔ေျပာရမွာ..”ဟု ေျပာလိုက္ျပန္ေလ၏။ ထို႔ေၾကာင့္ကြၽႏ္ုပ္က – “အဲဒီလိုလည္း မေျပာပါနဲ႔ဗ်ာ..၊ က်န္းမာေရးမေကာင္းရွာတဲ့ လူလို႔ပဲေျပာပါဗ်ာ..”ဟု ျပန္၍ ေျပာလိုက္ရျပန္ ေလရာ –

“စကားတစ္ခြန္းတည္းနဲ႔ရႈပ္ေနတယ္..အ႐ူးကို အ႐ူးလို႔ေျပာလိုက္ရင္ ရွင္းေနတာကို ဘာေတြျပန္ေျပာေန မွန္းကိုမသိဘူး..”ဟု ကြၽႏ္ုပ္ကိုပါ မေက်မခ်မ္းျဖင့္ ျပန္ေျပာလိုက္ၿပီးလွ်င္ ထိုမိန္းမႀကီးသည္ ကြၽႏ္ုပ္၏ေဗ ဒင္ေဟာခန္းတြင္းမွ ျပန္ထြက္သြားေလေတာ့၏။ ၎ျပန္သြားသည့္ အခ်ိန္တြင္ ကိုေဖာင္တိန္သည္လည္း ထမင္းစား၍ ၿပီးသြားၿပီျဖစ္၏။

ထို႔ေၾကာင့္ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္ႏွင့္မ်က္ႏွာျခင္းဆိုင္ေနရာတြင္လာ၍ ထိုင္ေလ၏။ ထို အခါကြၽႏ္ုပ္က –

“လူေတြလည္း သူ႔အပူနဲ႔သူ ပူေနၾကရတာခ်ည္းပဲ… လူေတြရဲ႕အပူေတြကို ေန႔တိုင္းၾကားေနရတာ..

တစ္ခါ တစ္ေလ ေဗဒင္ေဟာခ်င္စိတ္ပါ ေပ်ာက္လာတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ တစ္ခ်ိဳ႕အပူ

ေတြက ေဗဒင္ ယၾတာနည္းနဲ႔ ဘယ္လိုမွေျဖရွင္းလို႔ မရႏိုင္တာေတြ ပါတယ္ေလဗ်ာ..”ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္အားရင္ ဖြင့္လိုက္မိေလ၏။

ထိုအခါ ကိုေဖာင္တိန္သည္ ၿပဳံးသည္ဆို႐ုံမွ် ၿပဳံးလိုက္ၿပီးလွ်င္ –

“ဘာျဖစ္လို႔ သူမ်ားအေၾကာင္းကိုပဲ ေျပာေနရတာလည္း ဆရာစိုးရယ္..၊ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္စဥ္း စားၾကည့္စမ္းပါဦး…။

က်ဳပ္တို႔တေတြမွာလည္း အပူအပင္ ကင္းၾကရလို႔လား…၊ ၿငိမ္းေအးမႈရွိရဲ႕လား…၊ အေႏွာင့္အ ယွက္ကင္းရဲ႕ လား…၊ သက္ေတာင့္သက္သာ ရွိၾကရဲ႕လား…ဆိုတဲ့ ေမးခြန္းကို ကိုယ့္ဘာသာကိုယ္ ျပန္ေမးၾကည့္လိုက္ စမ္းပါဦး..။

က်ဳပ္တို႔ဟာဘဝရဲ႕ ပူေလာင္မႈနဲ႔ ေအးခ်မ္းမႈ၊ တစ္နည္းအားျဖင့္ ေပ်ာ္႐ႊင္မႈနဲ႔ ဝမ္းနည္းမႈကို ေရွာင္ လႊဲလို႔မရတဲ့အတြက္ က်ဳပ္တို႔ကိုယ္တိုင္ အခ်ိန္တိုင္း ႀကဳံေတြ႕ေနရတာပဲ မဟုတ္လား။

အဲဒီေတာ့ ေပ်ာ္႐ႊင္မႈ နဲ႔ဝမ္းနည္းမႈကို ေတြ႕ႀကဳံလိုက္ရတဲ့ အခါတိုင္းမွာ က်ဳပ္တို႔ရဲ႕ အတြင္းထဲက လႈပ္ခါမႈကို က်ဳပ္တို႔ကိုယ္တိုင္ ခံ လိုက္ရတာပါပဲ။ အဲဒီ“အလႈပ္”ကို တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္ႏိုင္ေအာင္လို႔ တစ္ႀကိမ္တစ္ခါေလးေတာင္မွ က်ဳပ္တို႔ဘဝမွာ ထိန္းခ်ဳပ္လိုက္ႏိုင္တာရယ္လို႔ ရွိခဲ့ဖူးလို႔လား…။

က်ဳပ္တို႔ရဲ႕အတြင္းထဲမွာ အခ်ိန္တိုင္းလႈပ္ ခါေနရေတာ့တာပါပဲ။ ေပ်ာ္႐ႊင္မႈနဲ႔ဝမ္းနည္းမႈကို လစ္လွ်ဴရႈၿပီး မေနႏိုင္ခဲ့ၾကပါဘူး…၊ ဒါ့ေၾကာင့္ က်ဳပ္တို႔ေတြဟာ တကယ့္ အ႐ူးတစ္ေယာက္အတိုင္း ေပ်ာ္႐ႊင္ရင္ရယ္ေမာၾကတယ္၊ ဝမ္းနည္းမႈနဲ႔ႀကဳံရင္ငိုေႂကြးၾကတယ္..။

က်ဳပ္တို႔ ဟာ ေပ်ာ္႐ႊင္မႈအေပၚမွာ ခုံမင္သာယာေနၿပီး ဝမ္းနည္းပူေဆြးရတဲ့ အရာေတြကို မုန္းတီးေနၾကတယ္။ တကယ္ေတာ့ ေပ်ာ္႐ႊင္မႈနဲ႔ ဝမ္းနည္းမႈဆိုတာ အေျခတစ္ခုတည္းအေပၚမွာ တည္ေဆာက္ထားတဲ့ တူညီမွ်တ ေနတဲ့ တစ္ခုတည္းေသာ အရာျဖစ္တယ္ဆိုတာကို ရိပ္စားမိျခင္း မရွိၾကဘူးျဖစ္ေနၾကတယ္။

ဒါ့ေၾကာင့္ တစ္သားတည္းျဖစ္ေနဖို႔ လိုကိုလိုအပ္တဲ့ “ဉာဏ္ပညာနဲ႔ ၿငိမ္းေအးမႈ”ဟာ ဟာမိုနီပ်က္သြားတဲ့အတြက္ က်ဳပ္တို႔ေတြဟာ လႈပ္ခါျခင္းကို ခံေနၾကရတာျဖစ္တယ္။

ေပ်ာ္႐ႊင္မႈနဲ႔ ဝမ္းနည္းမႈကို မတူညီမႈအျဖစ္ ရႈျမင္ေနသ၍၊ ခင္ဗ်ားအေနနဲ႔ အမ်ိဳးအစား ခြဲျခားေနသ၍၊ တစ္ခုတည္းေသ ာေဝဒနာပါဆိုတာကို ရိပ္မိသိရွိျခင္း မရွိေသးသ၍ က်ဳပ္တို႔တေတြရဲ႕ အငို၊ အရယ္သ႐ုပ္ ေဆာင္ဘဝကို ဘယ္လိုလုပ္ၿပီး ရပ္တန႔္လို႔ ရႏိုင္ပါဦးမလဲ ကိုယ့္လူရယ္…”ဟု ကိုေဖာင္တိန္က ကြၽႏ္ုပ္အား ေျပာလိုက္ေလေတာ့၏။ ထိုအခါ ကြၽႏ္ုပ္က –

“ကိုေဖာင္တိန္ေျပာတဲ့ စကားကို ၾကားရတာနားေထာင္လို႔ေကာင္းပါတယ္။ ဒါေပမယ့္ အဲဒီအလႈပ္”

“အဲဒီအေၾကာင္း ေျပာမေနပါနဲ႔ေတာ့ ကိုယ့္လူရယ္..”ဟု ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္၏စကားကို ၾကားျဖတ္၍ ေျပာလိုက္ၿပီးလွ်င္ ေအာက္ပါအတိုင္း ဆက္၍ေျပာျပန္ေလေတာ့၏။

“မလႈပ္လည္းရႈပ္ လႈပ္လည္းရႈပ္ ေလာကဇာတ္႐ုပ္ စုန္းစုန္းျမဳပ္” လို႔သာနားလည္ထားလိုက္စမ္းပါ။

အဲဒီေတာ့ ကိုယ့္လူလုပ္ရမွာတစ္ခုပဲရွိတယ္။ အဲဒါကေတာ့ ေသဖို႔အ တြက္သာျပင္ဆင္ထားေပေတာ့ ကိုယ့္လူေရ…”ဟု ေျပာကာ ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္အားႏႈတ္ဆက္၍ ျပန္သြားေလေတာ့၏။

ထိုအခါ ကြၽႏ္ုပ္သည္ အံ့ၾသျခင္း၊ ေလးစားျခင္း၊ ၾကည္ညိဳျခင္း မ်ားစြာျဖင့္ ကြၽႏ္ုပ္၏မိတ္ေဆြႀကီး ကိုေဖာင္တိန္၏ ေနာက္ေက်ာျပင္ကို ေငး၍သာ ၾကည့္ေနမိလိုက္ေလေတာ့သ တည္း…..။

“သေဗ္ၺသတ္ၱာကမ္ၼဒါယာဒါ”

သိဒၶိစိုး

Unicode

အလှုပ်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီးဖြစ်သော ကိုဖောင်တိန်သည်”သေဖို့အတွက် ပြင်ဆင်ပြီးပြီလား” ဟု နှုတ်ဆက်စကားပြောရင်း ရောက်ရှိ၍လာလေ၏။ ကိုဖောင်တိန်နှင့် မရှေးမနှောင်းဆိုသလိုပင် ဗေဒင်မေးမည့်မိန်းမကြီးတစ်ဦးသည်လည်း ရောက်ရှိ၍လာပြန် လေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ကိုဖောင်တိန်နှင့် စကားမပြောနိုင်သေးပဲ ထိုမိန်းမကြီးအား ဗေဒင်ဟောပေးရန်အတွက် ထိုမိန်းမကြီး၏ မွေးသက္ကရာဇ်ကို မေး၍ ဗလာစာအုပ်ပေါ်တွင် တွက်ချက်ခြင်းကို လုပ်နေရ လေ၏။

ထိုမိန်းမကြီးသည် ၎င်း၏အနီးတွင် ထိုင်နေသည့် ကိုဖောင်တိန်အား ကွက်ကြည့် ကွက်ကြည့်လုပ်ကာ ထိုင်နေရသည်ကို မသတီသည့်ပုံဖြင့် ခုံကိုအနည်းငယ်နေရွှေ့၍ ထိုင်လိုက်လေ၏။ ဗေဒင် တွက်သည့်ကိစ္စ ပြီးသောအခါ ကျွန်ုပ်သည် ထိုမိန်းမကြီးအား ဗေဒင်ဟောပြောလေ၏။

ဗေဒင်ဟောသည် ဆိုသော်လည်းပဲ ကျွန်ုပ်က ဗေဒင်ဟောရသည်ထက် ထိုမိန်းမကြီးက ၎င်းင်း၏အကြောင်းကို ၎င်းင်းကပင်ထိုင် ၍ပြောပြနေသည်ကို ကျွန်ုပ်က နားထောင်နေရခြင်း ဖြစ်လေ၏။ ကျွန်ုပ်တို့စကားပြောနေသည့်အချိန်တွင် ကိုဖောင်တိန်သည် ထမင်းဟင်းများကို ခူးခပ်ကာ ထမင်းထိုင်စားနေလေတော့၏။

ကျွန်ုပ်သည် ထိုမိန်းမလေကြော မပြတ်မခြင်း အတော်သည်းခံ၍ နားထောင်နေရလေ၏။ ၎င်း ပြောနေသည့် အကြောင်းအရာများမှာ သူ့မိသားစု အကြောင်းတင်မကပဲ ဆွေမျိုးများအကြောင်းလည်း ပါ၏။ အိမ်နီးနားခြင်းများနှင့် အဆင်မပြေသည့်အကြောင်းလည်း ပါ၏။

ဆုံးသွားပြီဖြစ်သည့် သူ့ကြီး ဒေါ်ကြီးက သေသည့်အချိန်ထိ သူ့ကိုစကားမပြောဘဲ နေသွားသည့်အကြောင်းလည်းပါ၏။ ဈေးထဲမှကုန် စိမ်းသည်အပေါက်ဆိုးသည့်အကြောင်းလည်း ပါ၏။ သားသမီးမသိတတ်သည့်အတွက် စိတ်ဆင်းရဲနေရ သည့်အကြောင်းလည်း ပါ၏။

ကျွန်ုပ်သည်လည်း ၎င်း၏စကားများကို နားထောင်နေရင်း သက်ပြင်းအကြိမ်ကြိမ်ချမိလေ၏။ နောက်ဆုံးတွင် ပြောစရာစကားများ ကုန်သွားသည့်အတွက် ထိုမိန်းမကြီးလည်း စကားကြောပြတ် သွားလေတော့၏။ ထိုအခါကျွန်ုပ်သည် ၎င်းင်းအတွက်လိုအပ်သည့် ယတြာများကို ပေးလိုက်လေ၏။ ပြန်ခါနီး တွင် ထိုမိန်းမကြီးက ကိုဖောင်တိန်ကို မေးငေါ့ပြလိုက်ပြီးလျှင် လေသံတိုးတိုးဖြင့် –

“အဲဒီလူကြီးက အရူးကြီးမဟုတ်လား”ဟု မေးလေ၏။ထိုအခါကျွန်ုပ်က –

“ရူးနေတယ်လို့ မပြောပါနဲ့ဗျာ…”ဟု ပြောလိုက်ရလေ၏။ ထိုအခါ၎င်းင်းက –

“သြော်.. သိပြီ.. သိပြီ.. စိတ်မနှံ့ဘူးလို့ပြောရမှာ..”ဟု ပြောလိုက်ပြန်လေ၏။ ထို့ကြောင့်ကျွန်ုပ်က – “အဲဒီလိုလည်း မပြောပါနဲ့ဗျာ..၊ ကျန်းမာရေးမကောင်းရှာတဲ့ လူလို့ပဲပြောပါဗျာ..”ဟု ပြန်၍ ပြောလိုက်ရပြန် လေရာ –

“စကားတစ်ခွန်းတည်းနဲ့ရှုပ်နေတယ်..အရူးကို အရူးလို့ပြောလိုက်ရင် ရှင်းနေတာကို ဘာတွေပြန်ပြောနေ မှန်းကိုမသိဘူး..”ဟု ကျွန်ုပ်ကိုပါ မကျေမချမ်းဖြင့် ပြန်ပြောလိုက်ပြီးလျှင် ထိုမိန်းမကြီးသည် ကျွန်ုပ်၏ဗေ ဒင်ဟောခန်းတွင်းမှ ပြန်ထွက်သွားလေတော့၏။ ၎င်းပြန်သွားသည့် အချိန်တွင် ကိုဖောင်တိန်သည်လည်း ထမင်းစား၍ ပြီးသွားပြီဖြစ်၏။

ထို့ကြောင့်ကိုဖောင်တိန်သည် ကျွန်ုပ်နှင့်မျက်နှာခြင်းဆိုင်နေရာတွင်လာ၍ ထိုင်လေ၏။ ထို အခါကျွန်ုပ်က –

“လူတွေလည်း သူ့အပူနဲ့သူ ပူနေကြရတာချည်းပဲ… လူတွေရဲ့အပူတွေကို နေ့တိုင်းကြားနေရတာ..

တစ်ခါ တစ်လေ ဗေဒင်ဟောချင်စိတ်ပါ ပျောက်လာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့အပူ

တွေက ဗေဒင် ယတြာနည်းနဲ့ ဘယ်လိုမှဖြေရှင်းလို့ မရနိုင်တာတွေ ပါတယ်လေဗျာ..”ဟု ကျွန်ုပ်က ကိုဖောင်တိန်အားရင် ဖွင့်လိုက်မိလေ၏။

ထိုအခါ ကိုဖောင်တိန်သည် ပြုံးသည်ဆိုရုံမျှ ပြုံးလိုက်ပြီးလျှင် –

“ဘာဖြစ်လို့ သူများအကြောင်းကိုပဲ ပြောနေရတာလည်း ဆရာစိုးရယ်..၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်း စားကြည့်စမ်းပါဦး…။

ကျုပ်တို့တတွေမှာလည်း အပူအပင် ကင်းကြရလို့လား…၊ ငြိမ်းအေးမှုရှိရဲ့လား…၊ အနှောင့်အ ယှက်ကင်းရဲ့ လား…၊ သက်တောင့်သက်သာ ရှိကြရဲ့လား…ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်လိုက် စမ်းပါဦး..။

ကျုပ်တို့ဟာဘဝရဲ့ ပူလောင်မှုနဲ့ အေးချမ်းမှု၊ တစ်နည်းအားဖြင့် ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို ရှောင် လွှဲလို့မရတဲ့အတွက် ကျုပ်တို့ကိုယ်တိုင် အချိန်တိုင်း ကြုံတွေ့နေရတာပဲ မဟုတ်လား။

အဲဒီတော့ ပျော်ရွှင်မှု နဲ့ဝမ်းနည်းမှုကို တွေ့ကြုံလိုက်ရတဲ့ အခါတိုင်းမှာ ကျုပ်တို့ရဲ့ အတွင်းထဲက လှုပ်ခါမှုကို ကျုပ်တို့ကိုယ်တိုင် ခံ လိုက်ရတာပါပဲ။ အဲဒီ“အလှုပ်”ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင်လို့ တစ်ကြိမ်တစ်ခါလေးတောင်မှ ကျုပ်တို့ဘဝမှာ ထိန်းချုပ်လိုက်နိုင်တာရယ်လို့ ရှိခဲ့ဖူးလို့လား…။

ကျုပ်တို့ရဲ့အတွင်းထဲမှာ အချိန်တိုင်းလှုပ် ခါနေရတော့တာပါပဲ။ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကို လစ်လျှူရှုပြီး မနေနိုင်ခဲ့ကြပါဘူး…၊ ဒါ့ကြောင့် ကျုပ်တို့တွေဟာ တကယ့် အရူးတစ်ယောက်အတိုင်း ပျော်ရွှင်ရင်ရယ်မောကြတယ်၊ ဝမ်းနည်းမှုနဲ့ကြုံရင်ငိုကြွေးကြတယ်..။

ကျုပ်တို့ ဟာ ပျော်ရွှင်မှုအပေါ်မှာ ခုံမင်သာယာနေပြီး ဝမ်းနည်းပူဆွေးရတဲ့ အရာတွေကို မုန်းတီးနေကြတယ်။ တကယ်တော့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာ အခြေတစ်ခုတည်းအပေါ်မှာ တည်ဆောက်ထားတဲ့ တူညီမျှတ နေတဲ့ တစ်ခုတည်းသော အရာဖြစ်တယ်ဆိုတာကို ရိပ်စားမိခြင်း မရှိကြဘူးဖြစ်နေကြတယ်။

ဒါ့ကြောင့် တစ်သားတည်းဖြစ်နေဖို့ လိုကိုလိုအပ်တဲ့ “ဉာဏ်ပညာနဲ့ ငြိမ်းအေးမှု”ဟာ ဟာမိုနီပျက်သွားတဲ့အတွက် ကျုပ်တို့တွေဟာ လှုပ်ခါခြင်းကို ခံနေကြရတာဖြစ်တယ်။

ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို မတူညီမှုအဖြစ် ရှုမြင်နေသ၍၊ ခင်ဗျားအနေနဲ့ အမျိုးအစား ခွဲခြားနေသ၍၊ တစ်ခုတည်းသေ ာဝေဒနာပါဆိုတာကို ရိပ်မိသိရှိခြင်း မရှိသေးသ၍ ကျုပ်တို့တတွေရဲ့ အငို၊ အရယ်သရုပ် ဆောင်ဘဝကို ဘယ်လိုလုပ်ပြီး ရပ်တန့်လို့ ရနိုင်ပါဦးမလဲ ကိုယ့်လူရယ်…”ဟု ကိုဖောင်တိန်က ကျွန်ုပ်အား ပြောလိုက်လေတော့၏။ ထိုအခါ ကျွန်ုပ်က –

“ကိုဖောင်တိန်ပြောတဲ့ စကားကို ကြားရတာနားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် အဲဒီအလှုပ်”

“အဲဒီအကြောင်း ပြောမနေပါနဲ့တော့ ကိုယ့်လူရယ်..”ဟု ကိုဖောင်တိန်သည် ကျွန်ုပ်၏စကားကို ကြားဖြတ်၍ ပြောလိုက်ပြီးလျှင် အောက်ပါအတိုင်း ဆက်၍ပြောပြန်လေတော့၏။

“မလှုပ်လည်းရှုပ် လှုပ်လည်းရှုပ် လောကဇာတ်ရုပ် စုန်းစုန်းမြုပ်” လို့သာနားလည်ထားလိုက်စမ်းပါ။

အဲဒီတော့ ကိုယ့်လူလုပ်ရမှာတစ်ခုပဲရှိတယ်။ အဲဒါကတော့ သေဖို့အ တွက်သာပြင်ဆင်ထားပေတော့ ကိုယ့်လူရေ…”ဟု ပြောကာ ကိုဖောင်တိန်သည် ကျွန်ုပ်အားနှုတ်ဆက်၍ ပြန်သွားလေတော့၏။

ထိုအခါ ကျွန်ုပ်သည် အံ့သြခြင်း၊ လေးစားခြင်း၊ ကြည်ညိုခြင်း များစွာဖြင့် ကျွန်ုပ်၏မိတ်ဆွေကြီး ကိုဖောင်တိန်၏ နောက်ကျောပြင်ကို ငေး၍သာ ကြည့်နေမိလိုက်လေတော့သ တည်း…..။

“သဗေ်္ဗသတ်္တာကမ်္မဒါယာဒါ”

သိဒ္ဓိစိုး

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

lunchbox
Article
“ဘာေကာင္ႀကီးလဲ ဘဘ”

“ဘာေကာင္ႀကီးလဲ ဘဘ” က်ေတာ္ ညည ထမင္းဘူးေတြ လိုက္ေဝရာမွာ အေနာ္ရထာ လမ္းနဲ႔ ၃၃ လမ္းထိပ္ ဆုံရာ ပလက္ေဖာင္းေပၚ နားခိုၾကတဲ့ အိမ္ေျခမဲ့ မိသားတစ္စုကို အၿမဲနီးပါး ဆုံရတယ္ ။ အၿမဲ နီးပါးလို႔ သုံးႏႈန္းရတာကေတာ့ မိုး႐ြာတဲ့ ေန႔မ်ိဳးေတြ ဒါမွမဟုတ္ ပလက္ေဖာင္းထက္ လူအသြားအလာ မ်ားေန ခဲ့ရင္ သူ႐ို႕မိသားစုကို မေတြ႕ ရတတ္ဘူး ။ က်ေတာ္ ေရွ႕ပိုင္းမွာ သူတို႔ မိသားစုအေၾကာင္း ‌နည္းနည္း ပါးပါး ေရးဖူး ေသးတယ္ ။ မိသားစုလို႔ က်ေတာ္က ေရးေန တာ ။ တကယ္ေတာ့ ဖေအ မပါတဲ့ အိမ္ေျခမဲ့ …

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕
Article
နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕ ဒုတိယ ကမာၻ စစ္အတြင္းမွာ နာဇီပါတီက ပါတီဝင္ေတြက ဂ်ာမဏီစစ္တပ္ တိုက္လို႔ ႏိုင္ခဲ့တဲ့ ၿမိဳ႕ေတြတိုင္းကို အေနာက္က လိုက္လာၿပီး ၿမိဳ႕ထဲက ခ်မ္းသာသူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္ယူငင္ခဲ့ပါတယ္။ ဘာလင္ၿမိဳ႕ က်ရႈံးသြားတဲ့အခ်ိန္မွာ ႐ုရွား တပ္နီေတာ္က ဘာလင္ၿမိဳ႕ထဲက အိမ္ေတြမွာ ပိုင္ဆိုင္မႈေတြကို ျပန္လည္ လုယက္ယူ ႏိုင္ေပမဲ့ ဥေရာပတစ္လႊားက အဖိုးတန္ပစၥည္း ေတာ္ေတာ္မ်ားမ်ား ျပန္မရခဲ့ပါဘူး။ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ပါတယ္။ အဲ့ဒိကိစၥကို စိတ္ဝင္စားေနတဲ့ အေမရိကန္ အေျခစိုက္ ဝိုက္ဆန္သည္ စင္တာက ႏွစ္ေပါင္းမ်ားစြာ ေျခရာခံၿပီး ေနာက္မွာေတာ့ အာဂ်င္တီးနားမွာ နာဇီပါတီဝင္ ၁၂၀၀၀ရဲ႕ ဆြစ္ဘဏ္အေကာင့္ကို စတင္ …

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္
Article
ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္ က်ေနာ္တို႔ စားေနတဲ့ ဒူးရင္းသီးနဲ႔ ပိႏၷဲသီးက စမတ္ဖုန္းေတြလို အားသြင္းသုံးရတဲ့ ပစၥည္းေတြအတြက္ အားျပန္ျဖည့္လို႔ရတဲ့ လွ်ပ္စစ္ သိုေလွာင္ႏိုင္တဲ့ အစြမ္းရွိတယ္ ဆိုတာကို သိရင္ အံ့အားသင့္ေနမလား။ ၾသစေတးလွ် ႏိုင္ငံက သိပၸံ ပညာရွင္ အုပ္စု တစ္စုကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိမႈကို သက္ေသျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒူးရင္းသီးနဲ႔ ပိႏၷဲသီး အူတိုင္ေတြမွာ အလြန္ အစြမ္းထက္တဲ့ လွ်ပ္သို စြမ္းအားေတြ ရွိတယ္ ဆိုတာကို ေတြ႕ ရွိေနပါတယ္။ ေနာက္ၿပီးေတာ့ တကယ္ အားျပန္ျဖည့္လြယ္တဲ့ ပါဝါဘန႔္ေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။ ဒူရင္းသီးတို႔ ပိႏၷဲသီးတို႔ဆိုတာ ျမန္မာျပည္မွာေတာ့ …