- By : Phoe Linn
- Category : beauty-tip
အလှအပဆိုင်ရာ အကျိုး
ဒါကြောင့်မို့သင်ဟာ ဖြစ်နိုင်မယ်ဆိုရင် နေ့စဉ်အုန်းစိမ်းရည်တစ်ခွက်ကိုသောက်သုံးခြင်းဖြင့် ကျန်းမာလှပနုပျိုမှူကို အရယူပါလို့ ပြောလိုက်ပါရစေ….။
စန္ဒီမြင့်မိုရ်#
Unicode
အလှအပအကျိုးနဲ့ အုန်းစိမ်းရည်
အုန်းစိမ်ရည်မှာ ကျန်းမာရေးအတွက် များစွာ အကျိုးပြုတဲ့ ရေဓာတ် အပြင် ဓာတ်ဆားများလည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ ကုန်ခမ်းသွားမဲ့ ဓာတ်ဆား များကို ပြန်လည် ပြည့်ဝသွားနိုင်ပါတယ် ။
အုန်းစိမ်းရည် ဟာ ပူလာပြီ ဖြစ်တဲ့ အခုလို ကာလတွေမှာ သောက်သုံးခြင်း အားဖြင့် ကြည်လင်လန်းဆန်းကာ အညောင်းအညာ ပြေသွားစေ ပါတယ် ။
အုန်းစိမ်ရည်ဟာ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် အလှအပ အတွက်လည်း အလွန် အသုံးဝင်ကြောင်း သိရ ပါတယ် ။
အုန်းစိမ်းရည်ရဲ့အရသာဟာ ချိုမြမြ ဖြစ်ပြီး တစ်ဖန်ခွက် စာမှာ ကယ်လိုရီ ၄၅ သာ ပါဝင်တယ် လို့ဆိုပါတယ် ။
သူ့မှာ အဆီဓာတ်နဲ့ ကိုလက်စထရော လုံးဝ မပါဝင်ပါ ။ သူ့မှာ ပါဝင်တဲ့ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒြိတ် တွေကို တော့ ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက် နိုင်ပါတယ် ။
ပိုတက်စီယမ်နဲ့ ဆိုဒီယမ်လို ဓာတ်ဆားမျိုး များစွာပါဝင်တဲ့ အတွက် ဝမ်းလျော ဝမ်းပျက် သူတွေ ချွေးထွက် များသူတွေ သောက်သုံးသင့် တယ်လို့ ဆရာဝန်များက ညွှန်ကြား ထားပါတယ် ။
ဗီတာမင်စီ ဗီတာမင်အေ ၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ သံဓာတ် လိုမျိုး အာဟာရ ဓာတ်တွေများစွာပါဝင် ပါတယ် ။
အလှအပဆိုင်ရာ အကျိုး
အုန်းစိမ်းရည် ကနေ ရရှိတဲ့ အလှပဆိုင်ရာ အကျိုးကျေးဇူး ကတော့ အရွယ်တင် နုပျိုနိုင်တဲ့အကျိုး ကျေးဇူးကို ရရှိစေတာပဲ ဖြစ်ပါတယ် ။
အုန်းစိမ်းရည်မှာ ပါဝင်တဲ့ လောရစ် အက်စစ်ဟာ အလွန် သေးငယ်တဲ့ ပိုးမွှားတွေကို သုတ်သင်နိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ် ။
ဒါကြောင့်မို့အရေပြားကို ရောဂါပိုး မဝင် နိုင်ရန် ကာကွယ်ပေးနိုင် ပါတယ် ။
အုန်းရည်မှာ ပါဝင်တဲ့ ဆိုက်တိုခိုင်းစ်လို့ ခေါ်တဲ့ ပရိုတင်းဓာတ် တွေဟာ အရေပြား ဆဲလ်ကြီးထွားမူှကို အားပေးပါတယ် ။ အုန်းစိမ်းရည်ဟာ ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှု တွေကို လျော့ကျ စေနိုင်တဲ့ဂုဏ်သတ္တိရှိပြီး အရေပြားအရေးအကြောင်းများ အရေပြားတွန့် ခြင်းများကို တွန်းလှန် ပေးပါတယ် ။
ဒါကြောငွမို့ အရွယ်တင်နုပျိုခြင်းကိုပေးစွမ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
အရေပြားအတွက်အစိုဓာတ်
ပူလွန်း၍ဖြစ်စေ အေးလွန်၍ဖြစ်စေ အရေပြားများသည် ခြောက်သွေ့၍ အစိုဓာတ်နည်းပါးသည့်ပြဿနာများဖြင့်ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုပြဿနာမျိုးကို အုန်းစိမ်းရည်က ဖြေရှင်းပေးနိုင်ပါတယ်။
ဝါဂွမ်းစနဲ့အုန်းစိမ်းရည်ကိုစွတ်ပြီး သင့်အရေပြားပေါ်ပုံမှန်လိမ်းပေးခြင်းအားဖြင့် အစိုဓာတ်ဓာတ်လိမ်းခရင်မ်အသုံးမပြုရပဲ အသားအရေခြောက်သွေ့ခြင်းကို ဖယ်ရှားပစ်နိုင်ပါတယ်။
ခြောက်သွေ့နေတဲ့အသညးအရေတွေကိုပြန်လည်စို ပြေလာစေရန် အုန်းစိမ်းရည်က ကူညီပေးပါလိမ့်မယ်။
ဒါကြောင့်မို့သင်ဟာ ဖြစ်နိုင်မယ်ဆိုရင် နေ့စဉ်အုန်းစိမ်းရည်တစ်ခွက်ကိုသောက်သုံးခြင်းဖြင့် ကျန်းမာလှပနုပျိုမူှကို အရယူပါလို့ ပြောလိုက်ပါရစေ….။
စန္ဒီမြင့်မိုရ်#
No Comments