အလွအပဆိုင္ရာ မွတ္စရာ အတိုအထြာ
- By : Phoe Linn
- Category : beauty-tip
- Tags: ့health & beauty

အလွအပဆိုင္ရာ မွတ္စရာ အတိုအထြာ
အလွအပနဲ႔ ပတ္သက္ရင္ မိန္းမသားမ်ား အားလုံးအတြက္ အေရးပါ အရာေရာက္တယ္ ဆိုတာကို သိေစခ်င္ပါတယ္။ မိမိတို႔ မ်က္ႏွာျပင္မွာရွိေနတဲ့ မိမိတို႔ ပိုင္ဆိုင္ထားတဲ့ မိမိတို႔ရဲ႕ အလွတရားမ်ားကို မိမိတို႔ ကိုယ္တိုင္ အၿမဲလိုလို ဂ႐ုစိုက္ေပးေနမွသာ ထင္ေပၚတဲ့ အလွကို ပိုင္ဆိုင္မွာ ျဖစ္ပါတယ္။
သင့္ သြားေလးေတြ ေဖြးေန သန႔္ေနဖို႔
ျဖဴေဖြး သန႔္စင္ေနတဲ့ သြားလွလွေလးေတြကို ရရွိ ပိုင္ဆိုင္ခ်င္တယ္ ဆိုရင္ ဒီလိုေလး လုပ္လိုက္ပါ။ သံပုရာရည္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ဆိုဒါ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ဆား စာူပြဲတင္ဇြန္း တစ္ဝက္ စတာေတြကို ေရာေမႊၿပီး မနက္တစ္ခါ ညတစ္ခါ သြားတိုက္ေဆး အေနနဲ႔ အသုံးျပဳေပးပါ။
သြားကေလးေတြ ေဖြးေဖြးဥတဲ့ ပုလဲေလးေတြ စီထားသည့္ႏွယ္ ဆိုသကဲ့သို႔ ရရွိလို႔ လာပါလိမ့္မယ္။ ဒီနည္လမ္းေလးဟာ ေငြေၾကး အကုန္အက် မမ်ားပဲ ဓာတုပစၥည္းကင္းတဲ့ အက်ိဳးထူး နည္းလမ္းကေလးမို႔ စမ္းလုပ္ၾကည့္ဖို႔မေမ့နဲ႔ေနာ္။
ႏူွတ္ခမ္းသားႏုႏု အလွစု
သင္တို႔ရဲ႕ႏူွတ္ခမ္းသားေလးေတြႏု ညံလွပေစဖို႔ေငြကုန္ေၾကးက် မမ်ားပဲ အိမ္မွာတင္ scrub ျပဳလုပ္ႏိုင္ပါတယ္။ ဘယ္လို လုပ္ၾကမွာလည္းဆိုရင္…
ပ်ားရည္စားပြဲတင္ဇြန္း တစ္ဇြန္း၊ သၾကားစားပြဲတင္ဇြန္း တစ္ဇြန္း၊ သံပုရာရည္စားပြဲတင္ဇြန္း တစ္ဇြန္း စတာေတြကို ေရာထည့္ၿပီးေမႊပါ… ေၾကညက္ၿပီဆိုရင္ ႏူွတ္ခမ္းေပၚမွာ လိမ္းက်ံေပးပါ။
ၿပီးရင္ ေရေအးေအးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဒီနည္းကို ျပဳလုပ္ျခင္းအားျဖင့္ ႏူွတ္ခမ္းသားေပၚက ဆဲလ္အေသေတြကို ဖယ္ရွားေစၿပီး ဆဲလ္သစ္မ်ား ေမြးဖြားလာျခင္းေၾကာင့္ ႏူွတ္ခမ္းသာူေလးေတြ ႏုညံ ဖူးႂကြ စိုေျပ ေတာက္ပ လာတာကို ေတြ႕ရပါလိမ့္မယ္။ ဒီနည္းကို တစ္ပတ္မွာ ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးရင္ လုံေလာက္ေနပါၿပီ။
ဝက္ၿခံအတြက္ စိတ္မညစ္နဲ႔
အသားအေရကို ထိန္းသိမ္းေနရင္းကေန ဝက္ၿခံေတြ ထြက္လာၿပီဆိုရင္ ျမန္ျမန္ ေပ်ာက္ကင္းေအာင္ လုပ္ဖို႔ အေရႀကီးပါတယ္။ ဘာေတြနဲ႔ ဘယ္လို လုပ္မလည္း….
မုန္လာဥနီ ခတ္လတ္လတ္တစ္လုံးကို ေရေဆးၿပီး ျပဳတ္ပါ။ ၿပီးရင္ ေရေႏြးၾကမ္း အနည္းငယ္နဲ႔အတူ ႀကိတ္ေခ်လိုက္က္ပါ… ရလာတဲ့ အႏွစ္ေတြကို ေပါက္ေနတဲ့ ဝက္ၿခံေပၚ အုံထားပါ ၁၅ မိနစ္ေလာက္ ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးေပးပါ။ ဒီနည္းက အေရျပားအထူးကု ဆရာဝန္မ်ားကိုယ္တိုင္ လက္ခံရတဲ့ နည္းတစ္ခုမို႔ စိတ္ေအးရပါတယ္။
ေျခေထာက္လွလွ စိုေျပမွ
သင့္ေျခေထာက္ေတြက သင့္ခႏၶာဝန္ကို ထမ္းထားရတာမို႔ သူတို႔ဟာ အၿမဲတမ္း ပင္ပန္း ႏြမ္းနယ္ေလ့ရွိပါတယ္။ ဒါေၾကာင့္မို႔ အသားမာတက္ျခင္းမ်ား ျဖစ္လာရတာပါ။ ေျခေထာက္ အေရျပားေတြကို မျပဳျပင္ မထိန္းသိမ္းဘူးဆိုရင္ ေျခာက္ေသြ႕ၿပီး အက္ကြဲတာေတြ ျဖစ္လို႔ ၾကည့္ရ ဆိုးလာပါလိမ့္မယ္။
ဒီလိုဆို ဘယ္လို ထိန္းသိမ္းၾကမလည္း…
ဒါကလြယ္ကူပါတယ္။ ညစဥ္ ေရေႏြးေႏြးထဲကို ဆားၾကမ္း သင့္ေတာ္႐ုံ ထည့္ပါ၊ သံလြင္ဆီ ဒါမွမဟုတ္ အုန္းဆီ အနည္းငယ္ထည့္ မုန႔္ဖုတ္ ေဆာ္ဒါရွိရင္လည္း အနည္းငယ္ထည့္ပါ။ ၿပီးရင္ ေသခ်ာေမြၿပီေနာက္ ေျခေထာက္ကို စိမ္ႏွစ္ထားၿပီး ေျခဖဝါးနဲ႔ ေျခေခ်ာင္းေလးေတြကို ႏွိပ္နယ္ေပးပါ၊
ခဏၾကာ ျပန္ထုတ္ၿပီး ေရစင္ေအာင္ သုတ္ေပးပါ။ ကဲ… ဒါဆို ႏုညံၿပီး စိုေျပတဲ့ ေျခေထာက္ေတြ ရရွိ႐ုံသာမက အေညာင္းအညာလည္း ေျပေစပါတယ္ ဆိုတာကို ေျပာျပေပးလိုက္ပါၿပီ…
လက္ေတြ႕ လုပ္ၾကည့္ဖို႔က သင့္တာဝန္ပါေနာ့္…..
စၷၵီျမင့္မိုရ္#
Unicode
အလှအပဆိုင်ရာ မှတ်စရာ အတိုအထွာ
အလှအပနဲ့ ပတ်သက်ရင် မိန်းမသားများ အားလုံးအတွက် အရေးပါ အရာရောက်တယ် ဆိုတာကို သိစေချင်ပါတယ်။ မိမိတို့ မျက်နှာပြင်မှာရှိနေတဲ့ မိမိတို့ ပိုင်ဆိုင်ထားတဲ့ မိမိတို့ရဲ့ အလှတရားများကို မိမိတို့ ကိုယ်တိုင် အမြဲလိုလို ဂရုစိုက်ပေးနေမှသာ ထင်ပေါ်တဲ့ အလှကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
သင့် သွားလေးတွေ ဖွေးနေ သန့်နေဖို့
ဖြူဖွေး သန့်စင်နေတဲ့ သွားလှလှလေးတွေကို ရရှိ ပိုင်ဆိုင်ချင်တယ် ဆိုရင် ဒီလိုလေး လုပ်လိုက်ပါ။ သံပုရာရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဆား စာူပွဲတင်ဇွန်း တစ်ဝက် စတာတွေကို ရောမွှေပြီး မနက်တစ်ခါ ညတစ်ခါ သွားတိုက်ဆေး အနေနဲ့ အသုံးပြုပေးပါ။
သွားကလေးတွေ ဖွေးဖွေးဥတဲ့ ပုလဲလေးတွေ စီထားသည့်နှယ် ဆိုသကဲ့သို့ ရရှိလို့ လာပါလိမ့်မယ်။ ဒီနည်လမ်းလေးဟာ ငွေကြေး အကုန်အကျ မများပဲ ဓာတုပစ္စည်းကင်းတဲ့ အကျိုးထူး နည်းလမ်းကလေးမို့ စမ်းလုပ်ကြည့်ဖို့မမေ့နဲ့နော်။
နူှတ်ခမ်းသားနုနု အလှစု
သင်တို့ရဲ့နူှတ်ခမ်းသားလေးတွေနု ညံလှပစေဖို့ငွေကုန်ကြေးကျ မများပဲ အိမ်မှာတင် scrub ပြုလုပ်နိုင်ပါတယ်။ ဘယ်လို လုပ်ကြမှာလည်းဆိုရင်…
ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်း၊ သကြားစားပွဲတင်ဇွန်း တစ်ဇွန်း၊ သံပုရာရည်စားပွဲတင်ဇွန်း တစ်ဇွန်း စတာတွေကို ရောထည့်ပြီးမွှေပါ… ကြေညက်ပြီဆိုရင် နူှတ်ခမ်းပေါ်မှာ လိမ်းကျံပေးပါ။
ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းကို ပြုလုပ်ခြင်းအားဖြင့် နူှတ်ခမ်းသားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားစေပြီး ဆဲလ်သစ်များ မွေးဖွားလာခြင်းကြောင့် နူှတ်ခမ်းသာူလေးတွေ နုညံ ဖူးကြွ စိုပြေ တောက်ပ လာတာကို တွေ့ရပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရင် လုံလောက်နေပါပြီ။
ဝက်ခြံအတွက် စိတ်မညစ်နဲ့
အသားအရေကို ထိန်းသိမ်းနေရင်းကနေ ဝက်ခြံတွေ ထွက်လာပြီဆိုရင် မြန်မြန် ပျောက်ကင်းအောင် လုပ်ဖို့ အရေကြီးပါတယ်။ ဘာတွေနဲ့ ဘယ်လို လုပ်မလည်း….
မုန်လာဥနီ ခတ်လတ်လတ်တစ်လုံးကို ရေဆေးပြီး ပြုတ်ပါ။ ပြီးရင် ရေနွေးကြမ်း အနည်းငယ်နဲ့အတူ ကြိတ်ချေလိုက်က်ပါ… ရလာတဲ့ အနှစ်တွေကို ပေါက်နေတဲ့ ဝက်ခြံပေါ် အုံထားပါ ၁၅ မိနစ်လောက် ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ ဒီနည်းက အရေပြားအထူးကု ဆရာဝန်များကိုယ်တိုင် လက်ခံရတဲ့ နည်းတစ်ခုမို့ စိတ်အေးရပါတယ်။
ခြေထောက်လှလှ စိုပြေမှ
သင့်ခြေထောက်တွေက သင့်ခန္ဓာဝန်ကို ထမ်းထားရတာမို့ သူတို့ဟာ အမြဲတမ်း ပင်ပန်း နွမ်းနယ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ အသားမာတက်ခြင်းများ ဖြစ်လာရတာပါ။ ခြေထောက် အရေပြားတွေကို မပြုပြင် မထိန်းသိမ်းဘူးဆိုရင် ခြောက်သွေ့ပြီး အက်ကွဲတာတွေ ဖြစ်လို့ ကြည့်ရ ဆိုးလာပါလိမ့်မယ်။
ဒီလိုဆို ဘယ်လို ထိန်းသိမ်းကြမလည်း…
ဒါကလွယ်ကူပါတယ်။ ညစဉ် ရေနွေးနွေးထဲကို ဆားကြမ်း သင့်တော်ရုံ ထည့်ပါ၊ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ အနည်းငယ်ထည့် မုန့်ဖုတ် ဆော်ဒါရှိရင်လည်း အနည်းငယ်ထည့်ပါ။ ပြီးရင် သေချာမွေပြီနောက် ခြေထောက်ကို စိမ်နှစ်ထားပြီး ခြေဖဝါးနဲ့ ခြေချောင်းလေးတွေကို နှိပ်နယ်ပေးပါ၊
ခဏကြာ ပြန်ထုတ်ပြီး ရေစင်အောင် သုတ်ပေးပါ။ ကဲ… ဒါဆို နုညံပြီး စိုပြေတဲ့ ခြေထောက်တွေ ရရှိရုံသာမက အညောင်းအညာလည်း ပြေစေပါတယ် ဆိုတာကို ပြောပြပေးလိုက်ပါပြီ
လက်တွေ့ လုပ်ကြည့်ဖို့က သင့်တာဝန်ပါနော့်…..
စ္န္ဒီမြင့်မိုရ်#
No Comments