
အလွအပကို ဖ်က္တဲ့အရာေတြကို ဘယ္လိုတြန္းလွန္မလည္း””””
မိန္းမသားမ်ားအတြက္ အလွအပကို ဖ်က္ဆီးမဲ့ အရာေတြဟာ အမူွမဲ့အမွတ္မဲ့ ဝင္ေရာက္လာႏိုင္ပါတယ္။ ဒီလိုဝင္ေရာက္လာတဲ့အခါ ဘယ္လိုေမာင္းထုတ္မလည္း ဘယ္လို ကာကြယ္မလည္း လူတိုင္းလိုလို ႀကဳံေတြ႕ႏိုင္တဲ့ အလွအပနဲ႔ သက္ဆိုင္ရာ ျပႆနာတစ္ခ်ိဳ႕ကို အလြယ္တကူ ေျဖရွင္းႏိုင္မဲ့ နည္းလမ္းေလးေတြကို သိထားသင့္ပါတယ္။
ေျခေထာက္အလွကိုဖ်က္ေနတဲ့ကိစၥ”’
သင့္ရဲ႕ ေျခဖေနာင့္မွာ အက္ကြဲၿပီး ၾကည့္ရဆိုးဆိုး ေနထိုင္ရ ခက္ခက္ေတြ ျဖစ္ေနမယ္ဆိုရင္ အခမ္းအနားေတြ တက္တဲ့ အခါပဲ ျဖစ္ေစ လူအမ်ားနဲ႔ ေတြ႕ဆုံ ဆက္ဆံရတာပဲျဖစ္ျဖစ္ သင့္မွာ အရွက္ရေစမွာ ျဖစ္တယ္။ ဒါကို ဘယ္လို ကာကြယ္ေျဖရွင္းမလည္း သင့္မ်က္ႏွာျပင္မွာ လိမ္းေနတဲ့အစိုဓာတ္ထိန္း ခရင္မ္ကို ပဲ သင့္ေျခေထာက္မွာ အသုံးျပဳေပးရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ညအိပ္ယာဝင္တဲ့အခါ ေျခေထာက္ကို သန႔္စင္ေအာင္ ေဆးေၾကာသုတ္သင္ၿပီး ဂလစ္စရင္း ပါဝင္တဲ့ အစိုဓာတ္ထိန္း ခရင္မ္ကို လိမ္းၿပီးေနာက္ ေျခအိတ္စြပ္၍ အိပ္ပါ။
ေျခသလုံးေမႊးျပႆနာ”””
သင့္ရဲ႕ေျခသလုံးေမႊးေတြကို မၾကာခဏ ရိတ္ေနတာေၾကာင့္ အေမႊးၾကမ္းေတြ ပိုထြက္လာလို႔ စိတ္ပ်က္ေနပါသလား ။ ဒီနည္းလမ္းေလးကို သုံးၿပီး ေျဖရွင္းၾကည့္ပါ။ ေျခသလုံးေမႊးေတြကို အနည္းငယ္ ရွည္လာ႐ုံမွ်နဲ႔ မရိတ္ပါနဲ႔ တစ္လက္မရဲ႕ ေလးပုံ တစ္ပုံစာေလာက္ ထားၿပီးမွ အေမႊးခြၽတ္ဖေယာင္း လိမ္းကာခြၽတ္ေပးပါ အနည္းငယ္ နာက်င္မူွရွိမည္။ အေရျပားနဲ႔ ဓာတ္ မတည့္ပါက ယားယံမူွ ျဖစ္ေစႏိုင္ပါတယ္ ။ အေမႊးခြၽတ္ ဖေယာင္းကို လိမ္းတဲ့ အခါမွာေတာ့ မနည္းမမ်ားနဲ႔ သင့္ေတာ္တဲ့ အတိုင္းအတာ ျဖစ္ေနပါေစ။
အေရျပားကြာျခင္း””’
သင့္အေရျပားေတြရဲ႕ အေပၚယံ အေရျပားဟာ ေျခာက္ေသြ႕ကာ ကြာက် လာတာေၾကာင့္ နီရဲပီးပူစပ္ပူေလာင္ ျဖစ္ေနတယ္ ဆိုရင္ ဒီလို ေျဖရွင္းလိုက္ပါ။ ရွားေစာင္းလက္ပတ္နဲ႔ ေဖာ္စပ္ထုတ္လုပ္ထားတဲ့ အစိုဓာတ္ ထိန္းခရင္မ္ေတြဟာ နာက်င္တာနဲ႔ အေရျပား ကြာက်တာကို သက္သာေစပါတယ္။ ရက္အနည္းငယ္ အေရျပား ကြာက်တာမ်ိဳးကေတာ့ ခႏၶာကိုယ္က ပ်က္စီးေနတဲ့ အေရျပားေတြကို ဖယ္ရွားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အေရျပား ပ်က္စီးမူွ မျဖစ္ေစဖို႔ အနည္းဆုံး SPF 30 ပါဝင္တဲ့ ေနေရာင္ကာ ခရင္မ္ကို အိမ္အျပင္ မထြက္ခင္ နာရီဝက္ႀကိဳ လိမ္းထားပါ။
မ်က္ႏွာအဆီျပန္ေနလား””
ဘယ္သို႔ပင္ျဖစ္ေစ မ်က္ႏွာျပင္ဟာ အစိုဓာတ္ရွိရမယ္လို႔ ဆိုေသာ္လည္း ၾကည့္မေကာင္း ျမင္မေကာင္းေအာင္ အဆီျပန္ေနျခင္းမ်ိဳးကေတာ့ ေနရထိုင္ရ ခက္ပါတယ္။
ဒါကို ဘယ္လိုေျဖရွင္းၾကမလည္း…..
သင့္ရဲ႕ မ်က္ႏွာကို မၾကာခဏ ေၾကးခြၽတ္ျခင္း မျပဳလုပ္ပါနဲ႔ မၾကာခဏ ေၾကးခြၽတ္ျခင္းဟာ အေရျပားမွ အဆီမ်ားကိုပိုမို ထုတ္ေပးတာေၾကာင့္ အဆင္မေျပပါ။ မ်က္ႏွာသစ္တဲ့အခါ ေၾကးသန႔္စင္အား ေပ်ာ့တဲ့ သန႔္စင္ပစၥည္းကိုသာ သုံးပါ။အဆီမပါဝင္တဲ့ အစိုဓာတ္ ထိန္းခရင္မ္ကို သုံးပါ ေရဓာတ္ကို အေျခခံျပဳလုပ္ထားတဲ့ မိတ္ကပ္ေတြကိုသာသုံးပါ။
အသားအေရေျခာက္ေသြ႕ေနလား””
သင့္မွာ အသားအေရ ေျခာက္ေသြ႕ၿပီး မြဲညစ္ညစ္ျဖစ္ကာ အစိုဓာတ္ နည္းေနပါသလား ေျခာက္ေသြ႕မူွေၾကာင့္ အသားအေရေတြ ၾကမ္းေနၿပီလား
ဒါဆိုမပူပါနဲ႔ ဒီနည္းေလးေတြကို အသုံးျပဳၾကည့္ပါ….
သင့္အေနနဲ႔ ေရပူနဲ႔ေရခ်ိဳးျခင္း ေရကိုအခ်ိန္ၾကာၾကာ ခ်ိဳးျခင္းေၾကးခြၽတ္အားျပင္းတဲ့ ဆပ္ျပာေတြသုံးျခင္းတို႔ေၾကာင့္ အေရျပားစြတ္စိုမူွ ကိုထိန္းေပးတဲ့ အဆီေတြကို ဖယ္ရွားျပစ္ႏိုင္တာပဲ ဖစ္ပါတယ္။ ေရပူမဟုတ္ပဲ ေရေႏြးေႏြးကို ခ်ိဳးလို႔ရပါတယ္။ အေရျပားကို ၾကမ္းတမ္းစြာ ပြတ္တိုက္တာမ်ိဳးမလုပ္ပါနဲ႔ ေရခ်ိဳးၿပီးတဲ့အခါ ယူရီးယား ဒါမွမဟုတ္ လက္တစ္အက္ဆစ္ ပါဝင္တဲ့ အစိုဓာတ္ ထိန္းခရင္မ္ကို လိမ္းေပးပါ။
အနီစက္မ်ားနဲ႔သင့္မ်က္ႏွာ””
မ်က္ႏွာမွာ အနီစက္ေလးေတြ ရွိေနတာေၾကာင့္ စိတ္ညစ္ေနရၿပီလား စိတ္သိပ္မပူပါနဲ႔ ေျဖရွင္းနည္းေလးသာ ၾကည့္လိုက္ပါ ဆယ္ေက်ာ္သက္အ႐ြယ္ေတြ မ်က္ႏွာမွာ အနီစက္ေလးေတြ ျဖစ္ေပၚတာဟာ ႏွင္းခူရွိတာေၾကာင့္လည္း ျဖစ္ႏိုင္သလိုဓာတ္မတည့္တဲ့ အလွျပင္ပစၥည္းမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အနီစက္ေပ်ာက္ေတြကို ဖုံးအုပ္ဖို႔ကေတာ့ ကြန္ဆယ္လာ ခပ္ပါးပါး လိမ္းၿပီး ဖုံးအုပ္ႏိုင္ပါတယ္ အရွည္သျဖင့္ မျဖစ္လာေစရန္ကေတာ့ အေရျပားဆရာဝန္နဲ႔ တိုင္ပင္ပါ။
တင္းတိတ္ေၾကာင့္ စိတ္ပ်က္ေနလား””
သင့္မ်က္ႏွာျပင္ဟာ လွခ်င္ပါရဲ႕နဲ႔ တင္းတိတ္တို႔ ထြက္ေနတာေၾကာင့္ အလွပ်က္ေနလို႔စိတ္မညစ္ပါနဲ႔ တင္းတိတ္ကာကြယ္ဖို႔အတြက္ အိမ္အျပင္မထြက္ခင္ ေနေရာင္ကာ ခရင္မ္လိမ္းေပးပါ။ ကြန္ဆယ္လာနဲ႔ ဖုန္းအုပ္ေပးပါ။ မ်က္ႏွာၾကည္လင္ဝင္းပဖို႔ ဗီတာမင္စီ ပါဝင္တဲ့ ခရင္မ္လိမ္းပါ၊တစ္ျဖည္းျဖည္းနဲ႔ တင္းတိတ္ေတြအေရာင္ေဖ်ာ့ကာ သက္သာလာပါလိမ့္မယ္။
အလွအပဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းဖို႔အလြယ္ကူဆုံး နည္းလမ္းေတြမို႔ လိုက္နာက်င့္သုံးၾကည့္လိုက္ပါ……
စႏၵီျမင့္မိုရ္#
Unicode
အလှအပကို ဖျက်တဲ့အရာတွေကို ဘယ်လိုတွန်းလှန်မလည်း””””
မိန်းမသားများအတွက် အလှအပကို ဖျက်ဆီးမဲ့ အရာတွေဟာ အမူှမဲ့အမှတ်မဲ့ ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုဝင်ရောက်လာတဲ့အခါ ဘယ်လိုမောင်းထုတ်မလည်း ဘယ်လို ကာကွယ်မလည်း လူတိုင်းလိုလို ကြုံတွေ့နိုင်တဲ့ အလှအပနဲ့ သက်ဆိုင်ရာ ပြဿနာတစ်ချို့ကို အလွယ်တကူ ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။
ခြေထောက်အလှကိုဖျက်နေတဲ့ကိစ္စ”’
သင့်ရဲ့ ခြေဖနောင့်မှာ အက်ကွဲပြီး ကြည့်ရဆိုးဆိုး နေထိုင်ရ ခက်ခက်တွေ ဖြစ်နေမယ်ဆိုရင် အခမ်းအနားတွေ တက်တဲ့ အခါပဲ ဖြစ်စေ လူအများနဲ့ တွေ့ဆုံ ဆက်ဆံရတာပဲဖြစ်ဖြစ် သင့်မှာ အရှက်ရစေမှာ ဖြစ်တယ်။ ဒါကို ဘယ်လို ကာကွယ်ဖြေရှင်းမလည်း သင့်မျက်နှာပြင်မှာ လိမ်းနေတဲ့အစိုဓာတ်ထိန်း ခရင်မ်ကို ပဲ သင့်ခြေထောက်မှာ အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ညအိပ်ယာဝင်တဲ့အခါ ခြေထောက်ကို သန့်စင်အောင် ဆေးကြောသုတ်သင်ပြီး ဂလစ်စရင်း ပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပြီးနောက် ခြေအိတ်စွပ်၍ အိပ်ပါ။
ခြေသလုံးမွှေးပြဿနာ”””
သင့်ရဲ့ခြေသလုံးမွှေးတွေကို မကြာခဏ ရိတ်နေတာကြောင့် အမွှေးကြမ်းတွေ ပိုထွက်လာလို့ စိတ်ပျက်နေပါသလား ။ ဒီနည်းလမ်းလေးကို သုံးပြီး ဖြေရှင်းကြည့်ပါ။ ခြေသလုံးမွှေးတွေကို အနည်းငယ် ရှည်လာရုံမျှနဲ့ မရိတ်ပါနဲ့ တစ်လက်မရဲ့ လေးပုံ တစ်ပုံစာလောက် ထားပြီးမှ အမွှေးချွတ်ဖယောင်း လိမ်းကာချွတ်ပေးပါ အနည်းငယ် နာကျင်မူှရှိမည်။ အရေပြားနဲ့ ဓာတ် မတည့်ပါက ယားယံမူှ ဖြစ်စေနိုင်ပါတယ် ။ အမွှေးချွတ် ဖယောင်းကို လိမ်းတဲ့ အခါမှာတော့ မနည်းမများနဲ့ သင့်တော်တဲ့ အတိုင်းအတာ ဖြစ်နေပါစေ။
အရေပြားကွာခြင်း””’
သင့်အရေပြားတွေရဲ့ အပေါ်ယံ အရေပြားဟာ ခြောက်သွေ့ကာ ကွာကျ လာတာကြောင့် နီရဲပီးပူစပ်ပူလောင် ဖြစ်နေတယ် ဆိုရင် ဒီလို ဖြေရှင်းလိုက်ပါ။ ရှားစောင်းလက်ပတ်နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အစိုဓာတ် ထိန်းခရင်မ်တွေဟာ နာကျင်တာနဲ့ အရေပြား ကွာကျတာကို သက်သာစေပါတယ်။ ရက်အနည်းငယ် အရေပြား ကွာကျတာမျိုးကတော့ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ အရေပြားတွေကို ဖယ်ရှားတာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြား ပျက်စီးမူှ မဖြစ်စေဖို့ အနည်းဆုံး SPF 30 ပါဝင်တဲ့ နေရောင်ကာ ခရင်မ်ကို အိမ်အပြင် မထွက်ခင် နာရီဝက်ကြို လိမ်းထားပါ။
မျက်နှာအဆီပြန်နေလား””
ဘယ်သို့ပင်ဖြစ်စေ မျက်နှာပြင်ဟာ အစိုဓာတ်ရှိရမယ်လို့ ဆိုသော်လည်း ကြည့်မကောင်း မြင်မကောင်းအောင် အဆီပြန်နေခြင်းမျိုးကတော့ နေရထိုင်ရ ခက်ပါတယ်။
ဒါကို ဘယ်လိုဖြေရှင်းကြမလည်း…..
သင့်ရဲ့ မျက်နှာကို မကြာခဏ ကြေးချွတ်ခြင်း မပြုလုပ်ပါနဲ့ မကြာခဏ ကြေးချွတ်ခြင်းဟာ အရေပြားမှ အဆီများကိုပိုမို ထုတ်ပေးတာကြောင့် အဆင်မပြေပါ။ မျက်နှာသစ်တဲ့အခါ ကြေးသန့်စင်အား ပျော့တဲ့ သန့်စင်ပစ္စည်းကိုသာ သုံးပါ။အဆီမပါဝင်တဲ့ အစိုဓာတ် ထိန်းခရင်မ်ကို သုံးပါ ရေဓာတ်ကို အခြေခံပြုလုပ်ထားတဲ့ မိတ်ကပ်တွေကိုသာသုံးပါ။
အသားအရေခြောက်သွေ့နေလား””
သင့်မှာ အသားအရေ ခြောက်သွေ့ပြီး မွဲညစ်ညစ်ဖြစ်ကာ အစိုဓာတ် နည်းနေပါသလား ခြောက်သွေ့မူှကြောင့် အသားအရေတွေ ကြမ်းနေပြီလား
ဒါဆိုမပူပါနဲ့ ဒီနည်းလေးတွေကို အသုံးပြုကြည့်ပါ….
သင့်အနေနဲ့ ရေပူနဲ့ရေချိုးခြင်း ရေကိုအချိန်ကြာကြာ ချိုးခြင်းကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေသုံးခြင်းတို့ကြောင့် အရေပြားစွတ်စိုမူှ ကိုထိန်းပေးတဲ့ အဆီတွေကို ဖယ်ရှားပြစ်နိုင်တာပဲ ဖစ်ပါတယ်။ ရေပူမဟုတ်ပဲ ရေနွေးနွေးကို ချိုးလို့ရပါတယ်။ အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်တာမျိုးမလုပ်ပါနဲ့ ရေချိုးပြီးတဲ့အခါ ယူရီးယား ဒါမှမဟုတ် လက်တစ်အက်ဆစ် ပါဝင်တဲ့ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းပေးပါ။
အနီစက်များနဲ့သင့်မျက်နှာ””
မျက်နှာမှာ အနီစက်လေးတွေ ရှိနေတာကြောင့် စိတ်ညစ်နေရပြီလား စိတ်သိပ်မပူပါနဲ့ ဖြေရှင်းနည်းလေးသာ ကြည့်လိုက်ပါ ဆယ်ကျော်သက်အရွယ်တွေ မျက်နှာမှာ အနီစက်လေးတွေ ဖြစ်ပေါ်တာဟာ နှင်းခူရှိတာကြောင့်လည်း ဖြစ်နိုင်သလိုဓာတ်မတည့်တဲ့ အလှပြင်ပစ္စည်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနီစက်ပျောက်တွေကို ဖုံးအုပ်ဖို့ကတော့ ကွန်ဆယ်လာ ခပ်ပါးပါး လိမ်းပြီး ဖုံးအုပ်နိုင်ပါတယ် အရှည်သဖြင့် မဖြစ်လာစေရန်ကတော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပါ။
တင်းတိတ်ကြောင့် စိတ်ပျက်နေလား””
သင့်မျက်နှာပြင်ဟာ လှချင်ပါရဲ့နဲ့ တင်းတိတ်တို့ ထွက်နေတာကြောင့် အလှပျက်နေလို့စိတ်မညစ်ပါနဲ့ တင်းတိတ်ကာကွယ်ဖို့အတွက် အိမ်အပြင်မထွက်ခင် နေရောင်ကာ ခရင်မ်လိမ်းပေးပါ။ ကွန်ဆယ်လာနဲ့ ဖုန်းအုပ်ပေးပါ။ မျက်နှာကြည်လင်ဝင်းပဖို့ ဗီတာမင်စီ ပါဝင်တဲ့ ခရင်မ်လိမ်းပါ၊တစ်ဖြည်းဖြည်းနဲ့ တင်းတိတ်တွေအရောင်ဖျော့ကာ သက်သာလာပါလိမ့်မယ်။
အလှအပဆိုင်ရာ ပြဿနာများကို ဖြေရှင်းဖို့အလွယ်ကူဆုံး နည်းလမ်းတွေမို့ လိုက်နာကျင့်သုံးကြည့်လိုက်ပါ……
စန္ဒီမြင့်မိုရ်#
No Comments