အလွဆင္ထားသည့္ အက်ည္းတန္မႈ

အလွဆင္ထားသည့္ အက်ည္းတန္မႈ
Article

အလွဆင္ထားသည့္ အက်ည္းတန္မႈ

တစ္ေန႔သ၌ ကြၽႏ္ုပ္သည္ ကြၽႏ္ုပ္၏ ေဗဒင္ေဖာက္သည္တစ္ဦးျဖစ္သည့္ ေဒၚဆိတ္မဟုေခၚေသာ မိန္းမႀကီး အား ေဗဒင္ ေဟာေပးေနရေလ၏။ ထိုမိန္းမႀကီးသည္ လြန္စြာစကားမ်ားသူ တစ္ဦးျဖစ္ေလ၏။ ထို႔ေၾကာင့္ ေဗဒင္ေဟာ၍ ၿပီးသြားေသာ္လည္း မျပန္ေသးဘဲ ကြၽႏ္ုပ္ႏွင့္ထိုင္၍ စကားေျပာေနျပန္၏။

ကြၽႏ္ုပ္ႏွင့္ေဒၚဆိတ္မတို႔ စကားေျပာေနသည့္ အခ်ိန္တြင္ ကြၽႏ္ုပ္ထံသို႔ ကိုေဖာင္တိန္ႀကီး ေရာက္ရွိ၍ လာျပန္ေလေတာ့၏… ၎ကိုေဖာင္တိန္ႀကီးသည္ ေရာက္လွ်င္ ေရာက္ျခင္းပင္ ထုံးစံအတိုင္း ကြၽႏ္ုပ္ႏႈတ္ဆက္ေလ၏။

“ေသဖို႔အတြက္ ျပင္ဆင္ၿပီးၿပီလား …” ဟု ေျပာလိုက္ရာ ေဒၚဆိတ္မႀကီးက –

“လူလူျခင္းေတြ႕ရင္ ေနေကာင္းလား ..၊ က်န္းမာရဲ႕လား …လို႔ အသက္ရွည္ရာ ရွည္ေၾကာင္း၊ က်န္းမာရာ က်န္းမာေၾကာင္းကို ေမးၾက၊ သတိေပးၾကတာပဲ ၾကားဖူးပါတယ္။ အခုလို“ေသဖို႔အတြက္ ျပင္ဆင္ၿပီးၿပီ လား” လို႔ ေသဖို႔အတြက္ တိုက္တြန္းတဲ့ စကားမ်ိဳး တစ္သက္နဲ႔တစ္ကိုယ္ ဒီတစ္ခါပဲ ၾကားဖူးပါတယ္။

အံ့ပါရဲ႕ ေတာ္ …၊ ရွင္ ဘယ္လိုလူလဲ.. ဦးေဏွာက္ေရာ ေကာင္းရဲ႕လား” ဟု ကိုေဖာင္တိန္အား အျပစ္တင္လိုက္ေလ ေတာ့၏။

“က်ဳပ္က လူေလ..၊ လူလူခ်င္းကို ရွင္ ဘယ္လိုလူလဲ..၊ သူ ဘယ္လိုလူလည္း ဆိုၿပီး ႏႈိင္းယွဥ္တဲ့ စကားကို ေျပာတယ္ဆိုေတာ့ ဧကႏၲေတာ့ ခင္ဗ်ားဟာ လူေတြကို အတန္းအစား ခြဲျခားၿပီး ဆက္ဆံတတ္တဲ့ ခတ္ညံ့ညံ့ မိန္းမႀကီးတစ္ေယာက္ပဲ ျဖစ္ရမယ္၊ အဲဒီလို မဟုတ္ဘူးဆိုရင္လည္း …၊

သူ႔ျဖစ္တည္မႈနဲ႔သူ သူ႔ တန္ဖိုးနဲ႔သူ တစ္သီးတစ္ျခားဆီ ျဖစ္တည္ေနၾကတဲ့ လူေတြကို တစ္ဦးနဲ႔ တစ္ဦး ႏႈိင္းယွဥ္လို႔ ရစေကာင္းလား ဗ်ာ ..၊ အဲဒီလို ႏႈိင္းယွဥ္လို႔ မရတာကို ႏႈိင္းယွဥ္ျပတယ္ ဆိုေတာ့ ခင္ဗ်ားဟာ အေတာ္ကို မသိသားဆိုးဝါးတဲ့ မိန္းမႀကီးတစ္ေယာက္ ျဖစ္ေနၿပီ …။

ခင္ဗ်ားက က်ဳပ္ကို ဦးေဏွာက္ေကာင္းရဲ႕လားလို႔ ေမးတယ္၊ တကယ္ ဦးေဏွာက္ မေကာင္းတဲ့သူက ခင္ဗ်ားျဖစ္ေနၿပီ ..” ဟု ကိုေဖာင္တိန္က ေဒၚဆိတ္မႀကီးအား ခြန္းတုန႔္ျပန္၍ ေျပာလိုက္ရာ ေဒၚဆိတ္မႀကီးက –

“အ႐ူးနဲ႔ဖက္ၿပီး ရန္မျဖစ္ခ်င္ဘူး ..” ဟု ႏႈတ္ခမ္းကို မဲ့ကာ႐ႊဲ႕ကာျဖင့္ ျပန္၍ေျပာေလ၏။ ထိုအခါ ကို ေဖာင္တိန္ႀကီးက –

“ခင္ဗ်ား စကားေျပာတာ အေတာ္ကို ရင့္သီးတာပဲ ..၊လူေတြက က်ဳပ္ကို ႐ူးေနတဲ့လူလို႔ ေျပာၾကေပမယ့္ ..၊က်ဳပ္ မ႐ူးဘူး ..၊ဦးေဏွာက္လည္း ေကာင္းတယ္ ..၊က်န္းမာေရးလည္း ေကာင္းတယ္ ..၊ အားလုံး ေကာင္းတယ္ …” ဟု ေျပာလိုက္ျပန္ရာ –

“ရွင့္ဘာသာရွင္ ႐ူး႐ူးေကာင္းေကာင္း ကြၽန္မနဲ႔ မဆိုင္ဘူး ..၊ ကိုယ့္ဟာနဲ႔ကိုယ္ (၉၆) ပါး စြဲၿပီး က်န္းမာေရးမေကာင္းလို႔ စိတ္ညစ္ေနရတဲ့ ၾကားထဲ မ႐ူးဘူးဆိုတဲ့ အ႐ူးက တစ္ေမွာင့္ ..” ဟု ေဒၚဆိတ္မက ကို ေဖာင္တိန္ႀကီးအား နင့္နင့္နာနာ ေျပာလိုက္ေလ၏။ ထိုအခါ ကြၽႏ္ုပ္က –

“(၉၆) ပါးေရာဂါဆိုတာ မွားေနတယ္ ..၊တကယ္က (၉၈)ပါး ေရာဂါလို႔ေျပာမွ မွန္တယ္ ေဒၚဆိတ္မ” ဟု ေျပာလိုက္ရာ ေဒၚဆိတ္မႀကီးသည္ ကြၽႏ္ုပ္ဘက္သို႔လွည့္၍ –

“လာျပန္ၿပီ တစ္ေယာက္ တစ္သက္လုံး (၉၆)ပါးလို႔ပဲ သိလာတယ္ အခုမွ (၉၈)ပါး ျဖစ္သြားျပန္ၿပီ သမားေတာ္ႀကီးေတြကအစ (၉၆)ပါးလို႔ပဲ ေျပာတာ ဘယ္လိုျဖစ္ၿပီး (၉၈)ပါး ျဖစ္သြားရတာလဲ ..”ဟု ကြၽႏ္ုပ္အား အေငၚတူးသည့္ ေလသံျဖင့္ ေမးလိုက္ေလေတာ့၏။

“ခင္ဗ်ားတို႔သိထားတဲ့ (၉၆)ပါးဆိုတာ ဒါေတြ မဟုတ္လား …”ဟု ေျပာ၍ ကြၽႏ္ုပ္သည္ (၉၆)ပါး ေရာဂါအမည္စာရင္းကို ပါဠိလိုေရာ ျမန္မာလိုပါ အစဥ္အတိုင္း ႐ြတ္ျပလိုက္ေလ၏။ ထို႔ေနာက္ ကြၽႏ္ုပ္က –

“ေျခသည္း၊ လက္သည္းနဲ႔ ျခစ္မိလို႔ျဖစ္တဲ့ “နခသာ”ဆိုတဲ့ ေရာဂါ ..၊အပမာေရာလို႔ေခၚတဲ့ ဝက္႐ူး၊ ၾကက္႐ူးေရာဂါႏွစ္မ်ိဳး က်န္ေသးတယ္။ အဲဒီႏွစ္မ်ိဳးကိုပါ ထည့္ၿပီး ေရတြက္မယ္ဆိုရင္ (၉၈)ပါးရွိတယ္၊ ဗဟု သုတရွိမွ စကားေျပာစမ္းပါဗ်ာ ..” ဟု ကြၽႏ္ုပ္က ေဒၚဆိတ္မႀကီးအား ဗဟုသုတ နည္းရန္ေကာဟူေသာ သေဘာျဖင့္ ရႈတ္ခ်လိုက္ေလ၏။ ထိုအခါ ေဒၚဆိတ္မႀကီးက –

“စိတ္တစ္ခု ႐ုပ္ကိုးဆယ္တဲ့ ကိုယ့္စိတ္သေဘာနဲ႔ကိုယ္ (၉၆)ပါး ေရာဂါပဲ မွတ္မယ္၊ (၉၈)ပါးေတာ့ မမွတ္ႏိုင္ဘူး ..” ဟု ေခါင္းမာစြာျဖင့္ ေျပာလိုက္ျပန္ေလ၏။ ထို႔ေၾကာင့္ ကြၽႏ္ုပ္က –

“စိတ္တစ္ခု ႐ုပ္ကိုးဆယ္ဆိုတာလည္း မွားေနတယ္ ..၊ စိတ္ (၈၉)ပါးပဲ ရွိတယ္၊ ကိုးဆယ္ရွိတာ မဟုတ္ဘူး၊ စာမဖတ္ဘူးလို႔၊ က်မ္းေတြ မေလ့လာဘူးလို႔၊ သူေျပာကိုယ္ေျပာနဲ႔ လိုက္ေျပာေနၾကတာ .. စာမွာ စိတ္တစ္ခုယုတ္ (၉၀)လို႔ ေရးထားတာ၊ ကိုးဆယ္ထဲကေန တစ္ခုေလွ်ာ့ၿပီး စိတ္ (၈၉)မ်ိဳးလို႔ မွတ္ခိုင္းတာ၊

အဲဒါကို မသိဘဲ စိတ္တစ္ခု ႐ုပ္ကိုးဆယ္လို႔ ေျပာေနၾကတာ အမွားႀကီးမွားတယ္၊ က်ဳပ္ေျပာတာကို သိခ်င္ရင္ ခင္ဗ်ားတို႔ အဘိဓမၼာကို ေလ့လာထားဖို႔ လိုတယ္ ..”ဟု ကြၽႏ္ုပ္သည္ ေဒၚဆိတ္မႀကီး၏အမွားကို ေထာက္ျပ လိုက္ျပန္ ေလ၏။

“ေတာ္ၿပီ .. ေတာ္ၿပီ .. ဒီမွာဆက္ေနရင္ ကြၽန္မလည္း ဦးေဏွာက္ ေခ်ာင္သြားႏိုင္တယ္ ..၊ ျပန္တာပဲ ေကာင္းတယ္ ..” ဟု ေျပာကာ ေဒၚဆိတ္မႀကီးသည္ ကြၽႏ္ုပ္၏ ေဗဒင္ေဟာခန္းထဲမွ ျပန္ထြက္သြားေလ ေတာ့၏။

ကိုေဖာင္တိန္ႀကီး၏ေရွ႕တြင္ ကြၽႏ္ုပ္၏ ဗဟုသုတကို ထုတ္ျပလိုက္ႏိုင္သည့္အတြက္ ကြၽႏ္ုပ္သည္ ဂုဏ္ယူဝံ့ႂကြား၍ ေနေလ၏။ ေဒၚဆိတ္မျပန္သြားသည့္အခါ ကိုေဖာင္တိန္သည္လည္း ထမင္းစားၿပီးသြားၿပီ ျဖစ္၏။

ကြၽႏ္ုပ္ႏွင့္ ေဒၚဆိတ္မတို႔ စကားေျပာေနစဥ္ ကိုေဖာင္တိန္ ထမင္းစားေနသည္ကို ကြၽႏ္ုပ္ သတိမထားလိုက္မိျခင္းျဖစ္၏။ ထို႔ေၾကာင့္ ကြၽႏ္ုပ္က –

“ထမင္းစားလို႔ေတာင္ ၿပီးသြားၿပီလား ကိုေဖာင္တိန္” ဟု ေျပာလိုက္ရာ ကိုေဖာင္တိန္က –

“ထမင္းလည္း စားၿပီးၿပီ၊ နားၾကားျပင္းလည္း ကပ္ၿပီးၿပီ” ဟု ေျပာလိုက္ေလ၏။

“က်ဳပ္တို႔ စကားေျပာတဲ့ထဲမွာ ဘာမ်ား နားၾကားျပင္းကပ္စရာ ပါလို႔လဲ..” ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္အား ေမးလိုက္ရာ ကိုေဖာင္တိန္က –

“ဆရာစိုး စကားေျပာတာ အဘိဓမၼာေတြေရာ..၊ ေဆးက်မ္းေတြေရာ အစုံအေစ့ ကိုးကားၿပီးစကား ေျပာေနတာၾကားရတာ က်ဳပ္အတြက္ အေတာ္ကို နားၾကားျပင္း ကပ္ဖို႔ ေကာင္းတယ္” ဟု ျပန္၍ေျပာေလ၏။

“စကားေျပာတဲ့ ေနရာမွာ အကိုးအကား အေထာက္အထားေတြနဲ႔ ေျပာတာဟာ ပိုၿပီး ခိုင္လုံတဲ့အေထာက္အထားကို ျဖစ္ေစတာေပါ့၊ ဒါမွလည္း ကိုယ္ေျပာတဲ့စကားက ခရီးေပါက္မွာေပါ့ ..၊ စကားအေျခအ တင္ ေျပာတဲ့ေနရာမွာ ပါးစပ္ထဲ ေတြ႕ရာ ေလွ်ာက္ေျပာေနမယ္ဆိုရင္ ေျပာတဲ့စကားက အရာမေရာက္ ေတာ့ဘူး၊

က်မ္းအကိုးအကားနဲ႔ စကားေျပာတယ္ဆိုတာ ဗဟုသုတအားေကာင္းတာ၊ ေလ့လာလိုက္စားမႈ ရွိတာကိုေဖာ္ျပေနတာပဲေလဗ်ာ ..၊ ဘာျဖစ္လို႔ နားၾကားျပင္း ကပ္ရတာလဲ ..” ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္ အား အက်ိဳးသင့္၊ အေၾကာင္းသင့္ ေျပာျပလိုက္ေလ၏။ ထိုအခါ ကိုေဖာင္တိန္ႀကီးက –

“အဲဒီဗဟုသုတ ေတြအေပၚမွာ မွီခိုေနတာကို မႀကိဳက္တာ ..၊ အမ်ားက ဂုဏ္ယူဝံ့ႂကြားၿပီး ေျပာေနၾကတဲ့ ဗဟုသုတဆိုတဲ့ စကားလုံးကိုက က်ဳပ္အတြက္ နားၾကားျပင္းကပ္စရာ ျဖစ္ေနတာ” ဟု ျပန္၍ ေျပာလိုက္ျပန္ေလေတာ့၏။

“ခင္ဗ်ား ေတြးေခၚပုံေတြ အေတာ္ေလးကို အမွားမွား အယြင္းယြင္းေတြ ျဖစ္ေနၿပီ ..၊ လူဆိုတာ ဗဟုသုတရွိမွ ပညာရွိမွာ ဒါမွလည္း လူရာဝင္မွာေပါ့ …”ဟု ကြၽႏ္ုပ္က က႐ုဏာသက္သည့္ ေလသံျဖင့္ ကိုေဖာင္တိန္အား ေျပာလိုက္ေလေတာ့၏။ ထိုအခါ ကိုေဖာင္တိန္သည္ ကြၽႏ္ုပ္အား ေသခ်ာစိုက္ၾကည့္ကာ ၎၏ ညာဘက္ႏႈတ္ခမ္းေထာင့္ကို တြန႔္သည္ဆို႐ုံမွ်ေလး တြန႔္၍ ၿပဳံးလိုက္ၿပီးေနာက္ –

“က်ဳပ္မွားတာ မဟုတ္ဘူး ..၊ ဆရာစိုးလက္ခံထားတဲ့ သေဘာထားအျမင္ေတြ၊ ဆရာစိုးရဲ႕ယုံၾကည္ လက္ခံထားမႈေတြ မွားေနတာ ..“ ဟု ကြၽႏ္ုပ္အား ကိုေဖာင္တိန္ႀကီးက ေျပာလိုက္လွ်င္

“ဒါ က်ဳပ္တစ္ေယာက္တည္း လက္ခံထားတာ မဟုတ္ဘူး ..၊တစ္ေလာကလုံးမွာရွိတဲ့ လူေတြယုံၾကည္ထားတာ ပညာရွိအားလုံးက တစ္သေဘာတည္း လက္ခံထားၾကတာ ..” ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္ ႀကီးအား ျပန္၍ ေျပာလိုက္ျပန္ရာ ကြၽႏ္ုပ္၏ စကားဆုံးလွ်င္ ဆုံးျခင္းပင္ ကိုေဖာင္တိန္ႀကီးက –

“တစ္ေလာကလုံးနဲ႔ တစ္ေယာက္တည္း ျဖစ္ခ်င္ျဖစ္စမ္းပါေစ နည္းလမ္းမွားႀကီး ေနာက္ကိုေတာ့ မလိုက္စမ္းပါနဲ႔ ဆရာစိုးရယ္ ..”ဟု ေျပာျပန္ေလ၏။

“ခင္ဗ်ားရဲ႕ ေစတနာကိုေတာ့ နားလည္ပါတယ္ ဒါေပမယ့္ ခင္ဗ်ားအထင္အျမင္ေတြ မွားေနၿပီ ကို ေဖာင္တိန္” ဟု ကြၽႏ္ုပ္က အားမနာတမ္း ေဝဖန္လိုက္ရာ ကိုေဖာင္တိန္သည္ ၎၏ ႏႈတ္ခမ္းေထာင့္တစ္ဖက္ကို တြန႔္သည္ဆို႐ုံမွ် တြန႔္၍ ေကြးလိုက္ၿပီးေနာက္-

“ဒီမွာ ဆရာစိုး ခင္ဗ်ားဟာ အမွန္တရားကို ဘယ္ေတာ့မွ ျမင္ႏိုင္မွာမဟုတ္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ားမွာ စကၡဳႏွစ္ကြင္းေတာ့ ပါပါရဲ႕ ဉာဏစကၡဳေတာ့ မရွိဘူး ဗဟုသုတဟာ ပညာမဟုတ္ဘူး ပညာမဟုတ္တဲ့ ဗဟုသုတကို ပညာလို႔ ယုံစားေနတာဟာ ခင္ဗ်ားမွာ ဉာဏ္မ်က္စိ မရွိလို႔ပဲျဖစ္တယ္

ခင္ဗ်ားတစ္သက္လုံး အပတ္တကုတ္ သင္ယူေလ့လာထားတဲ့ ဗဟုသုတ အေတြ႕အႀကဳံနဲ႔ ခင္ဗ်ားရဲ႕မွတ္ဉာဏ္ေတြက ဉာဏစကၡဳကို ပိတ္ဖုံးထားတယ္ အမွန္တရားရဲ႕ ေတးသံကိုလည္း ခင္ဗ်ားၾကားႏိုင္မွာ မဟုတ္ဘူး ခင္ဗ်ားမွာ ၾကားႏိုင္စြမ္းရွိတဲ့ နားတစ္စုံေတာ့ ပါပါရဲ႕ နားမေထာင္တတ္တဲ့အတြက္ မၾကားဘူး ျဖစ္ေနတယ္

အမွန္တရားရဲ႕ ရသကိုလည္း ခင္ဗ်ားခံစားလို႔ မရႏိုင္ေသးဘူး အေၾကာင္းရင္းကေတာ့ ခင္ဗ်ားရဲ႕ႏွလုံးသားဟာ အျပည့္ အဝ႐ိုးသားဖို႔၊ ႏွိမ့္ခ်ဖို႔ လိုအပ္ေနေသးလို႔ပဲျဖစ္တယ္ ခင္ဗ်ားရဲ႕ႏွလုံးသားဟာ အျပစ္အနာအဆာေတြမ်ား ေနတယ္ ဒဏ္ရာေတြနဲ႔ အက်ည္းတန္ေနတယ္

အကယ္၍ ခင္ဗ်ားဟာ အမွန္တရားကို ေတြ႕ျမင္ခ်င္ပါတယ္ဆိုရင္ ခင္ဗ်ားရဲ႕ႏွလုံးသားဟာ ဒဏ္ရာဒဏ္ခ်က္ေတြ ရွိမေနေစရဘူး အက်ည္းတန္ေနလို႔လည္း မျဖစ္ဘူး အေရာင္ ကင္းေနရမယ္ ခင္ဗ်ားရဲ႕ ႏွလုံးသားထဲမွာ ခ်စ္ျခင္းတရားေတြနဲ႔ ျပည့္လွ်မ္းေနေစရမယ္

ဗလာ ျဖစ္ေနရမယ္ ဗဟုသုတနဲ႔ သင္ယူမွတ္သားျခင္းေတြ မပါဝင္တဲ့ ဗလာျဖစ္မႈကို ပိုင္ဆိုင္သြားတဲ့တစ္ေန႔ အဲဒီ တစ္ေန႔ဟာ ခင္ဗ်ားအတြက္ အမွန္တရားကို ျမင္ေတြ႕ႏိုင္ဖို႔ လမ္းစပြင့္သြားတဲ့ ေန႔ပဲ ျဖစ္တယ္ ”ဟု ကိုေဖာင္တိန္ႀကီးသည္ ကြၽႏ္ုပ္အား အထက္ပါအတိုင္း ေျပာလိုက္ေလေတာ့၏။ ကြၽႏ္ုပ္သည္လည္း ကိုေဖာင္တိန္ႀကီး ေျပာေနသည့္ စကားမ်ားကို ပါးစပ္အေဟာင္းသားျဖင့္ နားေထာင္ေနရေလ၏။

ထို႔ေၾကာင့္ ကိုေဖာင္တိန္ႀကီး စကားဆုံးသြား ကိုေဖာင္တိန္အား တစ္စုံတစ္ရာ ျပန္လွန္ေျပာဆိုမည့္ စကားမရွိဘဲျဖစ္၍ ေနေလ၏။ ထိုအခ်ိန္၌မွာပင္ ကိုေဖာင္တိန္ႀကီးက

“ႏွလုံးသားဆိုတာ တန္ဆာဆင္ဖို႔ မဟုတ္ဘူး ဗလာထင္ဖို႔ပဲ လိုတယ္..၊ ဒါ့ေၾကာင့္ ခင္ဗ်ားရဲ႕ႏွလုံးသားကို တန္ဆာဆင္ထားတဲ့ ဗဟုသုတေတြကို ျဖဳတ္ခ်လိုက္ေပေတာ့ ကိုယ့္လူေရ…။ ဘာျဖစ္လို႔လဲဆိုေတာ့ တန္ဆာဆင္ထားတဲ့ ႏွလုံးသားမွာ အမွန္တရားအတြက္ ေနရာမရွိဘူး ”ဟု ေျပာလိုက္ၿပီးေနာက္

“က်ဳပ္သြားၿပီ ဆရာစိုးေရ..၊ ေသဖို႔အတြက္ ျပင္ဆင္ထားေပေတာ့” ဟု ကြၽႏ္ုပ္အားႏႈတ္ဆက္ကာ ကိုေဖာင္တိန္ႀကီးသည္ လြတ္လပ္ေပါ့ပါးေသာ အပူအပင္ကင္းေသ ာေျခလွမ္းမ်ားျဖင့္ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းကာ

ကြၽႏ္ုပ္၏ ေဗဒင္ေဟာခန္းအတြင္းမွ ျပန္လည္ ထြက္ခြာသြားပါေလေတာ့သတည္း…။

သေဗ္ၺသတ္ၱာကမ္ၼဒါယာဒါ
သိဒ္ၶိစိုး

Unicode

အလှဆင်ထားသည့် အကျည်းတန်မှု

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဗေဒင်ဖောက်သည်တစ်ဦးဖြစ်သည့် ဒေါ်ဆိတ်မဟုခေါ်သော မိန်းမကြီး အား ဗေဒင် ဟောပေးနေရလေ၏။ ထိုမိန်းမကြီးသည် လွန်စွာစကားများသူ တစ်ဦးဖြစ်လေ၏။ ထို့ကြောင့် ဗေဒင်ဟော၍ ပြီးသွားသော်လည်း မပြန်သေးဘဲ ကျွန်ုပ်နှင့်ထိုင်၍ စကားပြောနေပြန်၏။

ကျွန်ုပ်နှင့်ဒေါ်ဆိတ်မတို့ စကားပြောနေသည့် အချိန်တွင် ကျွန်ုပ်ထံသို့ ကိုဖောင်တိန်ကြီး ရောက်ရှိ၍ လာပြန်လေတော့၏… ၎င်းကိုဖောင်တိန်ကြီးသည် ရောက်လျှင် ရောက်ခြင်းပင် ထုံးစံအတိုင်း ကျွန်ုပ်နှုတ်ဆက်လေ၏။

“သေဖို့အတွက် ပြင်ဆင်ပြီးပြီလား …” ဟု ပြောလိုက်ရာ ဒေါ်ဆိတ်မကြီးက –

“လူလူခြင်းတွေ့ရင် နေကောင်းလား ..၊ ကျန်းမာရဲ့လား …လို့ အသက်ရှည်ရာ ရှည်ကြောင်း၊ ကျန်းမာရာ ကျန်းမာကြောင်းကို မေးကြ၊ သတိပေးကြတာပဲ ကြားဖူးပါတယ်။ အခုလို“သေဖို့အတွက် ပြင်ဆင်ပြီးပြီ လား” လို့ သေဖို့အတွက် တိုက်တွန်းတဲ့ စကားမျိုး တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ ကြားဖူးပါတယ်။

အံ့ပါရဲ့ တော် …၊ ရှင် ဘယ်လိုလူလဲ.. ဦးဏှောက်ရော ကောင်းရဲ့လား” ဟု ကိုဖောင်တိန်အား အပြစ်တင်လိုက်လေ တော့၏။

“ကျုပ်က လူလေ..၊ လူလူချင်းကို ရှင် ဘယ်လိုလူလဲ..၊ သူ ဘယ်လိုလူလည်း ဆိုပြီး နှိုင်းယှဉ်တဲ့ စကားကို ပြောတယ်ဆိုတော့ ဧကန္တတော့ ခင်ဗျားဟာ လူတွေကို အတန်းအစား ခွဲခြားပြီး ဆက်ဆံတတ်တဲ့ ခတ်ညံ့ညံ့ မိန်းမကြီးတစ်ယောက်ပဲ ဖြစ်ရမယ်၊ အဲဒီလို မဟုတ်ဘူးဆိုရင်လည်း …၊

သူ့ဖြစ်တည်မှုနဲ့သူ သူ့ တန်ဖိုးနဲ့သူ တစ်သီးတစ်ခြားဆီ ဖြစ်တည်နေကြတဲ့ လူတွေကို တစ်ဦးနဲ့ တစ်ဦး နှိုင်းယှဉ်လို့ ရစကောင်းလား ဗျာ ..၊ အဲဒီလို နှိုင်းယှဉ်လို့ မရတာကို နှိုင်းယှဉ်ပြတယ် ဆိုတော့ ခင်ဗျားဟာ အတော်ကို မသိသားဆိုးဝါးတဲ့ မိန်းမကြီးတစ်ယောက် ဖြစ်နေပြီ …။

ခင်ဗျားက ကျုပ်ကို ဦးဏှောက်ကောင်းရဲ့လားလို့ မေးတယ်၊ တကယ် ဦးဏှောက် မကောင်းတဲ့သူက ခင်ဗျားဖြစ်နေပြီ ..” ဟု ကိုဖောင်တိန်က ဒေါ်ဆိတ်မကြီးအား ခွန်းတုန့်ပြန်၍ ပြောလိုက်ရာ ဒေါ်ဆိတ်မကြီးက –

“အရူးနဲ့ဖက်ပြီး ရန်မဖြစ်ချင်ဘူး ..” ဟု နှုတ်ခမ်းကို မဲ့ကာရွှဲ့ကာဖြင့် ပြန်၍ပြောလေ၏။ ထိုအခါ ကို ဖောင်တိန်ကြီးက –

“ခင်ဗျား စကားပြောတာ အတော်ကို ရင့်သီးတာပဲ ..၊လူတွေက ကျုပ်ကို ရူးနေတဲ့လူလို့ ပြောကြပေမယ့် ..၊ကျုပ် မရူးဘူး ..၊ဦးဏှောက်လည်း ကောင်းတယ် ..၊ကျန်းမာရေးလည်း ကောင်းတယ် ..၊ အားလုံး ကောင်းတယ် …” ဟု ပြောလိုက်ပြန်ရာ –

“ရှင့်ဘာသာရှင် ရူးရူးကောင်းကောင်း ကျွန်မနဲ့ မဆိုင်ဘူး ..၊ ကိုယ့်ဟာနဲ့ကိုယ် (၉၆) ပါး စွဲပြီး ကျန်းမာရေးမကောင်းလို့ စိတ်ညစ်နေရတဲ့ ကြားထဲ မရူးဘူးဆိုတဲ့ အရူးက တစ်မှောင့် ..” ဟု ဒေါ်ဆိတ်မက ကို ဖောင်တိန်ကြီးအား နင့်နင့်နာနာ ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က –

“(၉၆) ပါးရောဂါဆိုတာ မှားနေတယ် ..၊တကယ်က (၉၈)ပါး ရောဂါလို့ပြောမှ မှန်တယ် ဒေါ်ဆိတ်မ” ဟု ပြောလိုက်ရာ ဒေါ်ဆိတ်မကြီးသည် ကျွန်ုပ်ဘက်သို့လှည့်၍ –

“လာပြန်ပြီ တစ်ယောက် တစ်သက်လုံး (၉၆)ပါးလို့ပဲ သိလာတယ် အခုမှ (၉၈)ပါး ဖြစ်သွားပြန်ပြီ သမားတော်ကြီးတွေကအစ (၉၆)ပါးလို့ပဲ ပြောတာ ဘယ်လိုဖြစ်ပြီး (၉၈)ပါး ဖြစ်သွားရတာလဲ ..”ဟု ကျွန်ုပ်အား အငေါ်တူးသည့် လေသံဖြင့် မေးလိုက်လေတော့၏။

“ခင်ဗျားတို့သိထားတဲ့ (၉၆)ပါးဆိုတာ ဒါတွေ မဟုတ်လား …”ဟု ပြော၍ ကျွန်ုပ်သည် (၉၆)ပါး ရောဂါအမည်စာရင်းကို ပါဠိလိုရော မြန်မာလိုပါ အစဉ်အတိုင်း ရွတ်ပြလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က –

“ခြေသည်း၊ လက်သည်းနဲ့ ခြစ်မိလို့ဖြစ်တဲ့ “နခသာ”ဆိုတဲ့ ရောဂါ ..၊အပမာရောလို့ခေါ်တဲ့ ဝက်ရူး၊ ကြက်ရူးရောဂါနှစ်မျိုး ကျန်သေးတယ်။ အဲဒီနှစ်မျိုးကိုပါ ထည့်ပြီး ရေတွက်မယ်ဆိုရင် (၉၈)ပါးရှိတယ်၊ ဗဟု သုတရှိမှ စကားပြောစမ်းပါဗျာ ..” ဟု ကျွန်ုပ်က ဒေါ်ဆိတ်မကြီးအား ဗဟုသုတ နည်းရန်ကောဟူသော သဘောဖြင့် ရှုတ်ချလိုက်လေ၏။ ထိုအခါ ဒေါ်ဆိတ်မကြီးက –

“စိတ်တစ်ခု ရုပ်ကိုးဆယ်တဲ့ ကိုယ့်စိတ်သဘောနဲ့ကိုယ် (၉၆)ပါး ရောဂါပဲ မှတ်မယ်၊ (၉၈)ပါးတော့ မမှတ်နိုင်ဘူး ..” ဟု ခေါင်းမာစွာဖြင့် ပြောလိုက်ပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“စိတ်တစ်ခု ရုပ်ကိုးဆယ်ဆိုတာလည်း မှားနေတယ် ..၊ စိတ် (၈၉)ပါးပဲ ရှိတယ်၊ ကိုးဆယ်ရှိတာ မဟုတ်ဘူး၊ စာမဖတ်ဘူးလို့၊ ကျမ်းတွေ မလေ့လာဘူးလို့၊ သူပြောကိုယ်ပြောနဲ့ လိုက်ပြောနေကြတာ .. စာမှာ စိတ်တစ်ခုယုတ် (၉၀)လို့ ရေးထားတာ၊ ကိုးဆယ်ထဲကနေ တစ်ခုလျှော့ပြီး စိတ် (၈၉)မျိုးလို့ မှတ်ခိုင်းတာ၊

အဲဒါကို မသိဘဲ စိတ်တစ်ခု ရုပ်ကိုးဆယ်လို့ ပြောနေကြတာ အမှားကြီးမှားတယ်၊ ကျုပ်ပြောတာကို သိချင်ရင် ခင်ဗျားတို့ အဘိဓမ္မာကို လေ့လာထားဖို့ လိုတယ် ..”ဟု ကျွန်ုပ်သည် ဒေါ်ဆိတ်မကြီး၏အမှားကို ထောက်ပြ လိုက်ပြန် လေ၏။

“တော်ပြီ .. တော်ပြီ .. ဒီမှာဆက်နေရင် ကျွန်မလည်း ဦးဏှောက် ချောင်သွားနိုင်တယ် ..၊ ပြန်တာပဲ ကောင်းတယ် ..” ဟု ပြောကာ ဒေါ်ဆိတ်မကြီးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲမှ ပြန်ထွက်သွားလေ တော့၏။

ကိုဖောင်တိန်ကြီး၏ရှေ့တွင် ကျွန်ုပ်၏ ဗဟုသုတကို ထုတ်ပြလိုက်နိုင်သည့်အတွက် ကျွန်ုပ်သည် ဂုဏ်ယူဝံ့ကြွား၍ နေလေ၏။ ဒေါ်ဆိတ်မပြန်သွားသည့်အခါ ကိုဖောင်တိန်သည်လည်း ထမင်းစားပြီးသွားပြီ ဖြစ်၏။

ကျွန်ုပ်နှင့် ဒေါ်ဆိတ်မတို့ စကားပြောနေစဉ် ကိုဖောင်တိန် ထမင်းစားနေသည်ကို ကျွန်ုပ် သတိမထားလိုက်မိခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်က –

“ထမင်းစားလို့တောင် ပြီးသွားပြီလား ကိုဖောင်တိန်” ဟု ပြောလိုက်ရာ ကိုဖောင်တိန်က –

“ထမင်းလည်း စားပြီးပြီ၊ နားကြားပြင်းလည်း ကပ်ပြီးပြီ” ဟု ပြောလိုက်လေ၏။

“ကျုပ်တို့ စကားပြောတဲ့ထဲမှာ ဘာများ နားကြားပြင်းကပ်စရာ ပါလို့လဲ..” ဟု ကျွန်ုပ်က ကိုဖောင်တိန်အား မေးလိုက်ရာ ကိုဖောင်တိန်က –

“ဆရာစိုး စကားပြောတာ အဘိဓမ္မာတွေရော..၊ ဆေးကျမ်းတွေရော အစုံအစေ့ ကိုးကားပြီးစကား ပြောနေတာကြားရတာ ကျုပ်အတွက် အတော်ကို နားကြားပြင်း ကပ်ဖို့ ကောင်းတယ်” ဟု ပြန်၍ပြောလေ၏။

“စကားပြောတဲ့ နေရာမှာ အကိုးအကား အထောက်အထားတွေနဲ့ ပြောတာဟာ ပိုပြီး ခိုင်လုံတဲ့အထောက်အထားကို ဖြစ်စေတာပေါ့၊ ဒါမှလည်း ကိုယ်ပြောတဲ့စကားက ခရီးပေါက်မှာပေါ့ ..၊ စကားအခြေအ တင် ပြောတဲ့နေရာမှာ ပါးစပ်ထဲ တွေ့ရာ လျှောက်ပြောနေမယ်ဆိုရင် ပြောတဲ့စကားက အရာမရောက် တော့ဘူး၊

ကျမ်းအကိုးအကားနဲ့ စကားပြောတယ်ဆိုတာ ဗဟုသုတအားကောင်းတာ၊ လေ့လာလိုက်စားမှု ရှိတာကိုဖော်ပြနေတာပဲလေဗျာ ..၊ ဘာဖြစ်လို့ နားကြားပြင်း ကပ်ရတာလဲ ..” ဟု ကျွန်ုပ်က ကိုဖောင်တိန် အား အကျိုးသင့်၊ အကြောင်းသင့် ပြောပြလိုက်လေ၏။ ထိုအခါ ကိုဖောင်တိန်ကြီးက –

“အဲဒီဗဟုသုတ တွေအပေါ်မှာ မှီခိုနေတာကို မကြိုက်တာ ..၊ အများက ဂုဏ်ယူဝံ့ကြွားပြီး ပြောနေကြတဲ့ ဗဟုသုတဆိုတဲ့ စကားလုံးကိုက ကျုပ်အတွက် နားကြားပြင်းကပ်စရာ ဖြစ်နေတာ” ဟု ပြန်၍ ပြောလိုက်ပြန်လေတော့၏။

“ခင်ဗျား တွေးခေါ်ပုံတွေ အတော်လေးကို အမှားမှား အယွင်းယွင်းတွေ ဖြစ်နေပြီ ..၊ လူဆိုတာ ဗဟုသုတရှိမှ ပညာရှိမှာ ဒါမှလည်း လူရာဝင်မှာပေါ့ …”ဟု ကျွန်ုပ်က ကရုဏာသက်သည့် လေသံဖြင့် ကိုဖောင်တိန်အား ပြောလိုက်လေတော့၏။ ထိုအခါ ကိုဖောင်တိန်သည် ကျွန်ုပ်အား သေချာစိုက်ကြည့်ကာ ၎င်း၏ ညာဘက်နှုတ်ခမ်းထောင့်ကို တွန့်သည်ဆိုရုံမျှလေး တွန့်၍ ပြုံးလိုက်ပြီးနောက် –

“ကျုပ်မှားတာ မဟုတ်ဘူး ..၊ ဆရာစိုးလက်ခံထားတဲ့ သဘောထားအမြင်တွေ၊ ဆရာစိုးရဲ့ယုံကြည် လက်ခံထားမှုတွေ မှားနေတာ ..“ ဟု ကျွန်ုပ်အား ကိုဖောင်တိန်ကြီးက ပြောလိုက်လျှင်

“ဒါ ကျုပ်တစ်ယောက်တည်း လက်ခံထားတာ မဟုတ်ဘူး ..၊တစ်လောကလုံးမှာရှိတဲ့ လူတွေယုံကြည်ထားတာ ပညာရှိအားလုံးက တစ်သဘောတည်း လက်ခံထားကြတာ ..” ဟု ကျွန်ုပ်က ကိုဖောင်တိန် ကြီးအား ပြန်၍ ပြောလိုက်ပြန်ရာ ကျွန်ုပ်၏ စကားဆုံးလျှင် ဆုံးခြင်းပင် ကိုဖောင်တိန်ကြီးက –

“တစ်လောကလုံးနဲ့ တစ်ယောက်တည်း ဖြစ်ချင်ဖြစ်စမ်းပါစေ နည်းလမ်းမှားကြီး နောက်ကိုတော့ မလိုက်စမ်းပါနဲ့ ဆရာစိုးရယ် ..”ဟု ပြောပြန်လေ၏။

“ခင်ဗျားရဲ့ စေတနာကိုတော့ နားလည်ပါတယ် ဒါပေမယ့် ခင်ဗျားအထင်အမြင်တွေ မှားနေပြီ ကို ဖောင်တိန်” ဟု ကျွန်ုပ်က အားမနာတမ်း ဝေဖန်လိုက်ရာ ကိုဖောင်တိန်သည် ၎င်း၏ နှုတ်ခမ်းထောင့်တစ်ဖက်ကို တွန့်သည်ဆိုရုံမျှ တွန့်၍ ကွေးလိုက်ပြီးနောက်-

“ဒီမှာ ဆရာစိုး ခင်ဗျားဟာ အမှန်တရားကို ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားမှာ စက္ခုနှစ်ကွင်းတော့ ပါပါရဲ့ ဉာဏစက္ခုတော့ မရှိဘူး ဗဟုသုတဟာ ပညာမဟုတ်ဘူး ပညာမဟုတ်တဲ့ ဗဟုသုတကို ပညာလို့ ယုံစားနေတာဟာ ခင်ဗျားမှာ ဉာဏ်မျက်စိ မရှိလို့ပဲဖြစ်တယ်

ခင်ဗျားတစ်သက်လုံး အပတ်တကုတ် သင်ယူလေ့လာထားတဲ့ ဗဟုသုတ အတွေ့အကြုံနဲ့ ခင်ဗျားရဲ့မှတ်ဉာဏ်တွေက ဉာဏစက္ခုကို ပိတ်ဖုံးထားတယ် အမှန်တရားရဲ့ တေးသံကိုလည်း ခင်ဗျားကြားနိုင်မှာ မဟုတ်ဘူး ခင်ဗျားမှာ ကြားနိုင်စွမ်းရှိတဲ့ နားတစ်စုံတော့ ပါပါရဲ့ နားမထောင်တတ်တဲ့အတွက် မကြားဘူး ဖြစ်နေတယ်

အမှန်တရားရဲ့ ရသကိုလည်း ခင်ဗျားခံစားလို့ မရနိုင်သေးဘူး အကြောင်းရင်းကတော့ ခင်ဗျားရဲ့နှလုံးသားဟာ အပြည့် အဝရိုးသားဖို့၊ နှိမ့်ချဖို့ လိုအပ်နေသေးလို့ပဲဖြစ်တယ် ခင်ဗျားရဲ့နှလုံးသားဟာ အပြစ်အနာအဆာတွေများ နေတယ် ဒဏ်ရာတွေနဲ့ အကျည်းတန်နေတယ်

အကယ်၍ ခင်ဗျားဟာ အမှန်တရားကို တွေ့မြင်ချင်ပါတယ်ဆိုရင် ခင်ဗျားရဲ့နှလုံးသားဟာ ဒဏ်ရာဒဏ်ချက်တွေ ရှိမနေစေရဘူး အကျည်းတန်နေလို့လည်း မဖြစ်ဘူး အရောင် ကင်းနေရမယ် ခင်ဗျားရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းတရားတွေနဲ့ ပြည့်လျှမ်းနေစေရမယ်

ဗလာ ဖြစ်နေရမယ် ဗဟုသုတနဲ့ သင်ယူမှတ်သားခြင်းတွေ မပါဝင်တဲ့ ဗလာဖြစ်မှုကို ပိုင်ဆိုင်သွားတဲ့တစ်နေ့ အဲဒီ တစ်နေ့ဟာ ခင်ဗျားအတွက် အမှန်တရားကို မြင်တွေ့နိုင်ဖို့ လမ်းစပွင့်သွားတဲ့ နေ့ပဲ ဖြစ်တယ် ”ဟု ကိုဖောင်တိန်ကြီးသည် ကျွန်ုပ်အား အထက်ပါအတိုင်း ပြောလိုက်လေတော့၏။ ကျွန်ုပ်သည်လည်း ကိုဖောင်တိန်ကြီး ပြောနေသည့် စကားများကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရလေ၏။

ထို့ကြောင့် ကိုဖောင်တိန်ကြီး စကားဆုံးသွား ကိုဖောင်တိန်အား တစ်စုံတစ်ရာ ပြန်လှန်ပြောဆိုမည့် စကားမရှိဘဲဖြစ်၍ နေလေ၏။ ထိုအချိန်၌မှာပင် ကိုဖောင်တိန်ကြီးက

“နှလုံးသားဆိုတာ တန်ဆာဆင်ဖို့ မဟုတ်ဘူး ဗလာထင်ဖို့ပဲ လိုတယ်..၊ ဒါ့ကြောင့် ခင်ဗျားရဲ့နှလုံးသားကို တန်ဆာဆင်ထားတဲ့ ဗဟုသုတတွေကို ဖြုတ်ချလိုက်ပေတော့ ကိုယ့်လူရေ…။ ဘာဖြစ်လို့လဲဆိုတော့ တန်ဆာဆင်ထားတဲ့ နှလုံးသားမှာ အမှန်တရားအတွက် နေရာမရှိဘူး ”ဟု ပြောလိုက်ပြီးနောက်

“ကျုပ်သွားပြီ ဆရာစိုးရေ..၊ သေဖို့အတွက် ပြင်ဆင်ထားပေတော့” ဟု ကျွန်ုပ်အားနှုတ်ဆက်ကာ ကိုဖောင်တိန်ကြီးသည် လွတ်လပ်ပေါ့ပါးသော အပူအပင်ကင်းသေ ာခြေလှမ်းများဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းကာ

ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ ပြန်လည် ထွက်ခွာသွားပါလေတော့သတည်း…။

သဗေ်္ဗသတ်္တာကမ်္မဒါယာဒါ
သိဒ်္ဓိစိုး

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

lunchbox
Article
“ဘာေကာင္ႀကီးလဲ ဘဘ”

“ဘာေကာင္ႀကီးလဲ ဘဘ” က်ေတာ္ ညည ထမင္းဘူးေတြ လိုက္ေဝရာမွာ အေနာ္ရထာ လမ္းနဲ႔ ၃၃ လမ္းထိပ္ ဆုံရာ ပလက္ေဖာင္းေပၚ နားခိုၾကတဲ့ အိမ္ေျခမဲ့ မိသားတစ္စုကို အၿမဲနီးပါး ဆုံရတယ္ ။ အၿမဲ နီးပါးလို႔ သုံးႏႈန္းရတာကေတာ့ မိုး႐ြာတဲ့ ေန႔မ်ိဳးေတြ ဒါမွမဟုတ္ ပလက္ေဖာင္းထက္ လူအသြားအလာ မ်ားေန ခဲ့ရင္ သူ႐ို႕မိသားစုကို မေတြ႕ ရတတ္ဘူး ။ က်ေတာ္ ေရွ႕ပိုင္းမွာ သူတို႔ မိသားစုအေၾကာင္း ‌နည္းနည္း ပါးပါး ေရးဖူး ေသးတယ္ ။ မိသားစုလို႔ က်ေတာ္က ေရးေန တာ ။ တကယ္ေတာ့ ဖေအ မပါတဲ့ အိမ္ေျခမဲ့ …

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕
Article
နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕ ဒုတိယ ကမာၻ စစ္အတြင္းမွာ နာဇီပါတီက ပါတီဝင္ေတြက ဂ်ာမဏီစစ္တပ္ တိုက္လို႔ ႏိုင္ခဲ့တဲ့ ၿမိဳ႕ေတြတိုင္းကို အေနာက္က လိုက္လာၿပီး ၿမိဳ႕ထဲက ခ်မ္းသာသူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္ယူငင္ခဲ့ပါတယ္။ ဘာလင္ၿမိဳ႕ က်ရႈံးသြားတဲ့အခ်ိန္မွာ ႐ုရွား တပ္နီေတာ္က ဘာလင္ၿမိဳ႕ထဲက အိမ္ေတြမွာ ပိုင္ဆိုင္မႈေတြကို ျပန္လည္ လုယက္ယူ ႏိုင္ေပမဲ့ ဥေရာပတစ္လႊားက အဖိုးတန္ပစၥည္း ေတာ္ေတာ္မ်ားမ်ား ျပန္မရခဲ့ပါဘူး။ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ပါတယ္။ အဲ့ဒိကိစၥကို စိတ္ဝင္စားေနတဲ့ အေမရိကန္ အေျခစိုက္ ဝိုက္ဆန္သည္ စင္တာက ႏွစ္ေပါင္းမ်ားစြာ ေျခရာခံၿပီး ေနာက္မွာေတာ့ အာဂ်င္တီးနားမွာ နာဇီပါတီဝင္ ၁၂၀၀၀ရဲ႕ ဆြစ္ဘဏ္အေကာင့္ကို စတင္ …

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္
Article
ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္ က်ေနာ္တို႔ စားေနတဲ့ ဒူးရင္းသီးနဲ႔ ပိႏၷဲသီးက စမတ္ဖုန္းေတြလို အားသြင္းသုံးရတဲ့ ပစၥည္းေတြအတြက္ အားျပန္ျဖည့္လို႔ရတဲ့ လွ်ပ္စစ္ သိုေလွာင္ႏိုင္တဲ့ အစြမ္းရွိတယ္ ဆိုတာကို သိရင္ အံ့အားသင့္ေနမလား။ ၾသစေတးလွ် ႏိုင္ငံက သိပၸံ ပညာရွင္ အုပ္စု တစ္စုကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိမႈကို သက္ေသျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒူးရင္းသီးနဲ႔ ပိႏၷဲသီး အူတိုင္ေတြမွာ အလြန္ အစြမ္းထက္တဲ့ လွ်ပ္သို စြမ္းအားေတြ ရွိတယ္ ဆိုတာကို ေတြ႕ ရွိေနပါတယ္။ ေနာက္ၿပီးေတာ့ တကယ္ အားျပန္ျဖည့္လြယ္တဲ့ ပါဝါဘန႔္ေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။ ဒူရင္းသီးတို႔ ပိႏၷဲသီးတို႔ဆိုတာ ျမန္မာျပည္မွာေတာ့ …