
International-news









မောင်ယဿ REF:time
Photo; ap

Unicode

အလုပ်ဖြုတ်ခံလိုက်ရတဲ့ လုံခြုံရေးဝန်ထမ်း ပစ္စတိုတစ်လက်နဲ့ ကုန်တိုက်ကိုဝင်စီး

ဒီကနေ့ (တနင်္လာနေ့) မနက်ပိုင်းက မကြာသေးခင်က အလုပ်ဖြုတ်ခံလိုက်ရတဲ့ လုံခြုံရေးအစောင့် ဝန်ထမ်းဟောင်းတစ်ဦးက ကုန်တိုက် တစ်ခုကို ပစ္စတိုတစ်လက်နဲ့ ဝင်ရောက်စီးနင်းပြီး လူအယောက်၃၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားလို့ ဖိလစ်ပိုင်ရဲ တွေက အဲ့ဒိ ဈေးဝယ်စင်တာကို ဝိုင်းရံ ထားက ၎င်းနဲ့ ညှိနှိုင်းနေရတယ်လို့ တိုင်းမ် သတင်းဌာနက ကြောညာထားပါတယ်။

ဗွီမော လို့ အမည်ရတဲ့ ဈေးဝယ်စင်တာထဲမှာ ပစ္စတိုတစ်လက်ကိုကိုင်ဆောင်ထားတဲ့ လူတစ်ယောက်က ဈေးဝယ်တစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့တော်ဝန် ဖရန့်စစ်ဇာမိုရာက ကြေညာထားပါတယ်။ အပစ်ခံခဲ့ရတဲ့ သူက အခုဆိုရင်အနီးအနားက ဆေးရုံပေါ်မှာ တင်ထားရပြီး အခြေအနေကောင်းပါတယ်။

ရဲစေ့စပ်ညှိနှိုင်းရေးသမားတွေက ဈေးဝယ်စင်တာ ရုံးခန်းထဲမှာရှိတဲ့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ လုံခြုံရေးဝန်ထမ်းဟောင်းဖြစ်သူ သေနတ် သမားနဲ့ စေ့စပ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ဇာမိုရာကဆိုတယ်။ ၎င်းကပဲ သတင်းထောက်တွေကို “အလုပ်ဖြုတ်ခံလိုက်ရလို့ သူအရမ်းစိတ်ဆိုးနေတယ်။ ဒီလူက သူနဲ့ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ ညှိနှိုင်းရေးသမားတွေကို မယုံကြည်ဘူးဖြစ်နေတယ်။ သူ့ မှာ ပစ္စ တို တစ် လက် အ ပြင် လက် ပစ် ဗုံး တစ် လုံး ပါ ပါ တယ် လို့ လည်း အော် ပြော နေ တယ်။

ဒါပေမဲ့ အာဏါပိုင်တွေကတော့ သူပြောတာ တကယ်ဟုတ်မဟုတ်ကို အတည်မပြုသေးပါဘူး။ ကျနော်တို့ကတော့ ဈေးဝယ်စင်တာကြီး တစ်ခုလုံးကို ရှင်းထားပြီးပါပြီ။ပြီးတော့ ထွက်ပေါက်တွေအားလုံးကိုလည်း ပိတ်ဆို့ထားပြီးပါပြီ”လို့ ဆိုတယ်။

ရဲတွေရဲ့ ကနဦး အစီရင်ခံစာမှာကတော့ ဓားစာခံတွေကို ဖမ်းဆီးထားသူက အာချီပါရေး ဆိုသူဖြစ်ကြောင်း အဆောက်အဦရဲ့ ဒုတိယထပ်ကိုပြေးမဝင်လာခင်မှာ ဈေးတာဝန်ခံကို သေနတ်နဲ့ပစ်ခဲ့ကြောင်း ဈေးလုပ်သားအများစုဖြစ်တဲ့ လူတစ်စုကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း နဲ့ ၅၀ ဝန်းကျင်ခန့်ရှိကြောင်းပါရှိပြီး အသေးစိတ်အချက်အလက်များ မပါရှိပါ။

ဇာမိုရာ က တော့ ဈေး တာဝန် ရုံး ခန်း ရဲ့ အရွယ် အစား အရ ၃၀ ၊ ၄၀ ဝန်း ကျင် လောက် ပဲ ရှိ မယ် လို့ ဆို ပါ တယ်။ နောက်ပြီးတော့ သေနတ်သမားက သူရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့မီဒီယာကို စကားပြောချင်တယ်လို့ တောင်းဆိုထားပေမဲ့ ရဲတွေက ခွင့်ပြုမပြုကိုမသိရသေးပါ။

ချေမှုန်းရေးရိုင်ဖယ်တွေကို ကိုင်ဆောင်ထားတဲ့ SWATကွန်မန်ဒို တစ်ဒါဇင်ကျော်ကတော့ ဈေးထဲကို ဝင်သွားတာကို အစောပိုင်းက တွေ့မြင်ခဲ့ရပြီး အခြားရဲတွေကတော့ ဈေးအပြင်ဖက်မှာ လူနာတင်ကားတွေနဲ့ အသင့်စောင့်နေပါတယ်။

မောင်ယဿ REF:time
Photo; ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန်
International-news
ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန်

ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန် အမေရိကန် မြူးဇစ် ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ Dream Street ဝိုင်းရဲ့ အဆိုတော်ဟောင်း ဖြစ်သူ ခရစ္စထရူဒေး ဖြစ်သူက ကိုဗစ်-၁၉ ကူးစက် ရောဂါနဲ့ ဇွန်လ ၂ ရက် နေ့က ကွယ်လွန်ခဲ့ ပါတယ် ။ TMZ သတင်းဌာန အဆိုအရ ထရူးဒေး ဟာ ကယ်လီဖိုးနီးယား က ဘာဘန့် ဆေးရုံမှာ ကော်ရိုနာဗိုင်းရက် ရောဂါကြောင့် ဖြစ်တဲ့ ဆင့်ပွားရောဂါ တွေနဲ့ သေဆုံး ခဲ့ရတယ်လို့ ဆိုတယ် ။ ထရူးဒေးရဲ့ တွစ်တာ အကောင့်မှာ …

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …