International-news
မောင်ယဿ
Unicode
အလည်အပတ် ခရီးထွက်မယ်ဆိုရင်ဂျပန်အစိုးရက ခရီးစရိတ် တစ်ဝက်လျှော့ပေမယ်လို့ဆို
ကော်ရိုနာ ဗိုင်းရက်ကြောင့် ဂျပန်ခရီးသွား လုပ်ငန်း က လုံးဝနီးပါးကို ရပ်တန့် သွားပါတယ် ။ ၂၀၂၀ နွေရာသီ အားလပ်ရက်ကို ဘယ်တွေသွား ဖြစ်သလဲ မေးစရာ မလိုအောင် အားလုံး အိမ်တွင်းအောင်း နေခဲ့ ရပါတယ် ။ အသင်းအဖွဲ့လိုက် ခရီးသွားကြတဲ့ ကလပ် အသင်းတွေ ဆိုရင် လူကို မရှိတော့ပါဘူး ။ နိုင်ငံတကာ နယ်နမိတ်တွေ ပိတ်ထားတဲ့ အပြင် ပြည်တွင်း မှာလည်း ခရီးစဉ်တွေ ရပ်ထားတော့ ကမ္ဘာလှည့် ခရီးသည်တွေ သွားတတ်တဲ့ နေရာတွေ အားလုံး ဧည့်သည်တွေ လုံးဝကို မရှိတော့ တာပါ ။
နိုင်ငံတကာက ခရီးသွား လုပ်ငန်းတေ ွပြန်စနိုင်ဖို့ အတွက် လုံးပန်း နေသလို ဂျပန် နိုင်ငံကလည်းသူတို့ရဲ့ ခရီးသွား လုပ်ငန်းတွေကို ပြန် လည်ပတ်နိုင်အောင် ကြိုးစားတဲ့ အနေနဲ့ ခရီးစရိတ် တစ်ဝက်ကို လျှော့ပေးမယ်လို့ အစိုးရ ဆိုတယ် ။ ဂျပန်တိုင်းမ် အဆိုအရ ဂျပန်ကျွန်း တစ်ကျွန်းကို ပြီးခဲ့တဲ့နှစ် ဧပြီလဆိုရင် အနည်းဆုံး နိုင်ငံခြားသား ၃၀၀၀ လောက် လာရောက် လည်ပတ်လေ့ ရှိပါတယ် ။
ဒီနှစ်မှာတော့ ဧည့်သည် လုံးဝကို မလာတော့ပါဘူး ။ အဲ့ဒါကို ပြင်ဆင်ဖို့ အစိုးရက အဲ့ဒိကျွန်းကို သွားရောက်လည်ပတ်မယ့် ခရီးစရိတ် တစ်ဝက် လျှော့ပေး တော့မယ်လို့ ဆိုတယ် ။ လာမယ့်ဇူလိုင်လက စပြီး အစိုးရက ယန်းငွေ ၁.၃ ထရီလီယံ သုံးပြီး ခရီးသွား လုပ်ငန်း ပြန်လည်မြှင့် တင်တော့ မှာပါ ။ ဂျပန် ခရီးသွား လုပ်ငန်းကတော့ ဒီနှစ်မှာ အဆိုးဆုံး ထိခိုက် တာပါပဲ ။ ဒီနှစ်နွေ ခရီးသွားချိန် ကာလအတွင်း ကျင်းပမယ့် အိုလံပစ် ပွဲတော် ပျက်သွားတာက တော်တော်ထိခိုက် သွားခဲ့ ပါတယ် ။
အိုလံပစ် ပွဲတော် အတွက် ပြင်ဆင်ထားတဲ့ စားသောက်ဆိုင် တွေနဲ့ အဖျော်ယမကာ လုပ်ငန်းတွေအားလုံး ရင်နှီးထားတဲ့ ငွေတွေ အကုန်လုံး မြုပ်သွား ပါတယ် ။ အိုလံပစ်ပွဲ က ၂၀၂၁ ကိုရွှေ့လိုက်တော့ အားလုံး လုပ်ထားတာတွေက သဲထဲရေသွန် သလို ဖြစ်သွား ခဲ့ရပါတယ် ။ ခရီးသွားလုပ်ငန်းမှာ မဖြစ်မနေ ကုန်ကျမှာ ကတော့ ခရီးစရိတ် ပါပဲ ။
ကျန်တဲ့ စားသောက်စရိတ်နဲ့ တည်းခို စရိတ်က ခြုံ့ရင်ခြုံ့လို့ ရနိုင်တဲ့ အတွက် ခရီးစရိတ် တစ်ဝက် လျှော့ချပေး လိုက်တာက လည်ပတ် လိုတဲ့သူတွေ အတွက် မက်လောက်စရာ အချက်တစ်ချက် ဖြစ်ပါတယ် ။ လာမည့် ဇူလိုင်လ မှာတော့ အစီအစဉ် အသေးစိတ်ကို ကြေညာပေးမယ် လို့လည်း ဆိုတယ် ။ မကြာခင်မှာ နိုင်ငံတကာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တော့မှာ ဖြစ်လို့ ဘယ်ကို လည်ပတ်မယ် ဆိုတာကို ကြိုပြီးတော့ စိတ်ကူးယဉ်လို့ ရနေပါပြီ ။
မောင်ယဿ
REF: world of buzz / Photo; instargram
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …