အရှေ့တောင် အာရှမှာ မလေးရှားက နေစရိတ် အနည်းဆုံးနိုင်ငံဖြစ် … … …

အရှေ့တောင် အာရှမှာ မလေးရှားက နေစရိတ် အနည်းဆုံးနိုင်ငံဖြစ် ... ... ...
International-news

unicode

အရှေ့တောင် အာရှမှာ မလေးရှားက နေစရိတ် အနည်းဆုံးနိုင်ငံဖြစ် … ။

အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက နေစရိတ် အသက်သာဆုံးနိုင်ငံ ဖြစ်တယ်လို့ တိုင်းတာမှုတစ်ရပ်က သူတို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ် ။ မာဆာ သုတေသနအဖွဲ့ က ကမ္ဘာ့နိုင်ငံ ၂၀၉ နိုင်ငံက မြို့တွေရဲ့ နေစရိတ်တွေကို စာရင်း ပြုစုခဲ့တာပါ ။

သူတို့က သူတို့ရဲ့ သုတေသနကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ရာက ဟောင်ကောင်က ၃နှစ်ဆက်တိုက် နေစရိတ်အကြီးဆုံးအဖြစ် ရပ်တည်နေခဲ့ ပါတယ် ။ နေစရိတ် အကြီးဆုံး ၁၀နိုင်ငံကို စာရင်းပြုစုရာမှာ အောက်ပါမြို့တွေက အစီအစဉ်အတိုင်း ရပ်တည်နေခဲ့ပါတယ် ။

ဟောင်ကောင် ၊ တက်မင်နင်စတန်နိုင်ငံက အက်ရှ်ဂဘတ် ၊ ဂျပန်နိုင်ငံက တိုကျို ၊ ဆွစ်ဇာလန်နိုင်ငံက ဇူးရစ် ၊ စင်ကာပူ ၊ အမေရိကန်ပြည်ထောင်စုက နယူးယောက်ခ် ၊ တရုတ်နိုင်ငံက ရှန်ဟိုင်း ၊ ဆွစ်ဇာလန်က ဘန်းမြို့ နဲ့ ဂျနီဗာ ၊ တရုတ်က ဘေကျင်းမြို့ တို့က ကမ္ဘာ့ နေစရိတ်အကြီး ဆုံးနိုင်ငံတွေဖြစ်ပါတယ် ။

မာဆာက နေစရိတ်ကြီးမြင့်မှု နဲ့ ပတ်သက်ပြီး အခြေခံအကြောင်း အရာ အမျိုး ၂၀၀ ကို တိုင်းတာပြီး တွက်ချက်တာပါ ။ အိမ်ခန်းခ ၊ သယ်ယူပို့ဆောင်ရေး ၊ အစားအသောက်ဈေးနှုန်း ၊ အဝတ်အထည်ဈေးနှုန်း ၊ အိမ်သုံး ပရိဘောဂ နဲ့ ဖျော်ဖြေရေး အစီအစဉ် အတွက် ကုန်ကျစရိတ် လို အတိုင်းအတာတွေကို စုပေါင်းပြီး တွက်ချက်ယူတာပါ ။

လူတစ်ယောက်က အဲဒီမြို့တွေမှာ တစ်လကြာနေထိုင်မယ်ဆိုရင် စုစုပေါင်း ကုန်ကျစရိတ် ဘယ်လောက်ကျမလဲ ဆိုတာကို တွက်ချက်ပြီးနောက် ဘယ်မြို့မှာနေမယ် ဆိုရင် ဘယ်လောက် ကုန်ကျမယ် ဆိုတာကို တွက်ချက်ပြီး စာရင်း ပြုစုလိုက်တာပါ ။


အဲ့ဒိတိုင်းတာမှုအရ မလေးရှားနိုင်ငံက အရှေ့တောင်အာရှမှာဆိုရင် မြန်မာ ၊ အင်ဒိုနီးရှား တို့ထက်တောင် သက်သာနေပါတယ် ။ အာဆီယံက နာမည်ကြီး မြို့တွေ အားလုံးထက် မလေးရှား မြို့တော် လူနေစရိတ်က အသက်သာဆုံးဖြစ်တယ်လို့ ဆိုတယ် ။ စာရင်းအရ နေစရိတ် အမြင့်ဆုံး နိုင်ငံတွေကို ဖော်ပြထားပါတယ် ။

စင်ကာပူ ၊ ထိုင်းနိုင်ငံက ဘန်ကောက် ၊ ဖိလစ်ပိုင်နိုင်ငံက မနီလာ ၊ မြန်မာနိုင်ငံက ရန်ကုန် ၊ အင်ဒိုနီးရှား က ဂျာကာတာ ၊ ကမ္ဘောဒီးယားက ဖနွမ်းပင် ၊ ဗီယက်နမ်က ဟိုချီမင်းမြို့ နဲ့ ဟနွိုင်း ၊ ဘရူနိုင်းက ဘန်ဒါဆာရီ ဘီဂဝမ် နဲ့ မလေးရှား က ကွာလာလမ်ပူ တို့ဖြစ်ပါတယ် ။

မလေးရှား မြို့တော် ကွာလာလာမ်ပူ မြို့နေစရိတ်က အချို့နိုင်ငံတွေရဲ့ နယ်မြို့ တွေက နေစရိတ်လောက်ပဲ ရှိပါတယ်လို့လည်း ၎င်း စစ်တမ်းက ဆိုထားပါတယ် ။

မောင်ယဿ
REF: world of buzz , Photo; getty image <TTG Asia

zawgyi










မောင်ယဿ

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …