အရှေ့တောင်အာရှ မှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်လို့ ဂျပန်တွေ ဝေးဝေးရှောင်ဖို့ ဂျပန်သံရုံးတွေကို သတိပေးထား

အရှေ့တောင်အာရှ မှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်လို့ ဂျပန်တွေ ဝေးဝေးရှောင်ဖို့ ဂျပန်သံရုံးတွေကို သတိပေးထား
International-news

အရှေ့တောင်အာရှ မှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်လို့ ဂျပန်တွေ ဝေးဝေးရှောင်ဖို့ ဂျပန်သံရုံးတွေကို သတိပေးထား

မောင်ယဿ ( စက်တင်ဘာ ၁၃ )

အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ မြန်မာ၊ ဖိလစ်ပိုင် နဲ့ စင်ကာပူ နိုင်ငံတွေမှာ အကြမ်းဖက်မှု လုပ်ငန်းတွေ ဖြစ်ပေါ်လာနိုင်စရာရှိတဲ့ အတွက် ဂျပန်နိုင်ငံသားတွေနဲ့ ဘာသာရေးဆိုင်ရာနေရာတွေ နဲ့ လူစုူလူဝေး ထူထပ်တဲ့ နေရာတွေကို သွားလာခြင်းမှ ရှောင်ကျဉ်ဖို့အတွက် ဂျပန်သံရုံးတွေဆီကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန က စာပို့ ထားတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဂျပန်သံရုံး က အသိပေးပြောကြားလိုက်ပါတယ်။

ဘာနာမာ သတင်းစာအဆိုအရ သူတို့က ဂျပန်သံရုံးကို ဆက်သွယ်မေးမြန်းမှု လုပ်တဲ့အခါမှာ သံရုံးအရာရှိ တစ်ဦးက သူတို့ ဂျပန်နိုင်ငံသားတွေ အတွက် သီးသန့် ညွှန်ကြားချက်ဖြစ်တယ်လို့ ဆိုကြောင်းသိရပါတယ်။

‘ ကျနော်တို့ ဆီကို ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဌာနက တိုက်ရိုက်ညွှန်ကြားဖို့အတွက် စာပို့ ထားလို့ ပါ” လို့ ၎င်းက ဆိုပါတယ်။

အကြမ်းဖျဉ်းပြုလုပ်ထားတဲ့ စာရင်းအရ မလေးရှား နိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ ဂျပန်နိုင်ငံသား ၃သောင်း ကျော်ရှိနေပါတယ်။

ဂျပန်ထောက်လှမ်းရေး ရထားတဲ့ သတင်းအရ အကြမ်းဖက်လုပ်ရပ် တစ်ခု ထက်မကတဲ့ ဖောက်ခွဲရေးလုပ်ငန်းများ ကို အရှေ့တောင် အာရှ နိုင်ငံတွေ မှာ လုပ်လိမ့်မယ်လို့ သိရပါတယ်။ ဘာသာရေး အဆောက်အအုံ နဲ့ လူစုလူဝေး နေရာတွေကို ဦးတည်ထားတယ်လို့ လည်း သိရပါတယ်။

REF: world of buzz,Photo :Credit  malay mail

Zawgyi

အေရွ႕ေတာင္အာရွ မွာ အၾကမ္းဖက္ေဖာက္ခြဲမႈေတြ ျဖစ္လာႏိုင္လို႔ ဂ်ပန္ေတြ ေဝးေဝးေရွာင္ဖို႔ ဂ်ပန္သံ႐ုံးေတြကို သတိေပးထား

ေမာင္ယႆ ( စက္တင္ဘာ ၁၃ )

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြျဖစ္တဲ့ မေလးရွား ၊ အင္ဒိုနီးရွား ၊ ထိုင္း ၊ ျမန္မာ၊ ဖိလစ္ပိုင္ နဲ႔ စင္ကာပူ ႏိုင္ငံေတြမွာ အၾကမ္းဖက္မႈ လုပ္ငန္းေတြ ျဖစ္ေပၚလာႏိုင္စရာရွိတဲ့ အတြက္ ဂ်ပန္ႏိုင္ငံသားေတြနဲ႔ ဘာသာေရးဆိုင္ရာေနရာေတြ နဲ႔ လူစုူလူေဝး ထူထပ္တဲ့ ေနရာေတြကို သြားလာျခင္းမွ ေရွာင္က်ဥ္ဖို႔အတြက္ ဂ်ပန္သံ႐ုံးေတြဆီကို ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က စာပို႔ ထားတယ္လို႔ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ ဂ်ပန္သံ႐ုံး က အသိေပးေျပာၾကားလိုက္ပါတယ္။

ဘာနာမာ သတင္းစာအဆိုအရ သူတို႔က ဂ်ပန္သံ႐ုံးကို ဆက္သြယ္ေမးျမန္းမႈ လုပ္တဲ့အခါမွာ သံ႐ုံးအရာရွိ တစ္ဦးက သူတို႔ ဂ်ပန္ႏိုင္ငံသားေတြ အတြက္ သီးသန႔္ ၫႊန္ၾကားခ်က္ျဖစ္တယ္လို႔ ဆိုေၾကာင္းသိရပါတယ္။

‘ က်ေနာ္တို႔ ဆီကို ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက တိုက္႐ိုက္ၫႊန္ၾကားဖို႔အတြက္ စာပို႔ ထားလို႔ ပါ” လို႔ ၎က ဆိုပါတယ္။

အၾကမ္းဖ်ဥ္းျပဳလုပ္ထားတဲ့ စာရင္းအရ မေလးရွား ႏိုင္ငံမွာ အလုပ္လာလုပ္ေနတဲ့ ဂ်ပန္ႏိုင္ငံသား ၃ေသာင္း ေက်ာ္ရွိေနပါတယ္။

ဂ်ပန္ေထာက္လွမ္းေရး ရထားတဲ့ သတင္းအရ အၾကမ္းဖက္လုပ္ရပ္ တစ္ခု ထက္မကတဲ့ ေဖာက္ခြဲေရးလုပ္ငန္းမ်ား ကို အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြ မွာ လုပ္လိမ့္မယ္လို႔ သိရပါတယ္။ ဘာသာေရး အေဆာက္အအုံ နဲ႔ လူစုလူေဝး ေနရာေတြကို ဦးတည္ထားတယ္လို႔ လည္း သိရပါတယ္။

REF: world of buzz
Photo : malay mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
International-news
အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။ အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် …

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news
သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။ သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ …