အရက္သမားထက္ အရက္သမ က ပိုမ်ားၿပီး ပိုေသၾကတယ္
- By : Phoe Linn
- Category : Life Style
- Tags: health& food

အရက္သမားထက္ အရက္သမ က ပိုမ်ားၿပီး ပိုေသၾကတယ္
၂၀၀၀ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အတြင္း ႏွစ္စဥ္ အရက္ေၾကာင့္ ေသဆုံးသူ အမ်ိဳးသမီး ရာခိုင္ႏႈန္း တိုးတက္လာကာ အမ်ိဳးသားမ်ားကေတာ့ ပုံမွန္ေသဆုံးမႈ အတိုင္းပဲ ရွိေနတယ္လို႔ ေလ့လာမႈစစ္တမ္းတစ္ခုအရ သိရပါတယ္။
နယူးေယာက္ခ္စီတီး က ေမာင့္ဆိုင္ႏိုင္းစိန႔္လုခ္ ေဆး႐ုံနဲ႔ ေမာင့္ဆဆိုင္ႏိုင္းဝက္စ္ ေဆး႐ုံ ၂ခုက အရက္ျဖတ္ဌာန အႀကီးအကဲ ေဒါက္တာ တင္မိုသီ ဘရန္နန္း နဲ႔ အဖြဲ႕က ျပဳလုပ္တဲ့ သုေတသန စစ္တမ္း အရ ေျမာက္အေမရိက မွာ အမ်ိဳးသမီးေတြက ႏွစ္စဥ္ အရက္ေၾကာင့္ ေသဆုံးသူ တိုးတက္ေနၿပီး အမ်ိဳးသားေတြကေတာ့ ထူးထူးျခားျခား တိုးတက္တာ မရွိဘူးလို႔ သိရပါတယ္။
အမ်ိဳးသမီး အရက္သမ ေတြက ၃.၁ ရာခိုင္ႏႈန္းကေန ၃.၈ ရာခိုင္ႏႈန္းအထိ တိုးတက္လာၿပီး အမ်ိဳးသား အရက္သမားေတြကေတာ့ ၁.၄ ကေန ၁.၈ ရာခိုင္ႏႈန္းအထိပဲ တိုးတက္တာ ေတြ႕ရပါတယ္။
ေလ့လာမႈအရ အမ်ိဳးသမီး အေသာက္သမားေတြက ပုလင္းလိုက္ ေသာက္ၾကတာ မ်ားၿပီး ပုလင္းမကုန္ မခ်င္း မနားတမ္း ေသာက္တတ္တာေၾကာင့္လည္း ျဖစ္မယ္လို႔ အဆိုပါ စာတမ္းထဲမွာ ဆိုပါတယ္။
သူတို႔က စစ္တမ္းကို ၂၀၁၆ အထိ လုပ္ထားခဲ့ေပမဲ့ လက္ရွိဆိုရင္ အဲ့ဒိထက္ ပိုမ်ားႏိုင္ပါလိမ့္မယ္။ ၂၀၁၃ ကေန စတြက္ရင္ အေသာက္သမ ေတြက ၇.၁ ရာခိုင္ႏႈန္း ရွိေနၿပီး အေသာက္သမားေတြကေတာ့ ၄.၂ ရာခိုင္ႏႈန္း ရွိေနပါတယ္။
“ ဒီဘက္ ၁၀စုႏွစ္ေတြမွာဆိုရင္ ေသာက္အား ေကာင္း လာလို႔ အခုတင္ျပတဲ့ ကိန္းၫႊန္းေတြက အေမရိကားမွာ အရက္နဲ႔ ပတ္သက္တဲ့ ျပႆနာက မေသးဘူးဆိုတာ သိဖို႔လိုလာၿပီ” လို႔ ေဒါက္တာ တင္မိုသီက ေျပာပါတယ္။
“လူေတြက အရက္ကို အႏၲရာယ္ျဖစ္ေအာင္ ေသာက္လုံး ႀကီးလာၾကတယ္။ စံႏႈန္းမရွိၾက ေတာ့ဘူး။ က်န္းမာေရးထက္ မူးခ်င္တာက ပိုလာၾကတယ္။ မူးေအာင္ေသာက္ၿပီ ဆိုကတည္းက ပုံမွန္ထက္ကို အလြန္အကြၽံ ပိုေသာက္လာၾကလို႔ပဲ ျဖစ္ပါတယ္”လို႔လည္း ဆိုပါတယ္။
သူမက ေဆး႐ုံ တာဝန္က်စဥ္က စစ္တမ္းကို အေျချပဳၿပီး ေျပာေသာ္လည္း လတ္တေလာ တိုင္းတာမႈ စစ္တမ္းမ်ားတြင္ေတာ့ သူမ မပါရွိပါ။
သူတို႔ရဲ႕ အရက္နဲ႔ ဆက္ႏြယ္ၿပီး ေသဆုံမႈကိုတြက္ခ်က္ရာမွာ ယာဥ္မေတာ္တဆျဖစ္မႈ ၊ အရက္ဆက္ႏြယ္ကင္ဆာ ၊ အရက္ေၾကာင့္ ျဖစ္ေပၚတဲ့ကူးစပ္ေရာဂါ နဲ႔ အတြင္းအဂ္ါ ပ်က္စီးမႈ ေရာဂါ အားလုံးကို ေပါင္းစပ္ တြက္ခ်က္တာပါ။
အရက္ေၾကာင့္ အသည္းပ်က္စီးမႈမွာ အမ်ိဳးသားေတြက ၆၀ % ရွိၿပီး အမ်ိဳးသမီးေတြက ၆၅% ရွိပါတယ္။ အရက္ အဆိပ္သင့္မႈကေတာ့ က်ား ၃၅% ျဖစ္ၿပီး မ ၂၈% ျဖစ္ပါတယ္။
မ ေတြက က်ား ေတြထက္ ေသာက္လုံး ပိုႀကီးရတဲ့ အၾကာင္းကေတာ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေၾကာင့္လို႔ ဆိုပါတယ္။ စိတ္က်ေရာဂါ စိတ္ညစ္မခံႏိုင္မႈ ႂကြယ္ဝမႈ မညီမွ်ျခင္းေတြက အရင္းခံတို႔ေၾကာင့္ပါ။
ေမာင္ယႆ REF: upi
Photo: bridgesword
Unicode
အရက်သမားထက် အရက်သမ က ပိုများပြီး ပိုသေကြတယ်
၂၀၀၀ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း နှစ်စဉ် အရက်ကြောင့် သေဆုံးသူ အမျိုးသမီး ရာခိုင်နှုန်း တိုးတက်လာကာ အမျိုးသားများကတော့ ပုံမှန်သေဆုံးမှု အတိုင်းပဲ ရှိနေတယ်လို့ လေ့လာမှုစစ်တမ်းတစ်ခုအရ သိရပါတယ်။
နယူးယောက်ခ်စီတီး က မောင့်ဆိုင်နိုင်းစိန့်လုခ် ဆေးရုံနဲ့ မောင့်ဆဆိုင်နိုင်းဝက်စ် ဆေးရုံ ၂ခုက အရက်ဖြတ်ဌာန အကြီးအကဲ ဒေါက်တာ တင်မိုသီ ဘရန်နန်း နဲ့ အဖွဲ့က ပြုလုပ်တဲ့ သုတေသန စစ်တမ်း အရ မြောက်အမေရိက မှာ အမျိုးသမီးတွေက နှစ်စဉ် အရက်ကြောင့် သေဆုံးသူ တိုးတက်နေပြီး အမျိုးသားတွေကတော့ ထူးထူးခြားခြား တိုးတက်တာ မရှိဘူးလို့ သိရပါတယ်။
အမျိုးသမီး အရက်သမ တွေက ၃.၁ ရာခိုင်နှုန်းကနေ ၃.၈ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး အမျိုးသား အရက်သမားတွေကတော့ ၁.၄ ကနေ ၁.၈ ရာခိုင်နှုန်းအထိပဲ တိုးတက်တာ တွေ့ရပါတယ်။
လေ့လာမှုအရ အမျိုးသမီး အသောက်သမားတွေက ပုလင်းလိုက် သောက်ကြတာ များပြီး ပုလင်းမကုန် မချင်း မနားတမ်း သောက်တတ်တာကြောင့်လည်း ဖြစ်မယ်လို့ အဆိုပါ စာတမ်းထဲမှာ ဆိုပါတယ်။
သူတို့က စစ်တမ်းကို ၂၀၁၆ အထိ လုပ်ထားခဲ့ပေမဲ့ လက်ရှိဆိုရင် အဲ့ဒိထက် ပိုများနိုင်ပါလိမ့်မယ်။ ၂၀၁၃ ကနေ စတွက်ရင် အသောက်သမ တွေက ၇.၁ ရာခိုင်နှုန်း ရှိနေပြီး အသောက်သမားတွေကတော့ ၄.၂ ရာခိုင်နှုန်း ရှိနေပါတယ်။
“ ဒီဘက် ၁၀စုနှစ်တွေမှာဆိုရင် သောက်အား ကောင်း လာလို့ အခုတင်ပြတဲ့ ကိန်းညွှန်းတွေက အမေရိကားမှာ အရက်နဲ့ ပတ်သက်တဲ့ ပြဿနာက မသေးဘူးဆိုတာ သိဖို့လိုလာပြီ” လို့ ဒေါက်တာ တင်မိုသီက ပြောပါတယ်။
“လူတွေက အရက်ကို အန္တရာယ်ဖြစ်အောင် သောက်လုံး ကြီးလာကြတယ်။ စံနှုန်းမရှိကြ တော့ဘူး။ ကျန်းမာရေးထက် မူးချင်တာက ပိုလာကြတယ်။ မူးအောင်သောက်ပြီ ဆိုကတည်းက ပုံမှန်ထက်ကို အလွန်အကျွံ ပိုသောက်လာကြလို့ပဲ ဖြစ်ပါတယ်”လို့လည်း ဆိုပါတယ်။
သူမက ဆေးရုံ တာဝန်ကျစဉ်က စစ်တမ်းကို အခြေပြုပြီး ပြောသော်လည်း လတ်တလော တိုင်းတာမှု စစ်တမ်းများတွင်တော့ သူမ မပါရှိပါ။
သူတို့ရဲ့ အရက်နဲ့ ဆက်နွယ်ပြီး သေဆုံမှုကိုတွက်ချက်ရာမှာ ယာဉ်မတော်တဆဖြစ်မှု ၊ အရက်ဆက်နွယ်ကင်ဆာ ၊ အရက်ကြောင့် ဖြစ်ပေါ်တဲ့ကူးစပ်ရောဂါ နဲ့ အတွင်းအဂ်ါ ပျက်စီးမှု ရောဂါ အားလုံးကို ပေါင်းစပ် တွက်ချက်တာပါ။
အရက်ကြောင့် အသည်းပျက်စီးမှုမှာ အမျိုးသားတွေက ၆၀ % ရှိပြီး အမျိုးသမီးတွေက ၆၅% ရှိပါတယ်။ အရက် အဆိပ်သင့်မှုကတော့ ကျား ၃၅% ဖြစ်ပြီး မ ၂၈% ဖြစ်ပါတယ်။
မ တွေက ကျား တွေထက် သောက်လုံး ပိုကြီးရတဲ့ အကြာင်းကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်လို့ ဆိုပါတယ်။ စိတ်ကျရောဂါ စိတ်ညစ်မခံနိုင်မှု ကြွယ်ဝမှု မညီမျှခြင်းတွေက အရင်းခံတို့ကြောင့်ပါ။
မောင်ယဿ REF: upi
Photo: bridgesword
No Comments