အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ
Cele News

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ

ကမ္ဘာကျော် အယ်လင်ရှိုးဆိုတာ နာမည်ကြီး ဆယ်လီတွေနဲ့ ပါရမီရှင်တွေကို အင်တာဗျူး လုပ်ပြီး ဖြေဖျော်တင်ဆက်တဲ့ ရုပ်သံ အစီအစဉ် တစ်ခုပါ။ အဲ့ဒိ အစီအစဉ်ကို တင်ဆက်သူကတော့ အယ်လင် ဒီဂျင်နာရက်ပါ။

၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အဲ့ဒိရှိုးကို ဒီနှစ်မတ်လမှာ အစီအစဉ်ကို ခေတ္တရပ်နားတာနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူတွေ အလုပ်သမားတွေနဲ့ သူမနဲ့ ကြားမှာ စကားများစရာတွေ ဖြစ်လာပါတယ်။

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ1

အဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့ အစီအစဉ် ရပ်နားမှုကို ဟောလီးဝုဒ်က ဆယ်လီတစ်ဦး ဖြစ်တဲ့ ကေတီပယ်ရီက သူမဖက်က ထောက်ခံကြောင်းကို တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

“ကျမ ကြုံတွေ့ခဲ့ရသလိုမျိုး အခြာသူတစ်ဦး ကြုံတွေ့ခဲ့ ရတယ်ဆိုရင် အဲ့ဒိအတွက် ကျမနှုတ်ဆိတ် နေဖို့ မသင့်ဘူးလို့ ကျမ ထင်ပါတယ်။ အယ်လင်ရှိုး မှာ ကျမတွေ့ခဲ့တဲ့ အရာကတော့ အပြုသဘော ဆောင်တာတွေပါပဲ။

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ2

ဆယ်စုနှစ်တွေ ကြာအောင် သာတူညီမျှမှုကို အယ်လင်က သူမရဲ့ ပလက်ဖောင်းကနေ ကမ္ဘာကြီး သိအောင် လုပ်ပြခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာတရား ပွေ့ဖက်မှု မိတ်ဆွေတွေနဲ့ အယ်လင်ရှိုးကို ကမ္ဘာကြီးဆီကို သူမယူဆောင် ပေးခဲ့ပါတယ်” လို့ ကေတီက သူမရဲ့ တွစ်တာမှာ ရေးတင် ခဲ့ပါတယ်။

ကေတီ လိုပဲ ရုပ်ရှင်မင်းသမီး ဒိုင်ယာနေကီယာတန်ကလည်း အယ်လင့်ကို ဆိုရှယ်မီဒီယာ ပေါ်ကနေ ထောက်ခံခဲ့ပါတယ်။ “ကျမ အယ်လင်ရှိုးပွဲကို သွားခဲ့ရတာ ပျော်ပါတယ်။ ပရိသတ်ကို ဘယ်လို ပျော်ရွှင်အောင် လုပ်ရမယ်ဆိုတာကို သူမက ကောင်းကောင်း သိပါတယ်။ အဲ့ဒါကို ကျမက ကြိုက်တာပါ။ သူမက ကျမတို့ကို အများကြီး ပေးခဲ့ပါတယ်”လို့ ရေးတင်ခဲ့ပါတယ်။

အဓိက ပြဿနာကတော့ အယ်လင့်ကို ယခင်ဝန်ထမ်းဟောင်းတွေနဲ့ ဝန်ထမ်းအချို့ က အီးမေးလ်ကနေ လူမျိုးရေး ခွဲခြားတဲ့ စကားတွေ ခြိမ်းခြောက်မှုတွေကို ရေးပို့ပေးခဲ့တာနဲ့ ပတ်သက်ပြီး အယ်လင်က လက်ရှိလုပ်နေတဲ့ အစီအစဉ်ကို စိတ်ပျက်မိ သွားတာပါပဲ။

သူမက အဲဒိအတွက်လည်း ဝန်ထမ်းတွေကို တောင်းပန်ခဲ့ ပြီးပါပြီ။ ဒါပေမဲ့ လက်ရှိမှာ သူမက ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရပါတယ်။ “တလောကပါ။ ကျမက ရှိုးပွဲမတိုင်မီ လုပ်ငန်းထုံးစံအတိုင်း အစည်းအဝေးမှာ ဝန်ထမ်းတွေကို အယ်လင်ရှိုးဆိုတာ ဟာသ ရီစရာလုပ်တဲ့ နေရာပါ။

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ3

အင်တာဗျူးတဲ့ သူက ဘယ်သူပဲ ဖြစ်ဖြစ် ရှင်တို့ကိစ္စ မဟုတ်ဘူး။ ရှင်တို့ ဆီက ထင်မြင် ယူဆချက်တွေ မလိုဘူး။ ဘယ်သူ့ကိုဖြစ်ဖြစ် လေးလေး စားစား ဆက်ဆံပါလို့ ကျမက မှာထားခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ကျမထင်သလို မဖြစ်ခဲ့ပါဘူး။ ကျမယုံကြည်တဲ့ ကျမမျှော်လင့်တဲ့ အယ်လင်ရှိုး မဟုတ်ဘူးဆိုတာ သိလာရပါတယ်” လို့ သူမက ပြီးခဲ့တဲ့ အပတ်က ဆိုခဲ့ပါတယ်။

မောင်ယဿ, REF: cnn, photo ; Goss.ie

Zawgyi

အယ္လင့္ကို ေထာက္ခံလိုက္တဲ့ ေကတီပယ္ရီ

ကမာၻေက်ာ္ အယ္လင္ရႈိးဆိုတာ နာမည္ႀကီး ဆယ္လီေတြနဲ႔ ပါရမီရွင္ေတြကို အင္တာဗ်ဴး လုပ္ၿပီး ေျဖေဖ်ာ္တင္ဆက္တဲ့ ႐ုပ္သံ အစီအစဥ္ တစ္ခုပါ။ အဲ့ဒိ အစီအစဥ္ကို တင္ဆက္သူကေတာ့ အယ္လင္ ဒီဂ်င္နာရက္ပါ။

၂၀၀၃ ခုႏွစ္ကတည္းက စတင္ခဲ့တဲ့ အဲ့ဒိရႈိးကို ဒီႏွစ္မတ္လမွာ အစီအစဥ္ကို ေခတၱရပ္နားတာနဲ႔ ပတ္သက္ၿပီး ထုတ္လုပ္သူေတြ အလုပ္သမားေတြနဲ႔ သူမနဲ႔ ၾကားမွာ စကားမ်ားစရာေတြ ျဖစ္လာပါတယ္။

အဲ့တာနဲ႔ ပတ္သက္ၿပီး သူမရဲ႕ အစီအစဥ္ ရပ္နားမႈကို ေဟာလီးဝုဒ္က ဆယ္လီတစ္ဦး ျဖစ္တဲ့ ေကတီပယ္ရီက သူမဖက္က ေထာက္ခံေၾကာင္းကို တြစ္တာမွာ ေရးတင္ခဲ့ပါတယ္။

“က်မ ႀကဳံေတြ႕ခဲ့ရသလိုမ်ိဳး အျခာသူတစ္ဦး ႀကဳံေတြ႕ခဲ့ ရတယ္ဆိုရင္ အဲ့ဒိအတြက္ က်မႏႈတ္ဆိတ္ ေနဖို႔ မသင့္ဘူးလို႔ က်မ ထင္ပါတယ္။ အယ္လင္ရႈိး မွာ က်မေတြ႕ခဲ့တဲ့ အရာကေတာ့ အျပဳသေဘာ ေဆာင္တာေတြပါပဲ။

ဆယ္စုႏွစ္ေတြ ၾကာေအာင္ သာတူညီမွ်မႈကို အယ္လင္က သူမရဲ႕ ပလက္ေဖာင္းကေန ကမာၻႀကီး သိေအာင္ လုပ္ျပခဲ့ပါတယ္။ ခ်စ္ျခင္းေမတၱာတရား ေပြ႕ဖက္မႈ မိတ္ေဆြေတြနဲ႔ အယ္လင္ရႈိးကို ကမာၻႀကီးဆီကို သူမယူေဆာင္ ေပးခဲ့ပါတယ္” လို႔ ေကတီက သူမရဲ႕ တြစ္တာမွာ ေရးတင္ ခဲ့ပါတယ္။

ေကတီ လိုပဲ ႐ုပ္ရွင္မင္းသမီး ဒိုင္ယာေနကီယာတန္ကလည္း အယ္လင့္ကို ဆိုရွယ္မီဒီယာ ေပၚကေန ေထာက္ခံခဲ့ပါတယ္။ “က်မ အယ္လင္ရႈိးပြဲကို သြားခဲ့ရတာ ေပ်ာ္ပါတယ္။ ပရိသတ္ကို ဘယ္လို ေပ်ာ္႐ႊင္ေအာင္ လုပ္ရမယ္ဆိုတာကို သူမက ေကာင္းေကာင္း သိပါတယ္။ အဲ့ဒါကို က်မက ႀကိဳက္တာပါ။ သူမက က်မတို႔ကို အမ်ားႀကီး ေပးခဲ့ပါတယ္”လို႔ ေရးတင္ခဲ့ပါတယ္။

အဓိက ျပႆနာကေတာ့ အယ္လင့္ကို ယခင္ဝန္ထမ္းေဟာင္းေတြနဲ႔ ဝန္ထမ္းအခ်ိဳ႕ က အီးေမးလ္ကေန လူမ်ိဳးေရး ခြဲျခားတဲ့ စကားေတြ ၿခိမ္းေျခာက္မႈေတြကို ေရးပို႔ေပးခဲ့တာနဲ႔ ပတ္သက္ၿပီး အယ္လင္က လက္ရွိလုပ္ေနတဲ့ အစီအစဥ္ကို စိတ္ပ်က္မိ သြားတာပါပဲ။

သူမက အဲဒိအတြက္လည္း ဝန္ထမ္းေတြကို ေတာင္းပန္ခဲ့ ၿပီးပါၿပီ။ ဒါေပမဲ့ လက္ရွိမွာ သူမက ၿခိမ္းေျခာက္မႈေတြ ရင္ဆိုင္ေနရပါတယ္။ “တေလာကပါ။ က်မက ရႈိးပြဲမတိုင္မီ လုပ္ငန္းထုံးစံအတိုင္း အစည္းအေဝးမွာ ဝန္ထမ္းေတြကို အယ္လင္ရႈိးဆိုတာ ဟာသ ရီစရာလုပ္တဲ့ ေနရာပါ။

အင္တာဗ်ဴးတဲ့ သူက ဘယ္သူပဲ ျဖစ္ျဖစ္ ရွင္တို႔ကိစၥ မဟုတ္ဘူး။ ရွင္တို႔ ဆီက ထင္ျမင္ ယူဆခ်က္ေတြ မလိုဘူး။ ဘယ္သူ႔ကိုျဖစ္ျဖစ္ ေလးေလး စားစား ဆက္ဆံပါလို႔ က်မက မွာထားခဲ့ပါတယ္။

ဒါေပမဲ့ လက္ေတြ႕မွာေတာ့ က်မထင္သလို မျဖစ္ခဲ့ပါဘူး။ က်မယုံၾကည္တဲ့ က်မေမွ်ာ္လင့္တဲ့ အယ္လင္ရႈိး မဟုတ္ဘူးဆိုတာ သိလာရပါတယ္” လို႔ သူမက ၿပီးခဲ့တဲ့ အပတ္က ဆိုခဲ့ပါတယ္။

ေမာင္ယႆ, REF: cnn, photo ; Goss.ie

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …