အမျိုးသမီးများ အကြမ်းဖက်ခံရမှုကာကွယ်ရေး သဘောတူစာချုပ်ကနေ ပိုလန်နှုတ်ထွက် … … …

အမျိုးသမီးများ အကြမ်းဖက်ခံရမှုကာကွယ်ရေး သဘောတူစာချုပ်ကနေ ပိုလန်နှုတ်ထွက် ... ... ...
International-news

unicode

အမျိုးသမီးများ အကြမ်းဖက်ခံရမှုကာကွယ်ရေး သဘောတူစာချုပ်ကနေ ပိုလန်နှုတ်ထွက် … … … ။ ။

ပိုလန် လက်ယာစွန်း အစိုးရက ဥရောပသမဂ္ဂရဲ့အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်ရေး အတွက် ချုပ်ဆိုထားတဲ့ သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်လိုက်ပြီလို့ ပြောပါတယ် ။

အီစတန်ဘူး ကွန်ဗန်းရှင်း ကနေရလာတဲ့ ကမ္ဘာ့ ပထမဆုံး အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှကာကွယ်ရေး သဘောတူစာချုပ် အဖွဲ့ ဝင်နိုင်ငံများပါ စာသားကိုယ်ထည်ကို မကြိုက်လို့ ပိုလန်နိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်လိုက်တာပါ ။

ပိုလန်တရားရေးဝန်ကြီး ဇီယိုဘရိုက စာချုပ်ပါစာသားတွေက လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်လာနိုင်စရာရှိတဲ့အတွက် ထွက်ရတာပါလို့ဆိုတယ် ။ လူ့အဖွဲ့ အစည်းအမြင် နဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေကို လိင်အမျိုးအစား အကြောင်း သင်ကြားရမယ်လို့ ပါတဲ့ စာသားကို မကြိုက်တာပါ လို့ဆိုတယ် ။

“ ကျား၊မ မခွဲခြားရဘူးဆိုတဲ့ အတွေးအခေါ်က ကကျောင်းတွင်း နဲ့ ကျောင်းပြင်ပ လူ့အဖွဲ့ အစည်းကို အကြီး အကျယ် ပြောင်းလဲမှုဖြစ်ပေါ်လာစေနိုင်ပါတယ် ။ ပိုလန် နောက်မျိုးဆက် လူငယ်တွေအတွက် ခံယူချက်အမြင်တွေကို ပြောင်းလဲ သွားစေနိုင်ပါတယ် ။

ဇီဝဗေဒ သဘောအရ ဖြစ်တည်လာတာကို ဆန့်ကျင်တဲ့သဘောတွေ သက်ရောက်နေတယ် ။ ဒီမှားယွင်းတဲ့ယူဆချက်တွေကို တော်တော် စိတ်ပျက်တယ် ။ လူ့အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှု ပုံစံထဲမှာ အကောင်းထက် အဆိုးကို ဖြစ်ပေါ်စေလာနိုင်တဲ့ အယူအဆတွေဖြစ်တယ် ”လို့ ဆိုပါတယ် ။

ဇီယိုဘရို ကတော့ ကလေးတွေနဲ့ လူငယ်တွေကို ပညာသင်ကြားပေးတဲ့အခါမှာ မိသားစုအတွင်း LGBT တွေရှိလာရင် လိင်အမျိုးအစားမတူလို့ ခွဲခြားခြင်းမရှိရဘူးဆိုတဲ့ စာသားတွေကို မကြိုက်ပါဘူး ။ အနာဂတ်လူငယ်တွေကို လမ်းမှားရောက်အောင် သင်ပေးနေသလို ဖြစ်နေတယ်လို့ ဆိုတယ် ။

“ LGBT တွေကို ကျနော်တို့က မိသားစုသဖွယ် စောင့်ရှောက်ပေးရမယ် ဆိုတာက မဖြစ်နိုင်ပါဘူး ။ လိင်တူချင်း ပေါင်းသင်း နေထိုင်ဖို့ အတွက် အားပေးနေတဲ့ လက်ဝဲစွန်း အယူအဆတွေက သဘာဝကို ဆန့်ကျင်နေသလို ဖြစ်နေတယ် ။ ဒါက နောက်ဆုံးပေါ် လူ့အဖွဲ့အစည်းဆိုင်ရာ အတွေးအခေါ်ဆိုရင် အဲ့ဒါကို ပယ်ချပါတယ် ” လို့လည်းဆိုတယ် ။

ပိုလန် နိုင်ငံက သဘောတူစာချုပ်က နှုတ်ထွက်သွားတာနဲ့ ပက်သက်ပြီး ဥရောပ ကောင်စီမှာ လှုပ်လှုပ် ရှားရှားတွေ ဖြစ်ကုန်ပါတယ် ။ ရှေးရိုးစွဲ အယူအဆလို့ လက်ခံထားတဲ့ ကျား ၊ မ ခွဲခြားမှုနဲ့ ပတ်သက်ပြီး LGBT အုပ်စုကလည်း ပိုလန်မြို့တော် ဝါဆောမှာ ဆန္ဒပြမှု တစ်ရပ် ဖြစ်နေပါတယ် ။

ပိုလန်အစိုးရကတော့ သဘာဝကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေကို ဘယ်လောက် ခေတ်မီတယ်ပြောပြော လက်မခံနိုင်ဘူးလို့ ဆိုနေပါတယ် ။

မောင်ယဿ
REF: euronews,  Photo ; AFP

zawgyi

အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရမႈကာကြယ္ေရး သေဘာတူစာခ်ဳပ္ကေန ပိုလန္ႏႈတ္ထြက္ … … … ။ ။

ပိုလန္ လက္ယာစြန္း အစိုးရက ဥေရာပသမဂၢရဲ႕အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရမႈ ကာကြယ္ေရး အတြက္ ခ်ဳပ္ဆိုထားတဲ့ သေဘာတူစာခ်ဳပ္ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ႏႈတ္ထြက္လိုက္ၿပီလို႔ ေျပာပါတယ္ ။

အီစတန္ဘူး ကြန္ဗန္းရွင္း ကေနရလာတဲ့ ကမာၻ႔ ပထမဆုံး အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရမႈမွကာကြယ္ေရး သေဘာတူစာခ်ဳပ္ အဖြဲ႕ ဝင္ႏိုင္ငံမ်ားပါ စာသားကိုယ္ထည္ကို မႀကိဳက္လို႔ ပိုလန္ႏိုင္ငံက အဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ႏႈတ္ထြက္လိုက္တာပါ ။

ပိုလန္တရားေရးဝန္ႀကီး ဇီယိုဘ႐ိုက စာခ်ဳပ္ပါစာသားေတြက လူ႔အဖြဲ႕အစည္းကို အႏၲရာယ္ျဖစ္လာႏိုင္စရာရွိတဲ့အတြက္ ထြက္ရတာပါလို႔ဆိုတယ္ ။ လူ႔အဖြဲ႕ အစည္းအျမင္ နဲ႔ စာသင္ေက်ာင္းေတြမွာ ကေလးေတြကို လိင္အမ်ိဳးအစား အေၾကာင္း သင္ၾကားရမယ္လို႔ ပါတဲ့ စာသားကို မႀကိဳက္တာပါ လို႔ဆိုတယ္ ။

“ က်ား၊မ မခြဲျခားရဘူးဆိုတဲ့ အေတြးအေခၚက ကေက်ာင္းတြင္း နဲ႔ ေက်ာင္းျပင္ပ လူ႔အဖြဲ႕ အစည္းကို အႀကီး အက်ယ္ ေျပာင္းလဲမႈျဖစ္ေပၚလာေစႏိုင္ပါတယ္ ။ ပိုလန္ ေနာက္မ်ိဳးဆက္ လူငယ္ေတြအတြက္ ခံယူခ်က္အျမင္ေတြကို ေျပာင္းလဲ သြားေစႏိုင္ပါတယ္ ။

ဇီဝေဗဒ သေဘာအရ ျဖစ္တည္လာတာကို ဆန႔္က်င္တဲ့သေဘာေတြ သက္ေရာက္ေနတယ္ ။ ဒီမွားယြင္းတဲ့ယူဆခ်က္ေတြကို ေတာ္ေတာ္ စိတ္ပ်က္တယ္ ။ လူ႔အဖြဲ႕အစည္းဆိုင္ရာ ယဥ္ေက်းမႈ ပုံစံထဲမွာ အေကာင္းထက္ အဆိုးကို ျဖစ္ေပၚေစလာႏိုင္တဲ့ အယူအဆေတြျဖစ္တယ္ ”လို႔ ဆိုပါတယ္ ။

ဇီယိုဘ႐ို ကေတာ့ ကေလးေတြနဲ႔ လူငယ္ေတြကို ပညာသင္ၾကားေပးတဲ့အခါမွာ မိသားစုအတြင္း LGBT ေတြရွိလာရင္ လိင္အမ်ိဳးအစားမတူလို႔ ခြဲျခားျခင္းမရွိရဘူးဆိုတဲ့ စာသားေတြကို မႀကိဳက္ပါဘူး ။ အနာဂတ္လူငယ္ေတြကို လမ္းမွားေရာက္ေအာင္ သင္ေပးေနသလို ျဖစ္ေနတယ္လို႔ ဆိုတယ္ ။

“ LGBT ေတြကို က်ေနာ္တို႔က မိသားစုသဖြယ္ ေစာင့္ေရွာက္ေပးရမယ္ ဆိုတာက မျဖစ္ႏိုင္ပါဘူး ။ လိင္တူခ်င္း ေပါင္းသင္း ေနထိုင္ဖို႔ အတြက္ အားေပးေနတဲ့ လက္ဝဲစြန္း အယူအဆေတြက သဘာဝကို ဆန႔္က်င္ေနသလို ျဖစ္ေနတယ္ ။ ဒါက ေနာက္ဆုံးေပၚ လူ႔အဖြဲ႕အစည္းဆိုင္ရာ အေတြးအေခၚဆိုရင္ အဲ့ဒါကို ပယ္ခ်ပါတယ္ ” လို႔လည္းဆိုတယ္ ။

ပိုလန္ ႏိုင္ငံက သေဘာတူစာခ်ဳပ္က ႏႈတ္ထြက္သြားတာနဲ႔ ပက္သက္ၿပီး ဥေရာပ ေကာင္စီမွာ လႈပ္လႈပ္ ရွားရွားေတြ ျဖစ္ကုန္ပါတယ္ ။ ေရွး႐ိုးစြဲ အယူအဆလို႔ လက္ခံထားတဲ့ က်ား ၊ မ ခြဲျခားမႈနဲ႔ ပတ္သက္ၿပီး LGBT အုပ္စုကလည္း ပိုလန္ၿမိဳ႕ေတာ္ ဝါေဆာမွာ ဆႏၵျပမႈ တစ္ရပ္ ျဖစ္ေနပါတယ္ ။

ပိုလန္အစိုးရကေတာ့ သဘာဝကို ဆန႔္က်င္တဲ့ အေတြးအေခၚေတြကို ဘယ္ေလာက္ ေခတ္မီတယ္ေျပာေျပာ လက္မခံႏိုင္ဘူးလို႔ ဆိုေနပါတယ္ ။

ေမာင္ယႆ
REF: euronews , Photo ; AFP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အြန္လိုင္းေပၚက ေစာ္ကားမႈေတြကို ေလွ်ာ့ခ်ေပးဖို႔အတြက္ ေရွ႕ေနခ်ဳပ္က ေဖ့စ္ဘုတ္ကို ေတာင္းဆို
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …