အမ်ိဳးသားေန႔မွာ လက္ထပ္ခ်င္ဟု ႏိုင္းဝမ္း (G Family) ေျပာၾကား
- By : Phoe Linn
- Category : Entertainment
- Tags: cele news

အမ်ိဳးသားေန႔မွာ လက္ထပ္ခ်င္ဟု ႏိုင္းဝမ္း (G Family) ေျပာၾကား
အဆိုေတာ္ ႏိုင္းဝမ္းက ခ်စ္သူ ေမမ်ိဳးသူေက်ာ္နဲ႔ အမ်ိဳးသားေန႔မွာ လက္ထပ္ခ်င္ေၾကာင္း ေျပာပါတယ္။
ခ်စ္သူႏွစ္ဦးရဲ႕ လက္ထပ္မဂၤလာပြဲကို အမ်ိဳးသားေန႔မွာ outdoor area တစ္ခုမွာ က်င္းပခ်င္ၿပီး အဆိုပါေန႔မွာ လက္ထပ္ခ်င္တာက ခ်စ္သူမိန္းကေလးက ဝန္ထမ္းတစ္ဦး ျဖစ္ေနတာေၾကာင့္လို႔ ေျပာပါတယ္။
“ကြၽန္ေတာ္နဲ႔ သူက မဂၤလာပြဲ date လိုခ်င္တာက ဒီဇင္ဘာ ၉ရက္ အမ်ိဳးသားေန႔ပါ။ ကြၽန္ေတာ့္ခ်စ္သူကမဂၤလာပြဲကို outdoor မွာ လုပ္ခ်င္တယ္။ ကြၽန္ေတာ္လည္း ေနရာေတြ လိုက္ခ်ိတ္ေနတယ္။ တကယ္လို႔ ေနရာ အဆင္မေျပရင္ မဂၤလာ လက္မွတ္ ထိုးတာျဖစ္ျဖစ္ မဂၤလာ ဆြမ္းေကြၽးတာ ျဖစ္ျဖစ္ လုပ္မယ္။ ဒီရက္ကို လိုခ်င္တာက သူက ဝန္ထမ္းေလ။
အဲဒီေတာ့ သူ႔႐ုံးပိတ္ရက္၊ အလုပ္ပိတ္ရက္ မဟုတ္ရင္ မအားႏိုင္ဘူး။ ေနာက္ ကြၽန္ေတာ္တို႔ အိမ္ေထာင္ anniversary ေတြမွာ ပိတ္ရက္ျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔ေတြ ခရီးထြက္တာျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ သူ႔အတြက္ အဆင္ေျပတယ္။
anniversary မွာ ေနာက္ႏွစ္ေတြထိ ပိတ္ရက္ေလး ေရရွည္ၾကည့္တာေပါ့” လို႔ အဆိုေတာ္ ႏိုင္းဝမ္းက လက္ထပ္မဂၤလာပြဲရက္ သတ္မွတ္တဲ့ အေၾကာင္းကို ေျပာပါတယ္။
အဆိုေတာ္ ႏိုင္ဝမ္း လက္ထပ္မည့္ ခ်စ္သူ မိန္းကေလးက ငယ္ခ်စ္ ျဖစ္ေၾကာင္းသိရၿပီး ခ်စ္သူ မိန္းကေလးရဲ႕ ျဖဴစင္႐ိုးသားမႈက ဆြဲေဆာင္မႈ ရွိႏိုင္လြန္းတယ္လို႔ ႏိုင္းဝမ္းက အမႊမ္းတင္ ေျပာဆိုပါတယ္။
“သူနဲ႔ ႀကိဳက္တာ ၉. ၉. ၂၀၀၉ ေပါ့။ အဲဒီတုန္းက သူက ဆယ္တန္းေျဖထားတာ၊ က်ေနာ္က အဆိုေတာ္ေတာင္ မျဖစ္ေသးဘူး။ ႏိုင္းဝမ္း ျဖစ္မလာခင္ ဘတ္စ္ကား တိုးစီးၿပီး စတူဒီယို သြားကတည္းကေပါ့။ ငယ္ခ်စ္ေပါ့။
ႏိုင္းဝမ္း ျဖစ္လာေတာ့ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ control မရခ်ိန္ တစ္ႏွစ္ခြဲေလာက္ သူ႔ကို ထားခဲ့တယ္။ ၂၀၁၄/ ၂၀၁၅ေပါ့။ အဲဒီေနာက္ စိတ္ညစ္ၿပီးေနခ်ိန္မွာ သူက နားလည္မႈနဲ႔ ျပန္ေရာက္လာတယ္။
အဲဒီအခ်ိန္ သူနဲ႔ ျပန္တြဲတာပါ။ သူက ကြၽန္ေတာ္ေျပာရမယ္ ဆိုရင္ ေလာကမွာ ဆြဲေဆာင္မႈအရွိဆုံး အရာက ျဖဴစင္မႈပါ။
ကိုယ့္ကိုယ္ကိုယ္ အေရာင္တင္ၾကည့္ဖူးတယ္။ အဲဒါ ဆြဲေဆာင္မႈ မဟုတ္ပါဘူး။ ျဖဴစင္တဲ့ စိတ္ဓာတ္က လူတိုင္းကို ဆြဲေဆာင္ႏိုင္တယ္။ သူ႔ကို ၾကည့္ၿပီး ျပန္သင္ယူရတာ ရွိတယ္ “လို ႏိုင္းဝမ္းက လက္တြဲေဖာ္ ေ႐ြးျဖစ္တဲ့အေၾကာင္း ေျပာပါတယ္။
အဆိုေတာ္ႏိုင္းဝမ္းနဲ႔ ခ်စ္သူမိန္းကေလးရဲ႕ ခ်စ္သူသက္တမ္းမွာ ၁၀ႏွစ္ေက်ာ္ ရွိၿပီ ျဖစ္ေၾကာင္း သိရပါတယ္။
သတင္း – ဝါးဝါးေလး
ဓာတ္ပုံ – ႏိုင္းဝမ္း ေဖ့ဘြတ္ခ္
Unicode
အမျိုးသားနေ့မှာ လက်ထပ်ချင်ဟု နိုင်းဝမ်း (G Family) ပြောကြား
အဆိုတော် နိုင်းဝမ်းက ချစ်သူ မေမျိုးသူကျော်နဲ့ အမျိုးသားနေ့မှာ လက်ထပ်ချင်ကြောင်း ပြောပါတယ်။
ချစ်သူနှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲကို အမျိုးသားနေ့မှာ outdoor area တစ်ခုမှာ ကျင်းပချင်ပြီး အဆိုပါနေ့မှာ လက်ထပ်ချင်တာက ချစ်သူမိန်းကလေးက ဝန်ထမ်းတစ်ဦး ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။
“ကျွန်တော်နဲ့ သူက မင်္ဂလာပွဲ date လိုချင်တာက ဒီဇင်ဘာ ၉ရက် အမျိုးသားနေ့ပါ။ ကျွန်တော့်ချစ်သူကမင်္ဂလာပွဲကို outdoor မှာ လုပ်ချင်တယ်။ ကျွန်တော်လည်း နေရာတွေ လိုက်ချိတ်နေတယ်။ တကယ်လို့ နေရာ အဆင်မပြေရင် မင်္ဂလာ လက်မှတ် ထိုးတာဖြစ်ဖြစ် မင်္ဂလာ ဆွမ်းကျွေးတာ ဖြစ်ဖြစ် လုပ်မယ်။ ဒီရက်ကို လိုချင်တာက သူက ဝန်ထမ်းလေ။
အဲဒီတော့ သူ့ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် မဟုတ်ရင် မအားနိုင်ဘူး။ နောက် ကျွန်တော်တို့ အိမ်ထောင် anniversary တွေမှာ ပိတ်ရက်ဖြစ်နေတော့ ကျွန်တော်တို့တွေ ခရီးထွက်တာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် သူ့အတွက် အဆင်ပြေတယ်။
anniversary မှာ နောက်နှစ်တွေထိ ပိတ်ရက်လေး ရေရှည်ကြည့်တာပေါ့” လို့ အဆိုတော် နိုင်းဝမ်းက လက်ထပ်မင်္ဂလာပွဲရက် သတ်မှတ်တဲ့ အကြောင်းကို ပြောပါတယ်။
အဆိုတော် နိုင်ဝမ်း လက်ထပ်မည့် ချစ်သူ မိန်းကလေးက ငယ်ချစ် ဖြစ်ကြောင်းသိရပြီး ချစ်သူ မိန်းကလေးရဲ့ ဖြူစင်ရိုးသားမှုက ဆွဲဆောင်မှု ရှိနိုင်လွန်းတယ်လို့ နိုင်းဝမ်းက အမွှမ်းတင် ပြောဆိုပါတယ်။
“သူနဲ့ ကြိုက်တာ ၉. ၉. ၂၀၀၉ ပေါ့။ အဲဒီတုန်းက သူက ဆယ်တန်းဖြေထားတာ၊ ကျနော်က အဆိုတော်တောင် မဖြစ်သေးဘူး။ နိုင်းဝမ်း ဖြစ်မလာခင် ဘတ်စ်ကား တိုးစီးပြီး စတူဒီယို သွားကတည်းကပေါ့။ ငယ်ချစ်ပေါ့။
နိုင်းဝမ်း ဖြစ်လာတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် control မရချိန် တစ်နှစ်ခွဲလောက် သူ့ကို ထားခဲ့တယ်။ ၂၀၁၄/ ၂၀၁၅ပေါ့။ အဲဒီနောက် စိတ်ညစ်ပြီးနေချိန်မှာ သူက နားလည်မှုနဲ့ ပြန်ရောက်လာတယ်။
အဲဒီအချိန် သူနဲ့ ပြန်တွဲတာပါ။ သူက ကျွန်တော်ပြောရမယ် ဆိုရင် လောကမှာ ဆွဲဆောင်မှုအရှိဆုံး အရာက ဖြူစင်မှုပါ။
ကိုယ့်ကိုယ်ကိုယ် အရောင်တင်ကြည့်ဖူးတယ်။ အဲဒါ ဆွဲဆောင်မှု မဟုတ်ပါဘူး။ ဖြူစင်တဲ့ စိတ်ဓာတ်က လူတိုင်းကို ဆွဲဆောင်နိုင်တယ်။ သူ့ကို ကြည့်ပြီး ပြန်သင်ယူရတာ ရှိတယ် “လို နိုင်းဝမ်းက လက်တွဲဖော် ရွေးဖြစ်တဲ့အကြောင်း ပြောပါတယ်။
အဆိုတော်နိုင်းဝမ်းနဲ့ ချစ်သူမိန်းကလေးရဲ့ ချစ်သူသက်တမ်းမှာ ၁၀နှစ်ကျော် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။
သတင်း – ဝါးဝါးလေး
ဓာတ်ပုံ – နိုင်းဝမ်း ဖေ့ဘွတ်ခ်
No Comments